Beauty Bloom
Skin တွေလည်း ကြည်လင် စိတ်တွေလည်း ပျော်ရွှင်�
15/03/2024
Beauty Bloom OS လေးမှ ကြိုဆိုပါတယ်ရှင် 🙏
15/03/2024
15/03/2024
Moisturizer အမျိုးကွဲများနဲ့ပက်သက်ပြီးသိကောင်းစရာ !!!
အားလုံးပဲမင်္ဂလာပါ ။
ဖြိုးကိုညီမလေးတစ်ယောက်က moisturizer တွေနဲ့ကပ်သက်ပြီး အမျိုးစားအများကြီးထဲမှာ ဘာကိုဘယ်လိုရွေးရမယ်ဆိုတဲ့ လမ်းညွှန်မှုလေးလိုချင်တယ်ပြောတော့ ဒီမေးခွန်းရဲ့အဖြေကို ညီမလေးနဲ့တကွ အားလုံးသိရအောင် ဖြိုးဖြေပေးလိုက်ပါတယ် ။
အမျိုးအစားကွဲများ
Moisturizer တွေမှာဆို ပုံမှန် cream type ကလူသုံးများပါတယ် ။ အဆီပါဝင်မှုရှိပြီး အသားအရည်ကိုအစိုဓာတ်ရစေလို့ ဖြိုးတို့ဆ်ီမှာတော့ ဆောင်းတွင်းမှာလိမ်းကြတာများပါတယ် ။ အရင်ကတော့ လူတိုင်းကသနပ်ခါးပဲလိမ်းကြတာဆိုတော့ အဆီသိပ်မထွက်ပဲ အသားအရည်ခြောက်ကြတယ် ။ အခုနောက်ပိုင်းမိတ်ကပ်လိမ်းတာများလာတဲ့အခါ လူတွေကအဆီပြန်တဲ့ပြသနာပိုဖြစ်လာကြတယ် ။ ဒီအချိန်မှာ အရေပြားကရေဓာတ်မပြည့်နေရင်လည်း အဆီပြန်တယ်ဆိုတဲ့ သဘောတရားကိုမြင်လာပြီး သင့်တော်တဲ့ moisturizer ရှာလိမ်းဖို့လုပ်ကြပါတော့တယ် ။
moisturizer တွေထဲမှာ အများအားဖြင့် ဈေကွက်ထဲတွေ့ရတာတွေကတော့
- Moisturizing Cream
- Moisturizing Gel
- Emulsion စတာတွေပါ ။
Moisturizing Cream တွေတော်တော်များများက အဆီဓာတ်ပါဝင်မှုများပြီး အသားခြောက်တဲ့သူတွေ အသက်ရလာပြီး တင်းရင်းမှုလျော့လျဲလာတဲ့ skin တွေနဲ့ ဆောင်းတွင်းအသားပတ်တာတွေကို ထိထိရောက်ရောက်သက်သာစေပါတယ် ။
Moisturizing Gel ကတော့ဒီမှာ လူကြိုက်များ popular ဖြစ်တဲ့ moisturizing product တစ်ခုဖြစ်ပါတယ် ။ အပူပိုင်းဇုံမှာနေတဲ့ ဖြိုးတို့ရဲ့ အရေပြားတွေကအဆီပြန်တတ်လို့ အဆီမပါတဲ့ moisturizing gel တွေက skin ရေဓာတ်ထိန်းပေးပြီး အဆီမပြန်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ် ။
Emulsion ကတော့ Korean Skincare တွေမှာ အတော်ခေတ်စားတဲ့ product ပါ ။ Cream လောက်မထူ Gel လောက်လည်းမကျဲပဲ အဆီပါဝင်မှုနည်းနည်းနဲ့ ခပ်ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ moisturizer အရည်လေးတွေပါ ။ ဖြိုးတို့ဆီမှာ နို့ရည်လို့လည်း ခေါ်ကြပါတယ် ။ သူကတော့ အသားခြောက်တဲ့သူကနေ dry combination skin လောက်အထိလိမ်းနိုင်ပါတယ် ။ ဖြိုးကတော့ ဆောင်းတွင်းဆို gel moisturizer ကိုရပ်ပြီး emulsion ပြန်ပြောင်းလိမ်းလေ့ရှိတယ် ။
ဖြိုးတို့ moisturizer ကို နေ့စဉ်လိမ်းပေးဖို့လိုအပ်ပါတယ် ။ မွေးကာစကလေးငယ်လေးတွေကနေ အသက်ကြီးသွားတဲ့အထိ နေ့စဉ်မျက်နှာသစ်ပြီးတာနဲ့ သေချာလေးလိမ်းပေမယ်ဆို အသားရည်ခြောက်ခမ်းတာ ကြမ်းတမ်းလာတာတွေမဖြစ်တော့ normal skin ဆိုတဲ့ ဘာ product နဲ့ဖြစ်ဖြစ် အဆင်ပြေတဲ့ skin မျိုးပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။ နောက်ပြီး အသားအရည်မကောင်းတဲ့သူတွေဖြစ်လေ့ရှိတဲ့ ချွေးပေါက်ကျယ်တာ ဆားဝက်ခြံထွက်တာ အရေးအကြောင်းတွေပေါ်တာနဲ့ အရွယ်မတိုင်ခင် နုပျိုမှုတွေပျောက်ဆုံးကုန်တာတွေ မဖြစ်တော့ပဲ အားလုံးကအားကျရတဲ့ skin လေးပိုင်ဆိုင်နိုင်မှာပါ ၊
Cosmetics တွေဘယ်လောက်ကောင်းကောင်း အောက်ခံအသားအရည်ကကောင်းနေမှ အပေါ်ကထပ်လိမ့်မယ့်အရာတွေကို ပံ့ပိုးပေးနိုင်မှာပါ ၊ ဒါကြောင့်ကိုယ့်အသားအရည်အတွက် အရေးကြီတဲ့ moisturizing step ကို အမြဲဂရုစိုက်လုပ်ပေးသွားဖို့ အကြံပြုလိုက်ရပါတယ် ။
ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်
15/03/2024
Click here to claim your Sponsored Listing.
Category
Website
Address
Yangon