Zifam Lady

Zifam Lady

Share

အမျိုးသမီးတို့ရဲ ဓမ္မတာရာသီစက်ဝန်းကျန်းမာရေးအကြောင်း အသေးစိတ်သိရှိနိုင်ရန်

29/07/2026

"ဝါဆိုလပြည့် ဓမ္မစကြာနေ့"
==================
📌 ယနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ။

🙏 ရောဂါဘယ ဘေးအမျိုးမျိုးမှလည်း ကင်းဝေးနိုင်ကြပါစေကြောင်း အမျိုးသမီးတိုင်းအတွက် 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ

19/07/2026

📌 အာဇာနည်နေ့ တို့မမေ့
*************************
✅ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်အောက်မေ့သတိရခြင်းများစွာဖြင့် သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။



#အာဇာနည်နေ့ #၁၉ဇူလိုင်မမေ့နိုင်

20/06/2026

📌 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို ဘယ်လိုသောက်ရမလဲ....

💛 𝗙𝗮𝗻 အများစု ဝေဝါးနေတဲ့မေးခွန်းဖြစ်တဲ့ ...
▪️ 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို တစ်နေ့တစ်လုံးသောက်ရမှာလား
▪️ ဒါမှမဟုတ် ရာသီလာမှ သောက်ရမှာလား
▪️ ရာသီလာပြီးရင် သောက်စရာ မလိုတော့ဘူးလား
▪️ ရာသီလာရင် ပိုသောက်ရမှာလား ဆိုတာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေဆိုပေးလိုက်ပါတယ် ...

📌 တကယ်တော့ အမျိုးသမီးတစ်ယောက်က 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးဖို့လိုအပ်ပါတယ် ...

✅ ဘာကြောင့်လဲဆိုတော့ 𝗘𝗽𝗼𝘀𝗼𝗳𝘁 က အကိုက်အခဲပျောက်ဆေး မဟုတ်တဲ့အတွက်ကြောင့် အကိုက်အခဲပျောက်ဆေးတွေလိုမျိုး အခုသောက် အခုပျောက် တစ်ခါတည်း နာကျင်မှုကို သက်သာစေနိုင်တာမဟုတ်ပါဘူး။

👉 ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာလိုအပ်တဲ့ 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗣𝗿𝗶𝗺𝗿𝗼𝘀𝗲 𝗢𝗶𝗹 (𝗘𝗣𝗢) ဓာတ်တစ်မျိုး 𝗚𝗟𝗔 လို့ခေါ်တဲ့ 𝗢𝗺𝗲𝗴𝗮 𝟲 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱 ကိုတောက်လျှောက် ဖြည့်ဆည်းပေးဖို့လိုအပ်တာကြောင့် 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို နေ့စဉ်ဘဝမှာ 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁 အဖြစ်သောက်ဖို့ လိုအပ်ပါတယ် ...

📌 ဒါ့ကြောင့် 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို ရာသီစလာတဲ့ အသက်အရွယ်ကနေစပြီးတော့ နေ့စဉ် တစ်နေ့တစ်လုံး သောက်သုံးလို့ရပါတယ် ...

📌 တကယ်လို့ ရာသီမလာခင် ကိုက်ခဲနာကျင်မှု ဝေဒနာပြင်းထန်တဲ့သူတွေမှာဆိုရင် ကြိုတင်ပြီးတော့ တစ်နေ့ကို နှစ်လုံးအထိ သောက်သုံးနိုင်သလို ရာသီလာနေစဉ် အတွင်းမှာလည်း ဝေဒနာတွေပြင်းထန်နေရင် နှစ်လုံးကနေ သုံးလုံးအထိ သောက်သုံးနိုင်ပါတယ် ...

📌 ရာသီလာပြီး နောက်ပိုင်းမှာတော့ တစ်နေ့ တစ်လုံး ပုံမှန်ဆက်သောက်လို့ရပါတယ် ...

👉 ဒါကြောင့် ရာသီလာစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို 𝗘𝗽𝗼𝘀𝗼𝗳𝘁 နှင့်အတူ ကျော်ဖြတ်ရင်း သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်သန်းလိုက်ပါ...💛

Photos from Zifam Lady's post 19/06/2026

🎉 𝗬𝗼𝗴𝗮 (ယောဂ) ကစားနေတဲ့ ပုံတွေမျှဝေခြင်း 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မှ လက်ဆောင်ရရှိသူများ 🎉

✅ (၂၀၂၆) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်မယ့် 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗬𝗼𝗴𝗮 ကို ဂုဏ်ပြုကြိုဆိုတဲ့ 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မှာ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...💛

🥰 ချစ်တို့ရဲ့ 𝗬𝗼𝗴𝗮 ပုံလှလှတွေနဲ့အတူ အမှတ်တရများ ၊ အတွေ့အကြုံများကို မျှဝေပေးခဲ့ကြသူများထဲမှ ကံထူးရှင် (၁၀) ဦးကို ပုံပါအတိုင်း ကြေညာပေးလိုက်ပါတယ်ရှင်... ✨

🏆 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝘁𝗼 𝗢𝘂𝗿 𝟭𝟬 𝗟𝘂𝗰𝗸𝘆 𝗪𝗶𝗻𝗻𝗲𝗿𝘀 🏆

🎁 ကံထူးရှင်များအနေနဲ့ ဆုလက်ဆောင်ထုတ်ယူနိုင်ရန်အတွက် 𝗭𝗶𝗳𝗮𝗺 𝗟𝗮𝗱𝘆 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁 𝗕𝗼𝘅 ကို (၂၀၂၆) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့နောက်ဆုံးထားပြီး အမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ပေးပို့ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်...

🥰 ပါဝင်ပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပြီး နောင်လာမယ့် 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 တွေမှာလည်း ဆက်လက်ပါဝင်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်... 🧘‍♀️💕

16/06/2026

📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)

✨ (၂၀၂၁) ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 သည် ယခုအခါ (၁၀) ကြိမ်မြောက်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

✅ 𝗭𝗶𝗳𝗮𝗺 𝗟𝗮𝗱𝘆 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗙𝗮𝗻 များအတွက် အထူးကုဆရာဝန်ကြီးများမှ မျှဝေထားသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာပေး ဆောင်းပါးများနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အောက်ပါ 𝗟𝗶𝗻𝗸 မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ လေ့လာဖတ်ရှုနိုင်သလို 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 ပြုလုပ်ပြီးလည်း သိမ်းဆည်းထားနိုင်ပါသည်။

🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇

https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/

-------------------------------

📌 English Version

📖 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹 (𝟲.𝟭)

✨ First launched in 2021, 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 has now reached its 10th edition.

✅ Valuable health-related knowledge shared by specialist doctors, informative articles, and a variety of insightful content can be conveniently accessed and downloaded anytime and anywhere via the link below.

🔗 𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 👇

https://www.zifammyanmar.com/pdf/zifam-e-magazine-vol-6-1/

-------------------------------

04/06/2026

🎁 𝗬𝗼𝗴𝗮 (ယောဂ)ကစားနေတဲ့ ပုံတွေမျှဝေပြီး လက်ဆောင်ရယူလိုက်ပါ 🧘‍♀️

📸 ချစ်တို့ရဲ့ 𝗬𝗼𝗴𝗮 (ယောဂ)ကစားနေတဲ့ ပုံလှလှတွေနဲ့အတူ အမှတ်တရစာလေးတွေ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ မျှဝေပြီး 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 မှာ အတူပါဝင်လိုက်ကြရအောင် 🧘‍♀️

✅ (၂၀၂၆) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်မယ့် 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗮𝘆 𝗼𝗳 𝗬𝗼𝗴𝗮 ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ 𝗬𝗼𝗴𝗮 ကို ချစ်မြတ်နိုးသူတွေအတွက်ရည်ရွယ်ပြီး အမျိုးသမီးတိုင်းအတွက် 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ စီစဉ်ထားတဲ့ 𝗖𝗮𝗺𝗽𝗮𝗶𝗴𝗻 လေးဖြစ်ပါတယ်ရှင်။

✨ ဒီနှစ်ရဲ့ 𝗧𝗵𝗲𝗺𝗲 ကတော့ "𝗬𝗼𝗴𝗮 𝗳𝗼𝗿 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗔𝗴𝗲𝗶𝗻𝗴" ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် 𝗬𝗼𝗴𝗮 ပုံမှန်လုပ်ပေးသင့်ပါတယ်။

🧘‍♀️ 𝗬𝗼𝗴𝗮 လုပ်ခြင်းက ခန္ဓာကိုယ်ပျော့ပြောင်းမှုနဲ့ ဟန်ချက်ညီမှုကို အထောက်အကူပြုပေးရုံသာမက အမျိုးသမီးတွေအတွက်လည်း အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။

💛 ရာသီလာစဉ် ခံစားရတတ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

✅ ဒါ့အပြင် အိပ်စက်မှု ပိုကောင်းလာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်းနဲ့ ကျန်းမာတက်ကြွတဲ့ 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 ကို ထိန်းသိမ်းနိုင်စေခြင်းတို့ကြောင့် အသက်အရွယ်မရွေး ကျန်းမာစွာ နေထိုင်နိုင်ဖို့ အထောက်အကူပြုပါတယ်။

🥰 𝗬𝗼𝗴𝗮 ကြောင့် ချစ်တို့ရဲ့ နေ့စဉ်ဘဝမှာ ရခဲ့တဲ့ကောင်းကျိုးတွေ ဒါမှမဟုတ် 𝗬𝗼𝗴𝗮 နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ချစ်တို့ရဲ့ 𝗬𝗼𝗴𝗮 ပုံလှလှလေးတွေနဲ့အတူ 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ မျှဝေရင်း လက်ဆောင် ရယူလိုက်ကြရအောင်ပါရှင်...✨

28/05/2026

🌙 Eid al-Adha Mubarak

May this blessed Eid bring peace, happiness, and prosperity to you and your family. 🕌🤍

Eid Mubarak to you and your loved ones! 🤲✨

22/05/2026

📌 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို ဘာကြောင့် နေ့စဉ်သောက်သုံးသင့်သလဲ...

👉 အမျိုးသမီးတစ်ယောက်က 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 𝗘𝗽𝗼𝘀𝗼𝗳𝘁 က အကိုက်အခဲပျောက်ဆေး မဟုတ်တဲ့အတွက်ကြောင့် အကိုက်အခဲပျောက်ဆေးတွေလိုမျိုး အခုသောက် အခုပျောက် တစ်ခါတည်း နာကျင်မှုကို သက်သာစေနိုင်တာမဟုတ်ပါဘူး။

👉 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှာ ပါဝင်တဲ့ 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗣𝗿𝗶𝗺𝗿𝗼𝘀𝗲 𝗢𝗶𝗹 (𝗘𝗣𝗢) ဟာ 𝗚𝗟𝗔 (𝗚𝗮𝗺𝗺𝗮-𝗟𝗶𝗻𝗼𝗹𝗲𝗻𝗶𝗰 𝗔𝗰𝗶𝗱) လို့ခေါ်တဲ့ 𝗢𝗺𝗲𝗴𝗮 𝟲 𝗙𝗮𝘁𝘁𝘆 𝗔𝗰𝗶𝗱 ကို ဖြည့်ဆည်းပေးနိုင်တာကြောင့် အမျိုးသမီးတွေအတွက် နေ့စဉ်ဘဝမှာ 𝗦𝘂𝗽𝗽𝗹𝗲𝗺𝗲𝗻𝘁 အဖြစ်သောက်ဖို့ လိုအပ်ပါတယ်။

📌 ဒါကြောင့် ရာသီစလာတဲ့ အသက်အရွယ်ကစပြီး 𝗘𝗽𝗼𝘀𝗼𝗳𝘁 ကို တစ်နေ့ (၁)လုံး ပုံမှန်သောက်သုံးနိုင်ပါတယ်။
(မနက်ဖြစ်ဖြစ် / ညဖြစ်ဖြစ်၊ အစာစားပြီးဖြစ်စေ မစားခင်ဖြစ်စေ သောက်သုံးလို့ရပါတယ်။)

📌 ရာသီမလာခင် နာကျင်ကိုက်ခဲမှုဝေဒနာ ပြင်းထန်တတ်သူတွေဆိုရင်တော့ ကြိုတင်ပြီး တစ်နေ့ (၂)လုံးအထိ သောက်သုံးနိုင်ပါတယ်။

📌 ရာသီလာနေစဉ်အတွင်း ဝေဒနာပိုပြင်းထန်နေရင်လည်း တစ်နေ့ (၂ )လုံးမှ (၃)လုံးအထိ သောက်သုံးနိုင်ပြီး၊ ရာသီလာပြီးနောက်ပိုင်းမှာတော့ တစ်နေ့ (၁)လုံး ပုံမှန်ဆက်သောက်လို့ရပါတယ်။

💛 ဒါကြောင့် ရာသီလာစဉ်ခံစားရတဲ့နာကျင်ကိုက်ခဲမှုဝေဒနာကို 𝗘𝗽𝗼𝘀𝗼𝗳𝘁 နှင့်အတူ ကျော်ဖြတ်ရင်း သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်သန်းလိုက်ပါ ...

15/05/2026

🌼 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ဆိုတာဘာလဲ...

📌 "ညနေခင်းနှင်းဆီ" လို့ ခေါ်ကြတဲ့ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 အပင်ဟာ သဘာဝအတိုင်း ပေါက်ရောက်တဲ့ အဝါရောင် တောရိုင်းပန်းကလေးတစ်မျိုးဖြစ်ပါတယ်။ တောင်အမေရိကနဲ့ မြောက်အမေရိကမှာ သဘာဝအတိုင်းတွေ့ရတတ်ပြီး အချို့ဥရောပနိုင်ငံများနဲ့ အာရှဒေသအချို့မှာလည်း ပေါက်ရောက်ရှင်သန်လေ့ရှိပါတယ်။

✅ (၁၇) ရာစုကတည်းက ဒေသခံအမေရိကန်လူမျိုးတွေဟာ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ကို နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှုနဲ့ အရေပြားပြဿနာတွေအတွက် ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့ကြလို့ "အနာရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ ဆေးဘုရင်" လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

🔎 ဆေးဝါးနည်းပညာတွေ ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ရဲ့ကျော်ကြားမှုက 𝐎𝐦𝐞𝐠𝐚 𝟔 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 ကြောင့်​ဖြစ်တယ်ဆိုပြီး သိရှိလာပါတယ်။

✅ 𝐎𝐦𝐞𝐠𝐚 𝟔 𝐅𝐚𝐭𝐭𝐲 𝐀𝐜𝐢𝐝 မှာပါဝင်တဲ့ 𝐆𝐚𝐦𝐦𝐚-𝐋𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐀𝐜𝐢𝐝 (𝐆𝐋𝐀) ကြောင့် အနာရောဂါအမျိုးမျိုးကို သက်သာစေကြောင်း သုတေသနစာတမ်းများစွာရှိပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီများကျစေခြင်း၊ အရေပြားရောဂါများကိုသက်သာစေခြင်း၊ ဝက်ခြံများကိုသက်သာစေခြင်း၊ ရင်သားနာကျင်ခြင်းကိုသက်သာစေခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးများလည်းရရှိစေနိုင်ပါတယ်။

💛 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 ဟာ နာကျင်ကိုက်ခဲမှုအမျိုးမျိုးထဲမှာမှ ဓမ္မတာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုများကို အဓိကသက်သာပျောက်ကင်းစေနိုင်ပြီး အမျိုးသမီးဟော်မုန်းကိုလည်း ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် အမျိုးသမီးများအတွက် အထူးသင့်တော်တဲ့ အဆီဓာတ်တစ်မျိုးအဖြစ် နေရာယူလာပါတော့တယ်။

✅ ဒီအစီအစဉ်ကို 𝐄𝐯𝐞𝐧𝐢𝐧𝐠 𝐏𝐫𝐢𝐦𝐫𝐨𝐬𝐞 𝐎𝐢𝐥 𝟏𝟎𝟎𝟎 𝐦𝐠 ပါဝင်တဲ့ အမျိုးသမီးတိုင်းအတွက် 𝐄𝐩𝐨𝐬𝐨𝐟𝐭 မှ ကျန်းမာရေးဗဟုသုတရရှိ‌စေရန်ရည်ရွယ်ပြီး တင်ဆက်ပေးထားပါတယ်။

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬:
📌 McDermott, A. & Wilson, D. R., 2023. healthline. [Online]
Available at: https://www.healthline.com/health/evening-primrose-oil
[Accessed 19 June 2023].

📌 NCCIH, 2023. ncci.nih. [Online]
Available at: https://www.nccih.nih.gov/health/evening-primrose-oil
[Accessed 19 June 2023].

#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ
#အမျိုးသမီးတိုင်းအတွက်

08/05/2026

📌 အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါများ

👉 ဒီတစ်ခါမှာတော့ ချစ်တို့အတွက် ကျန်းမာရေးဗဟုသုတအဖြစ် အမျိုးသားများနဲ့ နှိုင်းယှဉ်လိုက်ရင် အမျိုးသမီးများမှာ ပိုမိုဖြစ်တတ်တဲ့ ရောဂါများအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ် ...

✅ စိတ်ကျန်းမာရေးပြဿနာများ
အမျိုးသားများထက် အမျိုးသမီးများဟာ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများကို ပိုမိုခံစားရတတ်ပါတယ်။ (၂၀၁၉) ခုနှစ် 𝐆𝐥𝐨𝐛𝐚𝐥 𝐁𝐮𝐫𝐝𝐞𝐧 𝐨𝐟 𝐃𝐢𝐬𝐞𝐚𝐬𝐞 သုတေသနစာတမ်းအရ အမျိုးသမီးများဟာ အမျိုးသားများထက် နှစ်ဆခန့် စိတ်ကျန်းမာရေးပြဿနာများ ပိုမိုခံစားနေရကြောင်း ဖော်ပြထားပါတယ် ...

✅ ရင်သားကင်ဆာ
အမျိုးသမီးများမှာ ရင်သားကင်ဆာ ပိုမိုဖြစ်ပွားတတ်ကြောင်း အားလုံးသိထားပြီးဖြစ်ကြမှာပါ။ အမျိုးသားများတွင်တော့ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ရင်သားကင်ဆာဖြစ်ပွားနှုန်းမှာ (၀.၅ %) မှ (၁ %) ခန့်သာ ရှိပါတယ် ...

✅ 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 ရောဂါများ
(၂၀၂၀) ခုနှစ်ထုတ် 𝐂𝐮𝐫𝐞𝐮𝐬 ဆေးပညာဂျာနယ်အရ 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 ရောဂါများဖြစ်တဲ့ လေးဖက်နာရောဂါ၊ သိုင်းရွိုက်ရောဂါများ၊ အမျိုးအစား (၁) ဆီးချိုရောဂါ၊ 𝐏𝐬𝐨𝐫𝐢𝐚𝐬𝐢𝐬 နှင့် 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐒𝐜𝐥𝐞𝐫𝐨𝐬𝐢𝐬 ရောဂါဖြစ်ပွားသူများ၏ (၈၀ %) ခန့်မှာ အမျိုးသမီးများဖြစ်ကြပါတယ် ...

✅ လေဖြတ်ခြင်း
(၂၀၂၂) ခုနှစ်ထုတ် 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐞𝐚𝐫𝐭 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 ဆေးပညာဂျာနယ်တစ်ခုအရ အမေရိကန်နိုင်ငံတွင် အမျိုးသမီးများ၏ လေဖြတ်နိုင်ခြေမှာ (၂၀ %) မှ (၂၁ %) အထိရှိပြီး အမျိုးသားများတွင်တော့ (၁၄ %) မှ (၁၇ %) ခန့်သာရှိကြောင်း ဖော်ပြထားပါတယ် ...

✅ အရိုးပွ၊ အရိုးပါးရောဂါ
အမျိုးသမီးများဟာ အမျိုးသားများထက် အရိုးသိပ်သည်းဆ ပိုနည်းတတ်ပါတယ်။ ဒါ့အပြင် သွေးဆုံးချိန် မတိုင်ခင်မှာ 𝐄𝐬𝐭𝐫𝐨𝐠𝐞𝐧 ဟော်မုန်းနည်းသွားတဲ့အတွက် အရိုးပွ၊ အရိုးပါးရောဂါ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ (၂၀၂၁) ခုနှစ်ထုတ် 𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐉𝐨𝐮𝐫𝐧𝐚𝐥 𝐨𝐟 𝐌𝐞𝐧'𝐬 𝐇𝐞𝐚𝐥𝐭𝐡 ဂျာနယ်အရ အသက် (၆၅) နှစ်ကျော် အမျိုးသားများတွင် အရိုးပွ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေ (၅၀ %) ရှိပြီး အမျိုးသမီးများတွင်တော့ (၈၀ %) အထိရှိကြောင်း ဖော်ပြထားပါတယ် ...

💛 𝗘𝗽𝗼𝘀𝗼𝗳𝘁 𝗙𝗮𝗻 တို့လည်း ကျန်းမာလန်းဆန်းတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အမျိုးသမီးတိုင်းအတွက် 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ...

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬:

📌 Angum, F. et al., 2020. The Prevalence of Autoimmune Disorders in Women: A Narrative Review. 𝘊𝘶𝘳𝘦𝘶𝘴 , 12(5), p. e8094.

📌 Martinis, M. D. et al., 2021. Gender Differences in Osteoporosis: A SingleCenter Observational Study. 𝘛𝘩𝘦 𝘞𝘰𝘳𝘭𝘥 𝘑𝘰𝘶𝘳𝘯𝘢𝘭 𝘰𝘧 𝘔𝘌𝘕'𝘴 𝘏𝘌𝘈𝘓𝘛𝘏, 39(4), pp. 750-759.


#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


95 Residence, Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00