KHIN MI MI HTOON-Shine Denta

KHIN MI MI HTOON-Shine Denta

Share

SHHP Authorized Dealer (Yangon)

11/05/2026

☀️ နွေပူပူမှာ ဆီးကျင်၊ ဆီးအောင့်ခြင်းကင်းဝေးစေဖို့... 💦

နွေရာသီရဲ့ အပူရှိန်ကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေဟာ ချွေးအဖြစ်နဲ့ ပိုမိုထွက်သွားတတ်ပါတယ်။ ဒီအခါမှာ ဆီးပမာဏ နည်းသွားပြီး ဆီးထဲမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ပိုမိုစုစည်းလာတာကြောင့် ဆီးကျင်တာ၊ ဆီးအောင့်တာနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ (UTI) တွေ အဖြစ်များလာတာပါ။

ကျန်းမာပျော်ရွှင်တဲ့ နွေရာသီလေး ဖြစ်စေဖို့ အောက်ပါအချက်လေးတွေကို ဂရုစိုက်ကြည့်ရအောင်။

✅ ဆောင်ရန်အချက်များ

ရေများများသောက်ပါ: တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာ (သို့မဟုတ်) ဖန်ခွက် ၁၀ ခွက်ကနေ ၁၂ ခွက်ခန့် သောက်ပေးပါ။ ဆီးသွားတိုင်း အရောင်ကြည်နေဖို့ လိုအပ်ပါတယ်။

သန့်ရှင်းမှုရှိပါ: အထူးသဖြင့် အမျိုးသမီးများအနေနဲ့ အိမ်သာတက်ပြီးတိုင်း အရှေ့ကနေ အနောက်ဘက်သို့ သန့်စင်တဲ့ အလေ့အကျင့်ပြုလုပ်ပါ။
ဆီးမအောင့်ပါနဲ့: ဆီးသွားချင်စိတ်ရှိလာရင် မအောင့်ထားဘဲ ချက်ချင်းသွားပါ။ ဆီးအောင့်ခြင်းက ဘက်တီးရီးယားတွေကို ပွားများစေပါတယ်။

ချည်သားအတွင်းခံများ ဝတ်ဆင်ပါ: လေဝင်လေထွက်ကောင်းပြီး စိုထိုင်းမှုကို လျှော့ချပေးနိုင်တဲ့ ချည်သား (Cotton) အသားကို ရွေးချယ်ဝတ်ဆင်ပါ။

❌ ရှောင်ရန်အချက်များ

ကဖင်းနှင့် အယ်လ်ကိုဟော လျှော့ပါ: ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာတွေဟာ ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေကာ ဆီးအိမ်ကို ရောင်ရမ်းစေနိုင်ပါတယ်။

အပူအစပ် အလွန်အကျွံ စားခြင်း: အစပ်ကဲတဲ့ အစားအစာတွေဟာ ဆီးအိမ်ကို ပိုမိုဆွပေးသလို ဖြစ်တတ်တာကြောင့် ဆီးကျင်နေချိန်မှာ ခေတ္တရှောင်သင့်ပါတယ်။

ကျပ်ထုတ်လွန်းသော အဝတ်အစားများ: အောက်ပိုင်းကျပ်လွန်းတဲ့ ဘောင်းဘီတွေဟာ အပူစုစေပြီး ပိုးမွှားပေါက်ဖွားမှုကို အားပေးပါတယ်။

💡 အကြံပြုချက်:
အကယ်၍ ဆီးသွားတဲ့အခါ သွေးပါလာတာ၊ ခါးနာတာ၊ ချမ်းတုန်ဖျားတာတွေနဲ့အတူ ဆီးကျင်တာ အရမ်းဆိုးလာရင်တော့ နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။

နွေရာသီမှာ အပူဒဏ်ကင်းဝေးပြီး အားလုံးပဲ ကျန်းမာကြပါစေ‌နော်။ 🙏

05/05/2026

"ချွေးထွက်တာက ချွေးအအေးပတ်တာထက် ပိုကောင်းတယ်"

အခုလို တအားပူတဲ့ရာသီမှာ ချွေးထွက်လို့ စိတ်အနှောင့်အယှက်ဖြစ်ကြတာ နားလည်ပါတယ်။ 🥵 ဒါပေမယ့် အဲလိုချွေးထွက်တာက ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ သဘာဝကာကွယ်ရေး စနစ်တစ်ခုဆိုတာကိုတော့ မေ့နေတတ်ကြတယ်နော်။ 🛡️

တကယ်တော့ ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အအေးပေးတဲ့ စနစ်နဲ့တူတယ်! ❄️ သူက ခန္ဓာကိုယ်အပူချိန် အရမ်းမမြင့်အောင် ချွေးအဖြစ်နဲ့ အပူကိုပြန်လျှော့ချပေးတာပါ။ ချွေးထွက်တဲ့အတွက် အပူကြောင့် မူးတာ၊ အော့အန်တာနဲ့ အပူလျှပ်တာ (Heat Stroke) မဖြစ်အောင် ကာကွယ်ပေးတယ်။ 😇

အဲဒါကို ပူတယ်၊ ချွေးတအားထွက်တယ်ဆိုပြီး ပန်ကာ ဒါမှမဟုတ်် အဲယားကွန်းအောက် အတင်းဝင်တာ၊ အင်္ကျီမလဲဘဲ ချွေးအအေးခံတာ၊ ချက်ချင်းရေချိုးတာ 🛁 ဒါတွေက ခန္ဓာကိုယ်ရဲ့အပူကို ချက်ချင်းကျစေလို့ ရုတ်တရက်တော့ နေကောင်းသလို ရှိတတ်ပါတယ်။ 🌬️🚫
ဒါပေမယ့် အဲဒီအပူအပြောင်းအလဲကပဲ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် နှာစေး၊ ချောင်းဆိုး၊ အဖျားနဲ့ ခန္ဓာကိုယ်နာကျင်တာတွေကို ဖြစ်စေနိုင်တယ်နော်။ 🤒🏥

ဆိုတော့ ပူလို့ချွေးထွက်တာကို စိတ်မညစ်ပါနဲ့။ အဲဒီအစား ချွေးထွက်လာရင် -
🔹 သဘာဝထက်ပိုတဲ့ လေအေးနဲ့ ချက်ချင်းအထိခံမယ့်အစား ချွေးတိတ်အောင် ခဏစောင့်ပါ။ ⏳
🔹 အင်္ကျီလဲဖို့ အဆင်ပြေရင် ချက်ချင်းလဲ၊ မလဲဖြစ်တောင် ချွေးသုတ်ပေးပါ။ 👕
🔹 အပူထဲက ပြန်လာလာချင်း ခြေထောက်ဆေးတာ၊ ရေချိုးတာ မလုပ်ပါနဲ့ဦး။ ❌
🔹 ရေများများသောက်၊ ချွေးတအားထွက်လို့ ဆားဓာတ်ပါဆုံးရှုံးရင် ဓာတ်ဆားဖြည့်သောက်ပေးပါ။ 💧🥤
ဒီလိုနည်းတွေနဲ့ ဂရုစိုက်တာ အကောင်းဆုံးပါ။ ✅

ဒါကြောင့် "ချွေးထွက်တာက ကျန်းမာတဲ့လက္ခဏာဖြစ်ပြီး ချွေးအအေးပတ်တာကတော့ ဖျားနာခြင်းရဲ့ ကနဦး" ဖြစ်တယ်လို့ စေတနာနဲ့ အသိပေးလိုက်ရပါတယ် ချစ်တို့ရေ။ 💖

အားလုံးပဲ ပူပြင်းတဲ့နွေကို ကျန်းကျန်းမာမာနဲ့ ဖြတ်ကျော်နိုင်ကြပါစေရှင်။ 🙏✨

22/04/2026

☀️ နွေရာသီမှာ ရေဆာတဲ့အခါ☀️

လက်ရှိအချိန်က နှစ်တစ်နှစ်ရဲ့ အပူဆုံးလကို ဖြတ်သန်းနေရတာဆိုတော့ အပူဒဏ်ကို အန်တုနိုင်ဖို့ ကိုယ့်ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေဖို့က အဓိကပဲနော်။ 🔥 တစ်ချို့ကလည်း လန်းဆန်း၊ အမောပြေဖို့ အရသာရှိတာလေးတွေမှ ရွေးသောက်ချင်ကြတယ်လေ။ 🍹
ဒါကြောင့် ဘယ်အရာတွေကို ဦးစားပေး သောက်သင့်သလဲဆိုတာ ပြောပြပေးမယ်နော်။ 👇

✅ သောက်သင့်သည်များ
🔹 ရေသန့် 💧
အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးပါပဲ။ အနည်းဆုံး တစ်နေ့ကို ၂ လီတာကနေ ၃ လီတာအထိ သောက်ပေးသင့်တယ်နော်။

🔹 အုန်းစိမ်းရည် 🥥
သဘာဝဓာတ်ဆားလို့ တင်စားရလောက်အောင် ခန္ဓာကိုယ်ကို လန်းဆန်းစေလို့ ချွေးထွက်များပြီး ပင်ပန်းတဲ့အချိန်တွေမှာ အထူးသင့်လျော်ပါတယ်။

🔹 သစ်သီးဖျော်ရည် 🍉🍋
သကြားမပါတဲ့ (ဒါမှမဟုတ်) အနည်းငယ်ပဲပါတဲ့ သံပုရာရည်၊ ဖရဲသီးဖျော်ရည်တို့က အပူဒဏ်ကို ကာကွယ်ပေးတဲ့ အဖိုးတန်ရာသီစာတွေပါ။

🔹 ရေနွေးကြမ်း 🍵
ပူတဲ့အချိန် သောက်ရတာ မကြိုက်ကြပေမယ့် ထမင်းစားချိန်မှာ သောက်ပေးရင် ခန္ဓာကိုယ်ထဲက အပူကို လျော့ကျဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

⚠️မသောက်ဘဲ ရှောင်သင့်တာတွေကတော့⚠️

🚫 အရက်သေစာ 🍺
ရေဓာတ်ကို အဆိုးဆုံး ခန်းခြောက်စေလို့ အရမ်းပူတဲ့ နေ့ခင်းနေ့လယ်မျိုးမှာ လုံးဝမသောက်သင့်ပါဘူး။

🚫 ကော်ဖီ၊ လက်ဖက်ရည် ☕
ဒါတွေကို ခပ်ပြင်းပြင်းသောက်တာက ဆီးသွားများစေလို့ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ကုန်ဆုံးစေတတ်ပါတယ်။

🚫 အချိုရည် 🥤
Gas ပါတာဖြစ်ဖြစ်၊ မပါတာဖြစ်ဖြစ် ခဏတာ အမောပြေသလိုရှိပေမယ့် ရေပိုဆာစေသလို သကြားဓာတ် လွန်ကဲစေနိုင်ပါတယ်နော်။

🚫 ရေခဲရေ 🧊
ရင်ထဲကို အေးသွားပေမယ့် ချောင်းဆိုး၊ အသံဝင်တာအပြင် အစာအိမ်နဲ့ အာရုံကြော၊ နောက်ဆုံး ဆီးကျင်တဲ့အထိ ဖြစ်နိုင်လို့ အတတ်နိုင်ဆုံး ရှောင်ကြပါဦး။

💡 အကြံပြုချက်လေး
ဓာတ်ဆားကို တကယ်လိုအပ်လို့ သောက်မယ်ဆိုရင် အသင့်သောက်ဗူးတွေထက် ရေ ၁ လီတာနဲ့ ဖျော်ရတဲ့ ဓာတ်ဆားထုပ် မျိုးကိုသာ ဦးစားပေးစေချင်ပါတယ်။

အကောင်းဆုံးကတော့ ရေငတ်မှသောက်တာထက် ရေသန့်ကို ခဏခဏ သောက်ပေးဖို့ပါပဲ။ 💧 မေ့မှာကြောက်ရင် Alarm ပေးပြီး အချိန်ခွဲသောက်ပါနော်။ ရေသောက်များလို့ ဆီးသွားချင်ရင်လည်း အောင့်မထားဖို့ တစ်ခါတည်း မှာချင်ပါတယ် ချစ်တို့ရေ။ 🥰

အားလုံးပဲ ပူပြင်းတဲ့နွေကို ကျန်းကျန်းမာမာနဲ့ ဖြတ်ကျော်နိုင်ကြပါစေရှင်။ 🙏✨


✨🌿

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခု၊ မင်္ဂလာရှိသော နှစ်သစ်မှာ မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေ။ စီးပွါးဥစ္စာများတိုးပွါးကြပါစေ။ 🙏🙏🙏

Photos from KHIN MI MI HTOON-Shine Denta's post 13/04/2026

သင်္ကြန်အကြိုနေ့မှာ
ဥပုသ်သီလဆောက်တည်ပြီး
ကုသိုလ်ယူကြတဲ့ မေမေတို့ညီအစ်မနှစ်ယောက်။
အားလုံးလည်း သင်္ကြန်တွင်းမှာ
ဘေးဘယာကင်းကင်းနဲ့ ‌ရွှင်လန်းချမ်းမြေ့ကြပါစေနော်။ 😇🙏🏼

16/03/2026

"လိုတိုင်းတ ရတဲ့မေမေ"

ပိတောက်ပန်းတွေ ဘုရားလှူချင်နေတယ်ထင်တယ်ဆိုပြီး မ‌နက်အစော လာပို့သွားလို့ ပျော်နေတာ။ တကူးတက ပို့ပေးတဲ့ညီမလည်း ကျန်းမာ၊ ချမ်းသာပါစေ။ အားလုံးလည်း မင်္ဂလာရှိတဲ့ မနက်ခင်းလေး ဖြစ်ပါစေ ချစ်တို့ရေ 🙏🏼😇

06/03/2026

သားသားက ဆီနဲနဲနဲ့ပဲ စားချင်တယ်ဆိုလို့
ထမင်းဘူးချက်ထည့်ပေးလိုက်တာ
စားကြပါဦး ချစ်တို့ရေ 😋🍽️

23/02/2026

အားလုံးပဲ မင်္ဂလာရှိတဲ့ မနက်ခင်းဖြစ်ပါစေနော် ချစ်တို့ 😇🙏🏼

19/02/2026

အသီးအနှံစားတာ ခန္ဓာကိုယ်အတွက် ကောင်းမှန်း သိပေမယ့် ဘယ်အချိန်စားပေးတာက အထိရောက်ဆုံးလဲကိုတော့ သေချာသိတဲ့သူ နဲသေးတယ်။

အဲဒါကြောင့်လည်း အများစု ထမင်းစားပြီးမှ အချိုတည်းတဲ့အနေနဲ့ အသီးတွေစားနေကြတာ။ မစားတာထက်စာရင် ပိုကောင်းပေမယ့် မှန်ကန်တဲ့ စားပုံစားနည်းတော့ မဟုတ်ဘူးပေါ့နော်။

တကယ်တော့ ဗိုက်ထဲအစာမရှိခင် အသီးအနှံတစ်ခုခုကို အရင်စားပေးတာက အစာခြေစနစ်အတွက် အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုရင်
- အသီးမှာပါတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က အပြည့်အဝ စုပ်ယူနိုင်တယ်။
- အသီးရဲ့ အမျှင်ဓာတ်က ဗိုက်ပြည့်စေလို့ ထမင်းအလွန်အကျွံ မစားဖြစ်တော့ဘူး။

ဒါပေမယ့် အစားစားပြီးပြီးချင်း အသီးစားရင်တော့ အစာခြေအားနည်းတဲ့သူတွေမှာ တခြားအစာတွေနဲ့ရောပြီး လေပွတာ၊ ရင်ပြည့်တာတွေ ဖြစ်ဖို့ပိုများပါတယ်။ အဲဒါကြောင့် အစာစားပြီးမှ စားချင်တာဆိုရင်တော့ အနည်းဆုံး ၁ နာရီကနေ ၂ နာရီ ခြားပြီးတော့ စားတာက အကောင်းဆုံးဖြစ်မှာပါ။

ပြီးတော့ ညအိပ်ခါနီး ကပ်ပြီးအသီးစားတာကိုလည်း တတ်နိုင်သလောက် ရှောင်သင့်တယ်နော်။ သကြားဓာတ်က စွမ်းအင်ထွက်ပြီး လူကိုတက်ကြွစေလို့ အိပ်မရတာ၊ ရင်ပူတောတွေ ဖြစ်စေတယ်နော် ချစ်တို့။

တခြားမုန့်ပဲသွားရည်စာတွေ စားတာထက်စာရင် အသီးအနှံစားပေးတာက ခန္ဓာကိုယ်အတွက် ပိုအကျိုးရှိတာ မှန််ပါတယ်။ ဒါပေမယ့် စနစ်တကျ စားနိုင်ရင်တော့ အကောင်းဆုံးပေါ့။

အခုလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဖတ်ရတာသဘောကျရင် page ကို like & follow, post ကိုလည်း share လုပ်ပြီး အားပေးလို့ရပါတယ်နော်။

အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ 😇🙏🏼

Photos from KHIN MI MI HTOON-Shine Denta's post 17/02/2026

အားကစားဆိုတာ
အားမှကစားတာထက် အားအောင်လုပ်ပြီး
အချိန်ပေးကစားသင့်တဲ့အရာနော် ချစ်တို့ရေ။

အိမ်ရှင်မအများစုက အိမ်ရှေ့အိမ်နောက်
ခေါက်တုံ့ခေါက်ပြန် သွားရလွန်းလို့
လမ်းလျှောက်ဖို့မလိုဘူးဆိုပြီး ထင်တတ်ကြတယ်။

တကယ်လည်း ကိုယ်လက်လှုပ်ရှားဖြစ်တာမှန်ပေမယ့်
နေရာကန့်သတ်ချက်ရှိမယ်။ လမ်းလျှောက်တဲ့
အရှိန်၊ မြန်နှုန်း၊ အသက်ရှူပုံ ဒါတွေကအစ
အပြင်မှာလျှောက်တာနဲ့ ကွာပါတယ်။

အဲဒါကြောင့် တစ်နေ့ကို ၄၅ မိနစ်၊ ၁ နာရီလောက်
ပုံမှ‌န်လျှောက်နိုင်တဲ့ မြန်နှုန်းတစ်ခုနဲ့ အသက်ပုံမှန်ရှူ၊ ပတ်ဝန်းကျင်ကို ခံစားရင်း လမ်းထွက်လျှောက်တာက
ခြေထောက်ကြွက်သား‌တွေမကျအောင် ကာကွယ်ပေးသလို စိတ်ကိုလည်း ပေါ့ပါးစေမှာပါ။

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာကယ်လိုရီကို
ဒုတိယအလောင်ကျွမ်းနိုင်ဆုံးနည်းကလည်း
လမ်းလျှောက်ခြင်းနဲ့ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှုက ရနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ။

ဆိုတော့ မနက်၊ ညနေ အားသန်တဲ့တစ်ချိန်ရွေးပြီး
တစ်နေ့ကို အနဲဆုံးခြေလှမ်း ၈,၀၀၀ လောက်
ရအောင်လျှောက်ဖို့ ဒီကနေ တိုက်တွန်းလိုက်တယ်နော်။

အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ 😇🙏🏼

Category

Telephone

Website

Address


Myittar Road
Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Alerts

Be the first to know and let us send you an email when KHIN MI MI HTOON-Shine Denta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.