BB Sakura Online Shop

BB Sakura Online Shop

Share

BB Sakura Online Shop တွင်​ဝယ်​​ယူအား​ပေးကြ​သော်

30/10/2023

Lotion
Serum

အကုန် Out of stock ပါ
အကုန်ကုန်သွားပါရှင့်

Message reply လုပ်လို့မရလို့ပါ ညီမလေး 💟

Photos from BB Sakura Online Shop's post 21/07/2023

🎁Buy 1 >>> Get 1 လက်ဆောင်ယူ🎁
တစ်ခုဝယ်တိုင်း နောက်တစ်ခုလက်ဆောင်အပိုရ

📌အသားဖြူစေပြီး ကြည်လင်ဝင်းပမှုကို အဓိကပေးစွမ်းနိုင်တဲ့ Honey Soap🍯

📌ဆဲလ်သေတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးမယ့် coffee scrub☕

📌မျက်နှာမွဲခြောက်ခြင်း ၊ ကြမ်းတမ်းခြင်းနဲ့ ဝက်ခြံ အမဲစက်တွေ ကို သက်သာစေပြီး အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ orange Face mask 🍊

📌မျက်နှာပေါ်မှာအဆီနဲ့အညစ်အကြေးတွေကို သေချာစွာ သန့်စင်ပေးနိုင်ဖို့ အဆီပြန်သမားတွေအတွက် Facial Cleanser (green) နဲ့ အသားအရေခြောက်သွေ့တဲ့သူတွေအတွက် Facial Cleanser (pink)

ဘာပဲယူယူ တစ်ဘူးဖိုးပေးရုံနဲ့ ၂ဘူးတောင် ရမှာဆိုတော့ သူငယ်ချင်းတွေစုဝယ်ရင်ပဲဖြစ်ဖြစ် လက်ဆောင်ပေးချင်ရင်ပဲဖြစ်ဖြစ် အရမ်းတန်နော်။🎉🎉

Stock ရှိသလောက်သာ Buy 1 Get 1 ပေးထားပါတယ်။✨
ဒါကြောင့် မိုးအေးအေးလေးနဲ့ skin care ဖို့ မကုန်ခင် အခုပဲလာမှာလိုက်တော့နော်။💝

06/06/2023

တဂယ်ကို စုတ်ပြတ်နေတာservice teamက Viber gpဖွဲ့ပြီး အသုံးမကျတဲ့သူတွေကြီးပဲ ပြသာနာမဖြေရှင်းပဲ neglect လုပ်တာ။

Ninja Van Myanmar ဖြင့် အလုပ်ဆက်မလုပ်တော့ပါ
လက်တွဲ ဖြုတ်လိုက်ပါပီ … ❌❌

၃နှစ်ကျော် ၄နှစ် နီးပါး စနစ်ကို ကြိုက်လို့ သုံးဖြစ်ပေမဲ့ Delivery way သမားများနှင့် တခြား အဆင်မပြေမှု များကြောင့် မသုံးတော့ပါ …

🚫ဖုန်းကြိုမဆက်သော ကိစ္စ

Customer များကို ပစ္စည်း ပို့တိုင်း ဖုန်းတစ်ချက်ကြိုမဆက် လို့ Customer တွေ ပြန်ပြောရင်တောင် ကိုယ်ကပဲ Delivery သမားတွေကိုစာနာပီး ဖာထေးပြောပေးပါတယ် …

ပစ္စည်းပို့ Info card မှာကို ဖုန်းကြိုဆက်ပါရေးပေးထားလဲ မရပါ …
ရောက်မှ ဖုန်းဆက်လို့ ခနခန customer နဲ့ ပြသနာတက်ရပါတယ် …

🚫Delivery man များ၏ ရိုင်းဆိုင်းမှု

Customer များကို အော်ငေါက်ရိုင်းဆိုင်းပါတယ် … ကိုယ်တည်ဆောက်ထားသမျှ Customer relationship များ ပျက်စီးရပါတယ် ….
ပို့တဲ့ သူ ပင်ပန်းလို့ နေမှာပါ… သူတို့လဲ စိတ်တိုတတ်မှာပေါ့ ဆိုပီးလျော့ထားပေးခဲ့ပါတယ် ….

🚫Viber Group Chat နဲ့ တင် အဆုံးသတ်ချင်း

အရေးကြီး လို့ တစ်ခုခု ဆို Delivery man နဲ့ တိုက်ရိုက်ပြောခွင့်မရပါ …
Viber မှာ ပဲ ပြောခိုင်းပီး ပြောတဲ့ အတိုင်း မလုပ်ပေးလို့ ပြသနာလဲ တတ်ရပါတယ် …
နယ် ရုံး ဖုန်း လဲ မပေးပါ … ဘာတွေ အဲ့လောက် လျှို့ဝှက်နေလဲ မသိပါ …

နာမည်တစ်ခုတည်ဆောက်ထားသမျှ ပြသနာဖြစ်လိုက်ရင် Ninja Van Delivery ကြောင့်ပါ …

Delivery သတ်လို့ online shop သေနိုင်တာ သိသွားပါပီ … သုံးနေတဲ့ သူတွေ လဲ တစ်နေ့နေ့တော့ နာမည် ပျက်ဖို့ ဖြစ်လာအုန်းမှာ မို့ ဆက်မသုံးကြဖို့ပြောချင်ပါတယ် …😀😀

အဆင်မပြေဖြစ်ဖူးသော customer လေးများအားလဲ ဒီကနေပဲ ထပ်ပီး တောင်းပန်လိုက်ပါတယ်ရှင့်😔😔

Edit : ဒီ Post ကို တင်လိုက်တာဟာ နောက်ဆုံး သူတို့ နဲ့ လက်တွဲ ဖြုတ်ဖို့ထိ ဖြစ်သွားရတဲ့ သည်းမခံ နိုင်တဲ့ ကိစ္စ တစ်ခု ရှိသွားလို့ ဖြစ်ပါတယ် …
အခု Ninja van က Manager တွေလဲ အိမ်တိုက်ရာရောက်လာတောင်းပန်ပါတယ် …

Ninjavan ဘက်ကလဲ post ဖျက်ပေးပါလို့မတောင်းဆိုပါဘူး ။
အဲ့တာ ဆို စဉ်းစားကြည့်လို့ရပါတယ် …

သူတို့လာတောင်းပန်ပီးနောက် ကိုယ့် နာမည် ပျက်တာ customer ပြောဆို ခံရတာ တွေ က ပြန်လုပ်ပေးလို့မရတာမို့တောင်းလဲ မတောင်းပန်ပါနဲ့ လို့ပြောခဲ့ပါတယ် ..

စိတ်ကျေနပ်အောင် ဘာမဆိုတစ်ခုခု လုပ်ပေးပါမယ်ဆိုလဲ ဘာမှမတောင်းဆိုလိုက်ပါဘူး …
နောက်ဆုံး တစ်ခေါက် ပြသနာ ဖြစ်သွားတဲ့ customer လေးကိုသာ တောင်းပန်ပေးဖို့ ပြောလိုက်ပါတယ် ။

**Post share များ ပီး ပေါက်ပါစေ ဆိုတဲ့ စိတ်လဲ မရှိပါ။
Complain အကုန် ဝိုင်းတတ် ပြသနာတွေ ဝင်ပြောကြပီး share ကြလို့ သာ ဖြစ်ပါတယ် …

Post viral ဖြစ်လို့ ဆိုပီး မျက်ကပ်မှန် လာမှာကြတဲ့သူလဲ မရှိပါ … Delivery service လာချိတ်ကြတာတွေ ပဲရှိပါတယ် ။ ( တချို့ ပြောနေကြတာတွေ အဆင်မပြေလို့ပါ ။)

Yupar Vision ဘက်ကလဲ သူတို့ နောက်ပိုင်း os တွေ အတွက် ဘယ်လို တွေ အကောင်းဆုံးလုပ်ပေးနိုင်မလဲ ဆိုတာ တောင်တိုင်ပင်ပေးလိုက်ပါသေးတယ်။

Photos from BB Sakura Online Shop's post 06/06/2023

အသားခြောက်တဲ့ပြဿနာ ၊ အကြောပြတ်ရာတွေများလွန်တဲ့ပြဿနာ ၊ ခြင်ကိုက်ရာအမာရွတ် စတဲ့ပြဿနာတိုင်းအတွက် ဖြေရှင်းနိုင်တဲ့ပစ္စည်းလေးက ဘာဖြစ်မလဲ ???

သူကတော့ အသားအရေကို စိုပြေလှပစေတဲ့ Sakura Night Body Cream လေးပါ...သူ့မှာပါဝင်တဲ့ ပစ္စည်းတွေကို MVE(Multivesicular Emulsion) နည်းပညာနဲ့ ထုတ်လုပ်ထားလို့ တစ်ခါလိမ်းပေးရင် အာဟာရဓာတ်နဲ့ရေဓာတ်တွေကို ၂၄နာရီ လုံးလုံး ထိန်းပေးတယ်။

အလုပ်ကပြန်လာလို့ ပင်ပန်းလာတဲ့အချိန် ရေချိုးသန့်စင်ပြီးတိုင်း လက်နဲ့ခန္ဓာကိုယ်ကို ညတိုင်းမှန်မှန်လိမ်းပေးရင်...
✅ ၂၄နာရီကြာ အစိုဓာတ်ထိန်းပေးတယ်
✅ အကြောပြတ်ရာများကို မှေးမှိန်ပြီးပါးသွားစေတယ်
✅ အမာရွတ်နဲ့အမဲစက်တွေကိုဖယ်ရှားပေးတယ်
✅ အသားအရေနူးညံ့ချောမွေ့လာပြီး ကြည်လင်ဝင်းပစေတယ်ဆိုတာ သုံးဖူးတဲ့ customer လေးတွေရဲ့ Feedbacks တွေကို ကြည့်ရင်သိနိုင်တယ်နော်။😇😇😇

Review လေးတွေကြည့်ပီး ကိုယ့်ရဲ့အသားအရေကို လှပချင်လို့ သုံးကြည့်ချင်တယ်ဆိုရင် page chat box ကိုသာလှမ်းလာခဲ့ပါရှင့်✨✨

9700 ကျပ် ဝယ်တာနဲ့ ‼️ ၁၂,၀၀၀ ဖိုးလက်ဆောင်ပြန်ရမယ်နော် (Body mask 6500+ scrub 5500 လက်ဆောင်)
Buy 1 Get 2 ❤️

06/06/2023

Ninja Van Myanmar ‼️❌‼️
Bad Review ❌❌❌
အိမ်အရောက်ငွေချေdeliက တော်တော်ဆိုးရွားလို့ပါ
Cusတွေကိုအားနာလို့သာပို့နေရတာ ‼️
ရန်ကုန်မြို့တွင်းတောင် 4ရက်ကြာထိ customer လက်ထဲမရောက်ဖူးတာဝန်ယူမှုမရှိတာကြောင့် နောင်မသုံးတော့ပါ❌
ငွေကြိုလွှဲရတဲ့ တစ်ခြားDeliveryပဲချိတ်ပါတော့မယ်‼️

ရန်ကုန်တစ်ခုပဲ အိမ်အရောက်ငွေချေရတော့ပါမယ် 🍀
ကျန်မြို့နယ်များငွေကြိုလွှဲစနစ်ဖြစ်သွားပါပြီ 🍀

06/06/2023

Kpay နဲ့ ငွေလွှဲမယ့် Customer များရှင့်

မနက်ဖြန် 6.6.2023 ကစပြီး
K pay နဲ့ငွေလွှဲရင် (Note) မှာ
Online shop ဘာညာ ဘာညာ လို့ ရေးပေးပါနော်

Noteမရေးရင် ငွေလွှဲတဲ့ accountရော ငွေလွှဲခံရတဲ့
အကောင့်ကိုပါ ဗဟိုဘဏ်ကပိတ်ခိုင်းလို့ပါဆိုပြီး ပိတ်ပါတယ်

မရေးလို့ တဖက် acc ပိတ်ခံရရင်
တဖက် acc မှာ ရှိတဲ့ ငွေ အမောင့်အတိုင်း
note မရေးပဲ လွှဲသူ လျော်ရပါမယ်နော်

ဂရုတစိုက်ရေးပေးပါ ရှင့်

Ss ကို history ရိုက်ပြပါ

ငွေဝင်ငွေထွက် များသူတွေအနေနဲ့
ဘယ်သူတဦးတယောက်မှ မနစ်နာဖို့

ကြိုသတိပေးတာပါနော်...

23/05/2023

လိမ်းလိုက်ရင် စေးကပ်မှုလုံးဝမရှိ အေးအေးလေးနဲ့အနံ့ မွှေးမွှေးလေးရဖို့ Night Nourishing Cream

Lightweight ဖြစ်တယ် လိမ်းထားမှန်းတောင်မသိရအောင် အိစက်ပျော်ဝင်သွားတယ်။

Body Night Cream _
_ရေဓာတ်ကို အပြည့်အဝဖြည့်ပေးနိုင်ပြီး MVE technology ကြောင့် ၂၄နာရီ အစိုဓာတ်ထိန်းပေးနိုင်တယ်။
_အသားဖြူစေဖို့ Glutathione ပါဝင်ပြီးခန္ဓာကိုယ်ပေါ်က အမဲစက်အမာရွတ်တွေကိုပါဖယ်ရှားပေးတာကြောင့် ဟိုကြားဒီကြား သာမက ဘယ်နား မဲမဲ လိမ်းလို့ရတယ်။
_အကြောပြတ်ရာတွေကိုပါ ပါးစေတယ်

တစ်ခုတော့ရှိတယ် ညတိုင်းလိမ်းအိပ်ဖို့တော့လိုတယ် Night Nourishing Cream ၉၇၀၀ကျပ် (၁၀၀g)
အခု May လအတွင်းဝယ်ရင်တော့
Body mask ၆၅၀၀နဲ့ scrub ၅၅၀၀တန်လက်ဆောင်‌‌တွေ ရမှာနော် 🎉🎉

Photos from BB Sakura Online Shop's post 23/05/2023

ရေချိုးခန်းထဲက ထွက်လိုက်တာနဲ့ fresh ဖြစ်ပြီး အသားအရည်လေး ဖြူဝင်းကြည်လင်စေဖို့ "Sakura Soap"လေးသုံးလိုက်ရအောင်။💗💗💗

Sakura ရဲ့ Soap လေးက ပျားရည်နဲ့လီမွန် ပါဝင်တာကြောင့် အနံ့နဲ့တင် လန်းဆန်းတက်ကြွစေပါတယ်။ဒါ့အပြင် အမဲစက်တွေပါးပြီး ပုံမှန်ထက် ၂ဆပိုဖြူတော့ အသားဖြူချင်ပါတယ်ဆိုတဲ့သူတွေ လုံးဝအကြိုက်တွေ့စေမှာပါ။😍😍😍

သုံးရတာအဆင်ပြေပြီး ရလာတဲ့result ကလဲရှယ်မို့လို့ လုံးဝနောင်တမရစေရဘူးဆိုတာ..တကယ်သုံးဖူးသူတွေရဲ့ Honest review တွေသာကြည့်လိုက်တော့။

တစ်တုံး 7000 ကျပ် အခု‌ Mayလအတွင်းဝယ်ရင်တော့ 5500တန် Scrub လက်ဆောင်ရမှာမို့အပြေးလေးဝယ်လိုက်တော့နော်🤍

Review ဖတ်ပါ၊ ဝယ်ပါ၊ သုံးပါ။ ဖြူဝင်းကြည်လင်တဲ့အသားအရည်ကို အချိန်တိုအတွင်း ပိုင်ဆိုင်လိုက်ပါ။💖💖💖

Photos from BB Sakura Online Shop's post 23/05/2023

Botanical Sakura
💗 Pomegranate Face serum review 💗

Sakura Face serum လေးက သဘာဝ သလဲသီးတွေကို ပေါင်းပြီးရလာတဲ့ ပေါင်းခံရည်လေးနဲ့ အဓိကထုတ်လုပ်ထားတာမို့ အသားအရေကြည်လင်စိုပြေခြင်း၊တင်းရင်းနုပျိုစေခြင်း၊အရေးအကြောင်းတွေလျှော့ချပေးခြင်း စတဲ့အစွမ်းတွေနဲ့ပြည့်စုံနေတာဖြစ်လို့ ဖြူနုလှပချင်တဲ့ မည်သူမဆို သုံးလို့ရတယ်နော်။🤗🤗🤗

ကဲ သလဲသီးFace serum လေးနဲ့သာဆို အရွယ်(၃)ပါးမရွေး အစဥ်နုပျိုလှပနေစေမှာ အသေအချာပဲနော်။အရမ်းကို လူကြိုက်များပြီး သုံးဖူးသူတိုင်း မကြိုက်တဲ့လူမရှိဘူးဆိုတာ အခု feedback လေးတွေကသက်သေပဲနော်။💖💖💖
30ml - 17000 ks (Buy 1 - Foaming Get 1)

23/05/2023

သဘာဝကျကျ ဝင်းမွတ်ကြည်လင်ဖို့
အကောင်းဆုံး သလဲသီးserum
ဒီနှစ်နွေရာသီမှာ မျက်နှာအသားအရည်ကို ခုထက်ပိုပြီး သဘာဝအတိုင်းဝင်းမွတ်ကြည်လင်ဖို့ နည်းလမ်းရှာနေတယ်ဆို!😊
အဲ့ဒီအတွက်အကောင်းဆုံး Best seller သလဲသီး Face serumလေးရှိတယ်နော်။😍
(၁၀၀%)သလဲသီး အဆီအနှစ်နဲ့ ထုတ်လုပ်ထားတာဖြစ်လို့ နွေရာသီ skincare routine အတွက် must have ပဲနော်❤️

သလဲသီးရဲ့အစွမ်းထက် antioxidantsနဲ့ fatty acids တွေကြောင့် အသားအရည်အတွက်လိုအပ်တဲ့ အာဟာရဖြည့်ပေးရုံမက အဆီထုတ်လုပ်မှုကို ထိန်းညှိပေးလို့ ဘယ်အသားအရေအမျိုးအစားမဆို သုံးလို့ရတယ်နော်။ဒါ့အပြင် အမဲစက်၊အမာရွတ်၊တင်းတိပ်နဲ့ အသားအရေနီမြန်းတာတွေပါသက်သာစေလို့ တစ်ခုထဲနဲ့တင် ပြည့်စုံနေပြီ❤️
သလဲသီးနံ့မွှေးမွှေးလေးနဲ့ လန်းဆန်းအေးမြနေမှာ လဲ အသေအချာပဲမို့ Stock ရှိတုန်းလေး အမြန်လေး လာမှာလိုက်တော့နော်။❤️

#100%natural

Photos from BB Sakura Online Shop's post 23/05/2023

Scrub ကောင်းကောင်းလေးသုံးချင်ရင် Sakura ရဲ့ Skin Detox Scrub လေးသုံးကြည့်ကြနော်😇

ကော်ဖီနဲ့အဓိက ထုတ်ထားလို့ ခန္ဓာကိုယ် ပေါ်မှာရှိတဲ့ ချေးတွေ မဲနေတဲ့နေရာတွေကို သိသိသာသာ ဖြူ​ဖွေးပြီး ကြည်လင် လာစေပါတယ်။🤗

ရေချိုးရင်း တစ်ပတ်ကို ၂ကြိမ် လောက် အသုံးပြုပေးရုံနဲ့ သိသာတဲ့ result ကိုရရှိစေမှာပါ။

နေလောင်ပြီးအသားအရေမညီတာတွေ အတွက်လဲအဆင်ပြေပါတယ်။နောက်ပြီး တံတောင်ဆစ်မဲခြင်း၊ဂုတ်မဲခြင်း၊ဒူးခေါင်းမဲခြင်းများအတွက်လဲ အသိသာဆုံး၊အကောင်းဆုံး scrub ပါနော်။💛

တစ်ယောက်တည်းသုံးရင် တစ်လကျော်လောက် အသုံးခံပါတယ်နော်။Exp ကလဲ 5 လ ကျော်လောက်ကျန်သေးတာမို့ stock မပြတ်ခင် အခုပဲ order တင်လိုက်နော်။☺

23/05/2023

နွေနေပူမှာ ရင်မပူရတဲ့ သလဲသီးFace Serum ❤️

17000ကျပ်နဲ့Face serum,မျက်နှာသစ် နှစ်မျိုး ရမှာ ဆိုတော့ နှစ်ခါ အကုန်ခံစရာ မလိုတော့ဘူး။ (17000ks= Face Serum + Foaming Cleanser)❤️
သလဲ သီး အဆီအနှစ်ကနေထုတ်ထားတဲ့ face serum က all skin types သုံးလို့ရပြီ အမဲစက် အမာရွတ်တွေပျောက်စေရုံသာမကဘဲ ရေဓာတ်ကို အပြည့်ဝဆုံးဖြည့်ပေးနိုင်လို့အခု ရာသီနဲ့ ကွက်တိပဲနော်။❤️
လက်ဆောင်ရမယ့် မျက်နှာသစ်က လဲ alcohol freeဖြစ်ပြီး သဘာဝအသီးအနှံ တွေက ရတဲ့ အဆီအနှစ်နဲ့ထုတ်ထားလို့ အညင်သာဆုံး နဲ့ အကောင်းဆုံး သန့်စင်ပေးနိုင်ပါတယ်။❤️

ကုန်စျေးနှုန်းတွေအားလုံးတက်ပြီး နေကပူပူ ရင်ကပူ
Botanical Sakura Face serumသုံးရင် ဒီဒုက္ခတွေကင်းမယ် ။ နေပူတာကိုတားမပေးနိုင်ပေမယ့် ရင်ပူတာကို တားပေးနိုင်တယ်😜

သဘာဝထုတ်ကုန်တွေနဲ့ Skincareရင်း… ကုန်ကျစရိတ်လျော့ချကြမယ်။😍



#သလဲသီး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bahosay Bus Stop 93, Wai Zan Yandar Road, (8) Block, South Okkalapa Township
Yangon