Htet Royal

Htet Royal

Share

Health care

29/04/2026
29/04/2026
29/04/2026

👉နေပူထဲထွက်ရင် ကိုယ့်အရိပ်ကို ပြန်ကြည့်ပါ👈

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...

အခုတလော နေပူအလွန်ပြင်းနေတဲ့အတွက် "ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း" (𝐔𝐕 𝐈𝐧𝐝𝐞𝐱) ဆိုတာ ဘာလဲ? ဘယ်အချိန်မှာ ပိုသတိထားရမလဲ? ဆိုတာလေးကို ကျွန်တော် ရှင်းပြပေးချင်ပါတယ်။

𝐔𝐕 𝐈𝐧𝐝𝐞𝐱 ဆိုတာကတော့ လူတစ်ယောက် အဖျားဘယ်လောက်ရှိလဲဆိုတာကို သာမိုမီတာနဲ့ တိုင်းသလိုမျိုးပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) က သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း နေရာဒေသတစ်ခုမှာ ကျရောက်နေတဲ့ 𝐔𝐕 ပမာဏကို ကိန်းဂဏန်းနဲ့ တိတိကျကျ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစနစ်ကို ၁၉၉၄ ခုနှစ်ကတည်းက တစ်ကမ္ဘာလုံး အတည်ပြု သုံးစွဲခဲ့ကြတာ အခုဆိုရင် အနှစ် ၃၀ ကျော်ခဲ့ပါပြီ။

𝐔𝐕 𝐈𝐧𝐝𝐞𝐱 ကို အဆင့် ၅ ဆင့် ခွဲခြားထားပါတယ်။

• အဆင့် ၁ (𝐋𝐨𝐰 - 𝟎 𝐭𝐨 𝟐) : နေရောင်ခြည် စထွက်တဲ့ မနက်စောစောနဲ့ ညနေ ၄ နာရီနောက်ပိုင်း အချိန်တွေပါ။ အန္တရာယ် အနည်းဆုံး အဆင့်ဖြစ်ပါတယ်။

• အဆင့် ၂ (𝐌𝐨𝐝𝐞𝐫𝐚𝐭𝐞 - 𝟑 𝐭𝐨 𝟓) : မနက် ၈ နာရီလောက်နဲ့ ညနေ ၃ နာရီဝန်းကျင် အချိန်တွေပါ။ စပြီး ပူလာပြီဖြစ်လို့ နေရောင်နဲ့ အရေပြား တိုက်ရိုက်မထိအောင် စတင် သတိထားရပါမယ်။

• အဆင့် ၃ (𝐇𝐢𝐠𝐡 - 𝟔 𝐭𝐨 𝟕) : မနက် ၉ နာရီနဲ့ နေ့လည် ၂ နာရီ အချိန်တွေပါ။ အရေပြားနဲ့ မျက်စိကို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်လာပါပြီ။

• အဆင့် ၄ (𝐕𝐞𝐫𝐲 𝐇𝐢𝐠𝐡 - 𝟖 𝐭𝐨 𝟏𝟎) : မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း ဖြစ်ပါတယ်။ အလွန်အန္တရာယ်များပြီး နေလောင်ပျက်စီးမှုကို သိသိသာသာ ခံရနိုင်ပါတယ်။

• အဆင့် ၅ (𝐄𝐱𝐭𝐫𝐞𝐦𝐞 - 𝟏𝟏 𝐨𝐫 𝐦𝐨𝐫𝐞) : မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီအတွင်း အမြင့်ဆုံး အချိန်ပါ။ နေပူထဲ တိုက်ရိုက်ထွက်ရင် ပြင်းထန်တဲ့ နေလောင်မှုနဲ့ ကျန်းမာရေးပြဿနာတွေ မလွဲမသွေ ခံစားရနိုင်ပါတယ်။

🔎 စိတ်ဝင်စားဖို့ကောင်းတဲ့ "အရိပ်စည်းမျဉ်း" (𝐒𝐡𝐚𝐝𝐨𝐰 𝐑𝐮𝐥𝐞)

ကိန်းဂဏန်းတွေ မကြည့်နိုင်ရင်တောင် မိမိရဲ့ အရိပ်ကိုကြည့်ပြီး အန္တရာယ်ရှိ၊ မရှိ အလွယ်တကူ သိနိုင်ပါတယ်။

✔️မိမိရဲ့အရိပ်က မိမိအရပ်ထက် ပိုရှည်နေရင် 𝐔𝐕 အန္တရာယ် နည်းပါသေးတယ်။

✔️ဒါပေမယ့် မိမိရဲ့အရိပ်က မိမိအရပ်ထက် ပိုတိုလေလေ 𝐔𝐕 အန္တရာယ် ပိုများလေလေ ဖြစ်ပါတယ်။

ဒါကြောင့် အရိပ်တိုတဲ့အချိန်မှာ နေပူထဲထွက်မယ်ဆိုရင် ထီး၊ ဦးထုပ်၊ မျက်မှန် စတဲ့ အကာအကွယ်တွေကို မဖြစ်မနေ အသုံးပြုကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။

ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ...

‌ဒေါက်တာခင်မောင်လွင် (𝐅𝐀𝐌𝐄)

#𝐟𝐚𝐦𝐞 #𝐔𝐕 #𝐒𝐡𝐚𝐝𝐨𝐰𝐑𝐮𝐥𝐞

08/12/2024

𝗚𝗶𝗻𝘀𝗲𝗻𝗴 ဆိုတဲ့အဓိပ္ပါယ်ကတော့ 𝗹𝗶𝗸𝗲 𝗮 𝗺𝗮𝗻 လို့အဓိပ္ပာယ်ရပါတယ်။ လူနဲ့ပုံသဏ္ဍာန်တူတဲ့ဆေးမြစ်လို့ ဆိုလိုပါတယ်။ သူဟာ ရုက္ခဗေဒအရ 𝗔𝗿𝗮𝗹𝗶𝗮𝗰𝗲𝗮 𝗳𝗮𝗺𝗶𝗹𝘆 မှာပါဝင်ပါတယ်။ အဲ့ဒီ 𝗳𝗮𝗺𝗶𝗹𝘆 မှာ 𝗴𝗲𝗻𝘂𝘀 ပေါင်း (၇၀) ရှိတဲ့အနက် 𝗣𝗮𝗻𝗮𝘅 ဆိုတဲ့ 𝗴𝗲𝗻𝘂𝘀 အောက်မှာပါဝင်ပါတယ်။ ရုက္ခဗေဒအခေါ်အဝေါ်အရ အပင်နာမည်ကိုပြောတဲ့အခါ 𝗴𝗲𝗻𝘂𝘀 နဲ့ 𝘀𝗽𝗲𝗰𝗶𝗲𝘀 ကို တွဲရေးလေ့ရှိတဲ့အတွက် 𝑷𝒂𝒏𝒂𝒙 𝒈𝒊𝒏𝒔𝒆𝒏𝒈 လို့လဲ လူသိများပါတယ်။

‘𝗣𝗮𝗻𝗮𝘅’ ဆိုတဲ့အဓိပ္ပါယ်က 𝗚𝗿𝗲𝗲𝗸 ဘာသာစကား 𝗣𝗮𝗻𝗮𝗰𝗲𝗮 ကနေ ဆင်းသက်လာတာဖြစ်ပြီး ’’𝗔𝗹𝗹 𝗰𝘂𝗿𝗲’’ ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် “𝑷𝒂𝒏𝒂𝒙 𝒈𝒊𝒏𝒔𝒆𝒏𝒈’’ ဆိုတဲ့ အဓိပ္ပာယ်အပြည့်အစုံကိုပြောရရင် ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သော လူနဲ့ပုံသဏ္ဍာန်တူသည့်ဆေးမြစ်လို့ ပြောလို့ရပါတယ်။

𝗚𝗶𝗻𝘀𝗲𝗻𝗴 ဆေးမြစ်ကို ရောင်းဝယ်ရာမှာ အရောင်ပေါ်မူတည်ပြီး ရောင်းဝယ်လေ့ရှိပါတယ်။ အဓိက သုံး မျိုးခွဲထားပါတယ်။
(၁) 𝗪𝗵𝗶𝘁𝗲 𝗴𝗶𝗻𝘀𝗲𝗻𝗴 (အဖြူရောင်ဂျင်ဆင်း)
(၂) 𝗥𝗲𝗱 𝗴𝗶𝗻𝘀𝗲𝗻𝗴 (အနီရောင်ဂျင်ဆင်း)
(၃) 𝗕𝗹𝗮𝗰𝗸 𝗴𝗶𝗻𝘀𝗲𝗻𝗴 (အနက်ရောင်ဂျင်ဆင်း) တို့ပဲဖြစ်ပါတယ်။
အားလုံးဟာအပင်တစ်ပင်ထဲကဖြစ်ပြီး ထုတ်လုပ်မှုနည်းစဉ်သာ ကွာခြားပါတယ်။

မြေကြီးထဲကနေတူးပြီးခါစ ဘာမှမပြုမပြင်ရသေးရင် အဖြူရောင်ရှိလို့ 𝗪𝗵𝗶𝘁𝗲 𝗴𝗶𝗻𝘀𝗲𝗻𝗴 လို့ခေါ်ခြင်းဖြစ်ပါတယ်။ အစားအစာအနေနဲ့ သုံးလေ့ရှိပါတယ်.. ကိုရီးယားမှာတော့ ကြက်သားဟင်းနဲ့ ချက်စားတာနာမည်ကြီးပါတယ်။ အဲဒါကို ရေနွေးငွေ့နဲ့တစ်ကြိမ်ပေါင်းလိုက်ရင် အရောင်ဟာ နီသွားပါတယ်။ ဒါကို 𝗥𝗲𝗱 𝗚𝗶𝗻𝘀𝗲𝗻𝗴 လို့ခေါ်ပါတယ်။ အာနိသင်ပိုမိုထက်မြက်သွားပါတယ်။ ဒါကိုတော့ ဆေးဝါးထုတ်လုပ်ရာမှာ သုံးလေ့ရှိပါတယ်။ ဆက်ပြီး ရေနွေးငွေ့နဲ့ ၉ ကြိမ်တိုင်တိုင် ပေါင်းလိုက်လုပ်ရင် 𝗴𝗶𝗻𝘀𝗲𝗻𝗴 ဟာ မဲနက်သွားပါတယ်။ ဒါကို 𝗕𝗹𝗮𝗰𝗸 𝗴𝗶𝗻𝘀𝗲𝗻𝗴 လို့ ခေါ်ခြင်းဖြစ်ပါတယ်။ အာနိသင်အထက်မြက်ဆုံးဖြစ်ပြီး ဈေးလဲအကြီးဆုံးဖြစ်ပါတယ်။ ၆ နှစ်သားဂျင်ဆင်းကိုမှ လုပ်လို့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

08/12/2024

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုက်ကိုပင်း (𝙇𝒚𝙘𝒐𝙥𝒆𝙣𝒆) ဟာ ကင်ဆာရောဂါအမျိုးမျိုးကာကွယ်ကုသခြင်း၊ နှလုံးနဲ့ဦးနှောက်မှာရှိတဲ့ သွေးကြောကျဉ်းပြီး လေဖြတ်ခြင်းကို ကာကွယ်ကုသခြင်းတို့အပြင် အခြား ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေပါတယ်။

(၁) ခရမ်းချဉ်သီးစားရင် အသားအရည်လှတယ်ဆိုတာ ကြားဖူးကြမှာပါ။ မှန်ပါတယ်။ ခရမ်းချဉ်သီးဟာ အရေပြားရောဂါအမျိုးမျိုးကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။ တင်းတိတ်ဖြစ်ခြင်း၊ ပါးရေတွန့်ခြင်း၊ နေလောင်ခြင်းမှအစ၊ အရေပြားကင်ဆာအဆုံး ကာကွယ်ကုသရာမှာ အစွမ်းထက်လှပါတယ်။

(၂) ဆီးချိုရောဂါဝေဒနာရှင်တွေဟာ လိုက်ကိုပင်းကို စားခြင်းဖြင့် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လေဖြတ်တာတို့ နှလုံးသွေးကြောပိတ်တာတို့ မျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်ဆီးတာတွေတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) 𝘼𝙄𝘿𝙎 ရောဂါဝေဒနာရှင်တွေအတွက် လိုက်ကိုပင်းဟာ များစွာမှ အထောက်အကူပြုလှပါတယ်။ ပြင်သစ်နိုင်ငံမှာ လေ့လာချက်အရ 𝙃𝙄𝙑 𝙥𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်တဲ့ ကလေးတွေကို အုပ်စုနှစ်စုခွဲပြီး ကြည့်ပါတယ်။ 𝘼𝙄𝘿𝙎 လက္ခဏာတွေ စောစောစီးစီးပေါ်တဲ့ကလေးတွေနဲ့ လက္ခဏာမပေါ်သေးတဲ့ ကလေးတွေရဲ့ သွေးထဲမှာရှိတဲ့ လိုက်ကိုပင်း ပမာဏကို တိုင်းရာမှာ လိုက်ကိုပင်းချို့တဲ့တဲ့ကလေးတွေဟာ မြန်မြန်ဆန်ဆန် 𝘼𝙄𝘿𝙎 ဖြစ်သွားတာတွေ့ရပြီး လိုက်ကိုပင်းပုံမှန်ရှိနေတဲ့ကလေးတွေကတော့ 𝙃𝙄𝙑 𝙥𝙤𝙨𝙞𝙩𝙞𝙫𝙚 ဖြစ်နေပေမဲ့ 𝘼𝙄𝘿𝙎 မဖြစ်သေးတာကို တွေ့ရပါတယ်။ လိုက်ကိုပင်းပါဝင်တဲ့ အစားအစာတွေဟာ 𝙃𝙄𝙑 ရောဂါပိုးကူးစက်ခံထားရသူများမှာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ကာလကို နှေးကွေးစေနိုင်ပါတယ်။

(၄) အသက်ကြီးလာတဲ့အခါ လူတိုင်းနီးပါးဟာ မျက်စိအမြင် ချို့ယွင်းလာတတ်ပါတယ်။ ဒါကို ဆေးပညာအရ 𝙈𝙖𝙘𝙪𝙡𝙖𝙧 𝘿𝙚𝙜𝙚𝙣𝙚𝙧𝙖𝙩𝙞𝙤𝙣 လို့ခေါ်ပါတယ်။ မျက်စိမှာရှိတဲ့ 𝙇𝙚𝙣𝙨 လို့ခေါ်တဲ့ မှန်ဘီလူးတွေကို နေ့စဉ်နဲ့အမျှ 𝙁𝙧𝙚𝙚 𝙧𝙖𝙙𝙞𝙘𝙖𝙡 တွေက တိုက်ခိုက်ဖျက်ဆီးကာ 𝙊𝙭𝙞𝙙𝙖𝙩𝙞𝙤𝙣 ဖြစ်ပြီး 𝙇𝙚𝙣𝙨 တွေ မှုန်ဝါးဝါးဖြစ်လာပါတယ်။ လိုက်ကိုပင်းတွေ ကယ်ရိုတင်းတွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးရင် အဆိုပါ 𝙇𝙚𝙣𝙨 တွေကို မပျက်ဆီးအောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

06/08/2024

ကင်ဆာမဖြစ်စေသော အာလူးကြော်နည်း

အိမ်တွင်အာလူးကြော်စားလျှင် အခရဇ်လမိုက် လျော့နည်းသွားစေရန် တစ်နည်းအားဖြင့် ကင်ဆာရောဂါမဖြစ်စေရန် အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်သင့်ပါသည်။
(1) အာလူးအစိမ်းကိုသာ ကြော်စားရပါမည်။ အခြောက်လှမ်းပြီးကြော်စားလျှင် ရေပါဝင်မှုနည်းသည့်အတွက် အပူဒဏ်ပိုခံရပြီး အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။
(2) ကြော်သည့်အခါ ပြည့်ဝဆီ (Saturated fat) များဖြစ်သည့် စားအုန်းဆီ၊ ဝက်ဆီ၊ ထပ်ပြန်တလဲလဲ သုံးထားသည့်ဆီ (Trans fat) တို့ကို မသုံးဘဲ မပြည့်ဝဆီ (Unsat-urated fat) ဖြစ်သည့် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ သံလွင်ဆီ၊ ပဲပိစပ်ဆီများကိုသာ သုံးရပါမည်။
(3) ကြော်သည့်အခါ အချိန်ကို တတ်နိုင်သမျှ တိုရပါမည်။
(4) အရောင်နီရုံသာ ကြော်ရမည်ဖြစ်ပြီး ညိုမဲ၍ တူးသွားအောင် မကြော်သင့်ပါ။ ကြွပ်သည်အထိ မကြော်ဘဲ ခပ်ပျော့ပျော့သာ ကြော်ရပါမည်။
(5) စားသည့်အခါတွင်လည်း တစ်ကြိမ်တည်း အများကြီး မစားသင့်ပါ။ နေ့စဥ်ရက်ဆက် စားမည့်အစား နှစ်ရက်၊ သုံးရက် တစ်ခါသာ စားမည်ဆိုလျှင် အန္တရာယ်ကင်းကင်းနှင့် စားသုံးနိုင်ပါသည်။
သက်ဆိုင်ရာနိုင်ငံများတွင် ထုတ်လုပ်မှုနည်းစဥ်များ ပြဠာန်းပြီး စီးပွားဖြစ် အာလူးရောင်းချသူများကို လိုက်နာဆောင်ရွက်စေပါသည်။ အာလူးကြော်ထုပ်များတွင်လည်း အခရဇ်လ မိုက် ပါဝင်ကြောင်း စာတမ်းများမပါရှိပါက တရားစွဲဆိုခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ကို စတင်လုပ်ဆောင် လာပြီဖြစ်သည်။

ကင်ဆာဖြစ်စေနိုင်သော အာလူးကြော်
https://www.facebook.com/drkml.fame/posts/pfbid0X4PkwdFDPU1c55bfoPQm9rQj4cJZQ4xH6Xjvb3whrok4SEWC4TGweMt1uAezfWPil

ဒေါက်တာခင်မောင်လွင် (FAME)
“မီးဖိုချောင်သုံးအစားအစာများနှင့် ကျန်းမာရေး” စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်။

04/05/2024

ဆီးချိုဝေဒနာရှင်များသည် သစ်သီးများကို အုပ်စု (၃) ခု ခွဲခြား၍ စားသုံးသင့်ပါသည်။ ပထမအုပ်စုမှာ အချဉ်ဓာတ်များသော သစ်သီးများဖြစ်ပြီး ရှောက်သီး၊ သံပရာသီး စသည့် အသီးများကို လွတ်လပ်စွာ စားသုံးနိုင်ပါသည်။ ဒုတိယအနေဖြင့် အချဉ်ဓာတ်နှင့် အချိုဓာတ်မျှတစွာ ပါဝင်သော အသီးများဖြစ်သည့် လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီးနှင့် ကျွဲကောသီးစသည်တို့ကို အတော်အသင့် စားသုံးနိုင်ပါသည်။ တတိယအုပ်စုတွင် အချိုဓာတ်များသော သစ်သီးများ ပါဝင်ပြီး ဒူးရင်းသီး၊ သရက်သီးအမှည့်နှင့် ဖရဲသီး အစရှိသည်တို့ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမည်။ ထိုကဲ့သို့ ဒူးရင်းသီးသည် အချိုဓာတ် (ကာဘိုဟိုက်ဒြိတ်) များသောအုပ်စုတွင် ပါဝင်သောကြောင့် ဆီးချိုတက်နေသူများ မစားသုံးသင့်ပါ။ သိပ္ပံနည်းကျပြောရလျှင် သွေးတွင်းသကြားဓာတ် တက်စေသော ညွှန်းကိန်း (High glycemic index) မြင့်မားသည့် သစ်သီးဖြစ်သောကြောင့် ဆီးချိုတက်စေပါသည်။ သို့သော် ဆီးချိုကျနေချိန်တွင်သာ အနည်းငယ် ချင့်ချိန်စားသုံးနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

31/03/2024

ထက်တော်ဝင် Health Care Co. Ltd (Yangon)တွင် လစ်လပ်လျက်ရှိသော coordinator ရာထူးအတွက်(အမျိုးသမီး)

အရည်အချင်း- တက္ကသိုလ် မှ ဘွဲ့တစ်ခုခုရရှိထားပြီး ကွန်ပျူတာကျွမ်းကျင်ရမည်
အသက်- ၃၅ နှစ်ထက်မကျော်ရ
လစာ-ညှိနှိုင်း
စိတ်ဝင်စားသူများ ဆက်သွယ်ရန် 09783277212(viber)

31/03/2024

ဂျင်းနက်ကို ပန်းသေပန်းညှိုးရောဂါအတွက် အသုံးပြုနိုင်ပါသလား?

ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ဂျင်းနက် (Kaempferia parviflora / Black ginger) ကို အမျိုးသားအားဆေးအနေနှင့် အသုံးပြုခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုတိုင်းရင်းဆေးအသုံးပြုပုံကို ယခုအခါတွင် သိပ္ပံနည်းကျ သုတေသများပြုလုပ်ခဲ့ကြပြီး အဆိုပါအာနိသင်၏ နောက်ခံအကြောင်းရင်းများကိုပါ လေ့လာခဲ့ကြပြီးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ထွက်ရှိသော သုတေသနစာတမ်းတစ်ခုတွင် ဂျင်းနက်ဆေးကိုအသုံးပြု၍ ပန်းသေပန်းညှိုးရောဂါ (Erectile dysfunction) ရှိသူများအား သုတေသနပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပျဉ်းမျှခြင်း အသက် ၆၅နှစ် ဝန်းကျင်ရှိသော ပန်းသေပန်းညှိုးရောဂါရှိသူ အမျိုးသား ၄၅ ယောက်ကို သုတေသနပြုခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသုတေသနတွင် အီသနောနှင့် ထုတ်ယူထားသော ချင်းနက်အဆီအနှစ် (Ethanolic extracts) ကို 25 mg နှင့် 90 mg ပမာဏများဖြင့် ၂လကြာတိုက်ကျွေး စမ်းသပ်ခဲ့ကြပါသည်။ လိင်တံအရှည်နှင့် လုံးပတ်ကို ပေကြိုးနှင့်တိုင်းတာပြီး လိင်တံမာကျောမှု အခြေအနေများကို Rigiscan ခေါ်စက်တစ်မျိုးနှင့် တိုင်းတာပါသည် (ပုံတွင်ကြည့်ပါ)။ အဆိုပါစက်တွင် ကွင်းကလေးနှစ်ခုပါဝင်ပြီး အဆိုပါကွင်းလေးများကို လိင်တံထိပ်ဖု (G***s p***s) နားတွင် တစ်ခု၊ အရင်းပိုင်း တွင်တစ်ခုပတ်ပြီး အီလက်ထရောနစ်ကိရိယာနှင့် ချိတ်ဆက်တိုင်းတာရခြင်းဖြစ်ပါသည်။ လူနာတစ်ဦးခြင်းစီကို ကိရိယာတပ်ဆင်ပြီးနောက် လိင်စိတ်ကိုနှိုးဆွပေးနိုင်သော ရုပ်ရှင်ကိုပြသ၍ စမ်းသပ်ကြည့်ပါသည်။ ချင်းနက်ဆေး 90 mg ပမာဏကို ၁ လနှင့် ၂လကြာတိုက်ကျွေးခြင်းသည် လိင်တံကို မြန်မြန် တင်းမာလာစေပြီး၊ လိင်တံအရှည်နှင့် လုံးပတ် တို့ကို သိသိသာသာ တိုးတက်လာစေသည်ကို တွေ့ရသည်။ လိင်တံလုံးပတ်ကြီးလာစေသည်ဆိုရာ၌ လိင်တံထောင်မတ်နေစဉ်သာမဟုတ်ဘဲ၊ လိင်တံပျော့နေစဉ်မှာပင် လုံးပတ်ကိုကြီးစေပါသည်။ အဆိုပါလူနာများတွင် ကျားဟော်မုန်း (Testosterone) နှင့် FSH နှင့် LH စသော ဟော်မုန်းများကို တိုင်းတာကြည့်ရာ ထူးထူးခြားခြားပြောင်းလဲမှုမရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ချင်းနက်၏ ပန်းသေပန်းညှိုးရောဂါကို သက်သာစေသောအာနိသင်သည် ကျားဟော်မုန်းများနှင့် မသက်ဆိုင်ကြောင်းတွေ့ရပါသည်။ ဤသုတေသနကို ထိုင်းနိုင်ငံ ဖရာအိုမြို့ရှိ ဖရာအိုတက္ကသိုလ် (University of Phayao) မှ သုတေသပညာရှင်များက ပြုလုပ်ခဲ့ကြပြီး OnLine Journal of Biological Sciences ဂျာနယ်တွင် ဖော်ပြခြင်းခံခဲ့ရပါသည်။

အထက်ဖော်ပြပါ ပန်းသေပန်းညှိုးရောဂါကို သက်သာစေသောအာနိသင်၏ နောက်ခံအကြောင်းအရင်းကို သိရှိရန်အတွက် သုတေသနတစ်ခုကို ထိုင်းနိုင်ငံနှင့် အမေရိကန်နိင်ငံမှ သုတေသီများပူးပေါင်းပြုလုပ်ခဲ့ပြီး Journal of Ethnopharmacology ဆေးပညာဂျာနယ်တွင် ၂၀၁၁ ခုနှစ်တွင်ဖော်ပြခံခဲ့ရပါသည်။ အဆိုပါသုတေသနတွင် ချင်းနက်တွင်ပါဝင်သော ဒြပ်ပေါင်းများသည် Phosphodiesterase type 5 (PDE5) ကိုဟန့်တားနိုင်ကြောင်းတွေ့ရှိရပါသည်။ PDE5 ကိုဟန့်တားခြင်းဖြင့် လိင်တံအတွင်းသို့ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပြီး လိင်တံကို မာတင်း၊ ထောင်မတ်စေပါသည်။ အဆိုပါအာနိသင်သည် ပန်းသေပန်းညှိုးရောဂါကို ကုသရာတွင် အသုံးပြုလေ့ရှိသည့် နာမည်ကြီး ဗိုင်ရာဂရာ (သို့) စေလ်ဒီနာဖေး (Viagra/Sildenafil) ဆေး၏အာနိသင်နှင့် အလားသဏ္ဌာန်တူပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

Referencehttps://thescipub.com/pdf/ojbsci.2012.149.155.pdf
https://doi.org/10.1016/j.jep.2011.08.025

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Therketa Tsp
Yangon
95