Soe Collention

Soe Collention

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Collention, Beauty, cosmetic & personal care, Yangon.

06/04/2022

သန်မာနေတာ မဟုတ်ပါဘူး လဲကျလို့မရလို့ ရပ်နေရုံပါ ။

တစ်ခါတစ်လေကျတော့ ပင်ပန်းလိုက်တာဆိုပြီး ပစ်လဲလိုက်ချင်တဲ့အထိ ဖြစ်မိတယ် ။ ဘာဖြစ်ဖြစ်ကွာဆိုပြီး ကိုယ့်ခြေထောက်ကိုယ် မသယ်နိုင်တော့တဲ့ နေရာမှာ ရပ်နေချင်တဲ့ စိတ်တွေ ဖြစ်မိတယ် ။

ဒါပေမယ့် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးလေ ကိုယ့်အနောက်မှာ ကိုယ့်ကိုမှီခိုပြီးရပ်နေတဲ့ဘဝတွေအတွက်တော့ ကိုယ်ရပ်လိုက်ရင် သူတို့ပါ ပြိုလဲကျသွားကြမှာဆိုတဲ့ အသိလေးဝင်လာရင် ပင်ပန်းလဲ ဆက်လျှောက်ရတာပဲ ။

ဒီကောင်မလေးက သန်မာလိုက်တာတဲ့... ကြည့်စမ်း ပင်ပန်းတာလဲ မတွေ့ရဘူး အမြဲတမ်းလန်းဆန်းနေတာပဲတဲ့ အဲ့တာတွေက ချီးကျူးစကားလို့တော့ ကျွန်မ မထင်ဘူး လူတွေက အပေါ်ယံလေးပဲ မြင်တတ်ခဲ့တာလို့ပဲ ထင်တယ် ။

လူတစ်ယောက် ...ပိုပြီးဆိုးတာက မိန်းကလေးတစ်ယောက် တစ်ခါတစ်လေမှာ ဘယ်သူမှ မသိတဲ့ နာကျင်မှုတွေ ရှိတယ် အိပ်ယာထဲမှာ ခွေပြီး ဘယ်သူ့ကိုမှ စိတ်မရှည်ချင်တဲ့ အချိန်တွေရှိတယ် ဒါပေမယ့် ဒီနေ့တစ်ရက်နားလိုက်ရင်ဆိုတဲ့ အတွေးဝင်လာရင် ထလျှောက်ရတာပါပဲ ။

ပင်ပန်းလိုက်တာလို့ ညည်းလို့လဲ ထူးမသွားတော့တဲ့ ဘဝတွေမှာ ထူးပြီးတော့ မညည်းဖြစ်ခဲ့တာက လွဲရင် လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မမှာလဲ တစ်ခါတစ်လေကျ လူကော စိတ်ကော ပင်ပန်းရတာတွေ အများကြီးရှိပါတယ် ။

သန်မာပြလိုက်တာ မဟုတ်ဘူးနော် ငါမရှိတော့ရင်ဆိုပြီး တွေးမိလာတာနဲ့အမျှ ပြိုပျက်သွားမယ့်အရာတွေ အများကြီးရှိလို့ လဲကျလို့ မရလို့ ရပ်နေရုံပါ ။ တချို့က ပြောကြတယ် ငွေရှာရတယ်ဆိုပြီး မာနတွေ ကြီးနေတာ ဘဝင်တွေ မြင့်နေတာတဲ့ ။

တကယ်တမ်းကျတော့... အော်ဟစ်ပြီး ငိုချင်တဲ့ စိတ်ကို ဖျောက်ဖို့ ​ကောင်းကင်ကို မော့ကြည့်ပြီး မျက်ရည်တွေကျမလာအောင် အံကြိတ်သည်းခံရင်းက မျက်နှာထားတွေပါ တင်းသွားခဲ့တာလေ ပြီးတော့ ပြင်မရတော့တာ ။

ဒီကောင်မလေး သန်မာလိုက်တာဆိုတဲ့ စကားတွေကြားရင်တော့ ရီမိတယ်... တကယ်တော့ အရမ်းကိူ ပင်ပန်းလွန်းနေတာပါ လဲကျလို့မရလို့သာ ဆက်လျှောက်နေတာပေါ့ ။

#ကျေးကို

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon