Daw Khaing Zar Linn

Daw Khaing Zar Linn

Share

မင်္ဂလာပါ�

28/11/2024

ညအိပ်ယာမဝင်ခင်မှာ ရ/န်ဖြစ်စကားများရင်း
ဘယ်တော့မှ ပြန်မဆုံချင်တဲ့သူတွေလို
ပြောဆိုနေခဲ့ကြပေမဲ့ နောက်တစ်နေ့မနက်လဲရောက်ရော
အရင်လိုပုံမှန် ကြည်နူးစရာဆက်ဆံရေးလေး ပြန်ဖြစ်သွားရော။

ချစ်ခြင်းမေတ္တာကို ခွင့်လွှတ်ခြင်းတွေ၊ နားလည်ပေးခြင်းတွေ
အလျော့ပေးလိုက်ခြင်းတွေနဲ့ တည်ဆောက်ကြတဲ့အခါ
ဘယ်လိုပဲပြဿနာဖြစ်ဖြစ် ဘယ်လောက်စကားတွေများများ
တကယ်ကိုပျော်ရွှင်ရတယ်။ စိတ်ညစ်ရတယ်ဆိုရင်တောင်
အဲ့တာက ခဏတာပဲ။ ပြီးရယ် အတူတူရယ်မောကြတာပဲ။
-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

01/06/2024

မွှေးရှယ်တို့ဟူးမူန့်ကိုအသုံးပြု၍...
မြန်မာစတိုင်တို့ဟူးကျိုနည်း...😋
=====================........................................
မွှေးတို့ဟူးမူန့်ကိုမိမိတို့ကြိုက်သည့်မည်သည့်ချင်ခွက်နှင့်မဆိုချင်နိုင်ပါသည်.ဥပမာ နို့ဆီခွက်. အကြမ်းခွက်.ပေါင်းအိုးဆန်ချင်ခွက်.တူစားပန်းကန်လုံး စသဖြင့်..
ရေနှင့်တို့ဟူးမူန့်အချိုးမှာ...တို့ဟူးမူန့် ၂ခွက် +ရေ ၅ခွက်
ဖြစ်ပါတယ်.ရေချင်ခွက် အရွယ်အစားကလည်း တို့ဟူး
မူန့်ချင်ခွက်နဲ့အတူတူပဲဖြစ်ရပါမယ်.
မြန်မာစတိုင်ကျိုမည်ဆိုပါက ရောင်းတမ်းဝင်တို့ဟူးကျိုရင်တို့ဟူးကိုပိုမိုခဲစေရန်အတွက် တစ်ချို့ကျိုနည်းတွေမှာ
ထုံးရည်ကြည်ကိုထည့်၍ကျိုကြပါတယ်..အခုကျိုပြထား
တဲ့နည်းက အိမ်စားအနည်းငယ်သာဖြစ်သောကြောင့် ထုံး
ရည်ကြည်အစား မွှေး ကော်မူန်အနည်းငယ်ကိုသာထည့်
ကျိုထားပါတယ်.ကော်မူန့်ထည့်ကျိခြင်းအားဖြင့် ပို၍စီး
ထွေးနူးညံ့မူကို ရသည့်အပြင် အခဲလည်းမြန်ပါတယ်..
တို့ဟူးကြော်ရင်လည်း ပို၍ကြွပ်ရွမူကိုခံစားရပါတယ်.သ
ဘောတရားလေးတွေကို ရှင်းပြပြီးပြီဆိုတော့ စကျိုရအောင်နော်..
ပါဝင်ပစ္စည်းများ.........................
မွှေး တို့ဟူးမူန့်တူစားပန်းကန်နှစ်ခွက်
မွှေး ကော်မူန့် ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
ရေတူစားပန်းကန် ငါးခွက်ခွဲ
ရေကို ငါးခွက်ခွဲထည့်ရခြင်းမှာ ကော်မူန့်အတွက်ပိုထည့်
ထားခြင်းဖြစ်ပါတယ်..
နနွင်းမူန့် ဇွန်းဖျားခန့်
ဆားထမင်းစားဇွန်းတစ်ဇွန်း
သကြားteaဇွန်းတစ်ဇွန်းခွဲ..
အရသာမူန့် သုံးစွဲပါက teaဇွန်း၏လေးပုံတစ်ပုံ
ဆီထမင်းစားဇွန်း သုံးဇွန်း တို့ဖြစ်ပါတယ်..
ပါဝင်ပစ္စည်းတွေ အားလုံးကို blender ထဲတွင်ထည့်၍
မွှေပေးပါ.အမူန့်နဲ့ရေကို နာနာမွှေပေးပါ.လက်နဲ့မွှေတာထက်စာရင် စက်နဲ့မွှေတာဟာ ပိုကောင်းပါတယ်..အခဲ
အလုံးတွေ မကျန်ခဲ့စေပဲ တို့ဟူးအသားကို ပို၍ချောမွတ်စေပါတယ်.
စကျိုတော့မည်ဆိုပါက....................................
ကျိုမည့်အိုးထဲကို စက်ဖြင့်မွှေထားတဲ့ အရည်တွေထည့်ပါ.မီးဖွင့်ပါ.မီးဖွင့်လိုက်ပီဆိုတာနဲ့ ချက်ချင်းယောင်းမ
ဖြင့်အဆက်မပြတ်မွှေပေးရပါမယ်.တစ်ချက်လေးမှနား
လို့မရပါဘူး..နားလိုက်တာနဲ့ အိုးအောက်ခြေမှာ ပဲမူန့်တွေ
ချက်ချင်းခဲကုန်မှာဖြစ်ပါတယ်.မွှေသည့်အခါမှာလည်း
ယောင်းမကိုဦးတည်ချက်တစ်ဖက်တည်းကိုပဲထား၍မွှေ
ပေးပါ.ဆိုလိုတာက လက်ယာရစ်ကိုမွှေနေရင် အဲ့ဒီအတိုင်းတစ်ဖက်တည်းပဲထား၍မွှေပါ.ဒါမှ တို့ဟူးအသား
ကပိုမိုနူးညံမှာပါ. အလုံးအခဲတွေမဖြစ်နေမှာပါ ဒီအချက်
လည်းအရေးကြီးပါတယ်.
တဖြေးဖြေး ရေလည်းခမ်း တို့ဟူးတွေလည်းစ၍ပျစ်လာပါမယ်..ဆက်၍နာနာမွှေပေးပါ.ပဲစိမ်းနံပျေက်သည်ထိ
ကျိုပေးပါ.ပဲစိမ်းနံပျောက်ရင်တို့ဟူးအသားကိုယောင်းမ
ဖြင့်ကော်ကြည့်ပါ. ယောင်းမအပေါ် ခဲပြီးကပ်လာရင်ရပါ
ပီ..ဗန်းထဲသို့ထည့်၍အအေးခံထားပါ..လုံးဝအေးစက်သွားမှ မိမိတို့လိုချင်သည့်ပုံစံလှီး၍ ချက်ပြုတ်နိုင်ပါပီ.
မြန်မာစတိုင်တို့ဟူးချဉ်ငန်စပ်သုပ်နည်း..........................................................
တို့ဟူးကိုပါးပါးအချောင်းတွေလှီးထားပါ.
ကြက်သွန်နီ ဖြူဆီချက်ဝါ
မန်းကျည်းမှည့်အရည်
ငံပြာရည်
အရသာမူန့်
နံနံပင်ဂေါ်ဖီ ရှောက်ရွက် ပါးပါးလှီး ထည့်
ငရုတ်သီးအကျက်မူန့်
ပဲကျက်မူန့် တို့ကို တစ်ပွဲစာသင့်ရုံထည့်၍ သုပ်နိုင်ပါသည်.
တို့ဟူးကြော်ရင်လည်း...............................
တို့ဟူးကို လေးထောင့် ပုံ မထူမပါးလှီးပါ.
အလယ်မှာ ဓားအရာပေးပါ.
ပြီးရင် ဆီများများပူပူမှာ ကြွပ်အောင်ကြော်ပေးပါ.
အလယ်မှာ ဓားရာပေးခြင်းအားဖြင့် ပို၍ ကြွပ်စေပါတယ်.

စေတနာဖြင့်..
♦Credit - မူရင်းရေးသားသူမမလိူင်♦
Via -

20/04/2024

#မဖိနှိမ့်ပါနဲ့"
ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။

လည်းမျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။

ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။

အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။

ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။

နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။

လူတစ်ချို့က
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။

တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။


ချစ် ခြင်း များ စွာ ဖြင့် ...

ပန်းပျိုးလက် ရသစာပေ
PANNPHYOLATT NSM


#ပင်လယ်ပြာရောင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon