Iaura ETP Cosmetic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Iaura ETP Cosmetic, Beauty, cosmetic & personal care, Yangon.
27/10/2021
နေလောင်ဒဏ်အပြည့်ဝကာကွယ်ပေးတဲ့ I’AURA Sunscreen♥️
🌄တင်းတိတ်ဖြစ်ခြင်းကနေကာကွယ် ချင်ရင် ☀️နေပူထဲမသွားခင် Sunscreenကိုနေ့တိုင်းလိမ်းပေးပါ
မနက်မိုးလင်းပြီးskin careပြီးတာနါံsunscreenကိုလိမ်းကိုလိမ်းရမယ်နော်💝
🥰 ဝက်ခြံဖြစ်တဲ့သူတွေလဲ သုံးလို့ရပါတယ် 🤩
Sunscreen ကို အသက်၁၃နှစ်ကစပြီးလိမ်းသင့်နေပြီးနော်🌺
🥰ဒါမှအရွယ်မတိုက်ခင်သူများတွေထက်အိုးမင့်ရင့်ရော်ခြင်းနဲ့အရေပြားကင်ဆာဖြစ်မှာအတွက်လည်းကာကွယ်ပေးတယ်နော်🥰
09.963567014 ကိုဆက်သွယ်မှာယူနိုင်ပါသည်...
sunscreenကိုအမြဲလိမ်ဖို့မမေ့နဲ့နော်
Crd
27/10/2021
မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း
=================================
ဆံပင်အကြောင်း နည်းနည်း ပြောရအောင်
ဆံပင်ဘာလို့ ကျွတ် ဆံသား ပျက်ဆီးရတဲ့ အကြောင်းရင်း လေးတွေ အကြမ်းဖျင်း သိထားရအောင်
အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသားတွေပဲဖြစ်ဖြစ် ဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ လူသားတိုင်းရဲ့ ဒုတိယ မျက်နှာ ဖြစ်ပါတယ် ။
ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြ ဆေးတွေဆိုးကြ ပါတယ်။
ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်..
နံပါတ် ၁
ခေါင်းမကြာခဏလျှော်ခြင်း
တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေပီး ဦးရေပြားပေါ်မှာ ရှိသင့်တဲ့ အဆီပမာဏ ခမ်းခြောက်ကာ ဗောက်လည်းထစေပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် သာလျှော်သင့်ပါတယ် ။
နံပါတ် ၂
အမြဲတမ်း မကြာခဏ ဆံပင်ပုံသွင်းခြင်း
Flat Iron , Iron Curler. Spray . gel . Wax glossy wax gel, များ သုံး၍ ပုံသွင်း ခြင်းကြောင့် ဆံပင် ကျွတ်ခြင်းနှင့် ဆံပင်သား ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ်။ သုံးပြီး တိုင်း ခေါင်းပြန်လျော် ပေးရပါမယ်နော်
နံပါတ် ၃
Unhealthy food များ daily စားသုံးခြင်း
ကိုယ်တွင်းရှိ ရောဂါအခံအရ သော်လည်းကောင်း စိတ်ဖိအား Mental Stress ကြောင့်သော် လည်းကောင်း အသင့်စား အာလူးကြော်များ အချိုရည်များ စသောအစားအသောက် တွင် ဆီကြော်များ မသန့်ရှင်းသော အစားသောက်များ အသင့်စားအစားသောက်များ ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ် ။
နံပါတ် ၎
လွဲမှားသော shampoo များသုံးစွဲမိခြင်း
မိမိ ဆံသားနှင့် ဦးရေပြား ပေါ် တွင် ဗောက် မရှိသည် ကို ပရုတ်အေး ပါသော ဗောက် ပျောက် သော Shampoo များ .ဦးရေပြားအဆီပြန်သူက ( Oily Sclap ) moisture or Hydration Shampoo များနှင့် လျော်မိရင် ပို၍ အဆီပြန်ပြီး ဗောက်ထ ဆံပင် ကျွတ်နိုင်ပါ တယ်.
ဒီအချက်ကို အထူးဂရုစိုက်ပေးစေလိုပါတယ်။
နံပါတ် ၅
Conditioner နှင့် Hair Treatment များ လွဲမှားစွာသုံးမိခြင်း
Hair Treatment or Conditioner များကို သုံးစွဲရာတွင် ဦးရေပြားမှာ ပုံ၍ သုံးစွဲမိလျင် ဆံပင် ကျွတ် နိုင်ရုံမျှမက ဦရေပြားပျက်စီး ခြောက်သွေ့ စေပီး ဗောက်ထစေပါတယ်..
Conditioner သုံးတဲ့ အချိန်တိုင်း လည်း ဦးရေပြား ကို လုံးဝ မထိမိအောင် အထူး ဂရုစိုက်ပေးပါရှင့်
အခုဆိုရင် ခေါင်းလျှော်ရည်တွေ ဟာ သူ့ဟာနဲ့ သူ
အဆီပြန်မြန်သော ဆံသား
ဗောက်ထသော ဦးရေပြား
ဆံပင်ကျွတ် သက်သာစေတဲ့
ခေါင်းလျှော် ရည် အမျိုးမျိုး ရှိတာမို့ မိမိ နှင့် ကိုက်ညီမဲ့ ခေါင်းလျှော်ရည်တော့ ရွေးသုံး ဖို့ မမေ့ကြပါနဲ့နော် အနံ့လေးတွေလည်းမျိုးစုံမို့ စိတ်ကြိုက် ရွေးသုံးလို့ရပါတယ်ရှင့်။
အောက်ကပုံလေးတွေကတော့ ဗဟုသုတ အနည်းကျဉ်းလေးပါရှင့်။ 😊
Credit
25/10/2021
သဘာဝနည်းဖြင့်
တင်းတိပ်..ပါးအောင်လုပ်နည်း..
မုန်လာဥနီကို..ဓားဖြင့်လှီး..ပြီးရင်..ကြိတ်မယ်..
ကြိတ်ပြီး..
အရည်ညစ်ကာ..ထွက်လာတဲ့..အရည်ပျစ်ပျစ်ကို..
မျက်နှာအနှံလိမ်ပေးပါ
၁၅..မိနစ်ထားပြီး..မျက်နှာသစ်ချ
ပြီးသွားရင်တော့..တိုနာလေး..ပြန်လိမ်းပေးနော်😍
တစ်ပတ်..နှစ်ကြိမ်လုပ်ပေးပါက...တင်းတိပ်ပါးလာစေပါတယ်ရှင့်
KMT
23/10/2021
ရေသောက်ခြင်းအကျိုးကျေးဇူးများ💙❤
23/10/2021
👉🏻 Toner မသုံးလို့ရလား?
👉🏻 Toner မသုံးဘဲ တခြား Skin Care တန်းပြီးလိမ်းလို့ရလား?
Tone ကိုမှန်ကန်စွာ အသုံးပြုနည်း
Skincare Steps တွေထဲမှာ Toner သုံးတာက Basic အကျဆုံးဖြစ်ပြီး သူကိုသုံးတဲ့အခါ အသားရေက စိုပြေမယ် ph level ညှိပေးလို့ ချွေးပေါက်တွေကို ကျဉ်းစေပြီး Skincare လုပ်မယ်ဆို သူ့ကို မရှိမဖြစ် သုံးရမှာပါ။
Toner လိမ်းသည့်အခါဆိုရင် ဂွမ်းနဲ့လိမ်းရင် လက်နဲ့ လိမ်းတာထက်ပိုပြီး ညီညီညာညာကျတယ်။ လက်နဲ့ tonerလိမ်းရင် လက်ပေါ်ကို toner ထည့်လိုက်သည့် အချိန်ကတည်းက နည်းနည်းလေး လည်းဖိတ်ကျနိုင်ပြီး လက်ဖဝါးကလည်း အာနိသင်တွေကို လည်းနည်းနည်း စုပ်ယူအုန်းမယ် တစ်ခါတစ်လေကျတော့ လက်ပေါ်ကပိုးမွှားတွေကလဲ ကပ်နိုင်တယ်ဆိုတော့ မျက်နှာပေါ် ရောက်ရင် အာနိသင်တွေက နည်းနည်းနည်းလေးဘဲ ကျန်တော့တာပေါ့။
အဓိကက လက်ဖဝါးက ဝါဂွမ်းလို ညီညီညာညာ လေးမရှိဘူးလေ။ မျက်နှာပေါ် လိမ်းလိုက်ရင်လည်း ဝါဂွမ်းလို ညီညီလေးမရှိဘူးပေါ့။ ပြီးတော့လည်း ချေးအလွယ်တကူဖြစ်နိုင်တယ်…
ဝါဂွမ်းကိုအသုံးပြုပြီး Toner လိမ်းနည်း
၁။ ဝါဂွမ်းကို City mark နှင့် ဆိုင်တွေမှာ အလွယ်တကူဝယ်နိုင်တယ်၊ ဝါဂွမ်းသုံးသည့် အခါတွင်လည်း ပါးပါးလေးမသုံးပါနှင့် ဘာကြောင့်လဲဆိုတော့ အရမ်းပါးရင် Toner တွေဖိတ်ကျနိုင်တယ်လေ။ ဝါဂွမ်းကိုသုံးရင် မျက်နှာကို နှစ်ခါသစ်တဲ့သဘောရတယ်၊ မျက်နှာမှာရှိသော အညစ်အကြေးကို ဖယ်ရှားပေးနိုင်သည် သာမက နှာခေါင်းကြားတွေမှာ အဆီထွက်တာကိုလည်း ဖယ်ရှားပေးနိုင်တယ်၊ ပြီးတော့လည်း အသားရေကို လန်းဆန်းစေပြီး ဝက်ခြံထွက်တာကိုလည်း ကာကွယ်ပေးနိုင်တယ်။
၂။ အသားရေကို အစိုဓာတ်ရှိနိုင်ရန် ဝါဂွမ်းကို ပုတ်လိမ်းပေးပါ။ Toner ကို အထဲထိ စိမ့်ဝင်သွားအောင် ဝါဂွမ်းကို မျက်နှာပေါ်သို့ ဖြည်းဖြည်းလေးဖိပြီး ပုတ်ခတ်ပေးပါ၊ တစ်ဖက်သုံးပြီး နောက်တစ်ဖက်ကို ပြန်သုံးနိုင်တယ်။
၃။ ဝါဂွမ်းက မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး လေးလံမှုကို လျော့နည်းစေတယ်။ ဝါဂွမ်းသုံးတဲ့ ကောင်းကျိုးက လက်ရဲ့ အပူချိန်နှင့် လက်ပေါ်မှာရှိသော ပိုးမွှားတွေ ရှောင်ကြဉ်နိုင်တယ်။ Toner ကို removerCotton အပါးနဲ့လဲ မျက်နှာကိုပေါင်းတင်နိုင်တယ်။
ဒါကြောင့်အခုမှာ Toner လိမ်းနည်းတွေ သိသွားပြီးဆိုတော့လည်း လိုက်လုပ်ဖို့လည်း မမေ့ကျနဲ့နော်။
အားလုံးလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီးလှကြပါစေ။
22/10/2021
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
အမဲစက်နဲ့ ဝက်ခြံတွေသိသာလာတာလဲ?"
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတာပါနော်
&Cosmetic
22/10/2021
☘Skincare အသုံးပြုပုံ အဆင့်ဆင့်......
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သို့) gel တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။
(၅) ပြီးရင် နေလောင်ကာ sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။
☘ညပိုင်းအသုံးပြုနည်း
✅ညဖက် Skincare သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
✅ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ
✅အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
✅အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။
☘သတိပြုစရာ အချက်များ.......
(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ အခြား skincare တွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။ အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် ဘာမှမသုံးဘဲ ခဏစောင့်ပါ။ ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်ပါတယ်။
☘Skincare ရွေးချယ်နည်း
✅Skincare သုံးတဲ့ခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံ ပစ္စည်း တွေသာ ရွေးချာ်သုံးစွဲသင့်ပါတယ်။
✅Cream Type တွေ မသုံးသင့်ပါ။(အထူးသဖြင့်နွေရာသီမှာပါ)
✅မျက်နှာအဆီပြန်တာ ဝက်ခြံထွက်တာပိုဖြစ်နိုင်ပါတယ်။
ခြောက်သွေ့တဲ့အသားအရေအတွက် Moisturizer နဲ့ Serum လိုပစ္စည်းမျိုး သုံးပေးပါ။
✅အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်တဲ့သူဖြစ်ဖြစ် moisturizer သုံးဖို့လိုအပ်ပါတယ်။
✅အခုလို လုပ်ပေးမှသာ ရေဓာတ်ပြည့်ဝပြီး ကြည်လင်သန့်ရှင်းတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်နော်
-to-owner
22/10/2021
💐 I'Aura set လေးရဲ့ ကျေးဇူးနဲ့ 🌵
🌿 Day ရော Night ပါ Confidence အပြည့် 😏
🦋 မှာယူလိုပါက👉 Cb (or) 09963567014
21/10/2021
❗မှန်ကြည့်တိုင်း စိတ်ညစ်နေပြီ လား❗
အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။
ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့
ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။
နေထိုင်မှုပုံစံ
နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။
ဝက်ခြံတွေကို မညှစ်ပါနဲ့။
နေလောင်ဒဏ်ကနေ ကာကွယ်ပါ။
ရေများများသောက်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။
ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။
အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျော့စားပါ။
အသင့်စား၊ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။
ကဖင်းနဲ့အယ်လ်ကိုဟောရှောင်ပါ။
ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။
ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ
မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ
မျက်နှာသစ်ဆေး ရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားပါ
ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။
အဆီပိုတွေဖယ်ရှားပါ
ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။
ဒါတွေအပြင် တစ်နေ့ကို မနက်၊ ည နှစ်ကြိမ် မျက်သစ်
ဖို့ မမေ့ပါနဲ့။မျက်နာသစ်ပြီတာ နဲ့ ရေဓာတ်ဖြည့် စေမယ့် အရာလေး အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။
ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……..
13/10/2021
😚 မျက်နှာပေါ်မှာ အဆီဖုတွေ ပေါက်တတ်ရင် ဖတ်ပါ ရှင့်.😚
#အဆီဖုတွေထပ်မပေါက်တော့အောင်
ဘာတွေ လုပ်သင့်လဲ ?
ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ
၁. ရေများများသောက်ပါ.
၂. ဝမ်းမချုပ်စေပါနဲ့
၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့
၎. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ
၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ
၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့
၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)
၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ
၉. ဆံပင် စည်းထားပါ
၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့
၁၁. အိပ်ရေးမပျက်စေပါနဲ့
ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.
အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
#အဆီဖုနှင့်ပတ်သက်သမျှ
Credit Dr Aye Min Htoo
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon
1998