Skin 101 by Dr. Kaung Myat

Skin 101 by Dr. Kaung Myat

Share

Your Beauty is my Masterpiece!

03/10/2026

အရွယ်ထက်ရုပ်နုနေတာကရောဂါလား? ကုလို့ရလား?

03/10/2026

ချွေးပေါက်ကျဉ်းစေတယ်ဆိုတဲ့ Skincare တွေသုံး၊ ကပ်ခွာ (Pore Strips) တွေ သုံးနေပေမယ့်ချွေးပေါက်တွေကမထူးခြားတာ၊ ပိုကျယ်လာတာတွေကြုံနေကြမှာပါ? အရေပြားဆေးပညာအရ ပြောရရင် အတင်းဆွဲခွာတဲ့ လုပ်ရပ်တွေက ချွေးပေါက်နံရံတွေကို ပိုပျက်စီးစေတဲ့ အဓိက တရားခံတွေလဲဖြစ်ပါတယ်။ 🚫

💡 ချွေးပေါက်ကျယ်ရတဲ့ တကယ့်ဇစ်မြစ်က ဘာလဲ?

တကယ်တော့ ချွေးပေါက်ကျယ်တာက အပေါ်ယံ အဆီပိတ်တာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အဓိကက အရေပြားအောက်ခြေက "ကော်လာဂျင် (Collagen) တွေ ဆုံးရှုံးသွားလို့" ပါ။ အုတ်မြစ်ပြိုနေတဲ့ အိမ်ကို အပေါ်ယံဆေးသုတ်ရုံနဲ့ မရသလိုပဲ... အောက်ခြေက ပြိုကျနေတဲ့ ချွေးပေါက်နံရံတွေကို လိမ်းဆေးတွေနဲ့ ပြန်လည်တည်ဆောက်ဖို့ ခက်ခဲပါတယ်။

✨ The Ultimate Solution (အောက်ခြေမှ ပြန်လည်တည်ဆောက်ခြင်း)

ဒီပြဿနာကို ဖြေရှင်းဖို့ ဆေးခန်းမှာ Medical-Grade ကုသမှုတခုဖြစ်တဲ့ "𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗣𝗼𝗿𝗲 𝗥𝗲𝗳𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺" ကို အထူးဖန်တီးထားပါတယ်။

🔹 Diagnostic Precision: ချွေးပေါက်ကျယ်ရတာ အဆီထွက်လွန်လို့လား? အသက်အရွယ်ကြောင့် Collagen ကော်လာဂျင်လျော့သွားလို့လား? အရင်ဆုံး အဖြေရှာဖို့လိုပါတယ်။

🔹 Advanced Targeted Therapy: ဇစ်မြစ်ကို သိပြီဆိုမှ Fractional CO2 Laser (သို့) Micro-Botox လို အဆင့်မြင့်နည်းပညာတွေ သုံးပြီး အရေပြားအောက်ခြေကနေ (Collagen) ကော်လာဂျင်သစ်တွေ အမြောက်အမြား ပြန်လည်ထုတ်လုပ် (Collagen Remodeling) ပေးပါတယ်။

🔹 The Result: အောက်ခြေကနေ ပြည့်တက်လာတဲ့ (Collagen) ကော်လာဂျင်တွေက ဟာလာဟင်းလင်းဖြစ်နေတဲ့ ချွေးပေါက်နံရံတွေကို အတွင်းဘက်ကနေ ပြန်လည်ညှစ်တင် (Squeeze) ပေးလိုက်လို့ ကုသမှုအကြိမ်ရေများလာတာနဲ့အတူ တဖြည်းဖြည်းခြင်း ချောမွေ့သက်သာလာတဲ့ ချွေးပေါက်အနေအထားကိုမြင်သာစေမှာဖြစ်ပါတယ်။

ယာယီသက်သာစေမယ့် skincare နည်းလမ်းတွေထက်စာရင်တော့ ဆေးပညာအခြေခံတဲ့ ကုသမှုရလဒ်တွေက ခေါင်းမာတဲ့ချွေးပေါက်တွေအတွက် ထိရောက်နိုင်ချေပိုမိုမြင့်မားတာအမှန်ပဲဖြစ်ပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းမပေါ် (ခရေပင်လမ်းခွဲ, Terminal M အနီး)၊ မင်္ဂလာဒုံ၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

03/10/2026

Skin 101 Clinic 9 နှစ်ပြည့်ခဲ့ပါပြီ၊ Special promotion တွေလဲရှိနေပါမယ်!

02/10/2026

ဝက်ခြံသမားတွေကို သနပ်ခါးမလူးစေချင်တာ ဘာ့ကြောင့်လဲ? #သနပ်ခါး

02/10/2026

အများစုက မျက်ကွင်းညိုပြီဆိုတာနဲ့ "အိပ်ရေးပျက်လို့၊ ဖုန်းသုံးများလို့" ဆိုပြီး အလွယ်တကူ ကောက်ချက်ချတတ်ကြပါတယ်။

ဒါပေမယ့် ဆေးပညာရှုထောင့်ကနေ သေချာဆန်းစစ်ကြည့်တဲ့အခါ မျက်ကွင်းညိုရတဲ့ အဓိက တရားခံဟာ (၂) မျိုး ကွဲပြားနေပါတယ်။ မတူညီတဲ့ ဒီအကြောင်းရင်းတွေကို သေချာမသိဘဲ မှားယွင်းကုသမိရင် ပိုက်ဆံကုန်၊ အချိန်ကုန်ဖြစ်တဲ့အပြင် ပိုတောင် ဆိုးရွားသွားနိုင်ပါတယ်။

ခွဲခြားသိမြင်ဖို့ လိုအပ်တဲ့ မျက်ကွင်းညိုခြင်း (၂) မျိုး ✌🏻

၁။ 🩸 သွေးကြောကြောင့် ညိုခြင်း (Vascular Dark Circles) မျက်လုံးအောက်က အရေပြားဟာ ခန္ဓာကိုယ်မှာ အပါးလွှာဆုံးပါ။ အသက်အရွယ် (သို့) မျိုးရိုးကြောင့် အရေပြား ပိုပါးလာတဲ့အခါ အောက်ခံ သွေးကြောကွန်ရက်တွေ (Vascular Network) က အပြာရောင် သို့မဟုတ် ခရမ်းရောင်အဖြစ် အထင်းသား ပေါ်လာတတ်ပါတယ်။

⚠️ သတိပြုရန် - ဒီလို သွေးကြောကြောင့်ဖြစ်တဲ့ ညိုမဲခြင်းကို သာမန် လေဆာပစ်ရုံနဲ့ မသက်သာနိုင်ပါဘူး။

၂။ 🟤 အမဲရောင်ခြယ်ကြောင့် ညိုခြင်း (Pigmented Dark Circles) နေလောင်ဒဏ်၊ မျက်လုံးခဏခဏ ပွတ်တိုက်မိခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ မျိုးရိုးဗီဇတို့ကြောင့် အရေပြားမှာ မယ်လနင် (Melanin) ဓာတ်တွေ အဆမတန် စုပုံပြီး အညိုရင့်ရောင် ဖြစ်လာတာပါ။

✅ အဖြေ - ဒီအခြေအနေမှာဆိုရင်တော့ မှန်ကန်တဲ့ လေဆာနည်းပညာကသာ အထိရောက်ဆုံး ဖြစ်ပါတယ်။

🔬 "လူတိုင်းအတွက် တစ်ပုံစံတည်း" ဆိုတဲ့ ခန့်မှန်းခြေ ကုသမှုမျိုးဆိုတာ လုံးဝ မရှိပါဘူး။ မျက်ကွင်းညိုရခြင်း တရားခံ အစစ်အမှန်ကို တိတိကျကျ ခွဲခြားစိတ်ဖြာပြီးမှသာ မှန်ကန်တဲ့ကုသမှုကိုရွေးချယ်တာအကောင်းဆုံးပါ။

ရောဂါဇစ်မြစ် အတိအကျ သိရပြီဆိုမှသာ

💉 သွေးကြောကြောင့်ဆိုလျှင်: ပါးလွှာနေတဲ့ အရေပြားကို အောက်ခြေကနေ ပြန်လည်ထူထဲ ကျန်းမာလာစေမယ့် Rejuran I (သို့) သီးသန့် Skin Boosters လိုမျိုး Injection နည်းပညာတွေနဲ့ အဓိကထား ဖြေရှင်းပါတယ်။

⚡ အမဲရောင်ခြယ်ကြောင့်ဆိုလျှင်: မယ်လနင်တွေကို ပတ်ဝန်းကျင် အရေပြား မထိခိုက်စေဘဲ တိတိကျကျ ဖြိုခွဲပေးမယ့် အဆင့်မြင့် Q-Switched Nd:YAG Laser လိုနည်းပညာကို အသုံးပြု ကုသပေးတာမျိုး ဖြစ်ပါတယ်။

မှားယွင်းတဲ့ ကုသမှုတွေနဲ့ အချိန်ကုန်မနေပဲ ကိုယ့်ရဲ့ မျက်ဝန်းပြဿနာ နည်းစနစ်တကျ အဖြေရှာပြီး ထိရောက်စွာ ကုသဖို့ ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။

01/10/2026

ဝက်ခြံပေါက်ပြီးကျန်ခဲ့တတ်တဲ့ ချိုင့်ခွက်တွေထဲက ကုသရအခက်ဆုံး Ice pick scar တွေအတွက် TCA CROSS ကုသမှု

💡 ဘာကြောင့် ice pick scars တွေကသာမန်လေဆာတွေနဲ့ အများကြီး မထိရောက်နိုင်တာလဲ?

အရေပြားခန္ဓာဗေဒ (Skin Anatomy) အရ Ice pick Scars တွေဟာ 'V' ပုံစံရှိပြီး အရေပြားရဲ့ အနက်ရှိုင်းဆုံးအလွှာ (Deep Dermis) အထိ ထိုးဖောက်ဝင်ရောက်နေတတ်တာ ဖြစ်ပါတယ်။ သာမန် Microneedling တွေနဲ့ လေဆာအများစုဟာ အရေပြားအပေါ်ယံလွှာကိုသာ အလျားလိုက် ညှိပေးနိုင်စွမ်းရှိတဲ့အတွက် ဒီလောက်နက်ရှိုင်းတဲ့ အောက်ခြေအထိ ထိရောက်မှု မရှိပါဘူး။ မသိနားမလည်ဘဲ သာမန်လေဆာတွေကို အတင်းအဆမတန် မြှင့်တင်ပစ်ခတ်လိုက်ရင်လည်း အမာရွတ်မပြည့်လာတဲ့အပြင် ပတ်ဝန်းကျင်က အရေပြားတွေပါ လောင်ကျွမ်းပျက်စီးသွားနိုင်ပါတယ်။

🧬 TCA CROSS ရဲ့ ဆေးပညာ အလုပ်လုပ်ပုံ

ဒီလို အဆိုးရွားဆုံး ဝက်ခြံချိုင့်ခွက်တွေအတွက် အလှအပဆိုင်ရာဆေးပညာမှာ အထိရောက်ဆုံး (Gold Standard) အဖြစ် သတ်မှတ်ထားတာကတော့ TCA CROSS (Chemical Reconstruction of Skin Scars) နည်းပညာပဲ ဖြစ်ပါတယ်။

ပြင်းအားမြင့် Trichloroacetic Acid (TCA) ဆေးရည်ကို ချိုင့်ခွက်ရဲ့ အောက်ခြေတည့်တည့်ဆီ Pinpoint Precision (အမြင့်မားဆုံး တိကျမှု) နဲ့ ထည့်သွင်းပေးရတာပါ။ ဒီဆေးရည်က ပျက်စီးနေတဲ့ တစ်သျှူး (Tissues) တွေကို ဖယ်ရှားပေးပြီး၊ ခန္ဓာကိုယ်မှ ကော်လာဂျင် (Collagen) အမြောက်အမြားကို အသစ်ပြန်လည် ထုတ်လုပ်လာစေဖို့ ဆဲလ်အဆင့် (Cellular Level) ကနေ လှုံ့ဆော်ပေးပါတယ်။ အကျိုးဆက်အနေနဲ့ ချိုင့်ခွက်အောက်ခြေက တဖြည်းဖြည်း ပင့်တက်လာပြီး (Base Lifting)၊ အမာရွတ်များ သိသိသာသာ ပြည့်လာကာ မျက်နှာပြင် ချောမွေ့သွားစေပါတယ်။

⚠️ Extreme Clinical Precision (အမြင့်မားဆုံး ဆေးပညာ တိကျမှု) TCA CROSS ဟာ သာမန် အလှပြင်ဆိုင်တွေမှာ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ ကုသမှုမျိုး လုံးဝမဟုတ်ပါဘူး။ ပြင်းအားမြင့် ဆေးရည်ဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်က ကျန်းမာတဲ့ အရေပြားကို နည်းနည်းလေးမှ မထိမိစေဖို့ အလွန်သေးငယ်တဲ့ အပ်ကို အသုံးပြုပြီး ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် အထူးဂရုစိုက် ကုသရတာဖြစ်ပါတယ်။

အချိန်တွေကုန်၊ ငွေတွေကုန်ပြီး ရလဒ်မရတဲ့ ကုသမှုတွေနဲ့ သံသရာ မလည်နေပဲ မိမိရဲ့အမာရွတ်အမျိုးအစားအတွက် အမှန်ကန်ဆုံး ဆေးပညာလမ်းညွှန်မှုနဲ့ ကုသမှုကို ရွေးချယ်နိုင်ဖို့အရေးကြီးနေမှာဖြစ်ပါတယ်။ ✨

📩 အသေးစိတ် သိရှိလိုပါက Page Messenger (သို့မဟုတ်) Skin 101 ဆေးခန်းသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

30/09/2026

ပိုက်ဆံတွေကုန်ပြီး အကျိုးမရှိတဲ့ Skincare နည်း

30/09/2026

Keloid (အမာရွတ်အသားပို) ကို ကြည့်ရဆိုးလို့ ခွဲထုတ်ဖဲရှားလိုက်ဖို့ စဉ်းစားမိနေလား? ဒါဟာအအန္တရာယ်များတဲ့ လုပ်ရပ်ပါ။ ခွဲထုတ်လိုက်ရင် ပြီးသွားပြီလို့ ထင်ရပေမယ့်... ဘာကြောင့် ခွဲထုတ်လေ ပိုကြီးလာလေ ဖြစ်ရတာလဲ?

ရှင်းပြရရင် Keloid ဆိုတာ သာမန်အမာရွတ်မဟုတ်ပါဘူး။ အရေပြား ထိခိုက်ဒဏ်ရာရမှုကို တုံ့ပြန်တဲ့စနစ် (Wound Healing Process) လွန်ကဲပြီး Collagen တွေ အဆမတန် ထွက်ရှိနေတဲ့ အခြေအနေပါ။ သူတို့ကို ဓားနဲ့ခွဲစိတ် ဖြတ်ထုတ်လိုက်တဲ့အခါ အရေပြားက "နောက်ထပ် ဒဏ်ရာအသစ် (Surgical Trauma) ရသွားပြီ" လို့ မှတ်ယူလိုက်ပါတယ်။

အဲဒီအခါ ခန္ဓာကိုယ်က ပုံမှန်ထက် ပိုမိုပြင်းထန်တဲ့ ယောင်ရမ်းမှု တုံ့ပြန်ချက် (Inflammatory Response) တွေကို ထုတ်လွှတ်လိုက်တဲ့အတွက်... မူလအမာရွတ်ထက် ပိုကြီး၊ ပိုမာကျောပြီး ပိုဆိုးရွားတဲ့ အသားပိုကြီးအဖြစ် အလျင်အမြန် ပြန်လည်ကြီးထွားလာတတ်ပါတယ်။

✅ ဒါဆို ဆေးပညာအရ အမှန်ကန်ဆုံး ဖြေရှင်းနည်းက ဘာဖြစ်မလဲ?

ဆေးပညာ စံသတ်မှတ်ချက်များ (Medical Guidelines) အရ Keloid တွေအတွက် အထိရောက်ဆုံးနဲ့ ဘေးအကင်းဆုံး နံပါတ်တစ် ကုသမှုဟာ ခွဲစိတ်ခြင်းမဟုတ်ဘဲ "အမာရွတ်အတွင်းသို့ တိုက်ရိုက် ဆေးထိုးသွင်းခြင်း" (Intralesional Injection) ပဲ ဖြစ်ပါတယ်။ 💉

ဒီနည်းလမ်းဟာ...

🔹 အမာရွတ်ကို အသက်ဆက်ပေးနေတဲ့ သွေးကြောငယ်လေးတွေရဲ့ ဖွဲ့စည်းမှုကို ဖြတ်တောက်ပေးတယ်။

🔹 အဆမတန် မာကျောထွက်ရှိနေတဲ့ ကော်လာဂျင်တွေကို အတွင်းပိုင်းကနေ ပြိုကွဲသွားစေတယ်။ 🔹 အကျိုးဆက်အနေနဲ့ အမာရွတ်ဟာ တဖြည်းဖြည်း ပြားချပ် (Flatten) သွားပြီး၊ ယားယံခြင်းနဲ့ နာကျင်ခြင်းတွေကိုပါ အမြန်ဆုံး ရပ်တန့်ပေးနိုင်ပါတယ်။

⚠️ သတိပြုရန်အချက်

Keloid ကုသမှုတွေမှာ ဆေးပမာဏ မှားယွင်းပါက ပတ်ဝန်းကျင် အရေပြားတွေပါ ချိုင့်ဝင်သွားနိုင်တဲ့ (Skin Atrophy) အန္တရာယ်တော့ရှိပါတယ်။

ဒါကြောင့် ဖြစ်တည်နေတဲ့ အမာရွတ် အရွယ်အစား၊ အထူအပါးနဲ့ နေရာပေါ် မူတည်ပြီး တိတိကျကျမှန်ကန်စွာတွက်ချက်ကုသနိုင်ဖို့ကလဲ အဓိကကျနေမှာဖြစ်ပါတယ်။

Skin 101 Clinic (ကမ္ဘာအေး)
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ 09961477888
တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Skin 101 Clinic (မင်္ဂလာဒုံ)
အမှတ် ၁၅၆၊ ခရေပင်လမ်းမပေါ် (ခရေပင်လမ်းခွဲ, Terminal M အနီး)၊ မင်္ဂလာဒုံ၊ ရန်ကုန်
ဖုန်း - 09 255 255 089၊ 09 955 955 089
ဗုဒ္ဓဟူးနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

28/09/2026

🚨 ရက်ပိုင်း လပိုင်းအတွင်း မျက်နှာဖြူစေတဲ့ အလှကုန်တွေက ကိုယ့်အရေပြားကို ဘယ်လို ဖျက်ဆီးလိုက်တာလဲ?

မျက်နှာလေး မြန်မြန်ဖြူချင်၊ ဝက်ခြံ မြန်မြန်ပျောက်ချင်လို့ သုံးလိုက်တဲ့ အမည်မသိ ဖြူမြန်/ပျောက်မြန် ခရင်မ်တွေကြောင့် အစပိုင်းမှာ မျက်နှာလေး ကြည်လာသလို ထင်ရပါလိမ့်မယ်...

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ—

❌ နေပူထဲထွက်ရင် မျက်နှာကြီး နီရဲလာတာ

❌ အရေပြား ပါးလွှာပြီး စပ်ဖျင်းဖျင်းဖြစ်လာတာ

❌ မျက်နှာပေါ်မှာ သွေးကြောနီလေးတွေ (Telangiectasia) အထင်းသား ပေါ်လာတာမျိုးတွေ ခံစားနေရပြီလား?

ဒါဟာ သာမန် Sensitive ဖြစ်တာ မဟုတ်ပါဘူး။ အရေပြားဆေးပညာအရ စတီးရွိုက်ကြောင့် အရေပြားပျက်စီးခြင်း (Steroid-Induced Damage သို့မဟုတ် Steroid Rosacea) လို့ သတ်မှတ်နိုင်ပါတယ်။

⚠️ ဘာကြောင့် သွေးကြောတွေ ပေါ်လာတဲ့အထိ အသားအရေ ပါးလွှာသွားရတာလဲ?

ဈေးကွက်ထဲက ဖြူမြန်/ပျောက်မြန် အလှကုန်အများစုမှာ ပြင်းထန်တဲ့ Steroid ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ မျက်နှာအရေပြားရဲ့ အဓိက အကာအကွယ်လွှာဖြစ်တဲ့ Skin Barrier (Stratum Corneum) ကို အမြစ်ပြတ် ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါ့အပြင် အရေပြားအောက်ခြေ (Dermis) က ကော်လာဂျင် ထုတ်လုပ်မှုကိုပါ လုံးဝ ရပ်တန့်သွားစေတဲ့အတွက် အသားအရေဟ, ပါးလွှာလာပြီး အောက်ခံ သွေးကြောလေးတွေ ထင်ရှားစွာ ပေါ်လာရတာ ဖြစ်ပါတယ်။

💡 ပျက်စီးသွားတဲ့ Skin Barrier ကို ဆေးပညာအရ ဘယ်လို ပြန်လည်တည်ဆောက်မလဲ?

ဒီလို ကျိုးပေါက်ပျက်စီးနေတဲ့ Skin Barrier ကြီးကို Skincare တွေ ပြောင်းသုံးရုံ၊ သာမန် Moisturizer လိမ်းရုံနဲ့ ချက်ချင်း ပြန်လည်တည်ဆောက်ဖို့တော့ခက်ခဲအချိန်ယူရပါတယ်။ ရမ်းသန်းပြီး Treatment တွေ လုပ်မိရင်လည်း ပိုပြီး နီမြန်းယောင်ရမ်းလာနိုင်တဲ့ဆိုးကျိုးလဲ ရှိပါတယ်။

ဒီလို အလွန်အမင်း နူးညံ့ပြီး ထိခိုက်လွယ်နေတဲ့ အသားအရေမျိုးကို ခန့်မှန်းကုသတာမျိုး မလုပ်ပဲ လူတဦးတယောက်ခြင်းစီရဲ့ လက်ရှိ Skin Barrier ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီးမှဆဲလ်အဆင့်ကနေ ပြန်လည်မွေးဖွားပေးနိုင်တဲ့ (Cellular Regeneration) Exosome နည်းပညာတွေ၊ Medical-Grade Calming Therapy တွေနဲ့ ပေါင်းစပ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ မူလ အသားအရေ (Healthy Skin Barrier) ကို စနစ်တကျ ပြန်လည် တည်ဆောက်ပေးဖို့လိုပါတယ်။

အသားအရေ ပိုမိုပါးလွှာပျက်စီးပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ ဆိုးရွားတဲ့ အခြေအနေ မရောက်ခင်ကုသမှုယူနိုင်ရင်တော့အကောင်းဆုံးပါ။

28/09/2026

💊အွန်လိုင်းပေါ်မှာ Omega-3 (ငါးကြီးဆီသောက်ရင် ဝက်ခြံပျောက်တယ်၊ အရေးအကြောင်း သက်သာတယ်ဆိုပြီး ပြောဆိုကြော်ငြာလေ့ရှိကြပါတယ်။ ဆေးပညာလေ့လာမှုတွေအရ တကယ်ပဲ အထောက်အထားခိုင်မာရဲ့လားဆိုတာ စမ်းစစ်ကြည့်ရအောင်ပါ

❌ ဝက်ခြံ (Acne) အတွက် ပင်မဆေးမဟုတ်ပါ

ဝက်ခြံပျောက်ဖို့ သက်သက် Omega-3 သောက်တာက မထိရောက်ပါဘူး။ ဒါပေမဲ့ ဝက်ခြံပြင်းထန်လို့ Isotretinoin ဆေးသောက်နေရသူတွေမှာတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နှုတ်ခမ်းခြောက်တာ၊ အရေပြားခြောက်တာနဲ့ သွေးတွင်းအဆီ (Triglycerides) တက်တာတွေကို သိသိသာသာ သက်သာစေပါတယ်။

✅ စိုရိုင်းယားစစ် (Psoriasis) နဲ့ အရေပြားယားယံခြင်းပြဿနာ

Omega-3 ကို ပမာဏလုံလောက်စွာ (နေ့စဉ် 1,800 mg မှ 5,400 mg အထိ) သောက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်း ယောင်ရမ်းမှုကို ကျဆင်းစေလို့ အရေပြားနီမြန်းတာ၊ အကြေးခွံလိုအဖတ်ထတာတွေကို သက်သာစေကြောင်း လေ့လာမှုတွေရှိပါတယ်။ ဒါပေမဲ့ (Eczema) လိုအရေပြားယားယံ ယောင်ရမ်းပြဿနာအတွက်တော့ သက်သေပြချက် သိပ်မခိုင်မာသေးဘဲ ရေဓာတ်ဖြည့်ခရင်မ် လိမ်းတာက ပိုထိရောက်နိုင်ပါလိမ့်တယ်။

❌ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်း (Anti-aging)

Omega-3 က အရေပြား စိုပြည်မှုကို အထောက်အကူပြုပေမဲ့ အရေးအကြောင်းတွေကို ပျောက်စေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး။ အရေးအကြောင်းအတွက်ဆို နေရောင်ကာခရမ် (Sunscreen) နဲ့ Retinoids တွေကသာ တကယ့် Hero တွေဖြစ်ပါတယ်။

⚠️ မသောက်ခင် သတိထားသင့်တဲ့ အချက်များ

သွေးကျဲစေခြင်း: သွေးထွက်လွယ်စေတဲ့ အာနိသင်ရှိလို့ သွေးကျဲဆေး သောက်နေသူတွေသတိထားပါ။ အစာအိမ်မအီမသာဖြစ်ခြင်း: ငါးညှီနံ့တက်ပြီး ပျို့အန်ချင်သလို ဖြစ်တတ်ပါတယ်။

အရည်အသွေးစစ်ဆေးပါ: အရည်အသွေးမကောင်းတဲ့ သို့မဟုတ် သက်တမ်းလွန်နေတဲ့ ငါးကြီးဆီတွေက ခန္ဓာကိုယ်ရဲ့ ယောင်ရမ်းမှုကို ပိုဆိုးစေနိုင်ပါတယ်။

💡 အနှစ်ချုပ်ပြောရရင် Omega-3 ဟာ အရေပြားနဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပေမဲ့ "Magic Pill" တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အရေပြားပြဿနာအလိုက် လိုအပ်မှသာ သေချာရွေးချယ်သောက်သုံးဖို့အကြံပြုလိုပါတယ်။

Category

Website

Address


Kabaraye Pagoda Road
Yangon
11061

Opening Hours

Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00

Alerts

Be the first to know and let us send you an email when Skin 101 by Dr. Kaung Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.