Elizabeth Arden Myanmar-Official Store

Elizabeth Arden Myanmar-Official Store

Share

Welcome to the official page of Elizabeth Arden Myanmar-Offical Store.

17/11/2024

ဆောင်းတွင်းရောက်လာတာနဲ့ လေမှာ အစိုဓါတ်လည်းနည်းလာပါတယ်။
အဲ့ဒီလေဒဏ်က ခန္ဓာကိုယ်အသားအရည်ရဲ့အစိုဓါတ်တွေကို ဆုံးရှုံးစေပါတယ်။ဆောင်းက အေးပြီဆိုရင် အာရုံတက် နဲ့ ညဘက်လောက်ပဲအေးတာဆိုပေမဲ့ နေ့လည်နေ့ထွက်ပြီဆိုရင် နေရော၊ လေရောကအရမ်းပူတာခံစားမိကြမှာပါ။🔥
အသားကိုတိုက်ရိုက်များထိရင် လောင်သွားသလိုတောင်ခံစားရပါတယ်။
အဲ့တော့ဆောင်းတွင်းမှာ အေးရင်လည်းအသားပက်တယ်။
ပူတော့လည်း အရမ်းအသားခြောက်ပြီး အက်ရာလေးတွေထင်တာ၊ ကြမ်းတာမျိုးလေးတွေဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်အသားအရည်ဆိုတာမျိုးက မျက်နှာနဲ့ယှဉ်ရင် ဖြစ်သလိုထားမိတတ်တယ်။
ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုဒဏ်ကိုလည်းပိုခံရတယ်။
🔸ဒါကြောင့် White Tea Body Cream လိုမျိုးအစိုဓါတ်ကိုအပြည့်အဝ ထိန်းပေးထားတဲ့ Body Moisturizer မျိုး....
🔸ထိခိုက်ထားတဲ့အနာအဆာလေးတွေကို သိသိသာသာနူးညံ့သွားအောင်ပြုပြင်ပေးတာမျိုး....
🔸နေထိ၊ လေထိ နဲ့ ယားတာ၊ စပ်တာ ၊နီတာမျိုးတွေသက်သာစေပြီး အသားလေးအေးနေအောင် လုပ်ပေးမဲ့ Body Moisturizer မျိုးက အခုချိန်ကိုယ့်မှာအဆင်သင့်ရှိသင့်ပြီနော် 💯
ဒီတော့ ဆောင်းတွင်းမရှိမဖြစ် List ရဲ့ ထိပ်ဆုံးက White Tea Body Cream ကိုဝယ်ယူချင်ရင်တော့ Messenger မှာအခုပဲလာမေးလိုက်တော့နော် 💭

16/11/2024

ဒီနှစ်ခုထဲက ဘာပဲသုံးသုံး
သုံးဖူးတဲ့သူလက်ဆောင်ယူအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ပြီနော် 🎉
စည်းကမ်းလေးတွေကရ်ုးရိုးရှင်းရှင်းပါပဲ
✳️White Tea Body Cream (or) Green Tea Body Mist
ဒီနှစ်မျိုးထဲကဘယ်ဟာကို သုံးဖူးလဲ ?
✳️ဘာကြောင့် ဒီ Product လေးတွေကိုကြိုက်တာလဲ?
✳️လက်ရှိသုံးနေတဲ့ဘူးကို ဓါတ်ပုံရိုက်ပြီး ဘာတွေကောင်းလဲဆိုတာကို ကိုယ်လက်တွေ့ခံစားရတဲ့အတိုင်းလေး comment မှာ မန့်ပေးရပါမယ်။
ပါဝင်သူအားလုဲးထဲကနေပြီးတော့ Winner (2) ဦးရွေးချယ်ပြီး မင်မင်တို့က Revlon skin reviving roller လေးလက်ဆောင်ပေးသွားမှာပါ။
Revlon skin reviving roller လေးကတော့ မျက်နှာအသားအရည် သွေးလည်ပတ်မှုကောင်းအောင်လုပ်ပေးပြီး အသားအရည်ကိုတင်းရင်းလှပ‌စေပါတယ်နော်
အခုကစပြီစ နိုဝင်ဘာလ (၃၀) ရက်နေ့အတွင်းမန့်ထားတဲ့ comment ပိုင်ရှင်တွေထဲကနေရွေးချယ်သွားမှာဖြစ်လို့ ရက်မကျော်ခင်အခုပဲမန့်လိုက်တော့နော် 💭

#

11/11/2024

ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်‌ပေးနေတာသေချာပြီလား❓

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးတတ်ပြီလို့တွေးပေမဲ့ လက်တွေ့မှာ self-love လျော့နည်းနေတာမျိုးရှိတတ်ပါတယ်။
ဒါကြောင့် ပြန်ဆန်းစစ်ကြည့်ဖို့ ဘယ်နှမှတ်ရလဲဆိုတာ ဖြေကြည့်ပါဦး‌နော်
ကိုယ့်ကိုယ်ကိုယ်အပြည့်အဝချစ်တတ်ရင် သူများဆီက သိန်းနှစ်ရာဖိုးအချစ်တွေလည်းမလိုတော့ဘူးနော်🤭
ပြည့်စုံတဲ့အချိန်ရော၊ အားနည်းကျရှုံးချိန်ရော
အချိန်တိုင်းမှာကိုယ့်ကိုယ်ကိုယ်ချစ်ပါ။
ကောင်းတဲ့အရာတွေနဲ့အမြဲ treat လုပ်ပါ။
ပျော်အောင်နေပါ။
Skincare ပါ✨

09/11/2024

White Tea Body Cream က Lightweight ဖြစ်တဲ့ Body Cream မို့လို့ Work out လုပ်တာကို အနှောက်အယှက်ဖြစ်စေတာမျိုးမရှိပါဘူး။💯
သူ့ရဲ့ အနံ့ကြောင့် ကိုယ့်စိတ်ကိုတောင် ပိုပြီးအထောက်အကူပြုပါတယ်။
အမြဲ Gym ဆော့တဲ့အမျိုးသမီးတွေဆိုရင် White Tea လို Body Cream ကမရှိမဖြစ်လို့တောင်ပြောလို့ရတယ်။
ကိုယ်လက်လှုပ်ရှားလုပ်တော့ ချွေးအမြဲထွက်တဲ့အခါမှာ အသားရည်ရဲ့အစိုဓါတ်ဆုံးရှုံးပါတယ်။
ဒူး၊ တံတောင်၊ ခြေကျင်းဝတ်တွေဆိုရင် အသားခြောက်တာမျိုးလေးတွေပိုဖြစ်တတ်တယ်။
တစ်ခါတစ်လေ ပြင်းထန်တဲ့ Activity မျိုးဆိုရင် ကိုယ့်ခန္ဓာကိုယ်အသားအရည်မှာ နီးမြန်းတာ၊ အသားယားယံတာမျိုးလေးတွေတောင်ဖြစ်တတ်ပါတယ်။
🟢White Tea Body Cream က Antioxidant အာနိသင်ကြွယ်ဝပြီး Shea Butter ပါဝင်တာကြောင့် အစိုဓါတ်မဆုံးရှုံးရအောင် moisture lock လုပ်ပေးထားနိုင်တယ်။
🟢နီးမြန်းရောင်ရမ်းခြင်းကို သက်သာစေပြီးတော့ အသားလေးအေးနေအောင် ထိန်းသိမ်းပေးထားတယ်။
🟢အသားအရည်အပေါ်ယံလွှာကို ချောမွေ့အောင် ပြုပြင်ထိန်းသိမ်းပေးပြီးတော့ Skin barrier တွေပိုကောင်းလာစေပါတယ်။
🟢ချွေးအလွန်အကျူးထွက်တဲ့အချိန် စေးတာကပ်တာမကြိုက်ဘူးဆိုရင် Gym မဆော့ခင်မှာ ခပ်ပါးပါးလေးလိမ်းပါ။
ဒါပေမဲ့ Body Cream ကိုနှမြောရင်တော့ After Work out မှာ ရေချိုးသန့်စင်ပြီးမှ လိမ်းပါ😁

05/11/2024

Glow and Bold ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့
ကိုယ့်နားမှာ လုံးဝမထားရမဲ့အရာတွေကို သေချာသတ်မှတ်ထားဖို့လိုပါတယ်။💯
ဒါကို self - boundaries ထားတယ်လို့ခေါ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့သူတိုင်းကဒါမျိုးထားရပါမယ်။
ဘာလို့လဲဆိုတော့ Glow and Bold ဖြစ်ဖို့ဆိုတာ စိတ်ရော လူရော ဂရုစိုက်ပေးရမှာပါ။
🔺ကိုယ့်ကိုမျက်မှောင်ကြုံ့သွားစေတဲ့ အကြောင်းအရာ
🔺ကိုယ့်ရဲ့အလှအပနဲ့ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ bad habits
🔺ကိုယ့်ကို ချစ်ခြင်းမေတ္တာထက် စိတ်သောကပေးတဲ့ ပါတနာ
ပြောရမယ်ဆိုရင် Stress ဖြစ်စေတဲ့အရာမှန်သမျှကို ကန့်ရမှာပါအမျိုးသမီးတို့ရေ ....
ကြာကြာထားလို့ကောင်းတာကတော့ skincare တွေနဲ့ ပိုက်ဆံပေါ့ရှင် 🤭
🔸အဲ့တော့ မှာချင်တာက ရေဓါတ်ပြည့်အောင်နေ
🔸စိတ်ညစ်စရာတွေကြာကြာမထားနဲ့
🔸အိပ်ရေးဝအောင်အိပ်
🔸အသားအရည်ကိုဂရုစိုက်
🔸အစားအသောက်ကောင်းကောင်းစား
🔸ကိုယ့်ကိုယ်ကိုယ်ကောင်းတာတွေနဲ့များများ treat ပေး
🔸ကိုယ့်ကိုယ်ကိုယ်သေချာဂရုစိုက်၊ Invest လုပ်
အဲ့ကျရင် ကိုယ်နဲ့ထိုက်တန်တာမှန်သမျှ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာအကုန် ကိုယ့်ဆီရောက်လာလိမ့်မယ်။
U don't need to chase anymore.
U attract girls✨
အဲ့တော့ ဒါလေးတွေက အရှင်းဆုံး reminder လေးတွေဖြစ်စေမယ်လို့မင်မင်မျှော်လင့်ပါတယ်နော်
တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတာလေးတွေမတူနိုင်ဘူးဆိုတော့ အမျိုးသမီးတွေနားမှာ လုံးဝမရှိသင့်ဘူးလို့ယူဆတဲ့အရာတွေကိုမျှဝေပေးသွားပါဦး💌

# Bodymist

01/11/2024

ရေချိုးပြီးချိန်၊ ကိုယ်လက်သန့်စင်ပြီးချိန်မှာ Body Cream ကိုလိမ်းပေးတာက အသားထဲပိုပြီးစိမ့်ဝင်ပါတယ်။
ဒါတော့မင်မင်အမြဲပြောလွန်းလို့အလွတ်ရလောက်ပြီနော်😁
ဒါပေမဲ့ ဝှက်ဖဲတစ်ခုကျန်သေးတယ်🤭
ကိုယ်ချိုးတဲ့ရေကလည်း သက်ဆိုင်မှုရှိတယ်ဆိုတာသိပြီးပြီလား❓
•ပုံမှန်အခန်းအပူချိန်ရေရှိတယ်။
•ရေအေးရှိတယ်။
•ရေနွေးရှိတယ်။
များသောအားဖြင့် တစ်နေ့တာလုံးပင်ပန်းလာရင် ရေနွေးလေးနဲ့ချိုးလိုက်မှ ပိုလန်းသွားသလို....
ပင်ပန်းတာတွေပြေပျောက်သွားသလိုရှိကြတယ်မလား?
ရေအေးလေးကျတော့လည်း ချိုးပြီးတာနဲ့ လန်းသွားတာမျိုး
ရေ (၃) မျိုးလုံးက ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော သက်ရောက်မှုရှိတာတော့အမှန်ပါပဲ။
ဒါပေမဲ့ ဘယ်ရေအမျိုးအစားနဲ့ချိုးလိုက်ရင်တော့ White Tea Body Cream လိမ်းတဲ့အခါ ပိုပြီး supportive ဖြစ်တယ်ဆိုတာမျိုးရှိတယ်။
ဒီတစ်ခါ မင်မင်မပြောပြသေးဘူး။
အရင်ဖြေခိုင်းဦးမယ်🤭
အဲ့တော့ ဒီ (၃) မျိုးထဲက ဘာဖြစ်မယ်ထင်လဲ❓
မှားမှားမှန်မှန် ‌ဝင်ဖြေသွားကြနော်
မင်မင်လည်း comment မှာ အဖြေပြန်ပေးသွားမယ်နော် 🥰

29/10/2024

တချို့ရက်တွေမှာ အသားရောင်က ပုံမှန်လိုမဟုတ်ဘဲ နည်းနည်းအရောင်ညစ်သလိုဖြစ်နေတာမျိုးကြုံဖူးကြလာ❓
ကိုယ်ဝတ်တဲ့အရောင်နဲ့လည်းဆိုင်တယ်ဆိုပေမဲ့ ဝတ်နေကြအရောင်နဲ့ကိုမှ အသားမလက်သလိုဖြစ်နေတာမျိုးကြုံဖူးကြမှာပါ။
ဒါက ရေဓါတ်ခမ်းခြောက်ရင်လည်းဖြစ်တတ်တယ်။
ဆဲလ်သေတွေစုသွားရင်လည်းဖြစ်တတ်တယ်။
ပတ်ဝန်းကျင်ရဲ့ လေဒဏ်၊ နေဒဏ်တွေကြောင့်လည်း အသားအ‌ရေညစ်သွားတတ်တယ်။
Elizabeth Arden White Tea Body Cream ကိုပုံမှန်လိမ်းပေးရင်တော့ ဒီလိုရက်ရွေးပြီး ကွက်မှောင်တာမျိုးမဖြစ်တော့ဘူးနော်🥰
White Tea Body Cream က အသားရည်အတွင်းပိုင်းထိ ရေဓါတ်ဖြည့်ပေးတယ်။
အသားရည်ရဲ့အပေါ်ယံလွှာလေးတွေပျက်စီးနေတာကိုလည်း ပြုပြင်ပေးနိုင်တယ်။
အဖုအထစ်သေးသေးလေးတွေ၊ အမဲစက်တွေဒါလေးတွေကို ဖြည်းဖြည်းချင်းပပျောက်သွားအောင်လုပ်ပေးနိုင်တယ်။
Texture အိအိ၊ အနံ့မွှေးမွှေးနဲ့ဆိုတော့ စိတ်ကိုလည်းလန်းဆန်းစေတယ်။
အသားညစ်စေတဲ့အကြောင်းတွေထဲမှာ စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။
ပြောမယ်ဆိုရင် ကိုယ်တွင်းပြင်ပ နှစ်ခုစလုံးကနေ အားဖြည့်ပြီးကာကွယ်ပြုပြင်ပေးတဲ့သဘောပါရှင်
တစ်ဘူးဝယ်ပြီး ကြာကြာသုံးလို့လည်းရ၊ Quality ကောင်းပြီး effective ဖြစ်တဲ့ White Tea Body Cream ကိုလိုချင်ရင်တော့ မြန်မာနိုင်ငံအတွက် တရားဝင်ဖြန့်ချိရောင်းချခွင့်ရထားတဲ့
▪ဂမုန်းပွင့်(စံရိပ်ငြိမ်)-Revlon ကောင်တာ
▪ဂမုန်းပွင့် (ကမ္ဘာအေး) -Revlon ကောင်တာ
▪Market Place (HAGL)- Revlon ကောင်တာ
▪Ocean (ရွှေ၈ုံတိုင်) - Revlon ကောင်တာ
▪Sule Square (Revlon Showroom)
▪Ocean ( Mingalar Mandalay) - Revlon ကောင်တာ
▪ရီရှင်း စတိုး(မန်းလေး) (Revlon ကောင်တာ)
▪Fashion စတိုး(တောင်ကြီး)(Revlon ကောင်တာ)မှာ ဝယ်ယူရရှိနိုင်ပါတယ်။

27/10/2024

ကားတွင်းအပူချိန်က နွေရာသီဆို အရမ်းပူတယ်။
ဆောင်းရာသီဆို အေးခဲတဲ့ထိကျသွားတတ်တယ်။

♦️အဲ့တော့ အဲ့လိုအပူချိန်မငြိမ်တဲ့နေရာမှာ Green Tea Body Mist ကိုထားခဲ့ရင်ဘာတွေဖြစ်မလဲ❓

အရမ်းပူတဲ့အခါ သူ့မှာပါတဲ့ notes လေးတွေထိခိုက်ပြီး အနံ့ပြယ်တတ်တယ်။ ဒါမှမဟုတ် အနံ့ပြောင်းသွားတတ်တယ်။
အရမ်းအေးသွားရင်လည်း Body Mist အရည်ဖြစ်ဖို့ဖွဲ့စည်းထားရတဲ့ oil တို့ရေတို့ တစ်ခြားပါဝင်ပစ္စည်းတွေကခဲပြီး တစ်ခွဲစီဖြစ်ကုန်တယ်။
ပုံမှန်ဆို ‌တစ်သားတည်းဖြစ်နေလို့ဖြန်းလို့အဆင်ပြေတာပါ။
တစ်ခွဲစီဖြစ်ကုန်တော့ အပေါ်ကလိုပဲ အနံ့တွေပြယ်၊ အနံ့ပြောင်းသွားတာမျိုးတွေဖြစ်ကုန်ပါတယ်။
ကားပြတင်းပေါက်တွေကနေ နေရောင်ခြည်တွေဝင်တာရှိတယ်။ အဲ့တော့ပူတယ်။
ပူတော့ အနံ့ပဲထိခိုက်တာမဟုတ်ဘဲ Body Mist ဘူးရဲ့ဖြန်းရတဲ့ခေါင်းတွေနဲ့ ဘူးပါထိခိုက်ပြီး Body Mist ယိုတာ၊ ဖြန်းတဲ့အခါလည်း ကောင်းကောင်းထွက်မလာတာတွေဖြစ်ကုန်ပါတယ်။
ဒါကြောင့် သိမ်းမယ်ဆိုရင် အခန်းအပူချိန်ရှိပြီးခြောက်သွေ့အေးမြတဲ့နေရာမျိုးမှာထားပါ။
နေရောင်နဲ့တိုက်ရိုက်မထိအောင်ထားပါ။
ဖြန်းပြီးရင် ဘူးကိုလည်း စနစ်တကျ အဖုံးပြန်ပိတ်သိမ်းပါ။
ထားတဲ့ပုံစံကိုလည်းအတည့်အတိုင်းသိမ်းပါ။
‌အိတ်ထဲမှာဇောက်ထိုးတွေဖြစ်နေတာမျိုးများလာရင် နောက်ပိုင်း body mist စိမ့်ထွက်တာမျိုးတွေဖြစ်လာပါလိမ့်မယ်။
ဝယ်ပြီးသုံးနေရုံနဲ့မပြီးဘူးနော် 🤔
သေချာထားဖို့လည်းလိုတယ်။
Quality ကောင်းတဲ့ပစ္စည်းတွေ အလကားဖြစ်ကုန်ရင် အသည်းကွဲရမယ်နော် လေဒီတို့ရေ 🥲

25/10/2024

ခန္ဓာကိုယ်အသားအရည်မှာလည်း တကယ့်အသက်ထက်ပိုရင့်သလိုဖြစ်သွားစေတာတွေရှိပါတယ်။
ကြုံဖူးကြမှာပါ။
🟢လက်တွေ၊ ခြေထောက်တွေမှာ အသားပတ်သလိုလိုဖြစ်တာ
🟢အမြှောင်းသေးသေးလေးတွေပေါ်နေတာ
🟢လှုပ်ရှားလိုက်တိုင်း ကြပ်ကြပ်တင်းတင်းခံစားရတာ
🟢စိုပြေကြည်လင်မနေဘဲ ကိုင်လိုက်ရင် ခပ်စူးစူးကြမ်းကြမ်းလေးတွေဖြစ်နေတာ

ဒါလေးတွေက အသေးစိတ်ပေမဲ့ Overall အပြင်ပိုင်းပုံစံကိုပါသက်ရောက်မှုရှိပါတယ်။
အပြင်ပိုင်းနေဒဏ်၊ လေဒဏ်တွေနဲ့ထိတွေ့ရတာတွေကြောင့်လည်း အသားရည်အပေါ်ယံလွှာဆဲလ်တွေထိခိုက်ပျက်စီးလာတာမျိုးလည်းဖြစ်တတ်ပါတယ်။
skin barrier လို့ခေါ်တယ်ပေါ့နော်✨
သူလေးက ပြင်ပက ဖုန်မှုန်၊ နေဒဏ်၊ လေဒဏ်ဒါတွေကို အသားအရည်အတွင်းပိုင်းနဲ့မထိအောင် ကြားကနေကာထားပေးတာ
သူလေးအားနည်းပျက်စီးလာတဲ့အခါ အသားအရည်အတွင်းပိုင်းမှာ ရေဓါတ်ဆုံးရှုံးနိုင်ခြေပိုများတယ်။
အသားအရည်ကိုထိခိုက်နိုင်မှုပိုများလာတယ်ပေါ့နော်
ဒီလိုမဖြစ်အောင် White Tea Body Cream ကအပြည့်အဝအားဖြည့်ပေးနိုင်ပါတယ်။💯
🔺Skin barrier တွေကိုပိုကောင်းလာစေတယ်။
🔺ရေဓါတ်ကို ရာနှုန်းပြည့်ဖြည့်ပေးတယ်။
🔺အသားအရည်ကိုစင်းလုံးချောဖြစ်အောင် ဖြည်းဖြည်းချင်းပြုပြင်သွားပေးပါတယ်။
ကဲ ဒီတော့ ပျိုမေတို့ဘက်က ပုံမှန်လေးတော့လိမ်းပေးသွားဖို့လိုမယ်နော်
ဘာလို့ဆိုတော့ မျက်နှာတစ်ခုပဲမဟုတ်ဘူး။
ခန္ဓာကိုယ်အသားအရည် လျော့ရဲမှု၊ ပျက်စီးမှုကလည်း ကိုယ့်ကိုယ်အသက်ပိုကြီးသလိုထင်ရစေနိုင်တယ်။
ညအိပ်ခါနီးတိုင်း White Tea Body Cream လေးနဲ့နှိပ်နယ်ပြီးအိပ်
အိပ်ရာထဲလှဲလိုက်တာနဲ့ ပင်ပန်းထားသမျှ လစ်ပဲ😁💯

24/10/2024

Inner Beauty Day အတွက် အလှတရားအစစ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုရင်း Green Tea Body Mist တွေရသွားတဲ့ Winner တွေထွက်ပေါ်လာပါပြီ 💥
ဒီ online ပြိုင်ပွဲလေးလုပ်တဲ့အခါ ပါဝင်ပေးတဲ့အမျိုးသမီးတစ်ယောက်ချင်းစီတိုင်းကို စိတ်ရင်းနဲ့တကယ်ကျေးဇူးတင်ပါတာ်။
Inner beauty ကိုအလေးထားတတ်တဲ့အမျိုးသမီးတွေကိုတစ်စုတစ်စည်းတည်းတွေ့လိုက်ရတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။
အပြင်ပိုင်းကဘယ်လိုခြယ်သပြင်ဆင်နေပါစေ
အတွင်းစိတ်ရဲ့တွေးခေါ်ပုံ၊ အယူအဆတွေကပဲ မိန်းမတစ်ယောက်ရဲ့တန်ဖိုး နဲ့ လုပ်ရပ်တွေဖြစ်လာတာပါ။

ဒါကြောင့် အမြဲမအိုသွားမဲ့ စိတ်နှလုံးသားကိုလည်း အလှဆင်ကြဖို့ မင်မင်တို့ကတိုက်တွန်းချင်ပါတယ်။

Winner ဖြစ်သွားတဲ့အမျိုးသမီးများ congratulations ပါ🎉
ကိုယ့်အသိ၊သူငယ်ချင်းတွေပါရင် သူတို့သိရအောင် mention ခေါ်ပေးကြပါဦးနော်

19/10/2024

Body Mist မှာလည်း သူ့ဖြန်းနည်းနဲ့သူနော် 🤭
သုံးတဲ့သူချင်းတူတူ ပိုမွှေးနေတဲ့အကြောင်းကိုပြောပြမယ်။
တကယ်ကပိုမွှေးသွားတာမဟုတ်ဘူး။
အနံ့ကဖြန်းတဲ့တစ်နေရာမှာပဲ စုမနေဘဲ ပျံ့သွားတာ💫
သွေးခုန်နှုန်းစမ်းတဲ့နေရာလေးတွေကို ပုံမှာပြထားပေးတယ်နော်
အဲ့နေရာလေးတွေက သွေးခုန်‌နေတဲ့အတွက် အပူဓါတ်၊ အနွေးဓါတ်လေးရှိတယ်။
အဲ့အနွေးဓါတ်က ကိုယ့်ဖြန်းထားတဲ့ Body Mist ကို ပိုပြီးပျံ့နှံသွားအောင် လုပ်ပေးတယ်။
ဒီတော့ တစ်ကိုယ်လုံးကို အနံ့လေးပြန့်ပြီးကာမိစေတယ်။
ဒီတော့ပိုမွှေးစေသလိုဖြစ်သွားတာပေါ့ ✨
နောက်တစ်ချက်ရှိသေးတယ်။
အနွေးဓါတ်က တရိပ်ရိပ်နဲ့ဖြည်းဖြည်းချင်း အနံ့လေးကျန်နေအောင်ထိန်းထားပေးနိုင်သေးတယ်။
ဒီတိုင်းဖြန်းလိုက်တာထက်စာရင် နည်းနည်းလေးအနံ့ပိုကြာကြာခံတယ်။
ဒီတော့ နည်းနည်းဖြန်းပြီး ဖြန်းသလောက်သင်းပျံ့နေစေမဲ့နည်းလမ်းလေးအတိုင်းစမ်းကြည့်နော်
အော် ....ဒါနဲ့ Body Mist က ဆံပင်ကိုလည်းဖြန်း‌လို့ရတယ်နော်
ဆံပင်ကိုအစိုဓါတ်ဖြည့်ပေးတဲ့ အာနိသင်ရှိပါတယ်။
ဒါကြောင့် အရည်အသွေးတကယ်ကောင်းပြီး ဝယ်ထားလို့နောင်တမရမဲ့ Body Mist မျိုးရှာနေရင်တော့ Elizabeth Arden ရဲ့Green Tea Body Mist လေးကို ရွေးချယ်သင့်ကြောင်း မင်မင်တို့ကမျှဝေပေးလိုက်တယ်နော် 🤭

17/10/2024

ဝါလကင်းလွတ်သီတင်းကျွတ်မှာ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ဆုံနိုင်ကြပါစေ✨
ချစ်ခြင်းမေတ္တာတွေဝေမျှရင်း
ကုသိုလ်တရားနဲ့ဖြတ်သန်းရင်းနဲ့ အကြည်ဓါတ်လေးတွေပွားများနိုင်ပါစေလို့ Elizabeth Arden မိသားစုကဆုတောင်းပေးပါတယ်နော် 🥰
ဒီသီတင်းကျွတ်ကာလမှာ ပြုရတဲ့ကုသိုလ်ကောင်းမှုအကျိုးတွေကို နှစ်မကူးခင် လက်ကျန်လတွေမှာ ပြန်ရပြီး စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆန္ဒပြုပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


New Link Marketing Limited, No(123/124), Pinlon (4)Street, 27Quarter, Dangon(North)
Yangon