Khaing Zin Htay - Financial Advisor

Khaing Zin Htay - Financial Advisor

Share

life insurance

Photos from Khaing Zin Htay - Financial Advisor's post 20/11/2024

AIA Myanmar က ကင်ဆာဝေဒနာခံစားနေရသူများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ပြုလုပ်တဲ့ Cancer Support CSR လူမှုအကျိုးပြုပွဲလေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့၊ Pan Pacific Hotel မှာ ကင်ဆာဝေဒနာရှင်များနှင့်အတူ မိသားစုဝင်များဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲအခမ်းအနားမှာ ဆေးဝါးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အာဟာရပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အရေးကြီးတဲ့ ဗဟုသုတများအပြင် အဖိုးတန်အတွေးအမြင်များကို ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပြည်သူချစ်တဲ့ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ဖွေးဖွေး တို့မှ အပြန်အလှန်ဆွေးနွေးမှုများဖြင့် အဓိကထား မျှဝေးပေးခဲ့ပါတယ်။

အခမ်းအနားကို ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့သော မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြတဲ့ ပန်းလှိုင်ဆေးရုံ၊ Honest Hour နှင့် City Care တို့ကိုလည်း AIA Myanmar မှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခမ်းအနား တက်ရောက်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း AIA Myanmar မှ အထူးပင် ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားအပ်ပါတယ်။ ဒီပွဲလေးကနေ ကျွန်တော်တို့ရဲ့ လှုမှုအသိုင်းအဝန်းအတွက် အထောက်အကူတစ်စုံတစ်ရာ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ AIA Myanmar နှင့်အတူ သက်ရှည်ကျန်းမာပြီး ပိုမိုကောင်းမွန်တဲ့ဘဝများကို ရယူပိုင်ဆိုင်လိုက်ကြစို့နော်။

On October 26, 2024, AlA Myanmar proudly hosted a heartfelt Cancer Support CSR event at the Pan Pacific Hotel, dedicated to uplifting and empowering individuals living with cancer and their families.

The event featured insightful discussions led by experts and our beloved actress Phway Phway on key aspects of cancer care, including medical, mental, nutritional, and financial care. These interactive sessions provided attendees with essential knowledge and valuable perspectives.

We extend our deepest gratitude to our invaluable partnersPun Hlaing Hospital, Honest Hour, and City Care - whose generous contributions made this meaningful gathering possible.

AIA Myanmar also extends its sincere appreciation to every participant who attended and contributed to the success of this event. We believe this event can contribute the betterment in our organization. AIA Myanmar will always be thriving to provide Healthier, Longer, Better lives.

04/10/2024

1-အသက်အာမခံ ထားတာရယ်😊

2-ဘဏ်မှာ ငွေစုတာရယ်😊

3-အိမ်မှာ ရွှေဝယ်စုတာရယ် 😊

4-မြေဝယ်စုတာရယ်😊

ဘယ်ဟာက ပိုစိတ်ချရမလဲ ??😇

ဝေခွဲရခက်နေတယ်ဆိုရင် ကျွန်မအကြံပြုလိုတာကတော့

no-1 ကိုပဲ ဖြစ်ပါတယ်။
1-အသက်အာမခံဝယ်ခြင်းသည် ရှင်သန်နေစဥ်မှာလဲ အကျိုးရှိပါတယ်။

နောင်ရေးအတွက်လည်းရင်းနှီး မြှပ်နှံမှုပါဝင်တာ
ဖြစ်သည့်အတွက် မိမိရဲ့ Retirement Time အတွက်လဲ ပူပန်စရာမလိုတော့ပါဘူး။

ထာဝစဥ်မသန်စွမ်းခြင်းကိစ္စများနှင့် ကြုံတွေ့လာခဲ့သော် ဆေးကုသရန်အတွက်လည်း စီမံပြီးသားဖြစ်ပါတယ်။

အကယ်၍ သေဆုံးသွားခဲ့သော် မိမိချစ်ခင်သူများရဲ့ အနာဂတ်အတွက်ကျန်းမာရေး၊ပညာရေး၊
စားဝတ်နေရေးကိစ္စရပ်တွေကို အစီအမံပေးနိုင်တဲ့ ငွေကြေး အလုံအလောက် ထားခဲ့နိုင်ပါမှာဖြစ်လို့

မိတ်ဆွေအတွက် Peace of Mind အမှန်တကယ်ဖြစ်စေမှာပါ။

အဲ့ဒါကြောင့်. မိတ်ဆွေ အာမခံထားဖို့ နောက်မကျ

ပါစေနဲ့နော်😘😘😘

Khaing Zin Htay
Financial Services Consultant
09797043720
09755711735
[email protected]

15/09/2024

ကျန်းမာရေးအာမခံ
အရေးပေါ်ဆေးရုံတက်ရပြီဆို အဓိကလိုအပ်တာက ငွေကြေးပါ အဲဒီငွေကြေးအတွက်ကိုယ်စားကျခံပေးမှာက AIAပါ

ဒါတင်မက ဘယ်လိုဆေးရုံမှာတက်တက် ကိုယ်ကြိုက်တဲ့ဆေးရုံရွေးလို့လဲရတယ် နောက်ပြီး ပြည်တွင်းကဆေးရုံတွေမတက်ချင်ဘူး ပြည်ပမှာတက်ချင်လည်းရတယ် သွင်းရတဲ့ပမာဏနည်းနည်းလေးနဲ့အများကြီးကာကွယ်ပေးမှာက AIA ပါ

မွေးကင်းစ ရက် ၃၀ သားကနေ အသက် ၆၀အတွင်းသာဝယ်ယူလို့ရပါတယ်
အာမခံဝယ်ယူပြီး အာမခံထားသူရဲ့အသက်၈၀ပြည့်အထိထားနိုင်တဲ့အမျိုးအစားတစ်ခုပါ
ဆေးရုံတက်တဲ့ရက် ၁ရက်ပင်ဖြစ်ပါစေ ကျသင့်တဲ့ဆေးကုသစရိတ်အားလုံးကို AIA မှကျခံမှာဖြစ်ပါတယ်
နောက်ပြီး AIA ရဲ့ Partner ဆေးရုံတွေကိုရွေးရင် Cash Deposit တင်စရာမလိုဘူး ကဲ ဘယ်လောက်ကောင်းလိုက်လဲ

အာမခံအကာအကွယ်အနေနဲ့ကတော့ plan-1 to 7ရှိပါတယ်
Plan-1 37.5 သိန်း
Plan-2 75သိန်း
Plan-3 150သိန်း
Plan-4 300သိန်း
Plan-5 450သိန်း
Plan-6 750သိန်း
Plan-7 1200သိန်း အထိကျန်းမာရေးအာမခံထားရှိနိင်ပြီး အာမခံထားသူရဲ့ အသက် ၊ကျား-မ အပေါ်မူတည်ပြီးအမျိုးမျိုးရှိပါတယ်ရှင့်

အာမခံရှိထားတယ်ဆိုတဲ့အသိနဲ့ကို စိတ်အေးချမ်းသာစွာနေထိုင်နိုင်မယ်

သေဆုံးသွားခဲ့မယ်ဆိုရင်တောင် မိသားစုအတွက်ငွေရေးကြေးရေးအကာအကွယ်ပေးပြီးသားဖြစ်တယ်

ကဲမိတ်ဆွေတို့ရေ ကျန်းမာနေတုန်းအချိန်အတွင်းမှာသာ ဝယ်ယူနိုင်မှာဖြစ်လို့ အတွေးမမှားစေချင်ဘူး ချက်ချင်းပဲ ကျန်းမာရေးအာမခံ အကာအကွယ်ကိုချက်ချင်းယူလိုက်ပါနော်

အာမခံနှင့် ပတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Khaing Zin Htay
09-797043720/09-755711735
[email protected]
Financial Services Consultant

07/09/2024

#အာမခံဆိုတာ ထားချင်တဲ့သူတိုင်း
ထားခွင့်ရှိတာမဟုတ်ဘူးနော်

လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းပြီး
လျှောက်လွှာ အရင်တင်ရပါတယ်

သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီလား
စစ်ဆေးပြီး ထားခွင့်ပြုပါတယ်ဆိုမှ
ထားလို့ရတာမျိုးပါ

ဒီလျှောက်လွှာကို လက်ခံလို့မရပါဘူးဆိုပြီး အငြင်းခံရလို့ အာမခံထားခွင့်မရလိုက်သူတွေလည်း အများကြီးပါ

အဲ့ဒါကြောင့် ထားခွင့်ရတုန်းမှာ ကိုယ့်ဘက်က ပေးသွင်းငွေ အနည်းငယ်လောက်နဲ့

Riskတွေကို အာမခံကုမ္ပဏီတွေကို
မျှ ပေးနိုင်ဖို့ စဉ်းစားပါ.

ဆုံးရှုံးနိုင်ချေ(Risk) တွေအတွက် အာမခံအကာအကွယ်ဝယ်ယူထားခြင့်ဖြင့် ကိုယ်နဲ့ကိုယ့်မိသားစုအတွက် ငွေကြေးအထောက်အပံ့ကောင်းရနိုင်သလို ပိုကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာပါ AIA Myanmarက သင်နဲ့အတူရှိနေပါတယ်နော်

လိုအပ်ရင် ကျမနဲ့ တိုင်ပင်နိုင်ပါတယ်

Khaing Zin Htay
Financial Consultant
09-797943720/09-755711735
[email protected]

Financial Services

29/08/2024

Universal Life Insurance ဝယ်ယူခြင်း အကျိူး (6) မျိုး
1- Tax (Personal Income Tax) ကင်းလွတ်စေခြင်း။
ကိုယ်ပိုင်ဝင်ငွေခွန် များပြားစွာ ပေးဆောင်နေရသူများဟာ အသက်အာမခံဝယ်ယူထားမယ်ဆိုလျင် အခွန်ပေးဆောင်ရတာ ပိုမိုသက်သာစေနိုင်ပါတယ်။

2- ကိုယ့်အပေါ်မှီခိုနေရသူများအတွက် နောင်ရေး စိတ်အေးစေခြင်း။
မိမိဟာ Income Generator လို့ခေါ်တဲ့ မိသားစုရဲ့အဓိက ပင်မ ဝင်ငွေရှာနေသူဖြစ်ရင်တော့ ကျိန်းသေ အသက်အာမခံဝယ်ယူဖို့လိုကိုလိုအပ်နေပါပြီ။ ဒါမှသာ မှီခိုနေတဲ့ သားသမီးတွေ ရဲ့နောင်ရေး စိတ်အေးရမှာဖြစ်ပါတယ် ။
မမျှော်လင့်တဲ့ ကံကြမ္မာကြောင့် ရုတ်တရက်သေဆုံးခဲ့မယ် ဆိုလျှင် ကျန်ရစ်သူမိသားစု အတွက် အသက်အာမခံ သည်သာလျင် အမြန်ဆန်ဆုံး မိသားစုကို အထောက်ပံ့ချက်ချင်းပေးနိုင်မှာပါ။

3- Retirement Plan ( အိုမင်းချိန်အတွက် ကြိုတင်ပြင်ဆင်စုဆောင်းနိုင်ခြင်း)
အသက်အာမခံဟာ သေမှ ရတယ်ဆိုတာ အပြည့်အဝ မမှန်ကန်ပါဘူး။ သေမှရတဲ့အသက်အာမခံ အမျိုးအစားရှိသလို အသက်မသေခင်ကထဲက ကိုယ်ပေးသွင်းထားတဲ့ ပရီမီယမ်ကြေးတွေကို အတိုးပေးပြီးစုဆောင်းပေးထားတဲ့ အသက်အာမခံအမျိုးအစားဟာ Universal Life ပဲဖြစ်ပါတယ်။
Compounded Interest (တိုးရင်းပေါင်း) တွေနှင့်များပြားစုပုံလာတဲ့ သင့်စုဆောင်းငွေဟာ သင့်အတွက် တစ်နေ့ သင်အိုမင်းချိန်မှာ ပြန်လည်ထုတ်ယူ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

4- အသက်အာမခံလျော်ကြေးဟာ သင့်ရဲ့ အသက်ရှင်သန်စဉ်ကာလမှာတင်ခဲ့တဲ့ အကြွေးတွေကို ဖြေရှင်းပေးနိုင်တယ်။
အသက်အာမခံလျော်ကြေးဟာ သင်သေဆုံးပြီးနောက် ၇ ရက်အတွင်းလျင်မြန်စွာ ရရှိနိုင်တာမို့ သင်အသက်ရှိစဉ်မှာ တင်ရှိနေတဲ့ အိမ်အကြွေး/ကားအကြွေး စတဲ့ကြွေးမှီ တွေကို သင့်မိသားစု အခြေအနေမပျက် ပေးဆပ်နိုင်ပါသေးတယ်။

5- ကင်ဆာရောဂါလိုရောဂါဆိုးဖြစ်တဲ့အခါမှာလဲ အထောက်အကူပေးတယ်။
ကင်ဆာရောဂါဖြစ်ပွားခဲ့မယ်ဆိုလျှင် ဆေးကုသစာရိတ်ဟာ သင်တစ်သက်လုံးရှာဖွေ စုဆောင်း ထားသမျှ ကို တစ်ကြိမ်ထဲနဲ့ ကုန်ဆုံးသွားစေနိုင်တဲ့အပြင် အကြွေးပါတင်နိုင်ပါတယ်။
Universal Life Insurance မှာ ကင်ဆာ ရောဂါ ကိုယ်တွင်းမှာ ပြန့်ပွားလာတဲ့အခါ ဝယ်ယူထားတဲ့ အသက်အာမခံလျော်ကြေးရဲ့ 25 % ကို ကြိုတင်ထုတ်ယူသုံးစွဲပြီးဆေးကုသနိုင်တာဖြစ်ပြီး သင့်စုဆောင်းငွေကို နည်းနည်းမျှ မထိခိုက်စေပါဘူး။

6-ထာဝစဥ် မသန်စွမ်းဖြစ်သွားခဲ့သော် အာမခံထားငွေ ထုပ်ယူနိုင်ခြင်း
အကယ်၍ထာဝစဥ် မသန်စွမ်းဖြစ်သွားခဲ့သော် အာမခံ ပေါ်လစီအား ရပ်ဆိုင်းလိုက်ပြီး မိမိစာရင်းလက်ကျန်နှင့် အာမခံထားငွေအားလုံး ထုတ်ယူနိုင်ခြင်းကြောင့် မိသားစုရပ်တည်မှု ခိုင်မာစေမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ Universal Life Insurance ကို ဘာကြောင့် ဝယ်ယူသင့်သလဲ နည်းနည်းတော့ရိပ်စားမိလောက်ပါပြီ။

အာမခံနှင့် ပါတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Khaing Zin Htay
[email protected]
09-797043720, 09-755711735
Financial Services Consultant

Photos from Khaing Zin Htay - Financial Advisor's post 28/08/2024

ကျမကJB Captial Myanmar Microfinanceလုပ်ငန်းနဲ့အတူ AIAရဲ့ အာမခံလုပ်ငန်း လုပ်ပါတယ်

အာမခံဆိုတဲ့အထဲမှာ အသက်အာမခံ !အလုံးစုံကျန်းမာရေးအာမခံ !မတော်တဆထိခိုက်မှုအတွက်အာမခံ! ဒါတွေပါဝင်ပါတယ်

ဒီမောင်လေးက ကျမတို့ JB ရုံးရဲ့ အလုပ်အရမ်းကြိုးစား ပီး လိမ္မာတဲ့မောင်လေးပါ

သူကပြောတယ်ကျွန်တော်တို့လိုချေးငွေလုပ်ငန်းလုပ်ကိုင်တဲ့ဝန်းထမ်းဘဝက ရွာတွေဆင်းရတာများသလို အချိန်မရွေးမတော်တဆထိခိုက်မှုဆိုတာဖြစ်လာနိုင်တယ်

အဲ့အချိန်ကိုယ့်မိသားစုက ကိုယ့်အတွက်ငွေကြေးဆုံးရှုးမှုမဖြစ်ရအောင် AIAရဲ့ Personal Accident လေးထားချင်တယ်အစ်မလို့ပြောပီး ကျမဆီမှာထားဖြစ်သွားတယ်ပေါ့

မောင်လေးလဲ AIAရဲ့အာမခံအကာအကွယ်နဲ့အတူ လုံခြုံထွေးမှုတွေရရှိပါစေ လုပ်ငန်းတွေမှာလဲအခက်အခဲမရှိအဆင်ပြေချောမွေ့ပါစေ စိတ်ထားကောင်းတဲ့မိန်းမချောလေးနဲ့လဲရပါစေနော်😍

တနှစ်စာကိုမှ ပေးသွင်းငွေနဲနဲလေးနဲ့ အကာအကွယ်များများရနိုင်တာမို့ ဒီအာမခံအကာအကွယ်လေးကိုလဲ လူတိုင်းရှိထားသင့်ပါတယ်လို့အကြုံပြုပါရစေ
Khaing Zin Htay
09797043720/755711735
[email protected].
Financial Services

25/08/2024

ငွေကြေးတန်ဖိုးတွေ မငြိမ်မသက်ဖြစ်နေချိန်မှာ
အသက်အာမခံ ဝယ်သင့်လား?
မဝယ်သင့်ဘူးလား?

ဘာမှ မဆိုင်ဘူးလို့တော့ မပြောလိုပါ
သို့ပေမဲ့
ငွေတန်ဖိုးကျနေလို့ဆိုပြီး
ကျမတို့ ထမင်းမစားဘဲ နေလို့မရပါ
အပြင်မထွက်ဘဲနေလို့ မရပါ
နေထိုင်မကောင်းရင် ဆေးမကုဘဲ နေလို့မရပါ
ကျမတို့ သားသမီးတွေပညာရေးကို ရပ်တန့်ပစ်လို့ မရပါ.

ကျမတို့ လုပ်ချင်/သင့်တဲ့ အရာတစ်ခုကို
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် လုပ်ပစ်လိုက်မယ်
မလုပ်ပစ်လိုက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုချဖို့
ထိုအရာဟာ ကျမတို့ ဘဝအတွက်
ဘယ်လောက်အရေးပါ မပါပေါ်မှာ မူတည်ပါတယ်.

အသက်အာမခံဆိုတာ ချစ်ခြင်းမေတ္တာ ပါ.
ကျမတို့ကိုမှီခိုနေရတဲ့ အသိုက်အမြုံလေးအတွက်
ကျမတို့ မရှိတော့တဲ့နောက်မှာတောင် ချန်ထားပေးခဲ့နိုင်တဲ့ ချစ်ခြင်းမေတ္တာအမွေအနှစ်ပါ.

အခုလို ကိုယ့်အချိန်ဘယ်လောက်စောမလဲ
မသေချာမရေရာတဲ့ အချိန်အခါမျိုးမှာ
အသက်အာမခံဟာ လူတိုင်းအတွက်မရှိမဖြစ် ရှိနေသင့်တဲ့အရာတစ်ခုပါ.

ဒီအသက်အာမခံကို ဝယ်ဖို့လည်း ကျမတို့ရဲ့ လစဉ် နှစ်စဉ်ဝင်ငွေအားလုံးကို ရင်းနှီးမြုပ်နှံပစ်လိုက်ဖို့ မလိုအပ်သလို
အသက်အာမခံဟာ စီးပွါးဖြစ် ရင်းနှီးမြုပ်နှံရန် မဟုတ်ပါ.
ဒါပေမဲ့ ကျမတို့ သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်ခွင့်ရမယ်ဆိုလျင်လည်း အသက်အာမခံကနေ တိုးပွါးလာမဲ့ ငွေကြေးအမြတ်အစွန်းတွေကို မိမိသားသမီးတွေရဲ့ပညာရေး သို့မဟုတ် မိမိကိုယ်တိုင်ရဲ့ တတိယအရွယ်မှာ သုံးစွဲဖို့အဆင်သင့်စုဆောင်းထားပြီးသား ဖြစ်နေမှာပါ.

* ကျမတို့ အတွက်
တနေ့ ၃၀၀၀ကျပ် ၅၀၀၀ကျပ်ဆိုတဲ့ ပမာဏဟာ
မလိုအပ်တဲ့ အသေးသုံးလေးတွေနဲ့တင် စာရင်းပျောက် ကုန်သွားတတ်တဲ့ ပမာဏပါ.
ကျမတို့ မျက်ကွယ်ပြုသွားချိန်မှာ ကျမတို့ချစ်တဲ့သူတွေအတွက် သိန်း ၅၀၀ သိန်း ၁၀၀၀ ထားခဲ့ပေးနိုင်ဖို့ နေ့စဉ် မသိလိုက်ဘာသာ သုံးစွဲမိနေတဲ့ ဒီပမာဏသေးသေးလေးတွေကို လျှော့သုံးစွဲဖို့ပဲ လိုအပ်တာပါ*

နေ့စဉ် ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ သုံးစွဲမိနေတဲ့
မိမိဝင်ငွေရဲ့ အစွန်းထွက်ငွေပမာဏလေးကို ချွေတာသုံးစွဲယုံမျှဖြင့် ကိုယ့်မိသားစုဘဝရဲ့ အဆိုးဆုံးအချိန်တစ်ခုမှာ အကောင်းဆုံးပြောင်းလဲမှုကို ပေးနိုင်မှာ အသက်အာမခံပဲ ရှိပါတယ်.

ကိုယ်ချစ်ရတဲ့မိသားစုလေးဟာ ကိုယ်မရှိတော့ချိန်မှာတောင်
အခြေအနေမပျက် ပင်ပန်းဆင်းရဲကင်းစွာ
ဆက်လက်ရပ်တည်နေနိုင်ဖို့ကလည်း
အခြားထမင်းစား ရေသောက်အရာတွေ အရေးကြီးသလို
အရေးကြီးတယ်လို့ ယုံကြည်တယ်ဆိုရင်
ဘာလို့ အချိန်ဆွဲနေတော့မှာလဲ

အာမခံအမျိုးအစားအလိုက် အသေးစိပ်သိချင်တယ်ဆိုရင်

Khaing Zin Htay
Financial service consultant
09797043720,09755711735
[email protected]

24/08/2024

သားသမီးလေးတွေအပေါ်ထားတဲ့
ဖေဖေမေမေတို့ရဲ့ မြတ်နိုးခြင်းဟာ ထာဝရပါ....

တိုးတက်ပြီး ကမ္ဘာ့နိုင်ငံအများစုမှာ
ဖေဖေ မေမေတွေဟာ
- နေထိုင်ဖို့ အိမ်တစ်လုံးကို လိုအပ်သလိုမျိုး
- အရှက်လုံဖို့ အဝတ်အစား ဝတ်ဆင်ရသလိုမျိုး
- နေ့စဉ် ရှင်သန်နေထိုင်ဖို့ အစားအသောက်ကို လိုအပ်သလိုမျိုး
အသက်အာမခံကိုလဲ
သူတို့ရဲ့ ဘဝအတွက် မရှိမဖြစ်အရာတစ်ခုလို
ဘာလို့ မဖြစ်မနေ ဝယ်ကြတာလဲ ????

အဲ့ဒီ့အဖြေကို ကျွန်မတို့ အားလုံး သိပြီးသားပါ

ကျွန်မတို့မှာ
ကမ္ဘာပျက်ရင်တောင် ငါတော့ အသက်ရှင်ကျန်ခဲ့မယ်ဆိုတဲ့
ယုံကြည်မှုလွန်ကဲနေတဲ့ စိတ်လေးတစ်ခုက ဒီအဖြေကို ဖုံးကွယ်ဝှက်ထားလို့ပါ

ဘာတွေလဲ ????
တကယ်လို့များ
ကျွန်မတို့ မမျှော်လင့်ပဲ ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့ရင်
ဖေဖေမေမေတို့ သိပ်ချစ်ရတဲ့ ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးတွေရဲ့
- ပညာရေး
- စားဝတ်နေရေး
- အများတန်းတူ ဆက်လက် ရှင်သန်နေထိုင်နိုင်ရေး
- ဖေဖေမေမေတို့ရှိစဉ်က လူနေမှုအဆင့်အတန်းထက် မနိမ့်ကျတဲ့ဘဝမှာ မျက်နှာမငယ်ပဲ ဆက်လက် ပျော်ရွှင်စွာ နေနိုင်ရေး စသည် စသည်.....

ကျွန်မတို့ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရအောင်
- မိသားစုရဲ့ မဟာတံတိုင်းကြီး ပြိုပျက်သွားလို့ ပညာရေး တစ်ခန်းရပ်ပြီး အလုပ်ထွက်လုပ်ရတဲ့ကလေးတွေ
- ကျန်ရစ်သူအိမ်ထောင်ဖက်က အပြင်ဝင်ငွေမရှာတတ်လို့ ရှိသမျှ ပိုင်ဆိုင်မှုလေးတွေ ထုခွဲရောင်းချပြီး ဆင်းရဲတွင်းနစ်ခဲ့ရတဲ့ မိသားစုတွေ
- ဝင်ငွေ မပြည့်စုံတော့ခြင်းကြောင့် လက်လျှော့လိုက်ရတဲ့ ကလေးတွေရဲ့ အနာဂါတ်ရည်မှန်းချက်နှင့် အိပ်မက်တွေ
စသဖြင့် ကျွန်တော်တို့ အများကြီး မြင်ဖူး တွေ့ဖူး ကြုံဖူးကြမှာပါ....

ဒါအဖြေပါဘဲ
နိုင်ငံတကာက ဖေဖေမေမေတွေ သူတို့ချစ်တဲ့ ရင်သွေးလေးတွေအတွက် ဘာကြောင့် အာမခံကို မရှိမဖြစ် အရာတစ်ခုအနေနဲ့ ဝယ်ယူထားရှိကြသလဲဆိုတာအတွက် အဖြေပါ....
ဒါဟာ
သူတို့ရဲ့ သားသားမီးမီးလေးတွေအပေါ် ချစ်မြတ်နိုးမှုကို
လက်တွေ့ဖော်ဆောင်ပြသတဲ့ အကောင်းဆုံး နည်းလမ်း နဲ့ အဖြေပါပဲ.....

ခု ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ
ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အဖြေရှိနေပြီလေ....
ဒီအဖြေလေးတွေကို ကူညီရှင်းပြဖို့ ကျွန်မတို့ Foster မိသားစုလေးက နွေးထွေးစွာ စောင့်ကြိုနေတာမို့
ခုပဲ ဆက်သွယ်လိုက်တော့နော်.....

#
Zin Htay
Services Consultant
#09797043720
#09755711735
[email protected]

Photos from Khaing Zin Htay - Financial Advisor's post 24/08/2024

AIA Myanmarနဲ့ ကျမကိုယုံကြည်ပီး အာမခံထားကြတဲ့ ချစ်ရသူတွေထံသို့ ပေးပို့ရန်အသင့်😘😘😘

ကျမထံမှာ အာမခံဝယ်ယူထားတဲ့သူတွေက ငယ်သူငယ်ချင်းလဲ မပါသလို နှစ်အကြာကြီးအလုပ်အတူတွဲလုပ်ဖူးတဲ့သူလဲမပါဘူး ကို့မိသားစုဆွေမျိုးအရင်းအချာလဲ မပါသေးဘူး ခနတာဆုံကြချိန်
ကိုယ့်အကြောင်း သိပီး အာမခံဝယ်ယူဖြစ်သွားတဲ့ သူစိမ်း တွေပါ ဒါပေမဲ့ ကျမအတွက်ကတော့ တန်ဖိုးထားရတဲ့ အရင်းနီးဆုံးသူစိမ်းတွေပေါ့ 😘😘😘

အာမခံလုပ်ငန်းလုပ်ကြတဲ့ Agentတွေအနေနဲ့လည်း
ကိုယ့်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ပတ်ဝန်းကျင်တိုင်းက ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ်နဲ့ စိမ်းတဲ့ပတ်ဝန်းကျင်အသစ်က ကိုယ့်အတွက် ဖြစ်နေတတ်တယ်ဆိုတာကို သတိပြုမိအောင်လို့ပါ ကြိုးစားကြမယ် နှေးလို့ရတယ် ရပ်မနေဖို့ဘဲ လိုတာပါနော်

အားလုံးသောလူသားတိုင်း အာမခံအကာအကွယ်ရယူခြင်းဖြင့် လုံခြုံထွေးနွေးတဲ့ဘဝများပိုင်ဆိုင်ခွင့်ရနိုင်ကြပါစေ🙏🙏🙏

Zin Htay
Advisor
#09-797043720/09-755711735
[email protected]

Financial Services

Photos from Khaing Zin Htay - Financial Advisor's post 23/08/2024

အခုတလော ဟိုနေရာကနေ ဒီနေရာပြောင်း၊
ဟိုမြို့ကနေ ဒီမြို့ ပြောင်းရွှေ့မှုတွေ များလာတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုပြီးကာကွယ်လိုမှုတွေ ပိုလိုအပ်လာတာဖြစ်တဲ့အတွက် အသက်အာမခံ နဲ့ ကျန်းမာရေး အာမခံ ဝယ်ယူမှု မြင့်တက်လျက်ရှိပါတယ်။

အသက်အာမခံဆိုတာကလည်း အသက်သေဆုံးမှု တခုဘဲ အကာအကွယ်ပေးတာ မဟုတ်ဘဲ ထာဝစဥ် မသန်စွမ်းဖြစ်မှုကိုပါ 100%လျော်ကြေး အပြည့်ပေးထားတာလည်း ပါနေတာကိုး။

ကျန်းမာရေးအာမခံဆိုတာကလည်း ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရမှုအတွက် အကာအကွယ်ပေးထားတဲ့အပြင် မတော်တဆမှုကြောင့်ဖြစ်တဲ့ ထိခိုက်အနာတရအတွက် Day Care Procedure ပါ အကာအကွယ်ရနေတာကြောင့်လည်း ပါပါတယ်။

အကာအကွယ်လိုအပ်နေချိန်မှာ လက်လှမ်းမှီနေတဲ့ မိတ်ဆွေတွေကတော့ အချိန်မှီ အာမခံထားရှိ စီမံလိုက်နိုင်ကြတယ်။

အကာအကွယ်လိုအပ်နေလျက်နဲ့ လက်လှမ်းမမှီသေးတဲ့ တဆင့်မိတ်ဆွေတွေကိုလည်း အခုသတင်းလေး လက်ဆင့်ကမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

ကျွန်မတို့ နိုင်ငံတကာ နဲ့ မြန်မာပြည်တွင်းရဲ့ ဘယ်နေရာမဆို အအာမခံဝန်ဆောင်မှု အပြည့်ပေးလျက်ရှိပါတယ်ရှင်။

အာမခံနှင့် ပတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Khaing Zin Htay
09-797043720, 09-755711735
[email protected]
Financial Services Manager

23/08/2024

အသက်အာမခံ နဲ့ ဘဏ်နဲ့မတူတဲ့အချက်လေးတွေပါ

ဘဏ်ဂယက်တွေတက်တက်လာတိုင်း
ဒီဘက်အာမခံဘက်ကိုလည်း
မြှားဦးလှည့်လှည့်လာတတ်ပါတယ်

အမေးများတာကလည်း မေးခွန်းကတစ်ခုတည်းပါ
အဲဒီတစ်ခုတည်းကိုပဲ လူတွေကမေးကြတာပါ
" အာမခံကြေးသွင်းထားတဲ့ငွေတွေ ပြန်ထုတ်လို့မရရင် ဘယ်လိုလုပ်မလဲ " ဆိုတဲ့မေးခွန်းပါ။

ဒီမေးခွန်းကို
အာမခံထားထားတဲ့သူတွေကမမေးကြပါဘူး ။

ဘာဖြစ်လို့လည်းဆိုတော့
အာမခံလုပ်ငန်းနဲ့ဘဏ်လုပ်ငန်းက
လည်ပတ်ပုံခြင်း လုံးဝ(လုံးဝ) မတူညီကြလို့ပါ

အာမခံစထားကတည်းက
နှစ်စဉ်ဒီလောက်သွင်းရပါမယ်
သွင်းနေတဲ့ကြားကာလမှာ ဒါတွေဖြစ်ရင် ဒီလောက်ခံစားခွင့်ရပါမယ်
အာမခံသက်တမ်းပြည့်တဲ့အထိဘာမှမဖြစ်ခဲ့ရင် အာမခံထားငွေအားလုံးပြန်ရပါမယ်ဆိုပြီး နိုင်ငံတော်အခွန်တံဆိပ်ခေါင်းတွေနဲ့
အာမခံထုတ်ပေးခဲ့တာပါ

နှစ်မပြည့်ဘဲ ပြန်ထုတ်ရင်အပြည့်ပြန်မရဘူးဆိုတာလည်း သေချာရှင်းပြခဲ့ပြီးသားပါ
ဒါ့ကြောင့် အာမခံစာချုပ်လက်ထဲရောက်ထားတဲ့သူတွေက ဒီလိုမေးခွန်းမျိုးမမေးပါဘူး

မထားထားတဲ့သူတွေကသာ
ဒီလိုမေးခွန်းမျိုးမေးကြတာပါ ။

ဒါဆို အာမခံလုပ်ငန်းနဲ့ဘဏ်တွေနဲ့ ဆက်စပ်မှုမရှိဘူးလား လို့ ထပ်မေးနိုင်ပါတယ်

ဟုတ်ကဲ့ တချို့နေရာမှာဆက်စပ်မှုရှိပါတယ်
အဲဒါဘာလဲဆိုတော့
ပရီမီယမ်ပေးသွင်းရင် ငွေသားလက်မခံပါဘူး
( နိုင်ငံခြားအာမခံကုမ္ပဏီအားလုံးက
၂၀၂၀ ကာလကတည်းက ငွေသားလက်မခံခဲ့တာပါ)

တနိုင်ငံလုံးကိုရောင်းချတာဖြစ်တဲ့အတွက်
ပရီမီယမ်ပေးချေမှုကို digital platform ကနေပဲ
ရုံးကိုတိုက်ရိုက်ဖြစ်စေ agent မှတဆင့်ဖြစ်စေ
လက်ခံခဲ့တာပါ ။

Digital payment သုံးလိုက်တဲ့အတွက်
ဘဏ်တွေကိုချိတ်ရပါတယ်
ဘဏ်တွေကတဆင့်
Kpay, Wave pay, AYA pay, CB pay, UAB pay စတဲ့
Pay တွေကနေ အာမခံကြေးပေးချေလို့ရပါတယ်
ဒါဟာ transaction အတွက်ပဲသုံးတာဖြစ်ပါတယ်။
ကြားထဲက pay တခုခုခံပြီး အာမခံကုမ္ပဏီဆီကိုပဲရောက်တာဖြစ်ပါတယ် ။
( ဘယ်ဘဏ်ကမှ သိမ်းထားတာမျိုးမရှိပါဘူး )

အာမခံကုမ္ပဏီတွေဟာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲတစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက်ဝန်ဆောင်မှုပေးရတာဖြစ်ပါတယ်။

နောက်တစ်ခုက ငွေကြေးလုပ်ငန်းချင်းတူပေမယ့်
ဘဏ်နဲ့ အာမခံဟာ လည်ပတ်ပုံခြင်းမတူညီတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။

အာမခံထားထားကတည်းကိုက
ငွေပမာဏကြီးမားတဲ့အသက်အာမခံတွေအတွက်
ဘာတွေတင်ပြရမယ်ဆိုတာ စည်းကမ်းချက်တွေထုတ်ပြန်ခဲ့တာ ၂၀၁၉ ကတည်းကပါ။

သာမန်အသက်အာမခံတွေဖြစ်တဲ့
သိန်း၂၀၀/၃၀၀ ပမာဏတွေက
ဘာမှပြစရာမလိုပဲ သတ်မှတ်ချက်နဲ့ကိုက်ညီသူတိုင်းကိုအာမခံထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

စာရှည်သွားမှာစိုးတဲ့အတွက်
နိဂုံးချုပ်ပြောရရင် အသက်အာမခံတွေဟာ
နှစ်ပြည့်မှပြန်ထုတ်ရတာဖြစ်ပြီး
ကြားကာလမှာ တစ်ခုခုဖြစ်ခဲ့ရင်
သတ်မှတ်အကျိုးခံစားခွင့်ရရှိမယ့်လုပ်ငန်းစဉ်ဖြစ်တာကြောင့် ...

လက်ရှိလူတွေပူပန်နေကြတဲ့
ငွေအသွင်း/အထုတ်ပြဿနာဟာ
အာမခံလုပ်ငန်းမှာ မရှိပါကြောင်းးးးးး

Crd:Min Yel Kyaw Swar

20/08/2024

ခုကာလကြီးက ဘာတွေဖြစ်လာမယ် မသိဘူး၊

တခုခုဆို အာမခံအကာအကွယ်လေးလည်း ဆက်ပြီးရထားချင်တယ်၊

လက်ထဲမှာလည်း ငွေလေးလည်း ဆောင်ထားချင်တဲ့ AIA Member ( Universal Life)များအတွက် ပရီမီယံကြေး ပေးသွင်းမှု ပမာဏကို

ယခင်နှစ် ၁နှစ်စာ ပေးသွင်းငွေ မှ

၆လစာ သို့ ပြောင်းလဲပေးသွင်းနိုင်ခြင်း၊

၃လစာ သို့ ပြောင်းလဲပေးသွင်းနိုင်ခြင်း၊

၁လစာ သို့ ပြောင်းလဲပေးသွင်းနိုင်ခြင်း (တကြိမ်ပေးသွင်းငွေ အနည်းဆုံး တသိန်းခွဲကျပ်) တို့ကို ပြုလုပ်နိုင်ပါတယ်။

ပြောင်းလဲပေးသွင်းသော်လည်း

ပေးသွင်းထားသည့် သက်တမ်းအလိုက် အာမခံ အကာအကွယ် အပြည့်အဝ ဆက်လက်ရရှိနေမည်ဖြစ်ပါတယ်။

ပေးသွင်းငွေ အကြိမ်အရေအတွက် ပြောင်းလဲမှုအား AIA Member များ၏ Mobile Phone ရှိ AIA+ မှ မိနစ်ပိုင်းအတွင်း အလွယ်တကူ ပြောင်းလဲလျှောက်ထားနိုင်ပါတယ်ဗျာ။

ပြောင်းလဲမှု မပြုလုပ်မှီ သတိပြုရမည့်အချက်များကို သက်ဆိုင်ရာ Financial Advisor နှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချပါရန် အကြံပြုအပ်ပါတယ်ဗျာ။

အာမခံနှင့် ပတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Khaing Zin Htay
Financial Services Consultant
09755711735,09797043720
[email protected]
Life Insurance Myanmar

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
Yangon
01