Wah Wah Skincare Shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wah Wah Skincare Shop, Health/Beauty, Yangon.
27/05/2024
Lorea'l Glycolic Bright Cleanser Foam
အမဲစက် တင်းတိပ်နဲ့အသားမညီညိုညစ်နေတာတွေအတွက် အရမ်း effective ဖြစ်စေပါတယ်
အရေပြားအတွင်းပိုင်းထဲထိ deep cleansing လုပ်ပေးတာမို့အသားကို ကြည်ပြီး glow လာစေပါတယ်
price.18000
18/05/2024
Lebelage No Sebum Sunscream
ဈေးသက်သာပြီးတအားသုံးကောင်းတဲ့ sunscream လေးပါ
အဆီပြန်ပြီးအဆီဖုထွက်တတ်တဲ့သူတွေအတွက်အရမ်းသင့်တော်ပါတယ်
လိမ်းလိုက်ရင်အေးအေးလေးနဲ့ အသားနဲ့တထပ်ထဲပါ ဖြူတာပြာတာကွက်တာတွေလုံးဝမရှိဘူးနော်
Price. 6500
06/05/2024
𝑯𝒚𝒂𝒍𝒖𝒓𝒐𝒏𝒊𝒄 𝒂𝒄𝒊𝒅 (𝑯𝑨) ဆိုတာ ဘာလဲ?
𝑺𝒌𝒊𝒏 𝒄𝒂𝒓𝒆 တွေမှာ အမြဲမြင်နေကျ 𝑯𝒚𝒂𝒍𝒖𝒓𝒐𝒏𝒊𝒄 𝒂𝒄𝒊𝒅 ဆိုတဲ့ 𝑯𝑨 ဆိုတာ လူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။ ဘာဖြစ်လို့ 𝑯𝒚𝒂𝒍𝒖𝒓𝒐𝒏𝒊𝒄 𝒂𝒄𝒊𝒅 ဆိုတာ အလွန်အသုံးပြုနေကြတာလဲ?
လှဖို့ပဖို့အတွက် အကျိုးရှိတယ်ဆိုတဲ့ သက်သေပြချက်ပေါင်းမြောက်များစွာအတွက် အရမ်းအသုံးပြုကြတာဖြစ်တယ်။
👧ငယ်ရွယ်နုပျိုဖို့
𝑯𝑨 ဟာ အရေပြားမှာ အသက်ရွယ်ကြီးလာရင်ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းကို သက်သာစေပြီး ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။
💦 ရေဓာတ်ဖြည့်ပေးခြင်း
𝑯𝑨 ဟာရေဓာတ်ကို အရေပြားအတွင်းထိ ဖြည့်စီးပေးနိုင်တဲ့ အပြင် တချို့သော အဖိုးတန် အရေပြားအတွက် အရမ်းကောင်းစေတဲ့ ပါဝင်ပစ္စည်းများကို အရေပြားအတွင်းသို့ စိမ့်ဝင်သွားအောင် ကူညီပေးနိုင်တဲ့ အစွမ်းလေးရှိသေးတယ်
🧴 အသားခြောက်ရောဂါများသက်သာနိုင်ခြငိး
𝑯𝑨 ဟာအရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အသားခြောက် 𝒆𝒄𝒛𝒆𝒎𝒂 များသက်သာစေနိုင်ပါတယ်
🧏🏻♀️ အနာကျက်မြန်ခြင်း
𝑯𝑨 ဟာအရေပြားပြုပြင်ခြင်းမှာလဲ အရေးကြီးတဲ့ နေရာမှာပါဝင်ပြန်တယ်။ ဒါကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်များ၊ အရေပြားထိခိုက်ရှနာမှုကြောင့် ဖြစ်လာနိုင်သော အနာများ ကို အနာကျက်မြန်စေပြီး အမာရွတ်ထင်ခြင်းများကို သက်သာစေနိုင်ပါတယ်။
🤦♀️အဆီပြန်ခြင်းထိန်းညှိပေးခြင်း
𝑯𝑨 ဟာ အဆီဂလင်းကို မျှတအောင် လုပ်စေခြင်းကြောင့် အဆီပြန်ခြင်းနဲ့ အသားခြောက်ခြင်းကြား သဟဇာတ တည့်အောင် လုပ်ပေးပါတယ်။
ကဲ 𝑯𝑨 နဲ့ ပတ်သတ်ပြီး ဘာသိချင်ကြသေးလဲ ခမျ?
#𝑫𝒓𝑾𝒂𝒊
#𝑯𝒚𝒂𝒍𝒖𝒓𝒐𝒏𝒊𝒄𝑨𝒄𝒊𝒅
#𝑯𝑨
#𝒑𝒉𝒐𝒕𝒐𝒄𝒓𝒆𝒅𝒊𝒕
02/05/2024
Poror sunscream
baby လေးတွေအတွက် အသက် 2နှစ်ကစသုံးလို့ရတဲ့အပြင် Sensitive skin နဲ့ကိုယ်ဝန်ဆောင်မေမေတွေပါသုံးလို့ရတဲ့ Sunscream လေးပါ
SPF50+PA+++ပါဝင်လို့နေရောင်ခြည်ဒဏ်ကိုအပြည့်ဝကာကွယ်ပေးပါတယ်
ခုလိုပူပြင်းလွန်းတဲ့ရာသီမှာ babyလေးတွေအသားရည်ကို poror လေးနဲ့ကာကွယ်ပေးလိုက်တော့နော်
Price .13500
01/05/2024
laneige sleeping mask...
ဝက်ခြံ ဆားဝက်ခြံနဲ့ အဆီဖုတွေအတွက် အကောင်သေးသလောက်အဆိပ်ပြင်းတဲ့ Sleeping mask ပါ
တပတ်မှာသုံးကြိမ်လောက်ညဘက်လိမ်းအိပ်ရုံပါပဲနော်
ဝက်ခြံအဆီဖုတွေသိသိသာသာသက်သာပြီးစိုပြည်ကြည်လင်ချောမွတ်တဲ့မျက်နှာလေးရစေမှာပါ
Price.6000
28/04/2024
Hokkoki Baby foot cream & hand cream
🌸ခြေဖနောင့်ကွဲတာ ခြေမျက်စိအသမာတက်တာနဲ့ နေလောင်လို့ကျန်ခဲ့တဲ့ဖိနပ်သဲကြိုးရာတွေအတွက် သုံးလို့အရမ်းကောင်းတဲ့ creamလေးပါ
🌸လက်တွေအရေခွံကွာခြောက်သွေ့ကြမ်းရှတာတွေအတွက်လည်းသုံးလို့ရပါတယ်
ခြေလက်လေးတွေကိုသေချာစိမ့်ဝင်
အောင်လိမ်းပေးရင် baby skin လေးလိုနူးညံ့ဖွေးကြည်လာစေမှာပါ
Price.12000
27/04/2024
Budget Save ဖြစ်ပြီးသုံးကောင်းတဲ့ lotion လေးရှာနေရင် ဒါလေးသုံးကြည့်နော်
Spf 10 ပါလို့ခုနွေရာသီနဲ့လည်းအဆင်ပြေတယ်လိမ်းလိုက်ရင်အေးအေးလေးပါနော်
400 ml တောင်ပါလို့သူ့ဈေးလေးနဲ့တကယ်သုံးပျော်ပါတယ်
Price.7000
25/04/2024
Klairs bb cream SPF 40 PA ++
နွေရာသီမှာ makeup လည်းလိမ်းချင်တယ်
ထူပိတ်ပြီးပူမှာကြောက်တယ်ဆို ဒါလေးသုံးကြည့်ပါနော်
ပါးပါးကြည်ကြည်သိပ်သိပ်လေးနဲ့ natural glow look လေးကိုရစေမှာပါ
အဆီပြန်တာကိုလည်းထိန်းပေးတယ် အရမ်းသုံးကောင်းပါတယ် အထုပ်လေးတစ်ထုပ်ကိုတော်တော်လိမ်းရပါတယ်နော်
Price . 1500
24/04/2024
🌸🌼🌸🌼🌸🌼
မျက်နှာအဆီပြန်ရင် ဘာသုံးမလဲ
အဆီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်တာ လူတိုင်းသိတယ်။ အသားအရေထိန်းသိမ်းရာမှာလည်း သူများထက် ကရိကထ ပိုများတယ်။ သို့သော် ကံကောင်းတာတခုက အဆီပြန်သူအများစုဟာ အသားအရေပျက်စီးမှုမှာလည်း သူများထက် ပိုမို နှေးကွေးတာဖြစ်ပါတယ်။ အရေးအကြောင်း၊ အတွန့်အခေါက်တွေဟာ အသားအရေခြောက်သွေ့သူတွေထက် နောက်ကျပြီးမှသာ ဖြစ်တယ်။ မျက်နှာ အဆီပြန်လို့ စိတ်တော့ မညစ်နဲ့။ ကိုယ်နဲ့သင့်တော်တာကို ရွေးချယ်အသုံးပြုနိုင်ရင် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။
(၁) salicylic acid
အများစုဟာ မိုးမခအခေါက်က ထုတ်တာများတယ်။ BHA(beta hydroxy acids) အုပ်စုဝင်ဖြစ်တယ်။ အဆီပြန်တဲ့အသားအရေတိုင်း salicylic acid ပါတာ သုံးသင့်တယ်။ ကောင်းတာက အဆီဂလင်းအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက် သန့်စင်နိုင်တယ်။ ဝက်ခြံကို ဖြစ်စေတဲ့ sebum, ဆဲလ်သေတွေနဲ့ တခြားမလိုအပ်တာတွေ ဖယ်ရှားပေးတယ်။
salicylic acid က အရေပြားအပေါ်ယံလွှာနဲ့ ပေါင်းပြီး ပျော်ဝင်သွားတယ်။ အာနိသင်က အပေါ်ယံအရေပြားကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ဖြစိစေတယ်။ အမဲစက်၊ အသားအရောင် မညီညာတာတွေကို ကာကွယ်ပေးတယ်။ ဝက်ခြံမပေါက်အောင် ကာကွယ်တားဆီးနိုင်တယ်။
(၂) Hyaluronic acid and glycerol
မျက်နှာအပေါ်ယံလွှာဆဲလ် ခြောက်သွေ့ခြင်းဟာ sebum ထုတ်လုပ်မှုကို များစေတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းဆေးတွေကို အဆီပြန်တဲ့အသားအရေအတွက် မဖြစ်မနေ သုံးလာကြတယ်။ သမားရိုးကျ အစိုဓာတ်ထိန်းဆေးတွေမှာ အဆီလွှာပါတယ်။ ဒီ အဆီက အပေါ်ယံအရေပြားကို ဖုံးအုပ်ပြီး ရေဓာတ်ဆုံးရှု့ံးခြင်းကို တားဆီးပေးတာဖြစ်တယ်။ သို့သော် မျက်နှာအဆီပြန်တဲ့သူတွေမှာတော့ ဒီလို oil-based moisturizers တွေ မသုံးသင့်ပါဘူး။ တကယ်သုံးသင့်တာက ပတ်ဝန်းကျင်က အစိုဓာတ်ကိူ စွဲယူထိန်းသိမ်းနိုင်တဲ့ ပစ္စည်းမျိုးသာ ဖြစ်ပါတယ်။ glycerin , hyaluronic acid, sodium hyaluronate စတာတွေက အဆီပြန်တဲ့ အသားအရေအတွက် သုံးသင့်တဲ့ အစိုဓာတ်ထိန်းဆေးတွေဖြစ်ပါတယ်။
ဒီထဲမှာ Hyaluronic acid နဲ့ sodium hyaluronate တွေက အကောင်းဆုံးဖြစ်ပါတယ်။ ပါဝငိမှုအချိုးအဆပေါ်မူတည်ပြီး အစိုဓာတ်ကို အဆ (၁၀၀၀)ထိ ထိန်းသိမ်းနိုင်တယ်။ စိုထိုင်းစ နည်းတဲ့ အခြေအနေမှာတောင် အစိုဓာတ်ကို အကောင်းမွန်ဆုံးထိန်းနိုင်တဲ့ ပစ္စည်းတွေ ဖြစ်တယ်။
(၃) Degreasing ingredients
မျက်နှာအဆီမပြန်အောင် သုံးတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ နေ့ပိုင်း အဆီပြန်တဲ့အခါ မျက်နှာဝင်းမနေအောင် ကာကွယ်ပေးတယ်။ kaolin or bentonite (ရွံ့စေးတမျိုး)က မျကိနှာအဆီကို တားဆီးပေးတယ်။ Primers နဲ့ masks အများစုမှာ ဒီပစ္စည်းတွေပါဝင်လေ့ရှိတယ်။ အဆီပြန်သူတိုင်းအတွက် မပါမဖြစ်မဟုတ်ပေမယ့် mask တွေကိုတော့ တပတ် ၁-၂ခါ ဆိုသလို သုံးစွဲနိုင်တယ်။
(၄) benzoyl peroxide
ဝက်ခြံထွက်သူတွေမှာ သုံးလေ့ရှ်တဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။ အာနိသင်တွေကလည်း များတယ်။ ဝက်ခြံဗက်တီးရီးယားကို သေစေတယ်။ အပေါ်လွှာ အရေပြားကို ခွာပေးတယ်။ အသားအရေခြောက်သွေ့စေတယ်။ အဆီဂလင်းအတွင်းပိုင်းထိ သန့်စင်ပေးတယ်။ ဒါ့ကြောင့် အဆီပြန်သူတွေအဓိကသုံးသင့်တယ်။ မကောင်းတာတွေလည်း ရှ်ပါသေးတယ်။ benzoyl peroxideက အရေပြားနဲ့ထိရင် ဓာတ်တိုးပြီး benzoic acid နဲ့ oxygen အဖြစ် ကွဲထွက်လာတယ်။ ဓာတ်တိုးပစ္စည်း(oxidizing agent)တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစိစေတယ်။ ဒါ့ကြောင့် benzoyl peroxide ပါတာတွေ သုံးမယ်ဆိုရင် အင်တီအောက်စီးဒင့်အာနိသင်ရှ်တဲ့ ပစ္စည်း တွေနဲ့ ရောစပ်အသုံးပြုသင့်တယ်။
သတိပြုစရာ
• ရေဓာတ်အခြေခံပစ္စည်းအဓိကသုံးပါ။
• စကားလုံးနောက်ဆုံးမှာ “-icone” ပါတာတွေ ရှောင်ပါ။ (ဥပမာ silicone ပါတာမျိုး)
• အဆီဓာတ်အခြေခံ paraffin, cocoa butter, နဲ့ oils ပါတာတွေရှောင်သင့်တယ်။
• petrolatum ပါတာထက် Dimethicone ပါတဲ့ဆေးမျိုး ရွေးသုံးပါ။
• အစိုဓာတ်ထိန်းပစ္စည်းရွေးတဲ့အခါ အရည်အပျစ်၊အကျဲကို တချက်ကြည့်ပါ။
• အဆီပြန်တဲ့အသားအရေမှာ အရည်ကပျစ်ရင် creams နဲ့ lotions ရှောင်ပါ။
• အဲဒီအစား ဂျယ်၊ လိုးရှင်းအကျဲစတာတွေက ပိုသင့်တော်တယ်။
• အဆီပြန်တဲ့အသားအရေက ပုံမှန်အားဖြင့် နည်းနည်းထူလေ့ရှိတယ်။ ဒါ့ကြောင့် အပေါ်ယံအရေပြားကို ကွာစေတဲ့ lactic acid, glycolic acid နဲ့ salicylic acid ပါတာတွေ သုံးသင့်တယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
ဆေးခန်းပိတ်ရက်
လပြည့်လကွယ်၊ ဗုဒ္ဓဟူးနေ့။
23/04/2024
AHC Eye Cream
မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာနဲ့
မျက်လုံးအောက်ကအရေးအကြောင်းတွေကိုသိသိသာသာပျောက်ကင်းစေပါတယ်
မျက်လုံးတဝိုက်တင်မဟုတ်ပဲအရေးအကြောင်းဖြစ်လွယ်တဲ့ smile line နဲ့ neck line လိုနေရာတွေလည်းသုံးလို့ရပါတယ်
Eye Cream ကိုအသက်နှစ်ဆယ်ကျော်ထဲကစသုံးလို့ရပါတယ်နော်
Price.12000
23/04/2024
Bio Treatment Conditioner
ဆံပင်လေးတွေပျော့ဆင်းပြီးဆံသားကိုမပွပဲသိပ်သိပ်အိအိလေးနဲ့ပုံကျကျလေးဖြစ်ချင်ရင်bio treatment ပေါင်းဆေးလေးသုံကြည့်ပါနော်
- ဆံသားပျက်ဆီးပြီးအဖျားနှစ်ခွဖြစ်ခြင်း
- ဆံသားခြောက်သွေ့ပြတ်ထွက်ခြင်းပြသနာတွေဖြေရှင်းပေးနိုင်သလို
- ဆံပင်ဆေးဆိုးပြီးချိန်သုံးပေးရင် ဆိုးဆေး ကြောင့်ဆံသားထိခိုက်ကြမ်းတာမျိုးလုံးဝမ ဖြစ်ပါဘူးနော်
Price .1300
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon