Miss Myanmar Gym

Miss Myanmar Gym

Share

Fitness is not about being better than someone. Fitness is about being better than the person you were yesterday.

Photos from Miss Myanmar Gym's post 21/02/2025

""အသက်အရွယ် ဆိုတာ ကိန်းဂဏန်း တစ်ခုပါ '''လို့ ပြောနိုင်ဖို့က နုပျိုခြင်း အပြင် ကျန်းမာ ဖျတ်လတ် နေဖို့လည်း လိုပါတယ်။

Missmyanmar Gym က
ခြောက်ဆယ်ကျော် အရွယ်
အစ်မကြီး များကတော့ ကျန်းမာ နုပျို ဖျတ်လတ် နေကြဆဲပါပဲ။

"စိတ်ပျိုရင် ကိုယ်နုတယ်လို့ '' လို့ အဆိုရှိကြပေမယ့် ၊
တကယ်တော့ ကိုယ် ကျန်းမာ ပါမှ စိတ်ပျို နေနိုင်တာ။

ဒီနေ့ မွေးနေ့ရှင် အစ်မကြီးကတော့ ၆၂ နှစ်ပြည့် ပါပြီ။

Gym မှာ ကစားကြတဲ့ အချိန်တွေဆို
ဒီ အစ်မကြီးဟာ
နှစ်ဆယ်ကျော် သုံးဆယ် အရွယ် သင်တန်းသူတွေရဲ့ ပြိုင်ဘက်ပဲ လို့ ချစ်စနိုး ပြောလေ့ရှိကြတယ်။

Belly ကို ရာချီ ရိုက်ပြီး ကစား နိုင်ဆဲ၊
ကစားနည်း အတွဲတွေကို ဖျတ်လတ် သွက်လက်စွာ
ကစား နိုင်လို့ သူ အရင် ကစားလို့ ပြီးနေတာပဲ ။

နှစ်ဆယ်ကျော် သုံးဆယ်တန်းအရွယ် တွေက
နား နား ပြီး ကစားရင်း
အစ်မကြီးကို ငေးနေရဆဲ။

အတူ ကစားကြတဲ့ ဆယ်ကျော်သက် အရွယ်တွေနဲ့
စကားပြောဖို့ရာလည်း
ကီး ညှိ စရာ မလို
ပေါ့ပါး ပျော်ရွှင်စွာ ပါဝင် လို့ ရနေသူပါ။

Missmanmar Gym မှာ
အတူ ကစားကြချိန် ဆို
အသက်အရွယ် အပိုင်းအခြား မရှိတော့ပါဘူး ။

အသက်အရွယ် အိုမင်း လာခြင်းကို ရပ်တန့်လို့ မရပေမယ့်၊
Grow old မဟုတ်ဘဲ
Grow up အဖြစ် ရှင်သန် ဖြတ်သန်းကြဖို့
Missmyanmar Gym ကို သွားကြပါစို့။

Happy birtday ပါ
""အစ်မဝါ ရေ''

ကျန်းမာ နုပျိုနေခြင်း အတွက်
ဂုဏ်ယူလျှက်ပါ။

01/01/2025

ကိုယ့်ရဲ့ ဘဝမှာ
အလုပ် နှစ်ခု ပဲ လုပ်ခဲ့ဖူးတယ်။
စားဝတ်နေရေး အတွက် အသက်မွေးမှု Gym ဖွင့်တာရယ်
စိတ်စေစားရာ အတွက် စာရေးသားခြင်းရယ်ပါပဲ။

အသက်မွေးမှု အတွက် Gym ကရလာတဲ့ ငွေကြေးကို
တန်ဖိုးထားသလို ၊
စာရေးသားခြင်းကြောင့် ရလာတဲ့ စာမူခတွေကိုလည်း မြတ်နိုးတတ်သူပါ။

ဒီ့အတွက်
ကိုယ့်ဘက်က
Missmyanmar Gym မှာ လာရောက်
ကစားဖူးကြသူ သင်တန်းသူ အားလုံးကို
ကစားနည်း အပြင် စေတနာမေတ္တာ တွေပါ
ထပ်လောင်းဖြည့်ပေါင်း ထားပါတယ်။

စာရေးသားခြင်းမှာလည်း စိတ်စေစားရာ အပြင်
ကလောင်တာဝန် ပါ ထမ်းပိုးထားပါတယ်။

နေ့စဥ် စားဝတ်နေရေး အတွက် ၊
ကြွေးဟောင်း ဆပ်ခြင်းတွေ အတွက် ၊
ကြွေးသစ် ချခြင်း တွေ အတွက် သုံးစွဲနေရတဲ့ ငွေကြေးတွေမှာ Gym ရတဲ့ ငွေကြေးက အများဆုံး ပါဝင်နေပါတယ်။

ဒီ့အတွက်
သင်တန်းသူ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင် မေတ္တာ ပို့သပေးပါတယ်။

ဒီလိုပါပဲ
ကိုယ်မြတ်နိုးရာ စာမူခ တွေထဲမှာ လည်း
စာဖတ်သူတွေရဲ့ ချွေးနှဲစာတွေ အများကြီး ပါဝင်
နေကြမှာပါ။
ကျေးဇူးတင် တန်ဖိုး ထားရပါတယ်။

နှစ်သစ်မှာ
သင်တန်းသူတွေရော စာဖတ်သူများပါ
ကောင်းမွန်စွာ အိပ်စက်
ကြည်လင်စွာ နိုးထ နိုင်ကြပါစေ။

စိတ်အေးချမ်းသာစွာ
အသက်မွေးခွင့် ရကြပါစေ။

အသက်အိုးအိမ် လုံခြုံစိတ်ချ ရတဲ့
ပြည်သူများ အဖြစ် ရှင်သန်နေထိုင်ခွင့် ရကြပါစေ။

Photo
သင်တန်းသူများ
စာဖတ်သူများ မေတ္တာဖြင့်
ပြည့်ဝနေသော အစ်မကြီး

03/12/2024

နွေ
မိုး
ဆောင်း ဆိုတဲ့ ဥတုရာသီ သုံးရာသီမှာ
Gym ကစားလို့ အကောင်းဆုံးနဲ့ ဝိတ် အကျဆုံး ရာသီကို
ပြောပါဆိုရင် ဆောင်းရာသီ ပါပဲ။

ဆောင်းဟာ ဆောင်းပီပီ အေး မနေရင်တောင်
ဆောင်း အငွေ့အသက်တော့ ရှိနေဆဲမို့
စိတ်ရော လူပါ နေရ ထိုင်ရတာ ကြည်လင်ပေါ့ပါး နေတတ်ပါတယ်။

#ဟိုဟိုဒီဒီ ခရီးသွား လိုသူတွေ အတွက်
မထူမပါး အပေါ်ထပ် အင်္ကျီတွေဟာ
ခန္ဓာ ချပ်ရပ်နေရင် ပိုလှ တယ်လေ
ဒီ အတွက်
Missmyanmar Gym ကို အရင် လာခဲ့ပါနော်

#အလွမ်းအဆွေးဓာတ်ခံ ရှိသူတွေ အတွက်
တစ်ကိုယ်တည်း ကြိတ်ဆွေးနေမယ့် အစား
Missmyanmar Gym မှာ ကစားဖော် ညီအစ်မတွေနဲ့
အတူ ပေါ့ပေါ့ပါပါး ရင်ဖွင့် ရင်း လာ ကစားကြည့်ပါ။

အရွယ် အစ်မကြီး တွေဆိုတာ
အလကားနေရင်း ရယ်လွယ် ငိုလွယ်
စိတ်ကျလွယ် ကာလတွေ ဖြတ်သန်း နေကြ
ရတာ ဖြစ်လို့
Missmyanmar Gym မှာ ဘဝတူတွေချင်း
ကျန်းမာရေး အမြင်ဖလှယ်ရင်း စိတ်လက်ပြေပျောက်
သက်သာ သွားတတ်ကြပါတယ်။

ဒီတော့ Menopause အရွယ် အစ်မကြီးများလည်း
အလည် တစ်ခေါက်ဖြစ်ဖြစ် လာရောက်
လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

#သားသမီးတွေက ဘဝအမော အတွက် ရုန်းနေကြရချိန်
မြေးတွေက ဘဝတိုးတက်ရေး အတွက် ကန် နေရချိန်တွေမှာ
ခြောက်ဆယ်ကျော် အန်တီများ အတွက် အိမ်မှာ
စကားပြောဖော်မရှိ ၊
ဒီ အခါ
အထီးကျန်ခြင်းဟာ ဝေဒနာ တစ်ခုသဖွယ် ဖြစ်လာတတ်ပါတယ်။
Missmyanmar Gym မှာတော့
သမီး အစား
မြေး ကိုယ်စား အချိန်ပိုင်းလေး ဖြစ်ဖြစ်
အတူ ကစားနေကြရင်း ဂရုစိုက်ဖေးမ ပေးတတ်ကြပါတယ်။

အသက်အရွယ်နဲ့ ကိုက်ညီမယ့် ပေါ့ပါးတဲ့ ကစားနည်းများ
ကို လေ့ကျင့် ပြသပေးပါတယ်။

အရွယ်သုံးပါး မိန်းမသားများ
စိတ်လည်း ကျန်းမာ
လူလည်း လှပစေဖို့
Missmyanmar Gym ကိုသွားကြစို့။

သင်တန်းဖွင့်ရက်
တနင်္လာ နေ့ ကနေ သောကြာနေ့ထိပါ

သင်တန်းချိန်က
မနက်၇ နာရီ ည၇နာရီ အတွင်းပါ
(အလုပ်ပြန် နောက်ကျရသူများအတွက် ည ၇နာရီမှ သင်တန်းကို ရောက်လို့ ရပါတယ်)

လစဥ် သင်တန်းကြေး
လေးသောင်းခွဲ (ဇန်နဝါရီ ၁ရက်နေ့မှ စပြီး)

အမှတ်၆၇၀
သီရိလမ်း၊ပိန္နဲကုန်းရပ်ကွက်
အင်းစိန်
09250863751
09892659161
09261138534

သင်တန်းသူ တစ်ဦးချင်းစီကို
စာအုပ်နေ့စဥ်ကစားရမယ့်
ဇယားနဲ့အတူ နည်းပြတွေ ကိုယ်တိုင် ပြပေးပါတယ်။

photo
Menopause အရွယ် အစ်မကြီး

18/10/2024

ဝါလ ကင်းလွတ် သီတင်းကျွတ် အခါ သမယမှာ
ချစ်ရတဲ့ သင်တန်းသူ အစ်မ ၊ ညီမနဲ့ သမီးလေးများ

ကိုယ်ခန္ဓာလည်း ဘေးကင်းကြပါစေ။
စိတ်အာရုံလည်း ဘေးရှင်းနိုင်ကြပါစေ။

Photos from Miss Myanmar Gym's post 18/06/2024

GYM မှာ သွားပြီး ကစားကြတယ် ဆိုတာ
ခန္ဓာ ကျန်းမာဖို့ သက်သက်အတွက် မဟုတ်ဘဲ ၊
စိတ်ကျန်းမာရေးအတွက်ပါ အကျုံးဝင်ပါတယ်။

အမျိုးသမီး အများစုဟာ သူတို့ ချစ်တဲ့ သူတွေနဲ့
ယှဥ်လာရင် အလျှော့ ပေး ဆက်ဆံလေ့ရှိတတ်ကြတယ်။

ချစ်သူတွေကြား
လင်မယားကြား
သားသမီးနဲ့ မိဘကြားမှာ
ကိုယ့်ဘက်က မှန်နေခဲ့ရင်တောင်
ချစ်ရသူတွေနဲ့ ပဋိပက္ခဖြစ်တာ နည်းလိုကြတော့
အလျှော့ပေး လိုက်ကြတာ များပါတယ်။

မိခင်စိတ် အခြေခံရှိလို့
လျှော့ပေး ဆက်ဆံကြပေမယ့်လည်း ၊
ပုထုဇဥ်တွေ ပီပီ ကြာလာတော့ စိတ်ပွန်းတီးကြ
ရတယ်။

သူတို့အတွက် ထွက်ပေါက်ဟာ ခံစားချက်
တူသူချင်း ရင်ဖွင့် ပြောဆိုကြခြင်းပါပဲ။

ဒီလိုလေး ပြောခွင့် ရလိုက်ရင်ကို စိတ်တွေ
ပြေလျော့ သွားရပြီး မိသားစုတွေ အတွက်
တစ်ဖန်ပြန်ပြီး အလျှော့ပေးရန်အသင့် ဆိုတဲ့
စိတ်အင်အားတွေ ရရှိနေတတ်ကြပြန်တယ်။

Gym မှာ အတူ ကစားကြရင်း သူ့ခံစားချက်
ကိုယ့်ခံစားချက် ရင်ဖွင့်ကြရင်း ရယ်စရာအဖြစ် ပေါ့ပါးသွားကြရ ပါတယ်။

အဆင်မပြေမှုတွေဟာ ကိုယ့် တစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ စိတ်သက်သာခြင်း တစ်မျိုးလို့ဆိုရပါမယ်။

အဆင်ပြေခြင်းတွေ ၊ ပျော်ရွှင်ခြင်းတွေ ၊ အောင်မြင်ခြင်းတွေ မျှဝေဖို့လည်း မိသားစုအပြင် နောက်ထပ်
နယ်ပယ် တစ်နေရာဟာ Gym က အတူကစားဖော်တွေ ဖြစ်နေကြပါတယ်။

Missmyanar Gym မှာတော့ ကျန်းမာ သန့်ရှင်းပြီး
ကျယ်ဝန်းတဲ့ နေရာမှာ
ကစားဖော် ညီအစ်မတတွေ နွေးနွေးထွေးထွေး
ဆက်ဆံရေးနဲ့ ကစားနေကြခြင်းမျိုးပါပဲ။

သန့်ရှင်းသပ်ရပ်ခြင်းကို ဦးစားပေး ထားသလို၊
သင်တန်းသူ တစ်ဦးချင်းစီကိုလည်း စာအုပ်ဇယားတွေ နဲ့
ကစားပေးပါတယ်။

လူ ကျန်းမာ လှပ စေသလို
စိတ်လည်း အေးချမ်း သက်သာစေရပါမယ်။

အရှုတ်အထွေးတွေ များလွန်းလှတဲ့ ကာလကြီးထဲမှာ
ခဏတာလေးဖြစ်ဖြစ် စိတ်ခန္ဓာ အပန်းပြေစေဖို့
Missmyanmar Gym ကို လှမ်းလာစို့။

#သင်တန်းဖွင့်ရက်
တနင်္လာ နေ့ ကနေ သောကြာနေ့ထိပါ

သင်တန်းချိန်က
မနက်၇ နာရီ ည၇နာရီ အတွင်းပါ

လစဥ် သင်တန်းကြေး
လေးသောင်း

အမှတ်၆၇၀
သီရိလမ်း၊ပိန္နဲကုန်းရပ်ကွက်
အင်းစိန်

09250863751
09261138534
09761783492

Photos from Miss Myanmar Gym's post 07/05/2024

မိန်းကလေးတွေရဲ့ Aging (အရွယ်ကျခြင်း)က ၂၅နှစ် ကနေစပြီး ကျလာတာလို့ သုတေသီတစ်ခုမှာ ဖတ်ဖူးခဲ့တယ်။

အဲ့ဒီမှာမှ ကလေးမီးဖွားထားဖူးတဲ့ အမျိုးသမီးတွေက အရွယ်ကျဖို့ ပိုလွယ်တယ်ပေါ့။

ထပ်လောင်းဖြည့်ရရင်
စီးပွားရေး ၊ လူမှုရေး အာရုံတွေ ရှုပ်ထွေးမှု ပိုများကြရတဲ့အမျိုးသမီးတွေခမျှာ အိုစာတဲ့ဘက်ကို ရောက်သွားကြရတော့တာပဲ။

ဒါဆိုရင်
မြန်မြန်ဆန်ဆန် အရွယ်ကျစေခြင်းတွေကို
အမျိုးသမီးတွေက ဒီအတိုင်းကြီး
စင်းခံနေရမလားလို့ တွေးစရာရှိပါတယ်။

ဇရာကို ဇွတ်အတင်း လွန်ဆန်ရန် မဟုတ်။
ဖြည်းဖြည်းနဲ့မှန်မှန် ကျန်းမာစွာ ဖြတ်သန်းကြဖို့ပါပဲ။

အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်အတွက် စိတ် ကျေနပ် ပျော်ရွှင် စေမယ့်အရာဟာ
သူ့ ကျန်းမာရေးနဲ့ သူ့ဝန်းကျင်ကို ထိခိုက်စေတာ မဟုတ်ရင်
အကောင်အထည် ဖော် လုပ်ဆောင်သင့်ပါတယ်။
ဒါကို
သူ့မိသားစုဝင် တွေကလည်း နားလည် ခွင့်ပြုပေးထားဖို့လိုပါတယ်။

အခု အမျိုးသမီးလေးကတော့
သမီးတစ်ယောက် အမေ အိမ်ထောင်ရှင်မဖြစ်ပြီး၊
သူ့ စိတ်ကျေနပ်ပျော်ရွှင်စေတာက GYM ကို လာပြီး
ကစားရခြင်းပါပဲ။

Tattoo Artist တစ်ယောက်ဖြစ်ပြီး ကျန်းမာ
ဖျတ်လတ် တက်ကြွစွာနဲ့ သူ့အသက်မွေးမှုမှာလည်း
ပျော်ရွှင်နေတတ်သူပါပဲ။

သမီးနဲ့အိမ်မှုကိစ္စတွေ ဘယ်လောက် များများ
သူ့ကာစတန်မာတွေ နဲ့ဘယ်လောက် ရှုပ်ရှုပ်
GYM ကိုတော့ အချိန်လုပြီး အပြေးလာ ကစားတတ်သူ။

ရလဒ်ကတော့ ပုံပါ အတိုင်းပါပဲ။

သူ့ဘာသာလည်း စိတ်ကျေနပ်မှု ရနေသလို ၊
သူ့ကိုမြင်ရသူတွေ ကလည်း လိုက်ကစားကြဖို့
မိုတီ ရနေကြပါတယ်။

MissMyanmar GYM ရဲ့
အလှပဂေး သမီးမေမေ တစ်ယောက်ပေါ့။

Photos from Miss Myanmar Gym's post 21/12/2023

Miss ရဖူးထားတဲ့ အလှမယ် တစ်ယောက် အတွက်
Body ကိုထိန်းသိမ်းထားဖို့ ပို လိုအပ်လှပါတယ်။

သူက အရင်တုန်းက miss (ဘွဲ့ တစ်ခုခု)ရဖူးခဲ့ တာလေလို့
တစ်ယောက်ယောက်က ညွှန်ပြ ပြောဆို လာခဲ့ရင်၊
''ဟုတ်မှာ အခုထိလည်း ဘော်ဒီ ထိန်းထားနိုင်တာပဲကိုး''
လို့ ဆိုတဲ့ မှတ်ချက် စကား ပြန်ရနိုင်ဖို့က၊
အစားအသောက် အနေအထိုင် အပြင်၊ပုံမှန် GYM ကစားနေဖို့လည်း လိုအပ်ပါတယ်။

ဒီနေရာမှာ
ငယ်ငယ်က ကြည့်ဖူးတဲ့ Miss Universe ပွဲတစ်ခုက အကြောင်း ထည့်ပြောချင်ပါတယ်။

ဒီနှစ် Miss Universe ဘွဲ့ရတဲ့သူက နောင်နှစ် Miss ရတဲ့သူကို သရဖူ ဆောင်းပေးရပါတယ်။(သရဖူ လွှဲပေး)
နိုင်ငံတကာက ဝင်ပြိုင်ကြတာ ဖြစ်လို့၊အရင်နှစ်က Miss ရထားသူကို ဖိတ်ကြား ကြတဲ့အခါမှာ၊ရွေးချယ်ရေး ဒိုင်အဖွဲ့က ဖိတ်စာကို Miss ရှိရာ နိုင်ငံအထိ အရောက်သွားပြီး ဖိတ်ကြား ပေးတာပါတဲ့။လူပုံစံကိုလည်း အကဲခတ်
ကြည့်ကြတာ ထင်ပါတယ်။

တစ်နှစ်မှာတော့ သရဖူလွှဲပေးရမယ့် အရင်နှစ်က
Miss Universe က ဝိတ် အလွန်တက်သွားပြီး
ခန္ဓာအချိုးအစား ပုံပျက်နေတာ တွေ့ရလို့၊ ဖိတ်စာကို ပြန်ယူလာခဲ့ကြပြီး၊
တစ်နှစ်ကျော်က Miss ရထားသူကိုပဲ ပြန်ဖိတ် လိုက်ကြပါတယ်တဲ့။(ဒီ Miss ကတော့ နှစ်နှစ် ဆက်တိုက် သရဖူ ဆောင်းပေးရတာပေါ့)။

ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အဖြေက ရှင်းပါတယ်။
Miss Universe Title နဲ့ မလျော်ကန်တဲ့ ခန္ဓာကိုယ် အချိုးအစား ဖြစ်သွားသူ ၊ဘယ်သူ့ကိုမဆို စင်ပေါ်တက်ခွင့်
၊သရဖူ ဆောင်းပေးခွင့် မပေးနိုင် ပါဘူးတဲ့။

သဘောတကျ ထောက်ခံမိပါတယ်။
ကိုယ် ရထားဖူးတဲ့ Title နဲ့အညီ ထိန်းသိမ်း နေထိုင်တတ်ခြင်းဟာလည်း အလှမယ် တစ်ယောက်ရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

ကျန်းမာညီညွှတ် တဲ့ ခန္ဓာကိုယ် အချိုးအစားရှိနေခြင်း
ဆိုတာ ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ် လိုအပ်ပါတယ်။

ဒါဟာ အလှတရား ဆိုတာထက်
သဘာဝတရားနဲ့ အညီ နေထိုင်ခြင်းလို့ ပြောရင်
ပိုမှန် ပါလိမ့်မယ်။

အချို့က ဆိုတတ် ကြပါသေးတယ်။

'''ဒီ အရွယ်ကြီးရောက်နေပြီ လိုသေးလိုလား''

'''ဘယ်သူ့အတွက် ဒီလောက် လှချင်နေရတာလဲ''' လို့ ဆိုတဲ့
ခပ်တိမ်တိမ် စကားတွေပါပဲ။

တကယ်တော့
ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး၊
ကိုယ့် အတွက် ကိုယ်မို့ ကစားဖို့လိုအပ်တာပဲ။

ကိုယ့် တစ်ကိုယ်စာ ကျန်းမာ နုပျိုလှပနေခြင်း
ကလည်း၊ ကိုယ့် အနီးအပါးက သူတွေကို
ဝန်ထုပ်ဝန်ပိုး ပေါ့စေလို့ပါပဲ။

ပုံကတော့
Miss Title ရထားဖူးတဲ့ ၊သူ့ ဘော်ဒီကိုလည်း
အလွန် သတိထား ထိန်းတတ်တဲ့
Miss Myanmar Gym က
သမီး လှလှလေး
တစ်ယောက်ပါ။

Love U all.

Photos from Miss Myanmar Gym's post 15/12/2023

Miss Myanmar Gym ရဲ့ သင်တန်းသူ တော်တော်များများက နှစ်ချီပြီး ကစားကြတာ များပါတယ်။
ဒီနေရာမှာ ဆိုလိုတာက
နှစ်ချီပြီး ကစားရတယ်ဆိုလို့ ဘာမှမထူးခြားလို့(Weight lost,Weight gains) ကြောင့် ကာလ အကြာကြီး
ကစားနေကြတာမျိုး မဟုတ်ပါဘူး။

ဝိတ်ကျအောင် ကစားကြသူတွေက ဝိတ်ကျပြီးသွားရင်
ကျစ်လစ်လှပ အချိုးကျတဲ့ ခန္ဓာဖြစ်အောင် ဆက်ကစားကြပါတယ်။
ဝိတ်တက်အောင် ကစားကြသူတွေ
အနေနဲ့လည်း မာဆယ်လ်တွေ ကျစ်လစ် ခိုင်မာအောင်ထိ
ဆက် ကစားလေ့ရှိကြတယ်။

Miss Myanmar Gym ရဲ့ကစားနည်းတွေက
တစ်လ၊ နှစ်လအတွင်း ဝိုင်းဒိုင်းကြဲ ဝိတ်တွေကျသွား ၊
ပြီးလို့ နားလိုက်ရင် အရင်ထက် နှစ်ဆလောက်
ဝိတ်ပြန်တက် သွားရတာမျိုး မဟုတ်ပါဘူး။

နှစ်နဲ့ချီ ဝိတ်တက်နေတဲ့ ခန္ဓာအတွက်
နှစ်လ သုံးလ လောက်နဲ့ ဝိတ် (အပြီး)ကျသွားတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။
ခွဲစိတ်ကုသ၊အဆီကျဆေးတွေ လိမ်း၊သောက်
လုပ်ကြရင်တောင် တစ်ကြိမ် နှစ်ကြိမ် သုံးစွဲရုံနဲ့
တစ်သက်လုံးအပြီး ဝိတ်ကျ၊ပိန်သွားတယ်ဆိုတာ
ရှိ မနေပါဘူး။
ဒီလိုပါပဲ
အစားအသောက် diet planနဲ့ ချရင်လည်း
အမြဲတမ်း အစားအသောက် ချို့ငဲ့စွာနဲ့ ဆင်ခြင် စားနေမှ
ဝိတ်ကျတာပါ။
သုံးလေးလစာ ပလန်နဲ့စားထားပြီး
တစ်သက်လုံးစာ ဝိတ်မတက်တော့တာ မဟုတ်ပါဘူး။

ဒါဟာ နိယာမ တစ်ခုပါပဲ။

ဒီတော့
ဆိုပါစို့ ဝိတ်တက်နေတာ လေးနှစ်လောက် ရှိပြီဖြစ်တဲဲ့
သူတစ်ယောက်အတွက် ၊
ဝိတ်ကျပြီး၊ ကြွက်သားတွေပါ ကျစ်လစ်လှပဖို့ ဆိုရင်
လေးနှစ်လောက်တော့ ပြန်ကစားရမယ်လို့တွေးထားပါ။
ဝိတ်တက်ခဲ့ရာ ကာလအတိုင်း နောက်ပြန်သွားရမယ့်သဘော။
ဒါဟာ လိုလိုပိုပို လွန်လွန်ကဲကဲ ပြောရခြင်းပါပဲ။
ဘာဖြစ်လို့လဲ ဆိုတော့
ဝိတ်အမြန် ကျချင်သူ အများစုက ပုံမှန် အချိန်ပေး ကစားရမှာတော့ ပျင်းတတ်ကြလို့ပါပဲ။

Miss myanmar Gymရဲ့
သင်တန်းသူ (နှစ်နဲ့ချီပြီး ကစားကြသူ )အများစု
ကတော့ ကျစ်လစ်လှပတဲ့ အချိုးအစား ခန္ဓာရသွားကြပြီး ၊အကြောင်းအမျိုးမျိုးကြောင့် Gymလာ ကစားကြဖို့
ပျက်သွားကြရင်တောင် တော်တော်နဲ့ဝိတ် ပြန်မတက်ကြပါဘူး၊ခန္ဓာကိုယ်လည်း ပုံပျက် မသွားကြပါဘူး။

ကာလ အတန်ကြာမှ အချိန်ရလို့
Gymကို ပြန်ရောက်နိုင်ပြီး ကစားကြရင်လည်း၊အနည်းငယ်လောက်သာ ဝိတ်တက် လာတတ်ကြပြီး၊ ကစားလိုက်ရင်လည်း နှစ်ပတ်လောက်နဲ့ ပြန်ကျသွားတတ်ပါတယ်။
ဒါဟာ
အချိန်ပေးပြီး သေချာ ကျစ်လစ်အောင် ကစားထားလို့
မာဆယ်လ်မန်မိုရီ (Muscle memory)ပြန် အလုပ် လုပ်တာပါပဲ။

အိမ်ရှင်မတွေ၊ အလုပ် တာဝန် ယူထားရတဲ့ ဝန်ထမ်း
အမျိုးသမီးတွေအတွက် Gym မှာ ရက်ပျက်မရှိ ၊
ပုံမှန် ကစားနေနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဒါကြောင့် ကိုယ် အချိန်ပေးနိုင်တုန်းမှာ သေချာ
ကစားထားမှ ၊ကျစ်လစ်လှပ နိုင်မှာ။

Miss Myanmar Gym က သင်တန်းသူတွေ
နှစ်ချီ ကစားကြတယ်ဆိုတာ
အကြောင်းအမျိုးမျိုးကြောင့် ကာလတစ်ခု အကြာ
သင်တန်းပျက် သွားကြရင်တောင်၊အချိန် ပေးနိုင်တာနဲ့Miss Myanmar Gym ကို ပြန်ရောက်လာကြလို့ပါပဲ။
ဒီလိုနဲ့
ဆယ်စုနှစ်ကြာ
၊ဆယ့်ငါးနှစ်ကြာ၊
နှစ် နှစ်ဆယ်ကြာ သင်တန်းသူတွေဟာ
ကိုယ်နဲ့ ညီအစ်မ ရင်းသဖွယ်တွေတောင်
ဖြစ်ကုန်ကြရပါတယ်။

Miss Myanmar Gym က
ကျစ်လစ်လှပ ကျန်းမာဖို့ တစ်ခုတည်း ဝန်ဆောင်မှုပေးတာမဟုတ်ဘဲ၊
စိတ်ဖိစီးမှုတွေ လျော့ကျသွားစေမယ့် ၊နွေးထွေးတဲ့
မေတ္တာတွေလည်း အပိုဆု အဖြစ်ပေးပါတယ်။

သန့်ရှင်းသပ်ရပ် ကျယ်ဝန်းလှတဲ့ ကစားခန်းနေရာ နဲ့
သင်တန်းသူ တစ်ဦးချင်းစီကိုလည်း ဇယားစာအုပ်နဲ့
လေ့ကျင့် ကစားပေးနေတာဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်
Miss Myanmar Gym ခန်းထဲကိုသာ သင် အရောက် လာခဲ့လိုက်ပါ။

ပုံကတော့
Miss Myanmar Gymရဲ့
ဆယ်စုနှစ်ကြာ သင်တန်းသူ
အပျိုကြီးမမ လှလှ တစ်ယောက်ပါ။

Photos from Miss Myanmar Gym's post 25/08/2023

Happy Birthday ပါ အစ်မကြီး ဒေါ်ဝင်းမာ၊
ကျန်းမာ သက်ရှည်စွာ နဲ့ လောကီ၊လောကုတ္တရာ
နှစ်ဖြာသော အကျိုး သယ်ပိုး ဆောင်ရွက်နိုင်ပါစေ လို့
Missmyanmar GYM မှသင်တန်းသူများ
က တောင်းဆု ပြုလိုက်ပါတယ်။

အန်တီ ဝင်းမာက
Missmyanar GYM ရဲ့ ဇွဲအရှိဆုံးနဲ့ အသက် အကြီးဆုံး သင်တန်းသူ၊
ဆယ်ကျော်သက် အရွယ်နဲ့၊လူလတ်ပိုင်း အရွယ် သင်တန်းသူတွေ ကစားနေကြရင်း မောလာတိုင်း အန်တီဝင်းမာ ကစားနိုင်တာကို ကြည့်ပြီး မိုတီယူကြရတယ်။
အန်တီ ဝင်းမာဟာ
ဥပုသ်နေ့ တစ်ရက်သာ သင်တန်း ပျက်တတ်သူပါ။

ကစားထားတဲ့ ခံနိုင်ရည်အား တွေကြောင့် ကိုဗစ် ကိုလည်း
ဖြတ်ကျော်နိုင်ခဲ့တယ်။
အသက်အရွယ်အရ အထိုင်အထ ဒူးနာ တတ်တာလေး
ကလွဲလို့၊ကျန်တဲ့ ရောဂါ ကြီးကြီးမားမား မရှိဘဲ၊
အမြဲ လန်းဆန်း တက်ကြွ နေတတ်သူ။

သားသမီးတွေက သူတို့ အမေကို အရွယ်အရ
ကစားတာကို နားစေချင် ကြပေမယ့်၊
အမေ့ဆန္ဒ အရ GYMလာ ကစားနေရင်
ကျန်းမာ ပျော်ရွှင်နေလို့ ခွင့်ပြု ပေးထားကြပါတယ်။
ဒီ့ အတွက်လည်း၊အန်တီ ဝင်းမာ သားသမီးတွေကိုကျေးဇူးတင် ရပါတယ်။

အန်တီ ဝင်းမာတို့ အသက်အရွယ်အရ
ကျန်းမာလန်းဆန်း ၊စိတ်ကြည်လင် ပျော်ရွှင်နေရအောင်
ပေါ့ပေါ့ပါးပါး ကစားနည်းတွေပဲ ကစားစေတာပါ။

MissMyanmar GYM မှာတော့
အန်တီ ဝင်းမာလောက် အသက်မကြီး ကြသေးပေမယ့် ခြောက်ဆယ်ကျော်စ အရွယ်တန်းတွေလည်း ကစားနေကြပါတယ်။

ဒီ အရွယ်တန်းတွေ ဆိုတာ
တရားထိုင်ချိန် ထိုင်ကြမယ်၊
မြေးတွေ အနား နေချင်တဲ့အချိန် နေကြမယ်၊
GYM လာ ကစားချိန်မှာ ကစားဖော် အရွယ်စုံနဲ့
စိတ်လက်ပေါ့ပါးစွာ စကားစမြည်ပြောကြမယ်။

တစ်ဘဝလုံး မောနေအောင် ဖြတ်သန်းခဲ့ ကြရပြီးပြီလေ၊
ကျန်ရှိ သက်တမ်းတွေကို
ကျန်းမာ လန်းဆန်းစွာ နေထိုင်ဖို့
Missmyanmar GYM ကိုသွားကြစို့။

Love U all.

Photos from Miss Myanmar Gym's post 30/07/2023

ကိုယ်ကာယ လေ့ကျင့်ခန်း ကစားကြရင် ကိုယ်အလေးချိန် ပေါင် (ဘော်ဒီဝိတ်) ဘယ်လောက် ကျသွားပြီလဲ ဆိုတာကို
ပြောလေ့ရှိကြတယ်။

ဒီလ ဆယ်ပေါင်ကျသွားတယ်၊ဆယ့်ငါး ပေါင်ကျသွားတယ်
စသဖြင့်ပေါ့။

ပေါင်ချိန်(ဘော်ဒီဝိတ် )ကျသွားမှ ပိန်သွားတာ လို့ ထင်နေကြလို့ပါပဲ။

တကယ်တော့ တစ်ပေါင်မှ ကျ မသွားဘဲ ၊
ခန္ဓာကိုယ် ကျစ်လစ်သွယ်လျ သွားလို့ရပါတယ်။

မာဆယ်(ကြွက်သား)ဝင်လာရင်
ပေါင်ချိန် ကျ မသွားတဲ့အပြင်၊ ပေါင်ချိန် တောင်တိုးလာတတ်ပါသေးတယ်။

ပုံ ၁ မှာ ကြည့်လိုက်ရင်
Before နဲ့ After မှာ Body Weight က
ပေါင်၂၀တောင် တက်လာ ပါသေးတယ်။
ဒါပေမယ့်
Body Fat % ကတော့ တစ်ဝက်လောက် ကျသွား
တွေ့ရပါတယ်။
ခန္ဓာကိုယ် ကျစ်လစ်သွားတာ ကတော့ သိသိသာသာပါပဲ။

ပုံ ၂ မှာလည်း
Missmyanar GYM သင်တန်းသူဟာ
ဘော်ဒီဝိတ်အားဖြင့် သုံးလေးပေါင်ပဲ ကျသွားပေမယ့်
ကျစ်လစ်သွားပုံကတော့ သိသာလှပါတယ်။

ဒီလိုဖြစ်ဖို့ဆိုတာ
အချိန်ကာလ တစ်ခုတော့ ပေးရမှာပေါ့။

Missmyanar GYM ခန်းထဲကိုသာ ရက်မှန်မှန်နဲ့
လူရောက်အောင် လာခဲ့လိုက်ပါ။

စနစ်တကျ ကစားနည်းနဲ့ လေ့ကျင့်သင်ကြားပေးမှုကို
Missmyanar GYMက တာဝန်ယူပါလိမ့်မယ်။

Love U all.

Photos from Miss Myanmar Gym's post 22/07/2023

သင်တန်း လာစုံစမ်းကြရင်
အချို့သူတွေက တစ်လကို ဘယ်နှစ်ပေါင် ကျနိုင်မလဲ၊
ဆယ်ပေါင်လောက် ကျသွား ချင်တာ၊ပေါင် နှစ်ဆယ်လောက် ချ ပစ်ချင်တာ နဲ့
အားမာန်အပြည့်နဲ့ မေးတတ်ကြပါတယ်။
အချို့များဆို တစ်လကို ဘယ်နှစ်ပေါင် ကျမယ်လို့ အာမ ခံသလဲတောင် မေးဖူးကြပါတယ်။

ဒီလိုမေးလာရင်

ကိုယ်ကတော့ ဘယ်နှစ်ပေါင်မှ ကျမယ်လို့ အာမ မခံပါဘူးလို့ဖြေမိတယ်။
ထရိန်းပေး သမျှ ဘယ်လောက် ကစားနိုင်မှာလဲ ဆိုတာ မမြင်ရသေးဘဲနဲ့ ဘာမှ ကြိုမပြောနိုင်ပါဘူး။

အချို့ကတော့ တစ်လလောက်နဲ့ တစ်ကိုယ်လုံး ကျချင်တာပါတဲ့။
တစ်ကိုယ်လုံး ကျချင်ရင်တော့ ပြတင်းပေါက်က
ပစ်ချ လိုက်မှ ကျမှာပဲ လို့ ရယ်ပြီး ပြောမိတယ်။

ဘော်ဒီဝိတ် အများကြီးကျသွားမှ လူပိန်တာ သိသာမယ်လို့ထင်နေကြလို့ပါပဲ။ဘော်ဒီဝိတ် အတက်အကျက
ရေမချိုးခင် ဘော်ဒီဝိတ် ထက် ၊ရေချိုးပြီး ချိန်ကြည့်ရင်တောင် တစ်ပေါင်၊နှစ်ပေါင်လောက် တက်နေတတ် တာမျိုးပါ။

Missmyanmar GYM ရဲ့ နည်းစနစ် များကတော့
ဘော်ဒီဝိတ်တွေ ဝုန်းဒိုင်းနဲ့ ကျ မသွားပါဘူး။
ခန္ဓာကိုယ် အချိုးအစား အလိုက် ထုဆစ်ပြီး ချပေးသလို
ကစားရတာပါ။
ရင်၊တင် ပြန်ပင့် ကစားရပါတယ်။
လက်မောင်းသား နဲ့ပေါင်တွေ ကျစ်လစ် တင်းရင်းလာအောင် ကစားရပါတယ်။
ဒီ့ အတွက် အချိန်တိုအတွင်းမှာ မဖြစ်နိုင်ပါဘူး။
အနည်းဆုံး သုံးလ လောက်ကြာမှ ပိန်သွားတယ်ဆိုတာ
သိသာ တာပါ။
ပြီးတော့ အသက်အရွယ် အပိုင်းအခြားနဲ့လည်း ဆိုင်ပါတယ်။
အသက်၄၀နဲ့အထက် ကစားကြသူတွေကို ဘော်ဒီဝိတ်
တအား ကျသွားအောင် ကစား မပေးပါဘူး။
ဒီအရွယ်တွေမှာ ဘော်ဒီဝိတ် တအားကျ သွားရင်
လူက အရွယ်ကျတဲ့ရုပ် ထွက် သွားတတ်ပါတယ်။

Missmyanmar GYM မှာကတော့
အချိုးအစား ပြေပြစ်လှပ ဖို့ကို ဦးစားပေး ကစားစေပါတယ်။

အလုပ်တစ်ဖက်နဲ့ အချိန်မရလို့ မကစားဖြစ်ဘူး ဆိုတဲ့
အမျိုးသမီးလေးများ တစ်နေ့ကို ကိုယ့်အတွက်တော့
နှစ်နာရီလောက် အချိန်ယူ ကစားစေချင်ပါတယ်။
လူ့ခန္ဓာဟာ စက်ယန္တရား မဟုတ်နေလို့ ပျက်သွားရင်
အသစ်လဲလို့လည်း မရပါဘူး။
ကိုယ့်ကိုယ်ကို ချစ်ကြပါ။

ပုံထဲက သင်တန်းသူကတော့ အလုပ်တစ်ဖက်နဲ့
အချိန်လုပြီး ဇွဲရှိရှိ
လာကစားနေတဲ့ သုံးလမြောက် ပုံပါ။

ပုံ အသုံးပြုခွင့်ပေးတဲ့
ဂိုက်ဆရာမ လှလှလေးကို လည်း ကျေးဇူးတင်ပါတယ်။

Love U all.

21/07/2023

အရင်တုန်းက ကြော်ငြာဆိုတာ ကြော်ကြားအောင် ညာပြောနေရတာလို့ ခနိုးခနဲ့ ဆိုခဲ့ဖူးတယ်။
ကိုယ့် ကုန်ပစ္စည်း၊ ကိုယ့် နည်းပညာတွေ မှန်ကန် ကောင်းမွန်နေရင် ကြော်ငြာနေစရာ မလိုဘူးပေါ့။
ကိုယ့်အတွေးတွေကို ကိုယ့် ငယ်သူငယ်ချင်း တစ်ယောက်က
ချေပ ခဲ့ဖူးတယ်။

ကုန်ပစ္စည်း ကောင်းတာချင်း တူနေရင်၊
အရည်အသွေး စံနှုန်း ပြည့်မီတာချင်း တူနေရင်
လူတွေဟာ
ထုပ်ပိုးမှု ကောင်းတဲ့၊အပြင် အဆင်လှပ သေသပ်တဲ့
အရာကိုပိုပြီး ရွေးချယ် တတ်ကြပါသတဲ့။
ဒါဟာ ကြော်ငြာ သဘောပါပဲတဲ့။
နင့်ရဲ့ ကုန်ပစ္စည်း၊နင့်ရဲ့နည်းပညာတွေ ကောင်းမွန်ကြောင်း
နင် ကိုယ်တိုင်မှ မပြောရဲရင်(မကြော်ငြာ ရဲရင်)
ဘယ်သူက ဘယ်လို ယုံကြည် ပေးရမလဲတဲ့။

သူပြောတာ ဟုတ်တာပေါ့ လို့ ကိုယ် လက်ခံလိုက်မိတယ်။
ဒါကြောင့်
ကြော်ငြာပါမယ်။

Missmyanmar GYM မှာ ကစားသွား ဖူးကြတဲ့
(လုံလောက်တဲ့ အချိန်ကာလ တစ်ခုထိ)
သင်တန်းသူတွေ အများစုဟာ တင်ပါး လျော မသွားကြပါဘူး၊တင်ပါး ဘေးခွက် မသွားကြပါဘူး။
ခန္ဓာကိုယ်နဲ့ မျှတတဲ့ ၊ရှိသင့်တဲ့ တင်ပါး သိသိသာသာ ရှိသွားကြတာချည်းပါပဲ။
ဒါဟာ
Missmyanmar GYMရဲ့ Trademark လို့တောင်
ပြောလို့ရပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးတွေ GYM သွား ကစားကြရင်
ဘယ်လောက်လှလှ တစ်ယောက်ပဲ ရမှာပါလို့
ချိုးချိုးနှိမ်နှိမ် ဆိုစကား ပြောခံရတဲ့ ခေတ် တစ်ခေတ်
ဖြတ်သန်း ခဲ့ဖူးကြတယ်။(အချို့တွေ အခုထိတောင်ရှိ)

အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက် ကျန်းမာလှပ နေတာဟာ မိသားစုကို ထိန်းသိမ်း စောင့်ရှောက်ပေးခြင်း
တစ်မျိုးပါပဲ။
မကျန်းမာ နေတဲ့ အမေကြောင့် စိတ်မပျော်ရတဲ့ သားသမီးတွေ၊
မကျန်းမာနေတဲ့ မိန်းမကြောင့် စိတ်ပမ်းကြရတဲ့ ယောကျာ်းတွေ လူမှူဝန်းကျင်မှာ အများအပြားပါပဲ။

အိမ်တစ်အိမ်ရဲ့ ပျော်ရွှင်ခြင်း အခရာဟာ
ကျန်းမာ နေကြခြင်းပါပဲ။
အထူးသဖြင့် မိသားစုကို စောင့်ရှောက်ပေးနေတဲ့ အိမ်ရှင်မ
ကျန်းမာ လန်းဆန်းတက်ကြွနေခြင်းဟာ မင်္ဂလာတစ်ပါး
ပါပဲ။
GYM သွားကစားတိုင်း လှချင်နေလို့ ချည်းပဲ အထင်နဲ့
အတွေးမကျဥ်း ပေးဖို့လိုတာပေါ့။

ဒီတော့ အိမ်ရှင်မတွေ အတွက် GYMသွား ကစားချိန်
တစ်ချိန်ရှိပေးဖို့(ကိုယ်တိုင်လည်း ရှိအောင်လုပ်ထားဖို့)
လိုအပ်ပါတယ်။
ဒါကတော့ ကြော်ငြာအား မပါ စေတနာစကား စစ်စစ်ပါ
Missmyanmar GYM မလာဘဲ၊ဘယ် GYM သွား
ကစား ကစားပါ။

ပုံထဲက သင်တန်းသူက မကျန်းမမာ မကြာခဏဖြစ်တတ်၊
မူးတတ် မောတတ်လို့ ကျန်းမာရေးအရ လာကစားရင်း၊
အခုဆို
ကျန်းမာလှပနေတဲ့ ကလေး နှစ်ယောက် မေမေပါ။

Missmyanmar GYM ဟာ
အမျိုးသမီး သီးသန့် ကစားတဲ့ နေရာဖြစ်ပါတယ်။
နည်းပြတွေကလည်း အမျိုးသမီးချည်းပါပဲ။

ဒါကတော့

GYM သွား ကစားစေချင်ပေမယ့်၊စိတ်မချလို့ဆိုကြ
တဲ့
အမျိုးသားထု အတွက် ၊ကြားဖြတ်
ကြောငြာ ထိုးပေးလိုက်ပါတယ်။

ပုံ အသုံးပြုခွင့်ပေးတဲ့
မေမေ လှလှလေးကိုလည်း ကျေးဇူးပါ။
Love U all

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 670, Thiri Street, Peinngekhon Township, Insein
Yangon

Opening Hours

Monday 06:00 - 19:30
Tuesday 06:00 - 19:30
Wednesday 06:00 - 19:30
Thursday 06:00 - 19:30
Friday 06:00 - 19:30