Amara Foot Reflexology
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amara Foot Reflexology, Health spa, 45, ThaDiPaHtan Street, Tamwe, Yangon.
Tamwe - 09 752 666 601 📱
Yankin - 09 255 634 510 📱
Relax Rejuvenate Unwind at AMARA.Art of relaxation with skilled therapists and luxurious treatments
လာရောက်အပန်းဖြေလိုက်ပါ 😇
ယနေ့ ကျရောက်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယတွင် လေးစားရပါသော မိတ်ဟောင်း၊ မိတ်သစ် လူကြီးမင်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ရှေ့ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🏻🙏🏻🙏🏻
ယနေ့လို ထူးမြတ်လှသည့် အခါတော်နေ့တွင် မြတ်စွာဘုရားရှင်၏ ဓမ္မအရိပ်အောက်၌ စိတ်အေးချမ်းသာယာစွာဖြင့် ကုသိုလ်ပါရမီများ ဖြည့်ဆည်းနိုင်ကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း အမရာ မိသားစုမှ လှိုက်လှဲစွာဖြင့် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🩷🩷🩷🩷🩷
Amara Reflexology
10/05/2026
💞💗 ဒီနေ့ကျရောက်တဲ့ အမေများနေ့တွင် မိခင်များအားလုံး သက်ရှည်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း အမရာ မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..🙏🏻🙏🏻🙏🏻❣️
Relaxation Partner
Amara Reflexology
09 255 634 510
09 752 666 601
02/05/2026
01/05/2026
🩺✨ မေလ (၁) ရက်နေ့ — အလုပ်သမားနေ့ (Labour Day) ✨🩺
လူမှုဘဝတိုးတက်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်
အလုပ်သမားများ၏ အားထုတ်မှု၊ စွမ်းဆောင်ရည်နှင့် ကြိုးစားအားထုတ် မှုများသည် မဖြစ်မနေလိုအပ်သော အင်အားတစ်ခုဖြစ်ပါတယ်ရှင့်
ယနေ့ မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့အား
အမရာ မိသားစု မှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့်
30/04/2026
ယနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်
အချိန်အခါသမယတွင် မိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပါစေကြောင်း အမရာ မိသားစု မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🏻❣️
Amara Tamwe 09266365656
Amara Yankin 09255634510
Photo credit to xihua
17/04/2026
🍃 မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး လိုအင်ဆန္ဒဟူသမျှ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း အမရာ မိသားစု မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်
09 266 365 656
09 255 634 510
✨ Amara Reflexology မှာ လက်တွဲလုပ်ကိုင်ဖို့ မိသားစုဝင်အသစ်လေးတွေ ဖိတ်ခေါ်ခြင်း ✨
ရန်ကုန်မြို့ရှိ ကျွန်မတို့ရဲ့ Amara Foot Reflexology ဆိုင်ခွဲများမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ လက်တွဲလုပ်ကိုင်မယ့် Foot Therapist အလုပ်သင် (အမျိုးသမီး) ညီမလေးများကို ရှာဖွေနေပါတယ်ရှင့် ☺️
💡 အတွေ့အကြုံ မရှိလို့ စိတ်မပူပါနဲ့!
Amara ကနေ လုပ်ငန်းခွင်အတွေ့အကြုံနဲ့ Customer Service ပညာရပ်တွေကို စနစ်တကျ သင်ကြားပေးသွားမှာပါ။ (သင်တန်းကာလ ၄ ပတ်အတွင်းမှာလည်း အခြေခံလစာ၊ ဆန် နဲ့ အဆောင်ပါ စီစဉ်ပေးထားပါတယ်နော်)။
💰 ရရှိမည့် အကျိုးခံစားခွင့်များ
• ✅ အခြေခံလစာ + ဆက်ရှင်ကြေး (%)
• ✅ ဆန် အခမဲ့
• ✅ ယူနီဖောင်း အခမဲ့
• ✅ အဆောင် အခမဲ့ (နယ်မှလာသူများအတွက် အထူးအဆင်ပြေပါတယ်)
• ✅ တစ်လလျှင် ခွင့်ရက် ၃ ရက်
📍 လိုအပ်ချက်များ
• အသက် ၄၀ နှစ်အောက် (အမျိုးသမီး) ဖြစ်ရပါမည်။
• အသင်းအဖွဲ့နဲ့ လုပ်ကိုင်တတ်ပြီး စည်းကမ်းလိုက်နာနိုင်သူ ဖြစ်ရပါမည်။
• အနည်းဆုံး (၈) လ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။
• အလုပ်ကြိုးစားပြီး မိမိကိုယ်ကို တိုးတက်လိုစိတ်ရှိသူများကို ဦးစားပေးပါမည်။
🏠 ဆိုင်တည်နေရာများ
• ဆိုင် (၁) - သတိပဌာန်လမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
• ဆိုင် (၂) - အရိယမဂ္ဂင်လမ်း (၁၂ လုံးတန်းအနီး)၊ ရန်ကင်းမြို့နယ်။
📞 ဆက်သွယ်ရန်
နယ်ဝေးက ညီမလေးများအနေနဲ့ Viber ကနေတစ်ဆင့် လျှောက်ထားနိုင်သလို ဖုန်းနဲ့လည်း အင်တာဗြူး ဖြေဆိုနိုင်ပါတယ်။
• page: Amara foot reflexology (https://www.google.com/search?q=https://www.facebook.com/AmaraFootReflexology)
• ဖုန်းနံပါတ် - 09423942837
အတွေ့အကြုံရှိပြီးသား ဆရာမများလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်
23/02/2026
Hello hello!
ဒီနေ့ဟာ Amara Foot Reflexology ရဲ့ (၇) နှစ်ပြည့် အထိမ်းအမှတ်နေ့လေးဖြစ်ပါတယ်။
(၇) နှစ်တာခရီးလမ်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဟာ အမြဲအားပေးယုံကြည်ပေးခဲ့ကြတဲ့ ချစ်ခင်ရသော မိတ်ဆွေ၊ ဖောက်သည်များနှင့် ဝန်ထမ်းများကြောင့် ဖြစ်ပါတယ်။
ဆိုင်စဖွင့်တဲ့နေ့ကစပြီး ယနေ့အထိ လာရောက်အားပေးခဲ့ကြတဲ့ ချစ်ဧည့်သည်တော်တိုင်းကို စိတ်ရင်းမှန်ဖြင့် အထူးကျေးဇူးတင်ရှိပါတယ်။
ချစ်တို့ရဲ့ယုံကြည်မှု၊ အားပေးမှုတွေက Amara အတွက် ရှေ့ဆက်လှမ်းဖို့ အကြီးမားဆုံး လှုံ့ဆော်အားလေးပါနော်။
ရှေ့ဆက်ပြီးလည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့်ဝန်ဆောင်မှုပေးနိုင်ရန် အစွမ်းကုန် ကြိုးစားသွားပါ့မယ်။
Amara Foot Reflexology ကို အားပေးကြသော ဆွေမျိုးသဟာမိတ်ဆွေဧည့်သည်များအားလုံးကို ထပ်မံကျေးဇူးတင်ရှိပါတယ်နော်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
45, ThaDiPaHtan Street, Tamwe
Yangon
11211