Overseas Connect Services

Overseas Connect Services

Share

100% တာဝန်ယူပါတယ်။

15/07/2026

သိစေချင်ပါတယ်

📘 မြန်မာနိုင်ငံမှာ Passport လုပ်ဖို့ ဘာတွေလိုအပ်မလဲ? 🤔

"Passport လုပ်ချင်တယ်... ဒါပေမယ့် ဘာစာရွက်စာတမ်းတွေလိုလဲ?""ကလေးလည်း လုပ်လို့ရလား?""၁၈ နှစ်ပြည့်ပြီးရင် ဘာတွေယူသွားရမလဲ?"ဒီလိုမေးခွန်းတွေ မေးနေတဲ့သူတွေအတွက် ဒီ Post လေးကို အဆုံးထိဖတ်ထားလိုက်ပါနော်။

✅ Passport ကို အသက်ဘယ်လောက်ကစပြီး လုပ်လို့ရလဲ?

Passport က မွေးပြီးကတည်းက လုပ်လို့ရပါတယ်။ အသက်ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် အသက်အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေတော့ မတူပါဘူး။

👶 အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေအတွက်

မွေးစာရင်း

အိမ်ထောင်စုစာရင်း

မိဘ NRC

ကလေးရဲ့ NRC (ရှိရင်)

မိဘ သို့မဟုတ် အုပ်ထိန်းသူနဲ့အတူ လျှောက်ထားရပါမယ်။

🧑 အသက် ၁၈ နှစ်ပြည့်ပြီးသူတွေအတွက်

NRC (နိုင်ငံသားစိစစ်ရေးကတ်) မူရင်း၊ မိတ္တူ

အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ

စမတ်ကဒ် မူရင်း၊ မိတ္တူ

ဖောင်

Booking QR စာရွက်

✝️☪️🕉️ ဘာသာခြားများအတွက်တချို့အခြေအနေတွေမှာ ဘာသာရေးအဖွဲ့အစည်းက ထောက်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းတွေ လိုအပ်နိုင်ပါတယ်။ ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်ချက်က ကွာခြားနိုင်တာကြောင့် ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးပါ။

💰 Passport လုပ်ခ ဘယ်လောက်ကျလဲ?လက်ရှိ ပုံမှန် Passport လျှောက်ထားခက ၅၀,၀၀၀ ကျပ် ဖြစ်ပြီး ကိုယ်တိုင် Booking ရယူနိုင်ပါတယ်။ ဝန်ဆောင်မှုအမျိုးအစားပေါ်မူတည်ပြီး အမြန်ဝန်ဆောင်မှု သို့မဟုတ် အခြားအခြေအနေတွေမှာ ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။

📌 Booking ယူရမယ့် အခြေအနေတွေ

Passport Office မှာ လူကိုယ်တိုင် လျှောက်ထားမယ့်အခါ

ပထမဆုံးအကြိမ် Passport လုပ်မယ့်အခါ

သက်တမ်းတိုးမယ့်အခါ

ပျောက်ဆုံး/ပျက်စီး Passport ပြန်လျှောက်မယ့်အခါ

ကလေးအတွက် လျှောက်ထားမယ့်အခါ

Booking မယူဘဲ သွားရင် လက်မခံနိုင်တာမျိုးရှိနိုင်လို့ အရင်ဆုံး ရက်ချိန်းယူပြီးမှ သွားတာ အကောင်းဆုံးပါ။

📌 Passport မလုပ်ခင် သိထားသင့်တာ

စာရွက်စာတမ်းတွေ ပြည့်စုံမှ အချိန်မကုန်ဘဲ လျှောက်ထားနိုင်ပါတယ်။

ကိုယ့်အခြေအနေနဲ့ကိုက်ညီတဲ့ လိုအပ်ချက်တွေကို ကြိုတင်သေချာစစ်ဆေးထားတာက အရေးကြီးပါတယ်။

📩 Passport လုပ်ဖို့ အခက်အခဲရှိနေလား?လိုအပ်တဲ့ စာရွက်စာတမ်းတွေ မသေချာသေးဘူးလား?

Comment မှာ မေးထားလို့ရသလို Messenger / Telegram ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့အချက်တွေကို အသေးစိတ် ပြောပြပေးပါမယ်။

15/07/2026

Passport အခက်အခဲရှိနေသူတွေ အမြန်ဆုံးဆက်သွယ်လို့ရပါတယ် 🤗

100% တာဝန်ယူမှုအပြည့် စိတ်ချယုံကြည်လို့ ရပါတယ်။

- PJ to PE
- PJ to PV (35 နှစ်အထက်)
- PV to PJ
- Passport အသစ်လုပ်ခြင်း
- ဘာသာခြား လူမျိုးများ စသဖြင့် ခက်ခဲနေသူများ အားလုံး အတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးပါတယ် 👍

အသေးစိတ်သိရှိလိုက Telegram ကနေ ဆက်သွယ်ပေးပါ

Messenger ကနေလဲ ဆက်သွယ်လို့ရပါတယ်ရှင့်။

#ပတ်စ်ပို့အမြန် #ရာနှုန်းပြည့်စိတ်ချရ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 12:00