Ezume
Japan product, sale product, promotion, set sale
11/05/2024
Price: 7000 MMK
Item Code: GP001
Color: y (yellow), p (pink), g (grey), b (black), br (brown).
Size: M, L, XL, XXL, 3XL, 4XL
ကြာချိန် ၂ ပတ်။
မှာယူလိုပါက Comment သို့မဟုတ် Inbox တွင် Item Code +color +size တွဲပြီး ရိုက်ထည့်ပေးပါနော်။
အဝါရောင်လေးကို size စုံ ဝယ်ယူရန် -
ဉပမာ- gp001ym, gp001yl, gp001yxl, gp001yxxl, gp001yxxl, gp001y3xl, gp001y4xl.
Instock ပစ္စည်းလေးတွေ ရောင်းပေးမယ်
Live နဲ့ရောင်းပေးရမလား😁
01/11/2020
မုန့်ဖိုး 100,000,000 Ks! KBZPay ရဲ့ မုန့်ဖိုးအား ဒီမှာရယူပါ။ မုန့်ဖိုး ကျပ်သိန်း ၁၀၀၀ အထိ မျှဝေယူနိုင်ပါပြီ။
15/08/2020
Super Gold (made in japan)
Super Gold product လေးမှာ ရွှေစစ်စစ် အရွက်လေးတွေပါတဲ့အတွက် မျက်နှာကို ရွှေသွင်းပြီးသားဖြစ်စေမှာပါ
နောက်ပြီး မျက်နှာအလှအပအတွက် မရှိမဖြစ် hyaluronic acid၊ collagen စတဲ့ အဖိုးတန် ပာဝင်ပစ္စည်း လေးတွေနဲ့ ပေါင်းစပ်ထားပါတယ်နော်။
Super Gold Moisture product လေးတွေကသင့်အသားအရေကိုကလေးငယ်လေးကဲ့သို့ချောမွေ့စေ ပြီးအသားရည် အိုမင်းရင့်ရော်ခြင်း ကိုလည်း နှေးကွေး စေပါတယ်👌👌
အရေပြား elasticity ကိုထိန်းသိမ်းရန်ကူညီပေးပါတယ်။ 😍😍
Super gold beauty product လေးတွေကတော့ 👇👇👇
တစ်မျိုးတည်းပဲလိမ်းချင်တဲ့သူတွေအတွက် All in one gel
Skincare ကို step by step ကြိုက်သူတွေအတွက် super gold moisture lotion and moisture gel
မျက်နှာသစ် ဆပ်ပြာဆိုပြိး ၄မျိုးရှိပါတယ်နော်
All in one gel - 25000
Moisture lotion - 25000
Moisture gel - 25000
Facial soap - 10000
Set အလိုက်သုံးချင်သူလေးတွေ cb လာခဲ့ပေးပါ စျေးလျော့ပေးပါ့မယ်
* အားလုံး instock ပါရှင်*
ပုံမှန်စျေးဆို စျေးအရမ်းကြီးပါတယ်နော် japan ပြည်တွင်းသုံး သီးသန့်သာရောင်းပါတယ်ရှင်
11/07/2020
ကဲ ဝက်ခြံလေးတွေအကြောင်း
❓Skincare နဲ့ မတည့်လို့ ဝက်ခြံပေါက်တာလား / ဆေးအာနိသင်အရ ကန်ထွက်တာလား ❓
❓Breakout or Purging ❓
Skincare အသစ် ပြောင်းသုံးတာ ဖြစ်စေ ၊ skin အတွက် cell turnover (ဆဲလ် အသေများကို ဖယ်ရှား၍ ဆဲလ်အသစ် ဖြစ်စေခြင်း ) ကို မြန်စေတဲ့ ဆေးမျိုး သုံးမိတာ ဖြစ်စေ ( ဥပမာ - retinol / retinoid လိုမျိုး ) သုံးမိတဲ့ အခါ အဖု ပေါက် ၊ ဝက်ခြံ ပေါက် လာတာ မျိုး ဖြစ်တတ် ပါတယ် ။
Skin cell turnover မြန်စေတဲ့ ဆေးမျိုး လိမ်းမိရင်တော့ ခုလိုမျိုး ဒွိဟ ဖြစ်ရပါတယ် ။
ကိုယ်လိမ်းတာက skin cell turnover မြန်စေတဲ့ အာနိသင် မပါပဲ အဖုတာဆိုရင်တော့ ကျိန်းသေ ပါတယ် တကယ် မတည့်တာပါ ။
ဝက်ခြံဆေး အများစုက တကယ်တော့ skin cell turnover မြန်စေတာတွေပါ။ ဝက်ခြံ သက်သာစေပြီး purging (ဝက်ခြံ ကန်ထွက်ခြင်း ) ဖြစ်နိုင်တာ အချို့ကတော့ .. retinol , retinoid, adapalene, AHA , Benzoyl Peroxide တို့ပါ ။ မိုး သိသလောက် ရေးပေးထားပါတယ် ၊ အခြား ထပ်သိချင်ရင်တော့ ဆရာဝန်ဆီ မေးတာ ပို တိကျပါမယ် နော် ။ ဒီဆေးတွေက ဆဲအသေတွေကို ဖယ်ရှားပေးပီး အရေပြားအောက်ထဲမှ ဆဲလ်အသစ် တွေကို အပေါ်ယံလွှာကို ရောက်လာစေတဲ့ အတွက် ပေါက်စရာ ရှိနေတဲ့ ဝက်ခြံတွေပါ တခါထဲ ပေါက်လာတတ်ပါတယ် ။ ဒါပေမဲ့ ဒါက ဒီတကြောပါပဲ ပီးရင် နောက် တော်ရုံ မထွက်တော့ပါဘူး ။ လူအတော်များများ က ဒီ အဆင့်ကို သည်းမခံနိုင် ၊ အချို့ကျ နားမလည်တာကြောင့် အဖုကန်ထွက်တာလား / မတည့်လို့ အဖုပေါက်တာလား ဆိုတာ မသဲကွဲကြပါဘူး ။
Copy ပီး ပြန် post မယ်ဆိုရင် ကျေးဇူးပြုပီး page name လို့ mention ပေးပါနော်
❤️Purging ဖြစ်တာက -
🔹ကိုယ် ခါတိုင်း ဝက်ခြံပေါက်နေကျ နေရာ မှာပဲ ပေါက်တယ်
🔹အဖုတွေက အရင်လောက် မကြာပဲ ပျောက်တယ်(တဖု ချင်းဆီရဲ့ ကြာချိန်ကို ဆိုလိုပါတယ် ) ၊ ဆေးဆက်လိမ်းတဲ့ အခါ ဝက်ခြံက ခါတိုင်း ထက် ပျောက်တာမြန်တယ် ( အဖုတော့ ထွက်လာတယ် ဒါပေမဲ့ ပြန်သက်သာ လာတယ် ဆိုတာမျိုးလေ )
🔹Skin cycle တခုက ၂၈ ရက်ကြာပါတယ် (၄ပတ်) ။ အနဲဆုံး skin cycle တခုစာ တော့ purging ဖြစ်တတ်ပါတယ် ။
❤️လိမ်းတဲ့ skincare နဲ့ မတည့်လို့ ပေါက်တာက -
🔹ခါတိုင်း ဝက်ခြံ ပေါက်နေကျ နေရာ မှာ မဟုတ်ပဲ တခြားနေရာ မှာပါ ပေါက်တယ်
🔹ပျောက်ဖို့ ကြာတယ် (တဖုချင်း ရဲ့ ပျောက်ဖို့ အချိန်) ၊ ဆက်လိမ်းနေလည်း လျော့မလာဘူး
အပေါ်မှာ ပြောခဲ့သလိုပဲ skin cell turnover မြန်စေတဲ့ chemical မပါပဲ အဖု ထွက်နေတယ် ဆိုရင် breakout (မတည့်လို့ reaction ဖြစ်ပီး ထွက်တဲ့ အဖု) ဖြစ်ဖို့ chance ပိုများပါတယ် ။
ဝက်ခြံ healing ဖြစ်ဖို့က 4-6weeks ကြာတတ်ပါတယ် ( dehydrated ဖြစ်ရင် ၊ infection ဝင်ရင် ၊ ဆေးလိပ်သောက်ရင် ၊ အာဟာရ မပြည့်ရင် ၊ အဖုကို လက်နဲ့ ကလိရင် - healing time က ပိုကြာပါမယ် ) ။
05/07/2020
😍😍😍
Skincare တမျိုးဆီရဲ့ အာနိသင်ပြဖို့ ကြာချိန်များ ~
ခုလို အသစ် အသစ် skincare တွေ နိုင်ငံပေါင်းစုံ ကနေ brand အမျိုးမျိုး ၊ အာနိသင် အစုံ နဲ့ တနေ့ တမျိုး မရိုးရအောင် စျေးကွက်ထဲ ရွေးစရာများ နေချိန်မှာ ဘယ်သူ မဆို ဒီဟာထက် ဟိုဟာ ပိုများ ကောင်းနေလား ဆိုတဲ့ စိတ်ထဲ ဒွိဟ ဖြစ်လေ့ ရှိကြတာပါပဲ ။
ရှိသေးတယ် .. တချို့တွေ ၂ ပတ်လောက် သုံးတယ် မထူးလို့ ရပ်ပီး တခြားဟာဝယ်တယ် ဆိုတာမျိုး ။
Chemical တခု စီ ရဲ့ လုပ်ဆောင်ချက် တမျိုးစီမှာ အာနိသင်ပြဖို့ လိုအပ်တဲ့ အချိန် မတူညီ ကြပါဘူး ။
ဘာတွေ ဘယ်လောက် ကြာမှ အစွမ်းပြတတ်တာလဲ ဆိုတာ သိထားရင် ... ဆေးက တကယ် မကောင်းတာလား ❓ သူ့ ဆေးအာနိသင် ပြဖို့ အချိန် လိုနေသေးတာလား ❓ဆိုတာ ဝေခွဲနိုင်တာပေါ့နော် ။
အတိုပြောရရင် အဓိက chemical တမျိုးချင်းစီရဲ့ effect ပြဖို့ လိုအပ်ချိန်ပေါ့နော် ။
Chemical အမျိုးအစား - RETINOL 💧
✔️အရေးအကြောင်းလေးများနဲ့ အသားအရည် အနည်းငယ် တွန့်နေခြင်း ( 12-24 weeks)
✔️ဝက်ခြံ (4-12weeks)
✔️မယ်လနင်များစုဝေးကာ အမဲကွက်ဖြစ်ခြင်း hyperpigmentation (22 weeks)
Chemical အမျိုးအစား - AHA 💧
✔️အရေးအကြောင်းလေးများနဲ့ အသားအရည် အနည်းငယ် တွန့်နေခြင်း ( 6-42 weeks)
✔️ဝက်ခြံ (7weeks)
✔️မယ်လနင်များစုဝေးကာ အမဲကွက်ဖြစ်ခြင်း hyperpigmentation (22 weeks)
Chemical အမျိုးအစား - BHA 💧
✔️ဝက်ခြံ (2-12 weeks)
Chemical အမျိုးအစား - VITAMIN C💧
✔️အရေးအကြောင်းလေးများနဲ့ အသားအရည် အနည်းငယ် တွန့်နေခြင်း ( 12weeks)
✔️အသားအရည် ရေဓာတ်ဖြည့်ခြင်း hydration (6weeks)
✔️မယ်လနင်များစုဝေးကာ အမဲကွက်ဖြစ်ခြင်း hyperpigmentation (6weeks)
Chemical အမျိုးအစား - HYALURONIC ACID💧
✔️အရေးအကြောင်းလေးများနဲ့ အသားအရည် အနည်းငယ် တွန့်နေခြင်း ( 8-9weeks)
✔️အသားအရည် ရေဓာတ်ဖြည့်ခြင်း hydration (15 minutes)
Chemical အမျိုးအစား - NIACINAMIDE 💧
✔️အရေးအကြောင်းလေးများနဲ့ အသားအရည် အနည်းငယ် တွန့်နေခြင်း ( 8-12weeks)
✔️အသားအရည် ရေဓာတ်ဖြည့်ခြင်း hydration (4weeks)
✔️မယ်လနင်များစုဝေးကာ အမဲကွက်ဖြစ်ခြင်း hyperpigmentation (4weeks)
✔️ဝက်ခြံ (8 weeks)
✔️ အသားအရေနီရဲယောင်ယမ်းခြင်း (4 weeks)
✔️အဆီပြန်ခြင်း (2-6 weeks)
ဒါဆိုရင်တော့ ဆေးအာနိသင် ပြဖို့ လိုအပ်ချိန်လေးတွေ သိပီး ဆိုတော့ ချက်ချင်း လွှင့်မပစ်ပဲ စိတ်ရှည်ဖို့တော့ လိုမယ်နော် ။
⛔️Copy မယ်ဆိုရင် ကျေးဇူးပြု၍ page name ကို credit ထည့်ပေးပါနော် ⛔️
ဒုတိယ ပိုင်း ထပ်ရေး ပေးပါမယ်နော် အသုံးများကြတဲ့ ကျန်နေသေးတဲ့ chemical လေးတွေ ။
Part 2 —> https://www.facebook.com/2599543103407909/posts/3588157531213123/
Disclaimer:: The figures above are not speculation or guesswork .
This is the research results of scientific project in UK by Lauren H (MSc , RN) .
05/07/2020
မိန်းကလေးများ သိသင့်တာလေးတွေ 😍😍
🩸🗓🩸 Skincare ကို Period Cycle နဲ့ အညီ လိုက်လျောညီထွေ ဘယ်လို စီစဉ်မလဲ ❓❓❓
အမျိုးသမီး အတော်များများ တလ တလ အဖုပေါက်လိုက် ပျောက်လိုက် / ပျောက်သလို ရှိလိုက် .. ဟော .. period တခါ ပြန်လာ အဖု ပြန်ဖြစ် နဲ့ ဘဝ သံသရာကြီးကို လည်နေရော 😅 မိုး လည်း ဒီလိုပဲ ။
ရှေးဘဝ ကုသိုလ်ကံ နဲ့ မျိုးရိုး genes အရ ကံကောင်း သူများ ( မိုး အစ်မရင်း အပါအဝင်😤) ကတော့ ပုံမှန် ဘာအဖုမှ ရှာမရတဲ့ မျက်နှာ ၊ period time လည်း အတော်ကြီး မဆင်မခြင် အပူအစပ် အရမ်းစားမှ အားနာပါးနာ တဖု လောက်ပေါက်တတ်သူများ ကတော့ ဒီစာကို ပျင်းလို့ မဖတ်ပဲ ကျော်လိုက်လို့ ရပါတယ် 😬 ပီးရင်လည်း သူ့ဟာသူ ပြန်ကောင်းတတ်ကြတဲ့သူတွေပေါ့ ။
အဓိက ဖတ်စေချင်တာကတော့ မိုး နဲ့ ဘဝတူ Alpha Female လေးတွေ ကိုပါ ။ period စတဲ့ ငယ်ဘဝ ထဲက ယနေ့ထိ အဖု နဲ့ period သံသရာ ထဲက မကျွတ်သေးသူများ ပေါ့ ။ 😝
ခန့်မှန်းခြေ 70% အမျိုးသမီးများက period time မှာ ဝက်ခြံ အနည်း နဲ့အများ ပေါက်ကြပါတယ် ။ (Luteal Phase မှာ)
အတတ်နိုင်ဆုံး လိုတိုရှင်း အောင် ရေးဖို့ ဂတိပေးပါတယ် .. မိုး ရေးရင် ရှည်သွားတတ်လို့ 😅 ပျင်းလို့ မဖတ်ချင်ကြတာက လူရင်းထဲမှာ ကို တပုံကြီး မို့လို့ 🤪
📌 တခုကြိုပီး မေတ္တာရပ်ခံ ချင်ပါတယ် ။ ခုရေးမှာက အကုန် average ယူပီး ရေးမှာ ဖြစ်ပါတယ် ။ period ကို 28 days cycle နဲ့ ရေးမှာ ဖြစ်လို့ ရက်ပိုတို/ရှည် သူများနဲ့ နဲနဲလေး လိုတာ ရှိပါမယ်နော် ။ သဘောတရားက တူပါမယ် ။ နောက်တခုက မိုး တတ်နိုင်သလောက် စာဖတ်ပီး ရေးထားပါတယ် ၊ ကျိန်းသေတာကတော့ တက်တက်ဆင်အောင် လွဲတဲ့ info တော့ မပေးမိအောင် ကြိုးစားပါတယ်၊ မိုး ထက်သိနားလည်သော ဆရာဝန်များက မိုး ရေးတာထဲက ပြင်သင့်တာရှိရင်လည်း စာပို့ပီး အသိပေးနိုင်ပါတယ် ။
👉🏻👉🏻👉🏻 စမယ်နော် 👉🏻👉🏻👉🏻
🩸🩸🩸Cycle Day 1-6 __ Menstrual Phase
ဒါကတော့ period day တွေပါ။
🔻estrogen အနိမ့်ဆုံး -> skin barrier (အပေါ်ယံလွှာ အားအနည်းဆုံး အချိန်) ဖြစ်ပီး အရေပြားက ရေဓာတ်လည်း ခမ်းခြောက်ပီး sensitive ဖြစ်နေပါတယ် ။
🔻progesterone အနိမ့်ဆုံး -> အဆီကျိတ်လေးတွေက လိုအပ်တဲ့ သဘာဝ အဆီထုတ်လုပ်မှုအရမ်း ကို လျော့ကျနေပါတယ်။
✔️ အသားအရည်က အရမ်းကို sensitive & dry ဖြစ်တတ်ချိန်မို့ ရေဓာတ်ဖြည့်ပေးတဲ့ moisturizer များ ၊ serum များ လိမ်းပေးရပါမယ် ။ Hyaluronic acid , NMF (natural moisturizing factor) , ceramides နဲ့ centella (cica) ပါတာတွေက ဒီအချိန်မှာ အလေးထား လိမ်းပေးသင့်ပါတယ်။
✖️လိမ်းနေကျ အက်ဆစ် acid/ active ingredient တွေ ဒီရက်ထဲ ရပ်ထားသင့်ပါတယ်။ (Hyaluronic ကလွဲလို့) မျက်နှာသစ်ဆေးတောင် ပြင်းတာရှောင်ကြည့်ပါ။ skincare အသစ်လည်း စမသုံးကြည့်ပါနဲ့အုံး ။
💕💕💕Cycle Day 7-14 / 14-18 __ Follicular & Ovulation Phases
ဒါကတော့ (period ပီးစ)တလတာရဲ့ အသားအရည် အကောင်းဆုံး အချိန်ပါပဲ။
🔺estrogen တိုးလာပီး အမြင့်ဆုံး -> ရေဓာတ်ပိုမို ပြည့်ဝ လာမယ်။ အရေပြားရဲ့ collagen နဲ့ HA ထုတ်လုပ်မှု တိုးတက်လာမယ်၊ အရေပြားက စိုပြေတင်းရင်း လှပချိန်ပါ။
🔻progesterone နိမ့်နေဆဲ -> အဆီပြန်မှု သက်သာတယ် ၊ ဝက်ခြံ ဖြစ်စေတဲ့ အဆီထုတ်လုပ်မှူ မရှိသေး ။
✔️သုံးနေကျ active ingredient/ acid တွေ ပြန်သုံးနိုင်ပီ ။ ဒီချိန်မှာ ဆေးခန်းက treatment ယူတာမျိုး ( PRP / chemical peel/laser / meso glow ) လုပ်နိုင်တယ်။ အရေပြားက ဒဏ်ခံနိုင်ပီး collagen ထွက်နေချိန်မို့ healing လည်းကောင်းနေလို့ skincare အသစ် ဆိုလည်း ဒီရက်ကြားထဲ စပီး routine မှာ သုံးနိုင်ပီ။
✖️ ရှောင်စရာက ဒီ ရက် အတွင်း မရှိသလောက်ပဲ ။ skin က အအေးချမ်းဆုံး နဲ့ glow အဖြစ်ဆုံး လို့ ပြောလို့ရတဲ့ အချိန်မို့ ။
💔💔💔 Cycle Day 18-28 __ Luteal Phases
ဒါကတော့ bf တွေ / hubby တွေ အတွက် dangerous days များပါ ။ PMS ဖြစ် ၊ စိတ်က လက်တဆစ်မို့လို့ပါ 😝
🔺အစပိုင်းရက်များမှာ Hormones , progesterone နဲ့ testosterone တွေ မြင့်တက်လာပီး sebum (အဆီ) ထုတ်လုပ်မှု ပိုများနေပါမယ် ။ ဒီအချိန်မှာ dry skin များက အသားအရည် glow သလို ဖြစ်နေပီး oily skin သမားများ ကတော့ ဝက်ခြံ ဖြစ်သူက ဖြစ်၊ မဖြစ်သေးသူကလည်း ချွေးပေါက်ထဲ အဆီတွေ စပိတ်ပီး ဝက်ခြံ ပေါက်ဖို့ တာဆူ နေချိန်ပါ။
🔻 period မတိုင်ခင် ခန့်မှန်းချေ 3-4 ရက် အလိုမှာ တော့ estrogen နဲ့ progesterone တွေ လျော့ကျ လာပါပီ။ အသားအရည်က sensitive ဖြစ်လာပီ .. အဆီ ထုတ်လုပ်မှုတွေ လျော့သွားပီ ။
✔️ အစပိုင်းရက်တွေမှာ အဆီ ပြန်တာကို အဓိက focus ထားဖို့ ပါ၊ mud mask သုံးတာမျိုး ၊ သေချာ မျက်နှာ cleansing လုပ်တာမျိုး ပါ။ hydration အများဆုံး ပေးမဲ့ skincare များ သုံးပေးဖို့ပါ။ Period မတိုင်ခင် ၃-၄ ရက်ကနေစပီး calming & soothing product လေးတွေ သုံးပေးရပါမယ် ။
✖️ မလိုအပ်တဲ့ cream/oil များ ခဏဖယ် ပီး active ingredient တွေကို စရှောင်ပါ (acid နဲ့ Vitamin အပြင်းစားများ A နဲ့ C ကဲ့သို့ ) ။
⛔️Copy မယ်ဆိုရင် ကျေးဇူးပြု၍ page name ကို credit ထည့်ပေးပါနော် ⛔️
———————————————————
တကယ်တမ်း ရှင်းပြထားတာကတော့ အရှည်ကြီးတွေ ပါ၊ ရေးမယ်ဆို A4 size 3 မျက်နှာအသာလေး ရတယ် 😅
ဒါဆိုရင် skincare တွေ အများကြီး ဝယ်ရမှာလားလို့ မေးရင် .....
မဟုတ်ပါဘူးနော် ✖️
လက်ရှိ ကိုယ် ရှိတဲ့ သုံးလက်စ ပစ္စည်းလေး တွေကိုပဲ .. ကိုယ့် ခန္ဓာကိုယ်ရဲ့ monthly period cycle လေး နဲ့ ချိန်ပီး လိုတိုး ပိုလျော့ သုံးပေးဖို့ပါ ပဲ ။ အဆီတို့ / ဆေးအပြင်း တို့ ရှောင် ဆိုချိန် ရှောင်ပီး calming ဖြစ်စေတဲ့ skincare မျိုးလေးတွေ နဲ့ ရပါတယ် ။ ရှိပီးသားဖြစ်နိုင်တဲ့ green tea , heartleaf , aloe , centella (cica ), mugwort (artemisia) စသဖြင့်ပေါ့နော် ။
သတိလေးထားမိအောင် ဒီ cycle ပုံလေး သိမ်းထားပီး လိုရင် ကြည့်လို့ ရတယ် ၊ ဘယ် phase ရောက်နေလဲ ဆိုတာကို ။ Flo ဆိုတဲ့ period tracker app လေး သုံးရင် ဘယ်နရက်မြောက်နေ့ ဆိုတာ ပေါ်ပါတယ်။ အဲ့ဒါကို ဒီပုံလေးနဲ့ တိုက်ကြည့်ရင် ရပါပီ ။
Alpha female လေးတို့ဖို့ အသုံးဝင်ကြမယ် လို့ မျှော်လင့် ပါတယ် ♥️
🌟ဒါကြောင့်မို့ တခါတရံမှာ ဘာ skincare တွေလမ်းနေလဲ ဆိုတာ ထက် ဘယ်လို routine နဲ့ လိမ်းနေလဲ ဆိုတာက ပို အဓိက ကျသွားပီ ဒီလိုလေး ချင့်ချိန် တတ်သွားရင် ။ အမျိုးသမီး အများစုက လစဉ်သာ ဒီကိစ္စကြုံနေရတာ ဒါကို သေချာ ဒီလို မသိကြသူ များပါတယ် ။ 🌟
မိုး ကတော့ hormones imbalance ဖြစ်နေလေ့ ရှိသူမို့ hormones ပမာဏတောင် ဆေးစစ် ထားရသူပါ ။ ပြောရရင်တော့ အရှည်ကြီးပါပဲ .. ဒါကတော့ Anti Aging & regenerative medicine အထူးကု ဆရာဝန်နဲ့ပြပီး စစ်တာပါ hormones ကိစ္စကလေ ။
မိုး ရဲ့ monthly skincare products လေးတွေ phase အလိုက် ကို လည်း ရန်ကုန်အိမ် ရောက်တဲ့ အခါ တင်ပေး ပါမယ် နော် 😘
References :
-Reed, B. & Carr, B. (2000). The Normal Menstrual Cycle and the Control of Ovulation. In K. Feingold et al. ‘Endotext [Internet]’. MDText.com: South Dartmouth (MA). Available at: https://www.ncbi.nlm.nih.gov/books/NBK279054/ -normal-menstrual-cycle-and-the-control-of-ovulation._8
-Raghunath, R., Venables, Z. & Millington, G. (2015). ‘The menstrual cycle and the skin’, Clin Exp Dermatol., 40(2), 111-115. Available at: https://onlinelibrary.wiley.com/doi/full/10.1111/ced.12588
-Thornton, M. (2002). ‘The biological actions of estrogens on skin’, Exp Dermatol., 11(6), 487-502. Available at: https://www.ncbi.nlm.nih.gov/pubmed/12473056?dopt=Abstract
-Shah, M. & Maibach, H. (2001). ‘Estrogen and skin. An overview’, Am J Clin Dermatol., 2(3), 143-150. Available at: https://www.ncbi.nlm.nih.gov/pubmed/11705091?dopt=Abstract
-Stephens, C. (1997). ‘Perimenstrual eruptions’, Clin Dermatol., 15(1), 31-34. Available at: https://www.sciencedirect.com/sdfe/pdf/download/eid/1-s2.0-S0738081X96001071/first-page-pdf
03/07/2020
ရွှေမူန်လေးတွေပါတဲ့ japan cosmetic လေးနော်
Moisture ကောင်းကောင်းပေးနိုင်တဲ့ပစ္စည်းလေးတွေပါ japan ပြည်တွင်းသုံးလေးတွေပါရှင့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tarmwe
Yangon