DR. KYI CHAN KO
DR. KYI CHAN KO
Cosmetic/Aesthetic Surgeon
M.B.B.S (UMM, Mandalay),
Ph.D (TMDU, Tokyo),
Member of Japanese Society of Aesthetic Surgery
DR. KYI CHAN KO
Cosmetic/Aesthetic Surgeon
M.B.B.S (UMM, Mandalay),
Ph.D (Plastic & Reconstructive Surgery, Juntendo University, Japan),
Member of Japanese Society of Aesthetic Surgery,
Board Member of Asian Facial Plastic Surgery Society
29/07/2026
ဒီနေ့ (July 29) ဝါဆိုလပြည့်နေ့မှာ ကျွန်တော်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုများ အားလုံးကို ထပ်တူရစေရန် အမျှဝေရင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ဆုတောင်းမေတ္တာပို့ပါတယ် 🙏🙏🙏
Dr Kyi Chan Ko
အနိုင်အရှုံး အပျော်တမ်း ခန့်မှန်းကြည့်ကြရအောင်။
ခုနပဲ Argentina နိုင်မယ်ထင်ပေမယ့် အခုတော့ Spain နိုင်မယ် ထင်တယ်ဗျာ 😊
ဘယ်သူနိုင်မယ်ထင်လဲ?
11/07/2026
ပွဲတော်တော်ကောင်းတယ်။ ပွဲစီစဥ်သူ ကို John Lwin ကိုစိုင်းစိုင်းတို့နှင့်ဆုံခိုက်
ဝါသနာကြီးလို့ ခဏေလး အရူးထမိတာပါ 😊
"မတူရင်မတုနဲ့" ဆိုတာကိုတော့ လုံးဝ လက်ခံရမှာပါ။ ဆေးကျောင်းသားဘဝကတည်း ဒီမျိုးကြီး သီချင်းကို အခေါက်ပေါင်းများစွာ ဆိုခဲ့ပေမယ့် ဒီအတိုင်းလေးပဲဗျ။ တိုးတက်မှုကတော့ လုံးဝ မရှိသလောက်ပါပဲ 😊 တခါတလေ key နဲနဲချော်လိုက်🤔၊ တခါတလေ key များများချော်လိုက် 🫥၊ တခါတလေ အသံဝင်လိုက်ပါပဲ 🤫
AI နဲ့ ရုပ်ရော အသံပါ ပြောင်းထားတာမဟုတ်တော့ နဲနဲတော့ သည်းခံပေးပါခင်မျာ 😊
30/06/2026
ဒီနေ့ ရန်ကုန်ပြန်လာဖြစ်ပါတယ် ခင်မျာ။
တိုကျိုကိုတော့ နောက်လ (၇ လပိုင်း) ကုန်ခါနီးလောက် ပြန်လာဖို့ စီစဥ်ထားပါတယ်။
DR. KYI CHAN KO
30/06/2026
တနေ့က comment အမှန်ရေးထားတဲ့သူ ပထမဆုံး ၅ ယောက်ကို 50% discount ပေးဖို့ မှတ်ထားပါတယ် ခင်မျာ့။ ဒီနေရာမှာ ရိုက်ခဲ့တာပါ 😊
Hotel Groove Shinjuku in Tokyo,
17th floor,
JAM 17 Dining & Bar
ဒီနေ့ပဲ ရန်ကုန်ပြန်ဖြစ်ပါမယ် ခင်မျာ။
28/06/2026
ဒီဆိုင်က ဘယ်နေရာလဲဆိုတာ သိအောင်ဖြေနိုင်တဲ့ ပထမဆုံး comment ၅ ယောက် မှန်အောင်ရေးနိုင်တဲ့သူကို ဆေးခန်းမှာ 50% discount စီစဥ်ပေးထားမယ် ခင်မျာ့။ ၁။ ဘယ်နေရာရဲ့ ၂။ ဘယ်နှစ်လွှာကဆိုင် လဲ မန့်နိုင်ရင် ရပါပြီ။ Michael Jackson ပရိတ်သတ်တွေတော့ သိလောက်မယ် ထင်တယ် 😊 AI နဲ့ဖန်တီးထားတဲ့ ဓါတ်ပုံမဟုတ်ပါဘူး။
27/06/2026
ခနနေ အလည်အပတ်တွေ ရပ်ပြီး အလုပ်တွေနဲ့ ပြန်လည်ပတ်ရပါတော့မယ်။ မကြာခင် ရန်ကုန်ပြန်ရောက်ပါမယ် ခင်မျာ။
24/06/2026
ကျွန်တော် တကယ်ဘဲ ဘယ်မှာပျော်လဲ ကိုယ့်ဟာကို ပြန်စစ်နေတယ်ဗျ။ ဂျပန်မှာပဲ အပြီးနေမလား? မြန်မာပြည်မှာပဲ အေးအေးဆေးဆေး နေမလား? မဆုံးဖြတ်နိုင်ဖြစ်နေတယ်ဗျာ။ နောက်ဆုံးတော့ ကျွန်တော့်ကို ယုံကြည်ပေးတဲ့လူနာများ ရှိနေတော့လည်း အရင်လိုပဲ ဂျပန်မှာတဝက် မြန်မာပြည်မှာတဝက် နေဖို့ပဲ စဥ်းစားထားပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 11/13, SEVILLA RESIDENCE Room No. 107, Shwe Gon Taing Street 4, Bahan Township
Yangon
11201