Soul Yoga By Alice
🧘♀️ Yoga for body, mind & soul
🌿 Healing • Balance • Inner Peace
💛 Practice with Alice
02/09/2026
300 hrs TTC ဖွင့်ပွဲအမှတ်တရ ပုံရိပ်လေးတွေ 🇫🇷🇮🇳🇲🇲
French ,India ,Myanmar
မတူညီတဲ့ နိုင်ငံ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ လူတွေအကြားမှာ အတူတူဆုံတွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေကို အမှတ်တရအဖြစ် သိမ်းထားလိုက်ပါတယ်။✨🌿 YOGA SHALA
30/08/2026
ကိုယ်တကယ်လိုချင်တာကတော့ ချည်ဆိုင်လေးတွေထဲဝင်ပြီး ကိုယ့်စိတ်ကြိုက် အကျီလေးတွေ ရွေးဝယ်ရတာပဲ။ 😍
အေးအေးဆေးဆေး လျှောက်လည်ရင်း၊ ကော်ဖီသောက်ရင်း၊ ကိုယ်ကြိုက်တာလေးတွေ ရှာတွေ့ရင်းနဲ့… **အရမ်းသဘောကျမိတဲ့နေရာလေးပါပဲ။🍀🤍
🕉️
25/08/2026
🌿 Announcement လေး
💛ချစ်ရတဲ့ Clients များရှင်…
ကျွန်မအနေနဲ့ India နိုင်ငံမှာ **300 Hours TTC (Yoga Teacher Training Course)** အတန်းကို သွားရောက်တက်ရောက်မယ့်အတွက် **September တစ်လလုံး Online Class အတန်းများကို ခေတ္တပိတ်ထားပါမယ်ရှင်။
📌October ပထမအပတ်မှာတော့ Online Classes များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ရှင်။🧘♀️🌿
ဒီလို ခဏတာ အနားယူပြီး ကိုယ့်ရဲ့လေ့လာမှုနဲ့ အတွေ့အကြုံတွေကို ပိုမိုတိုးတက်အောင် သင်ယူခွင့်ရရှိဖို့အတွက် နားလည်ပေးကြတဲ့အပြင် အမြဲအားပေးပေးကြတဲ့ ချစ်ရတဲ့ Clients တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။🤍
ပြန်လည်တွေ့ဆုံကြမယ့် October မှာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့အတူ Yoga ကို အတူတူ ဆက်လက်လေ့ကျင့်ကြရအောင်နော်။ 🌸
**With love & gratitude,
See you in October. 🧘♀️🤍**
19/08/2026
**ကိုယ်ခန္ဓာကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ရင်း
စိတ်ထဲက ပင်ပန်းမှုတွေကိုလည်း ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပါ။
အသက်ရှူသံတိုင်းမှာ စိတ်အေးချမ်းမှုကို ရှာဖွေပြီး
ကိုယ့်ကိုယ်ကို နူးညံ့စွာ ပြန်လည်စောင့်ရှောက်ပေးမယ်။ 🌿🧘♀️**
❤️
14/08/2026
**ဒီနေ့တစ်နေ့တာလုံးမှာ မိမိကိုယ်ကို ချစ်မြတ်နိုးပြီး ဂရုတစိုက် စောင့်ရှောက်ပေးနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။ ဘယ်လောက်ပင်ပန်းခဲ့ပါစေ၊ ဘယ်လောက်ခက်ခဲခဲ့ပါစေ ကိုယ့်ကိုယ်ကို မစွန့်လွှတ်ဘဲ ဒီနေ့အထိ ရပ်တည်လာနိုင်ခဲ့တာဟာ ကိုယ့်ရဲ့ အောင်မြင်မှုတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုလည်း နူးညံ့စွာ ချစ်ပေးဖို့ မမေ့ပါနဲ့။** 🌿🤍
12/08/2026
🍀မိမိကိုယ်ကို ကျေနပ်အားရတတ်လာတဲ့သူတွေဟာ “ငါ့ကို လူတွေ အထင်ကြီးကြရဲ့လား၊ ငါက ခေတ်မီရဲ့လား၊ သူများတွေက ငါ့ကို ဒိတ်အောက်တယ်လို့ ထင်ကြမလား” ဆိုတဲ့ အတွေးတွေကို တဖြည်းဖြည်း လွှတ်ချနိုင်လာကြပါတယ်။**
သူတို့ရဲ့ တန်ဖိုးကို သူများရဲ့ အမြင်နဲ့ တိုင်းတာတော့မှာမဟုတ်ဘူး။ လူအများရဲ့ ထင်မြင်ချက်ကို လိုက်ပြီး ကိုယ့်ဘဝကို ပုံဖော်နေမယ့်အစား ကိုယ်တိုင်ကျေနပ်နိုင်တဲ့ ဘဝကို ရွေးချယ်တတ်လာကြပါတယ်။**
တကယ်တော့ မိမိကိုယ်ကို လက်ခံပြီး ကျေနပ်အားရနိုင်တဲ့နေ့ကစပြီး လူအများရဲ့ အမြင်တွေဟာ ကိုယ့်ဘဝကို ချုပ်ကိုင်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ကိုယ်ဟာ သူများအမြင်တွေရဲ့ အပြင်ဘက်ကို ကျော်လွန်ပြီး ကိုယ့်ဘဝကို ကိုယ်ပိုင်စိတ်နဲ့ လွတ်လပ်စွာ ရှင်သန်နိုင်လာပါပြီ။** 🌿
#လွတ်လပ်စွာရှင်သန်နေထိုင်ခြင်း
11/08/2026
အတန်းပြေးချင်တာကြောင့် ကျွန်မကို လွှဲချသွားတာနေမယ် အကြောလေးပဲ လျော့တာပါကွယ် မပြင်းထန်ပါဘူး 😇🍀
Category
Website
Address
Yangon