Sein Moe
ကျန်းမာရေး အသိပညာ၊ အတွေးအမြင် နှင့်
Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
05/08/2025
အရမ်းကြိုက်တာ
04/08/2025
ချက်ပြုတ်ဝါသနာပါတဲ့သူတွေ၊ မီးဖိုခြောင်ကိုစိတ်ဝင်စားသူတွေ၊ စားသောက်ဆိုင်မှာချက်ပြုတ်ခြင်းဟာ သင်္ချာဗေဒလား၊ ဖန်တီးမှုလား ဆိုတဲ့ မီးဖိုခြောင် အိုင်ဒီယာလော်ဂျီကို တီးခေါက်ခြင်သူတွေကြည့်ဖို့ ရုပ်ရှင်တကားနဲ့မိတ်ဆက်ပေးခြင်ပါတယ်။ ဒီကားကတော့ ဒိန်းမတ်ရှပ်ရှင်တကားဖြစ်တဲ့ “Toscana” ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်တယ်။ ဒီရုပ်ရှင်ဟာ 2022 ခုနှစ်မှာ Netflix မှတင်ဆက်ထားတဲ့ Danish romantic drama ဖြစ်ပြီး ဒါရိုက်တာက Mehdi Avaz ပါ။
ဇတ်လမ်းအကျဉ်းကတော့ “သီအို “ဆိုတဲ့ ချက်ကြီးတယောက်ဟာ သူ့အဖေဆုံးတော့အမွေရတဲ့ အီတလီ က စားသောက်ဆိုင်တခုကိုသွားရင်း ဆိုဖီရာဆိုတဲ့ အမျိုးသမီးတယောက်နဲ့ဆုံတွေခဲ့ရတဲ့အကြောင်းကို အခြေခံထားတဲ့ ဒရာမာကားတကားပါ။ ဇတ်လမ်းအရတော့ သိတ်ပြီးထူးလှတာမဟုတ်ပေမယ့် အပေါ်ဖက်မှာကျနော်ပြောသလို စားသောက်ဆိုင်ရဲ့ သဘောသဘာဝတွေက စိတ်ဝင်စားစရာပါ။ တခြားစိတ်ဝင်စားစရာ ဇတ်ကောင်စားရိုက်တွေ၊ သဘာဝအလှတွေလည်း အများကြီးပါပါသေးတယ်။
ဒိန်းမတ်က စားသောက်ဆိုင်ကမီးဖိုခြောင်ကြီးက စံချိန်မှီလှပခန့်ငြားစနစ်ကျသလို အီတလီကဆိုင်လေးကလည်း မညီမညာတဲ့အုတ်နဲတွေကြားတဲ့လှနေတဲ့အကြောင်းတွေ၊ စားသောက်ဆိုင်ကြီးက စံချိန်စံညွန်းနဲ့အညီချက်ပြုတ်ပေမယ်ံ့ အီတလီတော့နယ်ကဆိုင်လေးမှာတော့ ဘယ်လို သဘာဝကျကျချက်ကျသလည်းဆိုတာတွေအပြင်……. ။
ကားထဲ တင်ဆက်ထားတဲ့ ကွန်ပိုဇေးရှင်းတွေ၊ အရောင်တွေ၊ အလင်းအမှောင်တွေကလည်း သဘောကျမှာပါ။
စိတ်ဝင်စားရင်ကြည့်နိုင်အောင်လို့ညွန်ပါရစေ။
ငပိထောင်းရဿ၊ငပိထောင်းအနုပညာ။
————————————-
စိန်မိုးTeam မှရေးသည်။
————————————
ငယ်တုံးက အိမ်မှာ အမေ့ကိုကူဖို့ရာ ကိုယ်ခွဲကမရှိ။ အမေ အလုပ်ကပြန်လာမှ ထမင်းချက်တော့ ကိုယ်တွေမှာ ဆာလှပြီ။ အမေပထမဆုံးချက်တာက ထမင်း။ ထမင်းချက်ရင်း ထုံးစံအတိုင်း ဟင်းအိုးပြင်ပေါ့။ တခါတလေ အမေငပိထောင်းတဲ့အခါ ဆုံမှာကပ်နေတဲ့ ငပိထောင်းလက်ကျန်ထဲ ထမင်းပူပူသုံးဇွန်းလောက်ကို ထည့်ပြီး ဆုံကျန်ထမင်းထောင်းကို အက်ပီတိုင်ဇာ အနေနဲ့စားခဲ့ရတာကိုမှတ်မိတယ်။ ငရုတ်ဆုံနဲ့ ကျည်ပွေ့မှာကပ်နေတဲ့ ငပိထောင်းအနှစ်နဲံ ထမင်းရောထောင်းတာက ကိုယ့်စိတ်ထဲ တကယ့် အနှစ်သာရအရှိဆုံး “ခံတွင်းဖွင့်ဟင်းလျာ” လို့ထင်မိတယ်။ အဲသည်ကနေ ပါးစပ်ကျင့်စလိုက်တာ ထမင်းပူပူနဲ့ ငပိထောင်းချဉ်စပ်လေးများဆိုရင် တကယ့်ကို ဘာဟင်းမှထပ်မလိုတော့သလို။
ငပိထောင်းတဲ့အခါ စိမ်းစားငပိက လတ်နေ၊ ဝင်းနေတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဝင်းလက်လတ်နေတဲ့ စိမ်းစားငပိကို ယောင်းမမှာကပ်၊ လက်ညိုးနဲ့ ဟိုတပေါက် ဒီတပေါက်ဖိပြီး ကင်လိုက်တယ်ဆိုရင်….အလိုလေး…တရွာလုံးမွှေးနေသလိုပဲထင်။ တခါတလေကျတော့ အဲလို ခပ်မွှေးမွှေး ငပိမီးကင်ကို ကြက်သွန်နီပါးပါးလှီး။ ကြက်သွန်နီအမွန်ပျောက်အောင်ရေဆေးပြီး ငရုတ်သီးစိမ်းညှပ်ထည့်၊ ဆီစိမ်းလေးနည်းနည်းလောင်းပြီး “ငပိသုတ်” သုတ်စားရင်တောင် ခံတွင်းလိုက်လိုက်သည့်အမျိုး။
ဆုံထောင်းဆိုလို့ ဦးလေးတယောက်ကျတော့ ငရုတ်သီးစိမ်း အပုလေးတွေ (ကိုယ်တို့ဖက်တော့ ကလယ်အော်သီးခေါ်တယ်) နဲ့ ကြက်သွန်ဖြူနဲ့ ဆားနဲ့ရောထောင်းပြီး အချဉ်ညစ်စားတာနေ့တိုင်းပဲ။ ငရုတ်သီးစိမ်းဆားထောင်းက သူ့အတွက်နေ့စဉ်မပါမဖြစ်။
ပြောမယ့်သာပြောတယ် “ အထောင်း” ဆိုတာ သိတ်အနုပညာဆန်တာနော်။ အချို့များကြတော့ ငပိထောင်းတဲ့အခါ ငရုတ်သီးစိမ်း၊ကြက်သွန်ကိုမီးကင်ပြီးမှထောင်းကြတာ။ ကိုယ့်ကျတော့ အဲတာမျိုးကင်လိုက်ရင် ပေါ့သွားသလိုဖြစ်လို့မို့ အစိမ်းပဲထောင်းတာပဲ။ ကလယ်အော်သီးလေး ဆယ့်လေးငါးတောင့်လောက် ညက်နေအောင်ထောင်းပြီးရင် ကြက်သွန်ဖြူလေးနှစ်မွာလောက်ထည့်။ ညက်နေအောင်ထောင်း။ ပြီးမှငါးပိမီးကင်၊ အချိုမှုန် လေးနည်းနည်း၊ သံပုရာရည်လေးညှစ်ချပြီး ( သံပုယိုသီးဆိုပိုကောင်းပေါ့)ရောသမထောင်း။ ငပိထောင်းချဉ်ချဉ်စပ်စပ်လေးပေါ့။ အဲဒီ ငပိထောင်းမျိုးကျတော့ ပဲကြာဇံလို သောက်ဆမ်းပဲဟင်းနဲ့ဆိုလိုက်နေရော။ အချဉ်မညစ်ပဲထောင်းတဲ့ ငပိထောင်း အစပ်ကျတော့ ချဉ်ပေါင်အရွက်များများကို ခရမ်းကသော့သီး၊ ရုန်းပဒေသီးနဲ့ ချွဲချွဲပြစ်ပြစ်ချက်ထားတဲ့ အချဉ်ဟင်းနဲ့ဆို လိုက်နေပြန်ရော။ သူတို့နဲ့ဆို ငါးခူကြော်လေးနဲ့….ဗိုက်တောာင်ဆာလာပြီ။
ပုဇွန်ခြောက်လား….ငပိကောင်းရင် ပုဇွန်ခြောက်မထည့်ခြင်ဘူး။ ရသပျက်လို့။ ငပိထောင်းကို တို့စရာတွေနဲ့လည်း မကြိုက်ဘူး။ ငပိရည်စားရင်တော့ အတို့အမြုတ်စုံမှပေါ့လေ။ တကယ်တော့ ထမင်းပွဲတွေမှာ ငပိထောင်းနဲ့ အရည်သောက်က ဇတ်ပို့၊ဇတ်ရံ။ ဘယ်မင်းသားဘယ်လောက်တော်တော်၊ ဟာမိုနီဖြစ်တဲ့ ဇတ်ရံကောင်းတွေမပါလို့ကိုမရတာ။
29/07/2023
ကိုယ်တိုင်ခံစားဖို့က နံပါတစ်၊ မျှဝေဖို့က နံပါတ်နှစ်
ကိုယ်ကိုယ်တိုင် ခံစားပါ။ ပြီးတော့မှ မျှဝေပါ။
ခရီးထွက်တယ်ဆိုတာ နေ့တဓူဝ အလုပ်အကိုင်၊ အစားအသောက်၊ လူမှုရှင်သန်မှုတွေထဲကနေ ခုန်ထွက်ပြီး နယ်ပါယ်အသစ်၊ မြင်ကွင်းသစ်၊ လှူမှုဝန်းကျင်အသစ်မှာ ကြည်နူးမှု၊ ပျော်ရွင်မှု၊ စိတ်လက် ချမ်းသာဖြစ်မှုတွေထဲ တဒင်္ဂ စီးမြောလိုက်တာပဲလေ။
သို့ပေမင့် အချို့ခရီးထွက်တဲ့အခါ လောဘတွေတနင့်တပိုးနဲ့ ခရီးထွက်ကြလေရဲ့။ “ ဟယ်…ရောက်တုံးရောက်ခိုက် ဟိုနေရာလေတော့သွားအုံးမှ”
” တန်အောင်သွားအုံးမှ”
အဲသည်လိုဆိုရင် သူရဲ့ခရီးစဉ်ဟာ ပြည့်စုံသာယာတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့မထင်ပါဘူး။ ဟောလီးဒေးမှာပင်ပန်းလွန်းလို့ ဟောလီးဒေးပြန်ယူရမယ့် အဖြစ်မျိုးပါ။ ဒီလိုမျိုးက ဘာနဲ့တူသလည်းဆိုရင် “ အခုစားနေရတဲ့ ကြက်သားဟင်းကလည်းကောင်း၊ မနက်ဖြန် ချက်မယ့်လည်း ဝက်သားနီချက်ကိုလည်း စိတ်ကူးနဲ့သာယာ” သလိုမျိုးပေါ့။ တကယ်ဆိုရင် ခုစားနေတဲ့ ကြက်သားဟင်းရယ်၊ ငပိထောင်းလေးရယ်၊ ချည်ရေဟင်းလေးရယ်ကိုပဲ အာရုံစုပြီး အရသာရှိရှိ စားဖို့လိုတာမဟုတ်လား။
မသိဘူးတင်မယ်
ဥပမာ သေသပ် လှပတဲ့ ကနုတ်ပန်းလက်ရာအသေးစိတ်နဲ့ဆောက်ထားတဲ့
အဆောက်အဦးတ ရောက်တဲ့ အခါ လူတချို့က အံအားသင့်ဝမ်းသာပြီး ပါလာတဲ့ တယ်လီဖုံး လေးထုတ််ပြီး ဓါတ်ပုံရိုက်တာတို့၊ လိုက်ဖ်လွင့်တာတို့၊ ပိုစ်တင်တာတို့မျိုး လုပ်တတ်ကြတယ်။ ဒါကကြွားဝါခြင်တဲ့စိတ်ကြောင့်မဟုတ်ပါဘူး။ ( အချို့တော့ဟုတ်ရင်ဟုတ်ပါလိမ့်မယ်)။ သူတို့ ခံစားရတဲ့ကြေနပ်ပျော်ရွင်မှုကို မိတ်ဆွေတွေကို
ဝေမျှစေခြင်လို့ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ကျနော်ဆိုရင် ပထမဆုံး ကော်ဖီဆိုင်လေးရဲ့ အခင်းအကျင်းတွေ၊ ကော်ဖီရဿ၊ သာယာမှုတွေနဲ့လွမ်းခြုံထားတဲ့ ခံစားမှုတွေကို ရင်ဖတ်ကြီးအပြည့်ခံစားလိုက်မယ်။ ကိုယ်ရင်ဖတ်ထဲဝင်သွားမယ့် ဒီခံစားမှုတွေကို တခြားသူတွေကို ပြန်လည် မျှဝေမှာပါ။ ပြောခြင်တာက
“ ကိုယ်ကိုတိုင် ပြည့်ပြည့်ဝဝခံစားပါ၊ ပြီးမှ မျှဝေပါ”
27/07/2023
#လိပ်ပြာသစ်ခွရောင်စုံ
#ချင်းမိုင်
27/07/2023
#ကန္တာချစ်သူအတွက်ကတော့ အပျော်ဆုံးနေရာတခုဘဲ
#ချင်းမိုင်
27/07/2023
#ဘွန်ဆိုင်းပင်လေးတွေချစ်လို့
#ချင်းမိုင်
27/07/2023
#ကြာပန်းမျိူးစုံ
#ချင်းမိုင်
27/07/2023
ဒီပန်းပင်တွေအများကြီးစိုက်ထါးတော့
အဝေးကနေ ကျူလစ်ထင်မိတာပေါ့နော် 😁
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11421