Shwe Bon Thar Thu USA Online Store

Shwe Bon Thar Thu USA Online Store

Share

USA Products with Best Quality & Best Price

28/08/2026

မေတ္တာအခါတော်နေ့
🙏🙏🙏

28/08/2026

🙏ဝါခေါင်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားမွန်မြတ်တဲ့ နေ့တစ်နေ့ဖြစ်ပြီး "မေတ္တာအခါတော်နေ့" လို့လည်း အမည်တွင်ပါတယ်။ ဒီနေ့လေးရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းနဲ့ မြတ်စွာဘုရားရှင်ရဲ့ မေတ္တာတရား ကြီးမားပုံကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်-

၁။ ကရဏီယမေတ္တာသုတ် စတင်ဟောကြားခြင်း
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ မြတ်စွာဘုရားရှင်ဟာ အရပ်ဆယ်မျက်နှာကို မေတ္တာပို့လွှတ်တဲ့ "ကရဏီယမေတ္တာသုတ်" ကို ဒီနေ့မှာ စတင်ဟောကြားတော်မူခဲ့လို့ပဲ ဖြစ်ပါတယ်။

၂။ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်းကြောင်း (ရဟန်း ၅၀၀ နှင့် သစ်ပင်စောင့်နတ်များ)
* မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန်းတော် (၅၀၀) ဟာ ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရားတွေ တောင်းခံပြီး တရားအားထုတ်ရန် ဟိမဝန္တာတောအုပ်တစ်ခုသို့ ကြွသွားခဲ့ကြပါတယ်။
* အဲဒီတောအုပ်မှာ နေထိုင်ကြတဲ့ ရုက္ခစိုး၊ ဘုမ္မစိုးစတဲ့ သစ်ပင်စောင့်နတ်တွေဟာ သီလနဲ့ပြည့်စုံတဲ့ ရဟန်းတွေ ရောက်လာတဲ့အခါ သစ်ပင်ပေါ်မှာ မနေဝံ့တော့ဘဲ မြေပြင်သို့ ဆင်းနေခဲ့ကြရပါတယ်။
* ရဟန်းတော်တွေဟာ ဝါတွင်းသုံးလလုံး အဲဒီတောအုပ်မှာ နေထိုင်မယ်ဆိုတာကို နတ်တွေသိသွားတဲ့အခါ နေ့စဉ် မြေပြင်မှာမနေနိုင်တာကြောင့် ရဟန်းတွေ ထွက်ပြေးသွားအောင် ခြောက်လှန့်ကြပါတော့တယ်။ ညဘက်ဆို ကြောက်စရာအသံတွေမြည်၊ အနံ့ဆိုးတွေပေး၊ ဘီလူးသရဲပုံစံတွေ ဖန်ဆင်းပြလို့ ရဟန်းတွေဟာ တရားမမှတ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ကာ ကျန်းမာရေးတွေပါ ထိခိုက်လာပါတယ်။

၃။ ဘုရားရှင်ထံ ပြန်လည်ရောက်ရှိခြင်းနှင့် မေတ္တာသုတ်ကို လက်နက်အဖြစ်ပေးခြင်း
* ရဟန်းတော်တွေဟာ တရားအားထုတ်လို့မရတဲ့အဆုံး မြတ်စွာဘုရားထံ ပြန်ကြွပြီး အခြားနေရာတစ်ခု ပြောင်းပေးဖို့ လျှောက်ထားကြပါတယ်။
* မြတ်စွာဘုရားရှင်က ဉာဏ်တော်နဲ့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ အဲဒီတောအုပ်ကလွဲပြီး တခြားဘယ်နေရာမှာမှ ဒီရဟန်းတွေ တရားထူးမရနိုင်တာကို မြင်တော်မူပါတယ်။
* ဒါကြောင့် ရဟန်းတွေကို အကာအကွယ်လည်းဖြစ်၊ ကမ္မဋ္ဌာန်းတရားလည်းဖြစ်မယ့် "ကရဏီယမေတ္တာသုတ်" ကို ဟောကြားသင်ပြပေးပြီး "ရဟန်းတို့... သင်တို့သွားရာမှာ လက်နက်မပါသွားလို့ အခုလို အခက်အခဲကြုံရတာဖြစ်တယ်။ ဒီမေတ္တာသုတ်ဆိုတဲ့ လက်နက်ကို ယူဆောင်သွားကြလော့" ဟု မိန့်ကာ အဲဒီတောအုပ်ကိုပဲ ပြန်လွှတ်တော်မူပါတယ်။

၄။ မေတ္တာတရား၏ ကြီးမားသော အောင်ပွဲ
* ရဟန်းတော်တွေဟာ တောအုပ်ထဲကို ပြန်ကြွသွားပြီး မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်ကာ နတ်တွေအပေါ် မေတ္တာပို့လွှတ်ကြပါတယ်။
* ဒီအခါမှာတော့ နတ်တွေဟာ ရဟန်းတော်တွေရဲ့ အေးမြတဲ့ မေတ္တာဓာတ်ကို ခံစားရပြီး စိတ်ထားတွေ နူးညံ့သွားကြပါတယ်။ ရဟန်းတွေကို ခြောက်လှန့်ဖို့နေနေသာသာ ပြန်လည်ကြည်ညိုလာကြပြီး တရားအားထုတ်ရာမှာ အနှောင့်အယှက်မဖြစ်အောင် နေ့ညမပြတ် အစောင့်အရှောက်ပါ ပေးကြပါတော့တယ်။
* ရဟန်းတော် (၅၀၀) စလုံးလည်း ဘေးရန်ကင်းရှင်းစွာနဲ့ တရားအားထုတ်နိုင်ခဲ့လို့ အဲဒီဝါတွင်းမှာပဲ အာသဝေါကင်းကွာ ရဟန္တာအဖြစ်ကို အသီးသီး ရောက်ရှိတော်မူခဲ့ကြပါတယ်။

👉အနှစ်ချုပ်
ထို့ကြောင့် ဝါခေါင်လပြည့်နေ့ဟာ ရန်သူကို အမျက်ဒေါသနဲ့ မတုံ့ပြန်ဘဲ မေတ္တာတရားနဲ့ အောင်နိုင်ခဲ့တဲ့နေ့၊ မေတ္တာတရားရဲ့ ကြီးမားတဲ့ အစွမ်းသတ္တိကို လက်တွေ့ပြသခဲ့တဲ့နေ့ အဖြစ် ဗုဒ္ဓဘာသာဝင်တို့ရဲ့ သမိုင်းမှာ အလွန်တရာမှ စိတ်ဝင်စားဖွယ်ကောင်းပြီး ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေရခြင်း ဖြစ်ပါတယ်။

💟​မေတ္တာ ဘာဝနာ များ ပွားမြား အားထုတ်နိုင်ကြပါ​စေ...🙏

27/08/2026

အချစ်​စျေး ပါ ⚘️
#အထူးဈေး #ပစ္စည်းအာမခံ

27/08/2026

💟ချစ်ခင်ရ​သော အကို​ကြီးတွေ အမကြီး​တွေ အတွက် အတူ တွဲ ​သောက်နိုင်တဲ့..🛍
#ပစ္စည်းအာမခံ
#အထူးဈေး နဲ့ ၃ရက် အတွင်း လက်ထဲရှိသ​လောက် ​ရောင်း​ပေးမှာ ဖြစ်ပါတယ်...

မူလစျေး : 200,000 kyats
အထူး​စျေး : 185,000 kyats

Exp Date : 12 2027

👉လက်သွက်ဖို့ တိုက်တွန်းပါတယ်...လက်ကျန်နည်း​နေတာမို့ပါရှင့်...

⚘️အား​ပေးသူတိုင်း ကျန်းမာ​ပျော်ရွှင်ကြပါ​စေ....🙏

26/08/2026

‼️အ​မေးများဆုံး ​မေးခွန်း တစ်ခု ကို ​ဖြေ​ပေးလိုက်ပါတယ်...
​👉Hyper thyroid အတွက်လား၊ Hypo thyroid အတွက်လား?

✅️​Hypothyroidism (ဟိုက်ပို သိုင်းရွိုက် - သိုင်းရွိုက်အလုပ်လုပ်အားနည်းခြင်း) အတွက် ဖြစ်ပါတယ်။ ဒီလို Glandular ဖြည့်စွက်စာတွေကို သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု အားနည်းနေသူတွေမှာ သိုင်းရွိုက်လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ သုံးလေ့ရှိပါတယ်။

💥​Hyperthyroidism (ဟိုက်ပါ သိုင်းရွိုက် - သိုင်းရွိုက်အလုပ်လုပ်လွန်းခြင်း) ရှိသူတွေ လုံးဝ မသောက်သင့်ပါဘူး။ သိုင်းရွိုက်ဟော်မုန်းတွေ များနေတဲ့သူက ဒီလို သိုင်းရွိုက်ဓာတ်ပါတဲ့အရာတွေ ထပ်သောက်မိရင် ရောဂါလက္ခဏာတွေ ပိုဆိုးသွားစေနိုင်ပါတယ်။

✅️ ဘယ်ဖြည့်စွက်စာတွေနဲ့ တွဲသောက်ရင် ပိုကောင်းလဲ?
Hypothyroidism အတွက် သိုင်းရွိုက် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေဖို့
အောက်ပါ ဖြည့်စွက်စာတွေနဲ့ ယေဘုယျအားဖြင့် တွဲသောက်လေ့ရှိကြပါတယ်-

✔️​Selenium (ဆီလီနီယမ်): သိုင်းရွိုက်ဟော်မုန်း (T4 မှ T3 သို့) ပြောင်းလဲရာမှာ အဓိက ကူညီပေးပါတယ်။
✔️​Zinc (ဇင့် - သွပ်ဓာတ်): သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုနဲ့ လုပ်ငန်းစဉ်တွေ မှန်ကန်စေဖို့ အရေးပါပါတယ်။
✔️​Vitamin D နှင့် Vitamin B12: ဟိုက်ပို သိုင်းရွိုက် ရှိသူတွေမှာ ဒီဗီတာမင်တွေ ချို့တဲ့နေတတ်လို့ ဖြည့်စွက်သောက်သုံးဖို့ လိုအပ်တတ်ပါတယ်။

⚠️ အရေးကြီးသော သတိပေးချက် -
သိုင်းရွိုက်ရောဂါဟာ သွေးစစ်ဆေးမှု ရလဒ် (TSH, Free T3, Free T4) တွေအပေါ် မူတည်ပြီး ဆေးပမာဏကို သေချာချိန်ညှိသောက်သုံးရတာဖြစ်ပါတယ်..

#ကျန်းမာရေးဗဟုသုတ

Photos from Shwe Bon Thar Thu USA Online Store's post 24/08/2026

🌦မိုး​အေး​အေး နဲ့ ကျန်းမာ​နေဖို့ အားဖြည့် ထားဖို့ လိုမယ်​နော်..
👉ဖြစ်​_တော့_မှ ဆိုတာ ​စောင့်_မ​_နေပဲ ကြိုတင် ဖြည့်တင်းထား တာ ပို​ကောင်းပါတယ်...
✍️Page မှာ ဖြည့်စွက်စာ တစ်မျိုးချင်းစီ​ အ​ကြောင်းတွေ မျှ​ဝေထားတာမို့ ​လိုအပ်တာများ မှာနိုင်​အောင် ပုံ​လေး​​​တွေနဲ့ တင်​ပေးလိုက်ပါတယ်...
✅️ဘူးလိုက်​ရောင်း​ပေးတာပါ..
✅️အိမ်​ရောက်​ငွေ​ချေ တချို့အဆင်​ပြေတဲ့ မြို့​တွေ ​လုပ်​ပေးထားပါတယ်..
✅️​Royal နဲ့ သူပို့နိုင်တဲ့မြို့​တွေ ပို့​ပေးပါတယ်..
✅️Chat box & Viber 09263696952
✅️USA Costco Whole Sale direct ပါ
💟စိတ်ချစွာ အား​ပေးသူအားလုံး ချမ်း​မြေ့ကြပါ​စေ..🙏
#ပစ္စည်းမှန်ဈေးတန်တန်

23/08/2026

Edited ‼️Sold out!

ချစ်ခင်ရ​သော အမျိုးသားကြီး များ အတွက် အထူး ပရိုမိုးရှင်း...💥

Centrum Sliver Men 50plus 275 tabs ကို ၂ရက် အတွင်း လက်ထဲ ရှိသ​လောက် ​​ရောင်း​ပေးပါမယ်

ယခင်​ဈေး 200000
ယခု​ဈေး. 195000
Fresh date : 3 2028

CB / Viber 09263696952

#ပစ္စည်းအာမခံ

22/08/2026

👉ကျန်းမာရေးဗဟုသုတ ကဏ္ဍ

Thyroid ပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ရှိနေတတ်ပါတယ်။

စိတ်ရောဂါမျိုးစုံပါ။

Hypothyroidism မှာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေက
စိတ်ဓာတ်ကျဆင်းခြင်း depression
အားနည်းခြင်း lethargy
ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိခြင်း
decreased motivation
စူးစိုက်မှုအား ကျဆင်းခြင်း difficulty concentrating
နေ့စဉ် လုပ်ရိုးလုပ်စဉ် အပြုအမူများ / သတိကပ်မှု ကျဆင်းခြင်း cognitive decline
ဦးနှောက်နဲ့ အာရုံကြော ကလာပ်စည်းစွမ်းအင် ကျဆင်းမှုတွေပါပဲ။
စိတ်ခံစားမှု ပြင်းပြင်းထန်ထန် ပြောင်းလွဲမှု ရှိခြင်း
စိတ်ဓာတ် အတက်အကျ မြန်ဆန်ခြင်း
Mania

Autoimmune ပြဿနာပါ ပါလာပြီဆိုရင် ပိုမိုဆိုးရွားလာပြီ ဖြစ်ပါတယ်။
Autoimmune Thyroiditis or Hashimoto Thyroiditis
အချို့လူတွေမှာ ဦးနှောက်ရောင်ကိုင်းခြင်းနဲ့ပါ လက်တွဲပြီးဖြစ်တတ်ပါတယ်။
Hashimoto thyroiditis occurring alongside autoimmune encephalitis
"Hashimoto's encephalopathy," လို့ ခေါ်ပါတယ်။
တက်တတ်တယ်
အရှိနဲ့ မရှိ မြင်တာ/ကြားတာတွေ ကွာဟကုန်တတ်ပါတယ်
မရှိတာတွေကို မြင်နေတတ်သလို / မရှိတဲ့အသံတွေကို ကြားနေတတ်တယ်။
စိတ်ဖောက်ပြန်ပြီ ဖြစ်ပါတယ်။
Psychiatric disturbances တွေပါပဲ။
ပိုဆိုးလာရင် သတိပါလစ်သွားတတ်ပါတယ်။ Coma

Hyperthyroidism
စိတ်ပူပန်သောက များနေတတ်တယ် anxiety
ထိတ်လန့်နေတတ်တယ်/ စိတ်လှုပ်ရှားမှု အားကြီးနေတတ်တယ် nervousness
ကသိကအောက် ဖြစ်နေတတ်တယ် irritability
စိတ် မတည်မငြိမ် ဖြစ်နေတတ်တယ် restlessness
စိတ်ခံစားချက် အပြောင်းအလဲ မြန်ဆန်ခြင်း rapid mood swings တွေဖြစ်တတ်ပါတယ်။

အခြား ဖြစ်တတ်သည့် ပြဿနာတွေကတော့
အိပ်မပျော်ခြင်း
စိတ်ခံစားချက် အပြောင်းအလဲ မြန်ဆန်ခြင်း
မိမိကိုယ်ကို လေးစားမှု ကျဆင်းခြင်း low self esteem
ပတ်ဝန်းကျင်မှ ဖယ်ခွါခြင်း social withdrawal

သတိကပ်ပြီး ဗဟုသုတ ရှိမယ်ဆိုရင် အကြောင်းကို ဦးတည်ပြီး ကုသလို့ရသည့် စိတ်ရောဂါတွေဖြစ်ပါတယ်။

ဗဟုသုတ မရှိရင် အနာတခြား/ဆေးတခြား ဖြစ်နေတတ်တယ်ဆိုတာကို သတိပြုစေချင်လို့ပါ။

👉ဟိုက်ပါသိုင်းရွိုက် Hyperthyroidism ဟာ ၂ မျိုး ၂ စား ရှိပါတယ် ၊၊
၉၀% သောဟိုက်ပါသိုင်းရွိုက်ဟာ အော်တိုအင်မြူးကြောင့်ဖြစ်ပါတယ် ၊၊ Grave's disease လို့လည်းခေါ်ပါတယ် ၊၊
၁၀% ကတော့ ရိုးရိုး သိုင်းရွိုက်ဟော်မုန်းများလာခြင်း ဖြစ်ပါတယ် ၊၊
အော်တိုအင်မြူးကြောင့်ဖြစ်တဲ့ ဟိုက်ပါ
သိုင်းရွိုက်ဟာ အူလမ်းကြောင်းမကောင်းလို့ဖြစ်ပါတယ် ၊၊
ဒီလိုအခြေအနေမျိုးမှာ သိုင်းရွိုက် အင်တီဘော်ဒီ တွေထွက်ပါတယ် ၊၊

သိုင်းရွိုက်ဟော်မုန်းထုတ်တာများလို့ -
* ခန္ဓာကိုယ်အတွက် မရှိမဖြစ်တဲ့ သိုင်းရွိုက်ဂလင်းကို အမျိုးမျိုးသော ခေတ်မိဆေးတွေနဲ့ ဝိုင်းပြီး သုတ်သင်လေ့ရှိကြတယ် ၊၊ ဟော်မုန်းမထွက်အောင် ဆေးတွေနဲ့ လိုက်ပိတ်တာက တစ်မျိုး ( methimazole , carbimazole PTU စသည်ဖြင့် )

* သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ပြီး ထုတ်ပစ်ကြတာ တစ်မျိုး ၊၊

* Radio active iodine . အနူမြူရောင်ခြည်နဲ့ လုံးဝကို ဖျက်ဆီးပစ်လိုက်တတ်ကြတာက တစ်မျိုး ၊၊

အမှန်ဆိုရင် သိုက်ရွိုက်ဂလင်းက သူ့ဘာသာသူ ရောဂါထဖြစ်တာမဟုတ်ပါ ၊၊ အောက်ပါအကြောင်းတွေကြောင့်တာ အခုလို အဖြစ်မျိုးရောက်ရတာ ဖြစ်ပါတယ်၊၊

(၁) ဘဝရဲ့ ဖိအားဒဏ်ကို ယောနိသောမနသိကာရ မထားနိူင်ခြင်းကြောင့် စိတ်ဖိစိးမှုများနေခြင်း ၊၊ ဒါကြောင့်လည်း နှလုံးခုန်မြန်နေခြင်း ၊ စိတ်စောခြင်း ၊၊ သွေးပေါင်တက်ခြင်း ၊ အိပ်မပျော်ခြင်း ၊စသည်တို့ ဖြစ်တတ်ပါတယ် ၊၊

(၂)ကောင်းမွန်စွာ အစာမခြေနိူင်ခြင်း ၊ အူကျန်းမာရေးချို့တဲ့ခြင်း ၊၊

(၃)ပတ်ဝန်းကျင်အဆိပ်များ ၊၊

(၄)ရောဂါဖြစ်စေသော ပိုးမွှားများ ၊၊
( အထူးသဖြင့် H Pylori infection )

(၅)ဗီဇ - အချို့မိသားစုတွေမှာ ပိုပြီး အဖြစ်များတတ်ကြပါတယ် ၊၊

ဟိုက်ပါသိုင်းရွိုက်ဖြစ်လာပြီဆိုရင် ဖြစ်ခါစမှာ ရောဂါလက္ခဏာတွေကို ထိန်းသိမ်းနိူင်ဖို့ ဓာတုဆေးဝါးများကို သုံးဖို့ လိုသော်လည်း ရေရှည်အတွက်တော့ အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ပြင်ရမှာဖြစ်ပါတယ် ၊၊
အကြောင်းအရင်းတွေကို မပြင်သမျှ ကာလပတ်လုံး ရေရှည်မှာ မအောင်မြင်နိူင်ပါ ၊၊
သိုင်းရွိုက်ဂလင်းကို သေအောင်သတ်မဲ့အစား သူ့ကို ဒီလို အခြေအနေမျိုးရောက်အောင် ဖန်တီးလိုက်တဲ့ အကြောင်းတွေကို ပြန်ပြင်ရမှာဖြစ်ပါတယ်
သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်တာမို့ သူ့ကို အဏုမြူရောင်ခြည်ဖြင့် သေအောင်သတ်ခြင်း ၊ ခွဲစိတ်ပြီး အကုန်လုံး ထုတ်ပစ်ခြင်း ၊ တို့ကို မလုပ်သင့်ဘူးလို့ ထင်ပါတယ် ၊၊
သိုင်းရွိုက်ဂလင်း မရှိတော့ရင် ဆေးသောက်နေပေမဲ့လည်း -
* မထိရောက်ရင်သော်လည်းကောင်း ၊
* မသောက်ရင်သော်လည်းကောင်း ၊
* ပေးတဲ့ဆေးက အချိန်အဆ မမှန်ရင်သော်လည်းကောင်း ၊
ဘဝ အရည်အသွေးတွေ ကျဆင်းပြီ ဖြစ်ပါတယ်၊၊နောက်ဆုံးမှာတော့ -
ဟိုက်ပိုသိုင်းရွိုက် { Hypothyroid } တွေ ဖြစ်ကုန်ကြတယ်ဆိုတာ မမေ့လိုက်ကြစေချင်ပါ ၊၊
သိုင်းရွိုက်ဂလင်းကို ဖျက်ဆီးလိုက်တာကြောင့် ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေ ခန္ဓာကိုယ်က လိုအပ်သလောက် မထွက်နိူင်တော့ပါ ၊၊
ဒီနေရာမှာ သင်ခန်းစာလေး ယူစေချင်တာကတော့ - အဏုမြူ ကုထုံးကို ရှေးဦးကုထုံး အနေနှင့် မသုံးစေချင်ပါ ၊၊ ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်းကို ထုတ်ပစ်ခြင်းလည်း မလုပ်စေချင်ပါ ၊၊
ဂလင်းက မတန်မဆကြီးနေပြီး လေရှူလမ်းကြောင်း ၊ အစာမျိုလမ်းကြောင်းတွေ ပိနေရင်တော့လည်း ခွဲသင့်ရင်ခွဲရမှာဖြစ်ပါတယ် ၊၊ သို့သော် အကုန်ထုတ်ပစ်စရာ မလိုပါ ၊၊ ဆေးနဲ့ အရင်ထိန်းကြည့်ပြီး အကြောင်းအရင်းတွေကို သွားပြီး ပြင်ရမှာ ဖြစ်ပါတယ် ၊၊ ဒါမှလည်း ဆေးကုသရာမှာ အောင်မြင်မှာ ဖြစ်ပါတယ် ၊၊
အဓိကဖြစ်တဲ့ တေဇောဓာတ် မရှိတော့ဘူးဆိုရင် ဓာတ်ကြီး ၄ ပါးထဲက. ၁ ပါး ချို့ယွင်း သွားပြီ ဖြစ်ပါတယ် ၊၊
ရုပ်တွေဖြစ်ကြောင်းများ ဖြစ်ကြတဲ့ - ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ၊ မှာလည်း ဥတု ချို့ယွင်းသွားပြီ ဖြစ်ပါတယ် ၊၊
ပဋိသန္ဓေဇနကကံကြောင့် အသက်ရှည်နိုင်ပေမဲ့လို့ ဥတုချို့ယွင်းသွားရင် ဘဝ အရည်အသွေးတွေ ကျဆင်းပြီ ဖြစ်ပါတယ် ၊၊
မိတ်ဆွေများအားလုံး ဓာတ်ကြီး ၄ ပါး မျှနေအောင် နေတတ်ကြပါစေ ၊၊ အကြောင်းအကျိုးတွေကိုလည်း ဆက်စပ်တတ်သူများ ဖြစ်ကြပါစေ ၊၊
Second Opinion . Third Opinion ယူရမှာလည်း ဝန်မလေးကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit To A Better Health

#ကျန်းမာရေးဗဟုသုတ

21/08/2026

#ပစ္စည်းမှန်ဈေးတန်တန်

21/08/2026

🩷**Kirkland Calcium Citrate, Magnesium and Zinc with Vitamin D3 သည် အရိုး၊ အကြောနှင့် ကိုယ်ခံအားစနစ်အတွက် အဓိကလိုအပ်သော အာဟာရဓာတ် (၄) မျိုးကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားသည့် ဖြည့်စွက်အားဆေးဖြစ်ပါသည်။

✔️ကျန်းမာရေးဆိုင်ရာ အဓိက ကောင်းကျိုးများ
* အရိုးနှင့် သွားများ သန်မာစေခြင်း (Calcium + D3): Calcium Citrate ပုံစံဖြင့် ပါဝင်သောကြောင့် အစာအိမ် အက်စစ်ဓာတ်နည်းသူများတွင်ပင် စုပ်ယူမှု အလွန်ကောင်းပြီး အရိုးပွခြင်းနှင့် အရိုးပါးခြင်းကို ကာကွယ်ပေးသည်။ Vitamin D3 က ကယ်လ်စီယမ်ကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်ရန် ကူညီပေးသည်။
* ကြွက်သားနှင့် အာရုံကြော လုပ်ဆောင်ချက် (Magnesium): ညဘက် ခြေသလုံးကြွက်တက်ခြင်း၊ ကြွက်သားတောင့်တင်းခြင်းနှင့် ညောင်းညာခြင်းများကို သက်သာစေပြီး နှလုံးခုန်နှုန်းနှင့် အာရုံကြောစနစ်ကို တည်ငြိမ်စေသည်။
* ကိုယ်ခံအားနှင့် ဆဲလ်ပြုပြင်မှု (Zinc): ဇင့် (သွပ်ဓာတ်) သည် ကိုယ်ခံအား မြှင့်တင်ပေးခြင်း၊ အနာကျက်မြန်စေခြင်းနှင့် ဆဲလ်များ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသည်။

✔️သဘာဝ အစားအစာများမှ ရရှိနိုင်မှု
* Calcium (ကယ်လ်စီယမ်): နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ နှမ်းဖြူ/နှမ်းနက်၊ အရိုးပါဝါးစားနိုင်သော ငါးသေးသေးလေးများ၊ ကိုက်လန်နှင့် မုန်ညင်းစိမ်း။
* Vitamin D (ဗီတာမင် ဒီ): မနက်ခင်း နေရောင်ခြည်နွေးနွေး၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်ဥအနှစ်နှင့် မှို။
* Magnesium (မဂ္ဂနီဆီယမ်): ဖရုံစေ့၊ နေကြာစေ့၊ ဗာဒံစေ့၊ ထောပတ်သီး၊ ငှက်ပျောသီးနှင့် Dark Chocolate။
* Zinc (ဇင့်): ပင်လယ်စာ (အထူးသဖြင့် ကမာ/ဂုံး)၊ အမဲသား၊ ကြက်သား၊ ကုလားပဲနှင့် သီဟိုဠ်စေ့။

✔️သောက်သုံးရန် နည်းစနစ်နှင့် လမ်းညွှန်ချက်
* ပမာဏ: ပုံမှန်အားဖြင့် တစ်နေ့လျှင် (၂) လုံး သောက်သုံးနိုင်ပါသည်။
* အချိန်: အစာစားပြီးချိန်တွင် ရေများများဖြင့် သောက်သုံးရန် အကောင်းဆုံးဖြစ်ပြီး (မနက် ၁ လုံး၊ ည ၁ လုံး) ခွဲသောက်ပါက ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူရလွယ်ကူစေသည်။

💥* သတိပြုရန်: သံဓာတ် (Iron) အားဆေး သောက်နေပါက ကယ်လ်စီယမ်နှင့် စုပ်ယူမှု အချင်းချင်း အနှောင့်အယှက် မဖြစ်စေရန် အနည်းဆုံး ၂ နာရီခန့် ခြားပြီးမှ သောက်သင့်ပါသည်။ ကျောက်ကပ်ရောဂါအခံ ရှိသူများအနေဖြင့် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်သင့်ပါသည်။

ဖြည့်စွက်စာများ ရပါပြီ...🛒

#ပစ္စည်းမှန်ဈေးတန်တန်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon