Healthy By Htoo Chay

Healthy By Htoo Chay

Share

ကျန်းမာရေးအသိပညာ ပေးဆောင်းပါလေးတွေ

28/09/2023
30/06/2020

PrEPသောက်ချင်ရင် massengerမှာစုံစမ်းနိုင်ပါတယ်နော်

ဲ့bottomsတွေမှာဘယ်လိုသက်ရောက်မှုကွဲပြားနိုင်လဲ

‘bottom’ တွေက ‘top’ တွေထက်စာရင် HIV ဖြစ်နိုင်ချေ ပိုများပါတယ်…

PrEP ရဲ့ အားသာချက်တွေထဲက တစ်ခုက စအိုနဲ့ဆက်ဆံခံတဲ့သူတွေမှာ ရောဂါကူးစက်နိုင်ချေကို ကောင်းကောင်းကာကွယ်ပေးတာပဲ ဖြစ်ပါတယ်…

PrEP သောက်လိုက်တဲ့အခါ ဆေးကို ခန္ဓာကိုယ်ထဲက စုပ်ယူလိုက်ရင်း တော်တော်များများက colorectal tissue (စအိုနှင့် အူမကြီးဆိုင်ရာ တစ်ရှူး) တွေထဲရောက်သွားပြီး ဝင်ရောက်လာတဲ့ HIV ကို တိုက်ထုတ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်…

ဒါဟာ ‘top’ တွေ သောက်ရင်တော့ ကာကွယ်မှုကောင်းကောင်း မပေးနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး…

‘bottom’ တွေဟာ HIV ကို biologically vulnerable ဖြစ်တဲ့အတွက်ကြောင့် PrEP သောက်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိစေတာကို ဆိုလိုတာပါ…

PrEP အကြောင်း ဖတ်ရှုရန် 👉🏻 https://www.facebook.com/preventyangon/posts/279564100097406?__tn__=K-R

PrEP ကို ဘယ်သူတွေ သောက်သုံးသင့်လဲ 👉🏻 https://www.facebook.com/preventyangon/photos/a.209737920413358/282544183132731/?type=3&eid=ARBRceSLUgE2LOQsqnvu0tQYq0GfApasIURcQMX712_BMFECfYbn8CLXXhHENwdnTj5e3tZ_c_-Esqji&__tn__=EHH-R

09/03/2020

ရင်သားကင်ဆာ ကိုစောစီးစွာသိရှိနိုင်ြပီး
သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ပါတယ်နော်။

29/02/2020

✅. သင့်ကလေးဟာ မြေကြီးကိုကိုင်တွယ်ပြီး ဆောကစားတတ်သော အလေအထရှိပါက၊သင်ဟာ အသားငါးများကို လက်အိပ်မစွပ်ပဲကိုင်တွယ် ရတဲ့အခါ ပုံမှန်မျက်စိဖြင့်မမြင်နိုင်တဲ့ သံကောင်ငယ်များဟာ အရေပြားမှတဆင့်ဖောက်ဝင်ကာ သင်တို့ကိုယ်ခန္ဒာတွင် ကပ်တွယ်ကာ ရှင်သန်နေထိုင်ပြီး သင့်တို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သံကောင်များကို သံလုံးကောင်၊သံပြားကောင် နှင့်တုပ်ကောင်ဟုအုပ်စုသုံးမျိုးခွဲခြားနိုင်ပါတယ်။

✅ ထိုသံကောင်းများဟာ ကိုယ်ခန္ခာအတွင်းပိုင်းမှာ ကပ်တွယ်ရှင်သန်နိုင်ကာ
* သွေးအားနည်းရောဂါ။
* ဝမ်းပျက် ဝမ်းလျှောရောဂါ။
* အူရောင်၊အူပိတ်စေနိုင်ခြင်း။
* ကိုယ်ခန္ဒာတွင် အဟာရ ချို့တဲ့စေနိုင်ခြင်း။
စတဲ့ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

✅ ဒါကြောင့်လူတိုင်း ပုံမှန် ၆လ တစ်ကြီမ် သံချဆေးသောက်သင့်ပါတယ်။
(အထူးသဖြင့် အသက် ၁နှစ်မှ ၁၄ နှစ်အရွယ်ကလေးများ မဖြစ်မနေ သောက်သင့်ပါတယ်။

✅. ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ညွန်ကြားချက်(WHO recommendations)အရ......

👍 ပုံမှန်သံချခြင်းကို ၆လ တစ်ကြိမ်စိအမြဲ လုပ်ဆောင်ရပါမယ်တဲ့။ အသက်အရွယ်ကိုလိုက်ပြီး သောက်သုံးရမယ့် သံချဆေးပမာဏ (dose)တွေဟာ မတူညီပါဘူး။

✅ အသက် ၁၂လ မှ ၂၃လ ကလေးများဟာ -albendazole (200mg) သို့ mebendazole (250 mg)

✅ အသက် ၂နှစ်မှ ၁၄နှစ် အထိ ကလေးများဟာ- albendazole (400mg) သို့ mebendazole (500 mg)
သောက်ရပါမယ်တဲ့။

✅ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်သုံးလအရွယ်မှာ albendazole (400 mg) သို့ mebendazole (500 mg)တစ်ကြိမ် သောက်သုံးရပါမယ်တဲ့။

https://healthybyhtoochay.wordpress.com/ မှာလည်း ကျန်းမာရေးဆောင်းပါးများကို ဝင်ရောက်ပြီး ဖတ်ရှုနိုင်ပါတယ်။

03/02/2020

ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အသုံးပြုသူများအတွက် အကြံပြုချက် (၃-၂-၂၀၂၀)

06/01/2020
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


Mingalardoon
Yangon