YUZU Mom
ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်များ
Japanese Language Schools ဝင်ခွင့်များ
အတွက်ဝန်ဆောင်မှုပေးနေပါသည်။
ဂျပန်ဗီဇာနှင့်နေထိုင်ခွင့်များ
Japanese Language Schools ဝင်ခွင့်များ
Japan နိုင်ငံရှိ Private High School ဝင်ခွင့်များ
အတွက်ဝန်ဆောင်မှုပေးနေပါသည်။
09/07/2026
7 လပိုင်းမှာ KiKa(Japan Citizen) လျှောက်တဲ့ ကိုယ်ရဲ့ Customers 7ယောက်တော့ အဆင်ပြေပြေနဲ့တင်လို့ပြီးသွားပြီဆိုတော့ 8 လပိုင်း Customers နှစ်ယောက်အတွက်စတင်ပြင်ဆင်🥰
KiKa(Japan Citizen) အတွက်ကျွန်မဆီမှာ အစအဆုံးဝန်ဆောင်မှုအပ်နိုင်ပါတယ်ရှင့်🍀
အကြွား Post လေးတဖျတ်🤭
📝Aye Mon
07/07/2026
ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ Fancy လေးတွေရောင်းပါမယ်ရှင့်🥰
ပစ္စည်းတွေကတော့ ၇လပိုင်းလလည် ဂျပန်ရောက်မယ်ရှင့်💖
ဂျပန်အိမ်အရောက် ပို့ခပါပြီးသားပါ💖
အားပေးကြပါဦးနော်💖
05/07/2026
ကျွန်မကို ဗီဇာကိစ္စပဲ လုပ်တာလား
အလုပ်ရောမရှာပေးဘူးလားဆိုပြီး
မကြာခဏလာမေးတဲ့ကျွန်မရဲ့ Customers များအတွက်
အလုပ်ပါရှာပေးတော့ပါမည်ရှင့် 💞
ဂျပန်ပြည်တွင်း နာရီကြေးကောင်းတဲ့ အလုပ်ခေါ်စာလေးတွေရထားလို့ Page မှာတင်သွားပါမယ်ရှင့် 🍀
📝ယုဇုမေမေ
04/07/2026
ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် နိုင်ငံခြားသားများအတွက် ဂျပန်စာနှင့် လူမှုဘဝစည်းကမ်းများကို သင်ယူနိုင်မည့် "ဂျပန်စာနှင့် လူမှုဘဝသင်ယူရေးအစီအစဉ် (ယာယီအမည်)" ကို စတင်ရန် စီစဉ်နေပါသည်။
အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် ၁၀ နှစ်ထက်ကျော်သော ရေရှည်နေထိုင်ခွင့်လျှောက်ထားရာတွင် ယခုအစီအစဉ်ကို တက်ရောက်ရန် သတ်မှတ်ချက်အဖြစ် ထည့်သွင်းသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံသား (帰化) ခံယူရာတွင်လည်း သင်တန်းတက်ရောက်မှုနှင့် ဂျပန်စာအရည်အချင်းကို စစ်ဆေးသွားမည်ဖြစ်ပါသည်။
ဂျပန်အစိုးရသည် ယခုနွေရာသီတွင် ပညာရှင်များအဖွဲ့ကို ဖွဲ့စည်းပြီးအသေးစိတ်စနစ်စတင်ရေးဆွဲကာ ၂၀၂၇ ခုနှစ်တွင် သင်ရိုးညွှန်းတမ်းနှင့် တက်ရောက်မှုစစ်ဆေးမည့်စနစ်ကို ပြုလုပ်ပြီး ၂၀၂၈ ခုနှစ်တွင်စမ်းသပ်လုပ်ဆောင်သွားရန် ရည်မှန်းထားပါသည်။
အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် ဂျပန်နိုင်ငံသား (帰化) အဖြစ်ခံယူခြင်းတို့အတွက် ယခုအစီအစဉ်မစတင်မီကပင် သတ်မှတ်ထားသော ဂျပန်စာအရည်အချင်းရှိရန် ဦးစွာမဖြစ်မနေ သတ်မှတ်သွားဖို့လည်း စဉ်းစားနေပါသည်။
ဂျပန်နိုင်ငံတွင် ရေရှည်နေထိုင်ရန် သို့မဟုတ် နိုင်ငံသားအဖြစ် လျှောက်ထားရန်ရည်ရွယ်ထားသူများအနေဖြင့်နောင်တွင် ဂျပန်စာ နှင့် လူမှုဘဝစည်းကမ်းသင်တန်းတက်ရောက်ရန်မဖြစ်မနေလိုအပ်လာပြီး ဂျပန်စာအရည်အချင်းရှိရန်လိုအပ်လာမည့် သဘောဖြစ်ပါသည်။
📝ယုဇုမေမေ
02/07/2026
ဒီနေ့ Work Visa သက်တမ်းတိုးထားတဲ့ ကာစတန်မာညီမလေးတစ်ယောက်ရဲ့ Card ရောက်ရှိ
ဗီဇာသတ်တမ်း 5 နှစ်ရရှိ🍀
Card Design ကတော့ပြောင်းသွားပါပြီ
ကျွန်မတို့ရဲ့ဝန်ဆောင်မှုကိုရွေးချယ်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥰
📝ယုဇုမေမေ
01/07/2026
ဒီရက်ပိုင်း ဂျပန်အလည်ဗီဇာရရှိသူ 4 ဦး
🍀ဂျပန်ဘက်ကဖိတ်ခေါ်စာမပါပဲ မြန်မာဘက်ကလုပ်ငန်းနှင့် ဘဏ်(Show Money)ပြပြီးလျှောက်ခဲ့ပါတယ်။
15 ရက်ဗီဇာရရှိခဲ့ပါတယ်။
🍀ကျောင်းတက်နေတဲ့ သားဆီကိုလာလည်မည့်ကာစတန်မာအတွက်က 1 လ ဗီဇာရရှိခဲ့ပါတယ်။ ဂျပန်ဘက်ကကျောင်းသားဖြစ်တဲ့အတွက်မြန်မာရဲ့ လုပ်ငန်းလိုင်စင်နှင့်ဘဏ်(Show Money)ပြပြီးလျှောက်ခဲ့ပါတယ်။
🍀ဂျပန်မှာမွေးတဲ့မြေးလေးဆီလာတွေ့မည့် ဖိုးဖိုး၊ ဖွားဖွား အတွက်က 3 လ ဗီဇာ ရရှိခဲ့ပါတယ်။
ကျွန်မတို့ရဲ့ဝန်ဆောင်မှုကိုရွေးချယ်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥰
📝ယုဇုမေမေ
30/06/2026
သမီးနှစ်ယောက်ဆီအလည်လာမည် ကာစတန်မာအန်တီ အတွက်ရက်၉၀ အလည်ဗီဇာလေးရရှိခဲ့ပါ🍀
မိသားစုနှင့်ပျော်စရာခရီးစဉ်လေးဖြစ်ပါစေရှင့်🍀
ကျွန်မတို့ရဲ့ဝန်ဆောင်မှုကိုရွေးချယ်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🍀
📝ယုဇုမေမေ
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon