Byoh Lifestyle

Byoh Lifestyle

Share

Byoh Lifestyle Application မှာ ဗေဒင်နှင့်လူမှုဘဝရသအစီအစဉ် ၆၀ ကျော်ကို နေ့စဉ် တင်ဆက်‌‌လျက်ရှိပါတယ်။

မက်ဂျစ်ကဏ္ဍမိတ်ဆက် ( အပိုင်း - ၁ ) . . . 07/09/2026

"ငယ်စဉ်ကတည်းက ကိုယ်ဝါသနာပါတာကို သိသူ ၊ မိဘတွေ သဘောမတူတဲ့ကြားက ကိုယ်ဝါသနာပါတာကိုလုပ်ဖို့ ကြိုးစားညှိနှိုင်းနိုင်ခဲ့သူ ၊ လူတွေကိုပျော်ရွှင်စေခဲ့သူ .. သူ ဘဝမှာ ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ ၊ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရသလဲဆိုတာကို အင်တာဗျူး အပိုင်း ( ၁ ) မှာတွေ့ဆုံမေးမြန်းထားပါတယ် . . . "

https://youtu.be/8eaWdSQtgM4

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မက်ဂျစ်ကဏ္ဍမိတ်ဆက် ( အပိုင်း - ၁ ) . . . ငယ်စဉ်ကတည်းက ကိုယ်ဝါသနာပါတာကို သိသူ ၊ မိဘတွေ သဘောမတူတဲ့ကြားက ကိုယ်ဝ...

06/09/2026

ဗျို့ Lifestyle ပရိသတ်ကြီးရေ

Byoh Lifestyle application မှာဗေဒင်ဟောစာတမ်းများ၊ လူမှုဘဝဆိုင်ရာ အကြောင်းအရာများ၊ သုတရသစာပေများနဲ့ ပျော်ရွှင်ဖွယ်ဟာသများကို အပတ်စဉ်တင်ဆက်ပေးလျက်ရှိတာကြောင့် ဝင်ရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Please subscribe YouTube - https://www.youtube.com/
TikTok https://www.tiktok.com/
Telegram - https://t.me/byohls
Join us Viber -https://invite.viber.com/...
Follow 👉 Byoh Lifestyle Instagram Link: https://www.instagram.com/byoh_lifestyle

(၃.၉.၂၀၂၆) မှ (၉.၉.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း 05/09/2026

ဗျို့ ပရိသတ်ကြီးရေ …

ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၃.၉.၂၀၂၆ ရက်မှ ၉.၉.၂၀၂၆ ရက်နေ့အထိ ရာသီဖွားအဟောများအား Byoh Lifestyle YouTube Channel ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/N4LKlVocaZw

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဦးကောင်းစံလင်း #ရာသီဖွားအဟော #ဆရာကြီးကောင်းစံလင်း

(၃.၉.၂၀၂၆) မှ (၉.၉.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း ဗျို့ ပရိသတ်ကြီးရေ …ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၃.၉.၂၀၂၆ ရက်မ...

04/09/2026

"အပြုံးလေးနဲ့လာမှာ . . . "
~~~~~~~~~~~~~~~~
-LLO

ခြင်ငယ်လေးတစ်ကောင်ဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့အပြင်ထွက်ပြီးပျံပါတယ်။
ဘယ်လိုခံစားရလဲလို့ ဖခင်ကမေးပါတယ်။ သိပ်ကောင်းတာပဲ အဖေရယ် လူတွေကလေ ကျွန်တော့်ကို လက်ခုပ်တီးအားပေးကြတယ်လို့ သူကပြန်ဖြေပါတယ်။
လူတွေက မင်းကိုလက်ခုပ်တီးအားပေးတာမဟုတ်ဘူး။ သူတို့က မင်းကိုသတ်ချင်နေတာ။ များများ လက်ခုပ်တီးလေလေ မင်းသေဖို့များလေလေပဲလို့ ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာ။ ။ ဘဝမှာ မင်းကိုချီးကျူးသူတိုင်း ကောင်းတဲ့သူတွေဟုတ်ချင်မှဟုတ်မယ်။ ဒါကြောင့် သတိနဲ့နေပါ။ ဘာကြောင့်လည်းဆိုတော့ မင်းကိုသတ်မယ့်ရန်သူဟာ ဓါးနဲ့လာမှာမဟုတ်ဘူး။ အပြုံးလေးနဲ့လာမှာ။

ref; www.pinterest.com

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Screentime များတာနဲ့ ကလေးတွေရဲ့ နေ့စဉ်ဘဝသက်ရောက်မှု . . . 03/09/2026

ယနေ့ခေတ် မိဘတွေကြုံတွေ့နေရတဲ့ အခက်အခဲထဲမှာ ကလေးက screen time များနေတဲ့ ကိစ္စကလည်း တစ်ခုအပါအဝင်ပါပဲ. . . အဲ့ဒါကို ပြေလည်စေဖို့ ဒီ video မှာ တီချယ်ရတနာက အသေးစိတ် ပြောပြပေးထားပါတယ် . . .

https://youtu.be/LgDCELROvUU

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Screentime များတာနဲ့ ကလေးတွေရဲ့ နေ့စဉ်ဘဝသက်ရောက်မှု . . . ယနေ့ခေတ် မိဘတွေကြုံတွေ့နေရတဲ့ အခက်အခဲထဲမှာ ကလေးက screen time များနေ...

02/09/2026

"ဖခင်ဆီကနေ ကလေးတွေ သင်ယူနိုင်တဲ့ အရာများ . . ."
~~~~~~~~~~~~~~~~~~~~~~~~~~~~~
-LLO

လေ့လာမှုတွေအရ ဖခင် သို့မဟုတ် ဖခင်ပုံသဏ္ဍာန်ရှိတဲ့ ကလေးတွေဟာ စာသင်ကျောင်းမှာ ကောင်းစွာလုပ်ဆောင်နိုင်တာ၊ ကျန်းမာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာနဲ့ အပြုသဘောဆောင်တဲ့ လူမှုဆက်ဆံရေးအပြုအမူတွေ ရှိနိုင်ခြေ သိသိသာသာ ပိုများလာတယ်လို့ဆိုပါတယ်။

သမီးတွေပဲဖြစ်ဖြစ်၊ သားတွေပဲဖြစ်ဖြစ် ဖခင်တွေက သိပ်ကိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကလေးတွေ သူတို့ရဲ့အဖေကိုကြည့်ပြီး သင်ယူနိုင်တဲ့ အချက်တွေရှိပါတယ်။

အသက်အရွယ်မရွေး ကလေးတွေဟာ အမြဲတမ်း နားထောင်ပြီး သင်ယူနေကြပါတယ်။ သူတို့ရဲ့ဖခင်က မေမေ့ကို ဘယ်လိုပြုမူပြောဆိုဆက်ဆံလဲဆိုတာကိုလည်း မြင်တွေ့ရပြီး သူတို့ရဲ့စိတ်ခံစားချက်တွေကို ခံစားမိကြပါတယ်။

သူတို့မြင်တာကို ဖော်ပြဖို့ ငယ်လွန်းနေတာတောင်မှ နူးညံ့မှု၊ စိတ်ရှည်မှုနဲ့ လေးစားမှုကို သတိပြုမိကြပါတယ်။ သူတို့ရဲ့အဖေက အိမ်တွင်းနဲ့ အိမ်ပြင်က ဆက်ဆံရေးတွေကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကို သူတို့ စောင့်ကြည့်ကြပါတယ်။

ကလေးတွေဟာ မိခင်ဆီကနေ ချစ်ခြင်းမေတ္တာကို ဘယ်လိုဖော်ပြရမလဲဆိုတာ သင်ယူလေ့ရှိပေမယ့် ဖခင်ဆီကနေ သင်ယူရတဲ့ အလွန်အရေးကြီးတဲ့ စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုတစ်ခု ရှိပါတယ်။

သူတို့တွေဟာ သူတို့ရဲ့ဖခင်ကိုကြည့်ပြီး ပဋိပက္ခနဲ့ ဒေါသကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ လေ့လာပြီး သင်ယူကြပါတယ်။

ဖခင်ကောင်းတစ်ယောက်နဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ခေါင်းဆောင်မှုစွမ်းရည်တွေ လိုအပ်ပါတယ်။

ဒီဟာမှာ ဦးဆောင်နိုင်စွမ်းနဲ့ တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချနိုင်စွမ်းတွေ ပါဝင်ပါတယ်။ အဲဒါအတွက် ယုံကြည်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ လေးစားမှုတို့ လိုအပ်ပါတယ်။

ဖခင်တွေဟာ ပြဿနာဖြေရှင်းတာကို လက်တွေ့ကျတဲ့ စိတ်ထားနဲ့ ချဉ်းကပ်လေ့ရှိပြီး သူတို့ရဲ့ကလေးတွေကို ဘောင်အပြင်ဘက်ကနေ စဉ်းစားတွေးခေါ်တတ်အောင်နဲ့ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းနည်းတွေကို စူးစမ်းလေ့လာတတ်အောင် သင်ကြားပေးလေ့ရှိပါတယ်။ သူတို့ဟာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်မှုကို အားပေးပြီး သူတို့ရဲ့ကလေးတွေမှာ ကြီးထွားမှုစိတ်ထားကို မွေးမြူပေးပါတယ်။

ကလေးတွေ အသက်အရွယ်ရလာပြီး ဘဝရဲ့ ကဏ္ဍအသီးသီးမှာ ပိုမိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာဖြေရှင်းနိုင်စွမ်းတွေဟာ အလွန်တန်ဖိုးရှိလာပါတယ်။

ကလေးတွေ ဖခင်ဆီကနေ သင်ယူရတဲ့ နောက်ထပ်အရေးကြီးတဲ့ ဘဝစွမ်းရည်တစ်ခုကတော့ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်စွမ်းပါပဲ။

ကျန်းမာတဲ့ အလုပ်နှင့်ဘဝ မျှတမှုကို ဦးစားပေးတဲ့ ဖခင်တွေဟာ ကလေးတွေကို မိသားစုနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းရဲ့ အရေးပါမှုကို သင်ကြားပေးပါတယ်။ မိသားစုဘဝမှာလည်း ပါဝင်ပတ်သက်နေချိန်မှာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ ထူးချွန်နိုင်ကြောင်းကို ကလေးတွေကို ပြသပေးကြပါတယ်။

ဖခင်ပုံရိပ်တွေဟာ သားသမီးတွေရဲ့ တန်ဖိုးတွေနဲ့ ကိုယ်ကျင့်တရားတွေကို ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သူရဲ့စကား၊ လုပ်ရပ်နဲ့ လမ်းညွှန်မှုတွေကနေပြီး ကလေးတွေကို ခိုင်မာတဲ့ ကိုယ်ကျင့်တရား လမ်းညွှန်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဖခင်တွေဟာ မိသားစုအစဉ်အလာတွေ၊ ယဉ်ကျေးမှုတန်ဖိုးတွေနဲ့ ကျင့်ဝတ်ဆိုင်ရာမူတွေကို မကြာခဏ လက်ဆင့်ကမ်းပေးလေ့ရှိပြီး ကလေးတွေကို ပညာရှိရှိရွေးချယ်မှုတွေပြုလုပ်ဖို့နဲ့ ဘဝရဲ့ရှုပ်ထွေးမှုတွေကို ကျော်လွှားနိုင်ဖို့ ခိုင်မာတဲ့အခြေခံကို ပေးစွမ်းနိုင်ပါတယ်။

Ref: www.pinterest.com

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

၂၀၂၆ ၊ စက်တင်ဘာမှာ ကြုံရမယ့်သက်ရှိသက်မဲ့တို့၏ ကံတရားများ ( တနင်္လာ ၊ အင်္ဂါ ၊ သောကြာ) 01/09/2026

"၂၀၂၆ ၊ စက်တင်ဘာမှာ ကြုံရမယ့် တနင်္လာ ၊ အင်္ဂါ ၊ သောကြာ သက်ရှိသက်မဲ့တို့၏ ကံတရားများကို ဆရာကြီး ဦးကောင်းစံလင်းမှ အသေးစိတ် ဟောပြောပေးထားပါတယ် . . . "

Video အပြည့်အစုံကို ဗျို့ Lifestyle Applicationတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါပြီ။

https://youtu.be/c0_fU6lD7po

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဦးကောင်းစံလင်း

၂၀၂၆ ၊ စက်တင်ဘာမှာ ကြုံရမယ့်သက်ရှိသက်မဲ့တို့၏ ကံတရားများ ( တနင်္လာ ၊ အင်္ဂါ ၊ သောကြာ) ၂၀၂၆ ၊ စက်တင်ဘာမှာ ကြုံရမယ့် တနင်္လာ ၊ အင်္ဂါ ၊ သောကြာ သက်ရှိသက်မဲ...

31/08/2026

AI က အနုပညာရှင်တွေနေရာမှာ တကယ်အစားထိုးလာနိုင်မှာလား . . .
======================================
-ကျော်ကျော်သက်

သမိုင်းကိုကြည့်ရင် နည်းပညာအသစ်တွေက အလုပ်အကိုင်တွေကို လုံးဝပျောက်သွားတယ်ဆိုတာထက် ပြန်လည်ပြောင်းလဲပေးတာများပါတယ်။ ဓာတ်ပုံတွေပေါ်လာလည်း ပန်းချီတွေမပျောက်ခဲ့ပါဘူး။ Photoshop ပေါ်လာလည်း illustration မပျောက်ခဲ့ပါဘူး။ AI လည်း အလားတူပဲ ဖြစ်နိုင်ပါတယ်။ အခုတောင် AI နဲ့ပတ်သက်ပြီး AI art director ၊ Prompt designer ၊ AI-assisted illustrator စတဲ့ အလုပ်ရာထူးအသစ်တွေပေါ်လာနေပါပြီ။ ဒီအခြေအနေက “အလုပ်ပျောက်သွားခြင်း” မဟုတ်ဘဲ “အလုပ်ပုံစံပြောင်းသွားခြင်း” ကို ပြသနေပါတယ်။

အန္တရာယ်အများဆုံးအပိုင်း
~~~~~~~~~~~~~~
AI ရဲ့ အကြီးမားဆုံးသက်ရောက်မှုက တကယ့်ပညာရှင်တွေထက် အလယ်အလတ် ပညာရှင်တွေ အပေါ်မှာပိုထိခိုက်နိုင်ပါတယ်။ လူတိုင်းနီးပါးဖန်တီးလို့ရနေတဲ့လက်ရာတွေပေါ်မှာ client တွေက AI ကို ပိုပြီးရွေးချယ်လာနိုင်ပါတယ်။ အကြောင်းကတော့ မြန်ဆန်မှုနဲ့ စျေးသက်သာမှုပါ။ ဒီအခြေအနေက အနုပညာလုပ်ငန်းရဲ့စျေးနှုန်း၊ အလုပ်အခွင့်အလမ်းနဲ့ အခြေခံအနုပညာဖန်တီးသူတွေကို ဖိအားပေးနိုင်ပါတယ်။

AI ကြောင့် အလုပ်အားလုံး ပျောက်သွားမယ်ဆိုတာ မဟုတ်ပေမယ့်
“ထပ်ခါထပ်ခါလုပ်ရတဲ့ routine work” တွေက အန္တရာယ်ပိုများပါတယ်။ ဥပမာပြောရရင်

Spreadsheet ထဲ data ရိုက်ထည့်တာ၊ form ပြည့်တာလို အလုပ်တွေကို AI က မြန်မြန်လုပ်နိုင်လာပြီ။ FAQ ဖြေတဲ့ customer support တွေကို AI chatbot တွေ အစားထိုးလာနေပြီ။

ဒါပေမယ့် ရှုပ်ထွေးတဲ့ customer complain ကတော့ လူလိုနေဦးမယ်။ ရိုးရိုးဘာသာပြန်တွေအတွက် အေအိုင်က လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရသစာပေတွေ၊ ယဉ်ကျေးမှုနဲ့ စိတ်ကူးစိတ်သန်းအားကောင်းတဲ့ ဘာသာပြန်မှုတွေအတွက်တော့ လူသားက အရေးကြီးနေဦးမှာပဲ။

Template-based design တွေအများကြီးမို့ အေအိုင်နဲ့ မိနစ်ပိုင်းအတွင်း generate လုပ်နိုင်လာတယ်။

ဒါပေမယ့် ဖန်တီးနိုင်စွမ်းအားကောင်းတဲ့ဒီဇိုင်နာတွေကတော့ ရပ်တည်နိုင်ပါဦးမယ်။

အေအိုင်နဲ့ ဗီဒီယိုတွေကို ဖန်တီးလာနိုင်ပါပြီ။ ဒါပေမယ့် storytelling အပိုင်းအတွက် ဖန်တီးနိုင်စွမ်းရှိတဲ့ သူကတော့ ဆက်လက်ရပ်တည်နိုင်ပါဦးမယ်။ အေအိုင်နဲ့ စကားပြောအသံတွေအချိန်တိုအတွင်လုပ်နိုင်ပေမယ့် လူသားကိုယ်တိုင်ပြောထားတဲ့အသံတွေမှာတော့ စိတ်ခံစားမှုတွေ ပါဝင်နေတာမို့ တုယှဉ်လို့ မရနိုင်ပါဘူး။

ဒါ့ကြောင့်အနာဂတ်မှာ လူသားနဲ့ အေအိုင်ပေါင်းစပ်တဲ့စနစ်ကသာ အဖြစ်နိုင်ဆုံးလို့ယူဆပါတယ်။ အနာဂတ်ကိုကြည့်ရင်ကျွမ်းကျင်သူအများစုက AI ကို “အစားထိုးသူ” အဖြစ်မဟုတ်ဘဲ “ကိရိယာတစ်ခု” အဖြစ်မြင်ကြပါတယ်။ ဒါကြောင့် အနာဂတ် workflow မှာ အေအိုင်က မြန်ဆန်တယ်၊ အပြောင်းအလဲလုပ်နိုင်တယ်၊ အိုင်ဒီယာတွေထုတ်ပေးနိုင်တယ်။ လူသားတွေကတော့ အတွေးအခေါ်ရှိတယ်၊ အဓိပ္ပါယ်ရှိတဲ့ အကြောင်းအရာတွေစီစဉ်နိုင်တယ်၊ ဦးတည်ချက်ရှိတယ်။ ဒါတွေကိုပေါင်းစပ်ပြီး အနုပညာရှင်က “ပုံဆွဲသူ” ထက် “creative director” ပိုဖြစ်လာနိုင်ပါတယ်။ တနည်းအားဖြင့် လူသားတွေမှာ ကိုယ့်အားသာချက်ကို ပိုမိုအဆင့်မြှင့်တင်ပြီး တကယ့်အနုပညာရှင်အဖြစ် အဆင့်မြှင့်ရပ်တည်ကာ အေအိုင်ကို အသုံးချဖို့လိုအပ်ပါတယ်။

AI ဟာ အနုပညာရှင်အလုပ်ကို လုံးဝဖျက်သိမ်းမယ့်နည်းပညာတစ်ခုမဟုတ်ပေမယ့် အနုပညာလုပ်ငန်းရဲ့ ပုံစံကိုတော့ပြောင်းလဲမှာအသေအချာပါပဲ။ နောက်ဆုံးမှာ အရေးကြီးတဲ့မေးခွန်းက “AI က အနုပညာကို အစားထိုးမလား” မဟုတ်တော့ပါဘူး။ “အနုပညာရှင်ဆိုတဲ့အဓိပ္ပါယ်ကို လူသားနဲ့ AI ကြားမှာ ဘယ်လိုပြန်သတ်မှတ်မလဲ” ဆိုတာပဲ ဖြစ်ပါတယ်။

https://www.mckinsey.com

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(၂၇.၈.၂၀၂၆) မှ (၂.၉.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း 29/08/2026

ဗျို့ ပရိသတ်ကြီးရေ …

ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၂၇.၈.၂၀၂၆ ရက်မှ ၂.၉.၂၀၂၆ ရက်နေ့အထိ ရာသီဖွားအဟောများအား Byoh Lifestyle YouTube Channel ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/SW8ZyFXSQxs

Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download

ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဦးကောင်းစံလင်း #ရာသီဖွားအဟော #ဆရာကြီးကောင်းစံလင်း

(၂၇.၈.၂၀၂၆) မှ (၂.၉.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း ဗျို့ ပရိသတ်ကြီးရေ …ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၂၇.၈.၂၀၂၆ ရက်...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

MICT Park
Yangon
11055

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00