JEJU SKIN

JEJU SKIN

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JEJU SKIN, Beauty, cosmetic & personal care, No. 8, Thitsar Road & Kyauk Kone Road Corner 14 Quarter, Yankin Township, Yangon.

JEJU SKIN is founded with a clear purpose of introduces products that provide both reassurance and effectiveness for customers by using premium quality ingredients and delivers best results.

𝐉𝐄𝐉𝐔 𝐄𝐬𝐬𝐞𝐧𝐜𝐞, 𝐏𝐮𝐫𝐞𝐥𝐲 𝐘𝐨𝐮𝐫𝐬🍃

09/09/2026

တစ်ယောက်တည်း လှရတာ ပျင်းနေပြီလား...? 😉💖
ဒါဆို ကောင်လေးကိုပါ အတူတူ Glow အောင် လုပ်ပေးလိုက်တော့နော်!

(ရည်းစားမရှိသေးတဲ့ JEJU Fan လေးတွေတော့ ဒီ Post လေးကို မြန်မြန် ကျော်သွားပေးပါ... ဟီး 🙈)

ရေချိုးဆပ်ပြာ တစ်ခုတည်းနဲ့တင် အကုန်ပြီးနေတဲ့ ကိုယ့် ရည်းစားလေးကို အဆင့်မများဘဲ ရလဒ် ထိရောက်စေမယ့် Basic Skincare Routine လေး စတင်ပေးလိုက်ပါ...

Facial Foam နဲ့ သန့်စင်ပေးပြီး Toner နဲ့ အသားအရေ ညှိမယ်၊ ပြီးရင် အဆင့်နည်းနည်းနဲ့ အာနိသင်အကုန်ပေးတဲ့ Moisture Trio လေးနဲ့ အစိုဓာတ် ဖြည့်ပေးရုံပါပဲ။

"Suncream လိမ်းရမှာ ပူတယ်... မျက်နှာ ပြာသွားမှာ စိုးလို့" ဆိုပြီး ငြင်းနေတတ်တဲ့ သူ့ကို JEJU Cica Calming Sun Gel လေးသာ လိမ်းခိုင်းလိုက်! ☀️✨

Gel Texture အေးအေးလေးမို့ လိမ်းလိုက်တာနဲ့ အသားအရေနဲ့ တစ်ထပ်တည်း ကျသွားပြီး စိုစိုကြည်ကြည်လေး ဖြစ်သွားမှာပါရှင်။

ကောင်လေးကို Glow အောင် လုပ်ပေးဖို့အတွက် JEJU ရဲ့ Basic Set လေးကို အခုပဲ Page Messenger ကနေ မှာယူလိုက်တော့နော်...! 👇💌
(ဒါမှမဟုတ် ကိုယ်ဘာသာဝယ်ဆိုပြီး ကောင်လေးကို Mention ခေါ်ပြီး သတိပေးလိုက်လို့လည်း ရပါတယ်နော် 😉)




#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

08/09/2026

New Product လေးက ဘာဖြစ်မလဲ?
ခန့်မှန်းပြီး ဆုလက်ဆောင် ရယူပါ🥳

Hint ပေးရရင် အသားအရေ ကြည်လင်ဖို့ဆိုရင် ဒီအဆင့်လေးက လုံးဝ မရှိမဖြစ်ဘူး !!

အသားအရေ သန့်ရှင်းစင်ကြယ်ဖို့အတွက် အဓိကကျတဲ့ ဒီ Step လေးအတွက် JEJU SKIN ရဲ့ NEW Product လေးက ဘာဖြစ်မလဲဆိုတာ Comment မှာ ခန့်မှန်းပေးခဲ့ပါဦးနော်! 🧩✨

အဖြေမှန်အောင် ခန့်မှန်းနိုင်သူ (၅) ယောက် ကို ဒီ Product လေး တစ်ဗူးစီ လက်ဆောင် ပေးသွားပါမယ်ရှင်! 🎁

ပါဝင်ရန် —
Post ကို Like & Share (Public) လုပ်ပေးရပါမည်။
အဖြေကို Comment မှာ မန့်ပေးရပါမည်။

⚠️ Product ကြေညာပေးမည့်ရက်နှင့် Winner ရွေးချယ်မည့်ရက်ကို Page တွင် ပြန်လည် အသိပေးသွားပါမည်။



#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

06/09/2026

𝐓𝐡𝐞 𝐮𝐥𝐭𝐢𝐦𝐚𝐭𝐞 𝐝𝐚𝐢𝐥𝐲 𝐝𝐞𝐟𝐞𝐧𝐬𝐞 𝐝𝐮𝐨. ☀️ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 𝐟𝐨𝐫 𝐡𝐞𝐚𝐥𝐭𝐡𝐲 𝐡𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧, 𝐒𝐮𝐧𝐠𝐞𝐥 𝐟𝐨𝐫 𝐚𝐧 𝐢𝐧𝐯𝐢𝐬𝐢𝐛𝐥𝐞, 𝐟𝐫𝐞𝐬𝐡 𝐟𝐢𝐧𝐢𝐬𝐡 𝐮𝐧𝐝𝐞𝐫 𝐦𝐚𝐤𝐞𝐮𝐩. #𝐉𝐄𝐉𝐔𝐒𝐤𝐢𝐧 #𝐒𝐮𝐧𝐂𝐚𝐫𝐞𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥𝐬 #𝐅𝐫𝐞𝐬𝐡𝐆𝐥𝐨𝐰

05/09/2026

𝐂𝐨𝐦𝐩𝐚𝐜𝐭, 𝐥𝐢𝐠𝐡𝐭𝐰𝐞𝐢𝐠𝐡𝐭, 𝐚𝐧𝐝 𝐬𝐮𝐩𝐞𝐫 𝐩𝐫𝐨𝐭𝐞𝐜𝐭𝐢𝐯𝐞. 𝐉𝐄𝐉𝐔 𝐒𝐤𝐢𝐧 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 𝐠𝐨𝐞𝐬 𝐰𝐡𝐞𝐫𝐞𝐯𝐞𝐫 𝐈 𝐠𝐨…

02/09/2026

JEJU Fan စစ်ကြောင်း သက်သေပြရမယ့် အချိန်ရောက်ပါပြီ! 🧩✨

Emoji လေးတွေကြည့်ပြီး JEJU Product လေးတွေကို ခန့်မှန်းရင်း Essence Toner (၅)ဘူး လက်ဆောင်ယူကြရအောင်... 🎁🌸

အောက်က Emoji လေးတွေက ဘယ် JEJU Product လေးတွေလဲဆိုတာ ခန့်မှန်းနိုင်ကြရဲ့လား 👇
၁။ ☀️ + 🌿 + 💧 = ( ? )
၂။ ☀️ + 🧊 + 🤍 = ( ? )

ပါဝင်ရမယ့် စည်းကမ်းချက်များ —
ဒီ Post လေးကို Like & Share (Public) ပြုလုပ်ပေးထားရပါမည်။
အဖြေမှန်ကို Comment တွင် မန့်ပေးရပါမည်။

ကံထူးရှင်လေးများကို စက်တင်ဘာ (၁၀) ရက်နေ့ တွင် ကြေငြာပေးသွားပါမည်ရှင့်။
အဖြေမှန် ရွေးချယ်ပေးနိုင်သူတွေထဲက ကံထူးရှင် (၅) ယောက်ကို Essence Toner (၁) ဘူးစီလက်ဆောင်ပေးသွားမှာမို့ အခုပဲ Comment မှာ အဖြေမှန်လေးတွေ ဖြေသွားခဲ့တော့နော်! 😉 ✨💬



#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

01/09/2026

✨ Glow skin လည်း ရချင်တယ်၊ Skincare တွေ အများကြီးလည်း မသုံးချင်ဘူး🤔 ✨

Skincare Step တွေ အများကြီး လိမ်းရတာ ပျင်းတဲ့သူတွေအတွက် မနက်နိုးထလာတိုင်း ကြည်လင်စိုပြေတဲ့ Glow Skin လေးကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ရနိုင်ဖို့ moisture trio လေးရှိတယ်နော် 💜

Moisture, Essence နဲ့ Serum (3-in-1) သုံးမျိုးလုံးကို ပေါင်းစပ်ထားလို့ ရေဓာတ်ပြည့်ဝရုံတင်မကဘဲ Budget လည်း save ပြီးသားနော်

ပါဝင်ပစ္စည်းတွေအနေနဲ့လည်း -

✨Hyaluronic Acid က အသားအရေကို ရေဓာတ်အပြည့်အဝ ဖြည့်ပေးတယ်
✨Aloe က အစိုဓာတ် ထိန်းသိမ်းပေးတယ်
✨Acai Berry က အသားအရေကို တင်းတင်းရင်းရင်းနဲ့ ကျန်းမာ Glow စေတယ်

၁ မျိုးတည်းနဲ့ ပြီးပြည့်စုံတဲ့ ထိရောက်မှုပေးနိုင်လို့ Budget ချွေတာရင်း Glow Skin လေးကို လွယ်လွယ်ကူကူ ဖန်တီးလိုက်ရအောင် 💕




#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

31/08/2026

ဈေးနှုန်းအနည်းငယ် ပြောင်းလဲသတ်မှတ်ခြင်းအား လေးစားစွာဖြင့် အသိပေးအကြောင်းကြားခြင်း

လေးစားရပါသော JEJU SKIN ၏ သုံးစွဲသူ Customer များရှင့် —
Asia Beauty Paradise Company Limited မှ Korea နိုင်ငံတွင် ထုတ်လုပ်၍ တရားဝင် ဖြန့်ချိရောင်းချလျက်ရှိသော JEJU SKIN ထုတ်ကုန်များ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားဆက်စပ် ကုန်ကျစရိတ်များအပေါ် မူတည်၍ ထုတ်ကုန်များ၏ ဈေးနှုန်းများကို ပြန်လည်သုံးသပ် သတ်မှတ်ထားပါသည်ရှင်။

သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါ JEJU SKIN ထုတ်ကုန်များ၏ ရောင်းဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

[ ပြောင်းလဲလိုက်သော ဈေးနှုန်းအသစ်များ ]
၁။ JEJU Moisturizing Gel (20 ml) — 8,900 Kyats
၂။ Moisture Airyfit Daily SunCream (20 ml) — 8,900 Kyats
၃။ CICA Calming Sun Gel (20 ml) — 8,900 Kyats
၄။ Collagen Glow BB Cream 01 (15 ml) — 8,900 Kyats
၅။ Collagen Glow BB Cream 02 (15 ml) — 8,900 Kyats
၆။ All in one Cleansing Foam (150 ml) — 22,500 Kyats
၇။ 2X Hyaluronic Essence Toner (150 ml) — 31,500 Kyats
၈။ Pro Brow Pencil (Brown) — 9,500 Kyats
၉။ Pro Brow Pencil (Dark Brown) — 9,500 Kyats
၁၀။ Pro Brow Pencil (Gray) — 9,500 Kyats

အဆိုပါ ဈေးနှုန်းအသစ်များသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ အကျုံးဝင် မည်ဖြစ်ပါသည်။

ယခုကဲ့သို့ ဈေးနှုန်းပြောင်းလဲသတ်မှတ်ရခြင်းအပေါ် နားလည်ပေးကြပါရန်နှင့် JEJU SKIN ကို အစဉ်အမြဲ ချစ်ခင်နှစ်သက်စွာ သုံးစွဲသူ Customer မျာကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

လေးစားစွာဖြင့်၊
Asia Beauty Paradise Company Limited
JEJU SKIN – Official
📞 Contact: 09940960001
🌐 Website: www.asiabeautyparadise.com

30/08/2026

သာမန်မိတ်ကပ်ပြင်ထားတဲ့နေ့တွေနဲ့မတူဘဲ healthy glow လေးဖြစ်နေလို့ Penny ကလည်း ပေါ့ပေါ့ပါးပါးသုံးရတာ အရမ်းအဆင်ပြေပါတယ်တဲ့ 💕💜




#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

26/08/2026

မနက်ကလှနေတဲ့ မိတ်ကပ်လေး
နေ့လယ်ဆို မဲပြီးကွက်သွားပြီ 😩

မိတ်ကပ် ဘယ်လောက်ပဲ ကောင်းကောင်း လိမ်းထားပါစေ... Skin Prep မကောင်းရင် မိတ်ကပ်က တစ်နေကုန် ခံမှာ မဟုတ်ပါဘူး..

အသားအရေကိုသာ Skin Prep သေချာ ထိန်းသိမ်းထားရင် ထူထူထဲထဲ မိတ်ကပ်တွေ လိမ်းစရာမလိုဘဲ BB Cream လေးတစ်မျိုးတည်းနဲ့တင် သဘာဝအတိုင်း တစ်နေကုန် Fresh ဖြစ်ပြီး လှနေမှာပါ! ✨

မနက်ခင်းမှာ အစိုဓာတ်ကို ပြည့်ဝစေတဲ့ Facial Foam၊ Toner၊ Moisture နဲ့ Sun Gel လေးကို စနစ်တကျ အစဉ်လိုက် လိမ်းပြီး ရေဓာတ်ပြည့်ဝအောင် ပြင်ဆင်ထားတဲ့ အသားအရေပေါ်မှာ BB Cream လေး လိမ်းလိုက်ရုံနဲ့ တစ်နေကုန် Glow နေမှာ..

⚠️ Skin Prep မှာ မမေ့ဖို့က
ညဘက် ရောက်လို့ အိပ်ရာဝင်ခါနီးရင်တော့ တစ်နေကုန် လိမ်းထားတာတွေနဲ့ အညစ်အကြေးတွေကို Cleansing သေချာ ပြန်လုပ်ပေးဖို့လည်း အရေးကြီးတယ်နော် ! ဒါမှ နောက်တစ်နေ့ မနက်မှာလည်း အသားအရေလေး ပြန်လည် ကြည်လင်နေမှာပါရှင်။ 🌸✨




#ပိုစုံပိုGlowJEJUနဲ့ဆိုအလှတွေပိုလို့တိုး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address


No. 8, Thitsar Road & Kyauk Kone Road Corner 14 Quarter, Yankin Township
Yangon