Brands Fever
One stop shopping service for brand lovers. (wholesale & retail)
10/12/2025
ရာသီဥတုက အေးအေးလေးမို့ lotion မှန်မှန်လိမ်းနိုင်တဲ့ အချိန်ရောက်ပြီလေနော်။
စျေးလေးလည်း သက်သာပြီး လိမ်းထားရင် စေးကပ်ကပ် မဖြစ်တာလေး လိုချင်ရင် ဒီ Watsons က lotion လေးတွေ ယူပါ။
ဒါလေးက niacinamide ပါလို့ အသားအရေ စိုအိပြီး လင်းလာစေတယ်။
စျေးကလည်း 500ml တစ်ဘူးမှ 22000 ks ထဲမို့ အရမ်းသက်သာတယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
21/11/2025
Ch@nel CC Cream လေးက Daily သုံးဖို့ အဆင်ပြေဆုံးနဲ့ အကောင်းဆုံး လို့ ပြောလို့ရတယ်။
Skincare, Moisturizer, Correction, SPF 50 နေကာ, အသားအရေတောက်ပမှု... အကုန်လုံးကို တစ်ခုတည်းနဲ့ရတဲ့ ပစ္စည်းလေးပါ။
Foundation လို heavy ဖြစ်တာမျိုး မရှိဘဲ လိမ်းထားမှန်းမသိအောင် သဘာဝကျတယ်။
CC Cream ဆိုပေမယ့် Medium Coverage လောက်ထိ ဖုံးပေးနိုင်တာမို့ နေ့စဥ်သုံးအတွက် လုံလောက် အဆင်ပြေတယ်။
အသားအရေကို ကြည်လင်တောက်ပတဲ့ (Semi-Dewy) Look ကို ရစေတယ်။
Dry skin နဲ့ normal skin ပိုင်ရှင်တွေအတွက် သူ့ချည်းလိမ်းလို့ အဆင်ပြေပြီး၊ အဆီပြန်သူတွေဆိုရင်တော့ Powder လေးနဲ့ Set လုပ်ဖို့လိုပါမယ်။
ပုံမှန်စျေး ၄ သိန်းနီးပါးကို sale price 278000 ks ထဲနဲ့ ရပါမယ်။
20 >> အသားဖြူ နဲ့ အသားလတ်သူ
30 >> အသားလတ်နဲ့ အသားညိုသူ
မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
12/11/2025
Lancome Rose Gold Cosmetic Bag 13”x10”x3”
Usual - 20000 ks
Now - 12000 ks
သူကလေ စက္ကူဘူးခွံ မပါဘဲကို ပို့ခတင် 18000 လောက်ကျတာပါ။ ဒီစျေးက ပို့တောင် မရှိတော့ဘူးနော်။
ရတနာနဲ့ အရေးကြီး စာရွက်စာတမ်းတွေ ထည့်သိမ်းဖို့ အဆင်ပြေတဲ့ size လေးပါ။
ခရီးသွားတဲ့အခါ Underwear တွေ၊ ခြေအိတ်တွေလည်း ထည့်သယ်လို့ ရသေးတယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
12/11/2025
❌sold out❌
တစ်နှစ်မှတစ်ခါ တန်တန်လေးရတတ်တဲ့ Lancome ရဲ့ Eyeshadow Palette လေးတွေ။
ပုံမှန်ဆို ၅ ကွက်ထဲပါတဲ့ palette အသေးလေး တစ်ခုတောင် ၃ သိန်းလောက် ရှိတာမို့ ဒီလို size ကြီးဆို အနည်းဆုံး ၅ သိန်းလောက်တန်တာကိုမှ 48000 ထဲနဲ့ ရမှာ။
Set ထဲက ခွဲရောင်းတာဆိုပေမယ့် သူ့စက္ကူဘူးလေးနဲ့သူ လာတာမို့ လက်ဆောင်ပေးလို့လည်း မျက်နှာပန်းလှတာမျိုးလေး။
အဖုံးကအစ နှင်းဆီလို ပုံဖော်ထားတဲ့ Rose gold အဖုံး လှလှလေးနဲ့ တအားလှတာ။
အရောင်တွေကလည်း daily ကနေ ပွဲတက်ထိ လိုသလို ပြင်လို့ရတဲ့ အရောင်လေးတွေချည်းပဲ။
Instock မို့ စောင့်စရာလည်း မလိုဘူး။
03/11/2025
Mineral Fusion Nail Polish Full Size 10ml #220 (Pretty In Pink)
အသားဖြူတဲ့သူရော ညိုတဲ့သူနဲ့ပါ လိုက်တဲ့ ပန်းနုရောင်ဖျော့ဖျော့လေးမို့ daily life မှာ flashy ဖြစ်မနေဘူး။
လက်သည်းတွေ မပျက်စီးစေတဲ့ formula နဲ့ ထုတ်ထားလို့ 2022 မှာ Marie Clair ကပေးတဲ့ Beauty Game Changer award ရထားတာလေးနော်။
Chip-Resistant ဖြစ်လို့ တစ်ခြားလက်သည်းနီတွေလို မပျက်လွယ်ဘဲ Long Lasting ပိုဖြစ်တယ်။
ပုံမှန်ဆို ဒီအရောက်စျေး ၆သောင်းနီးပါးရှိတာ၊ set ထဲက ခွဲရောင်းတာမို့ 15500 ထဲနဲ့ ရပါမယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
18/08/2025
Lip balm လိုရော ပါးနီလိုရော သုံးလို့ရတဲ့ No1 de Chanel lip and cheek balm လေးတွေ instock ရောက်ထားတယ်နော်။
လိမ်းထားရင် စိုစိုပြောင်ပြောင်လေးနဲ့ တအားလှတာ။
Best seller အရောင် 3,5,6,9 တွေ instock ရှိနေတာမို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
စျေးကလည်း ပုံမှန်အချိန်ဝယ်ရင် ၃ သိန်းကျော်ကျတာကို sale တုန်းက ဝယ်ထားတာမို့ 265000 ထဲနဲ့ ရမယ်နော်။
18/08/2025
ဟိုတလောကတင်တဲ့ lotion လေးတွေနဲ့ တွဲလိမ်းဖို့ shower cream လေးတွေလည်း ရမယ်နော်။
💛 အဝါလေးက အသားအရောင်ညီပြီး ဖြူဖွေးလာစေတယ်။
🩷 ပန်းဆီလေးကကျ အသားအရေ စိုအိပြီး လင်းလာစေတယ်။
စျေးကလည်း 500ml တစ်ဘူးမှ 20000 ks ထဲမို့ အရမ်းသက်သာတယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
P.S >> ပုံက ထပ်မရိုက်ဖြစ်လို့ lotion ပုံပဲ ပြန်တင်လိုက်ပေမယ့် ရောင်းတာက shower cream ပါ😬😬
18/08/2025
Lancome Clarific Double Essence
သူက အရင် Dual Essence ကို ပိုကောင်းတဲ့ formula နဲ့ အစားထိုးထားတဲ့ new version ပါ။
သူကို သုံးပြီးတာနဲ့ အသားအရောင် ညီလာမယ်၊ အသားအရေ ကြည်ပြီး ဖြူဝင်းလာမယ်။ ကျယ်နေတဲ့ ချွေးပေါက်တွေ ပြန်ကျဉ်းပြီး skin က အိအိလေးနဲ့ ဝင်းမွတ်လာမယ်။
မျက်နှာပေါ်က အမဲစက်တွေ၊ အသားအရောင် မညီတာတွေနဲ့ အမာရွတ် သက်သာချင်တဲ့သူဆို ဒါလေးကို သုံးကြည့်ပါ။
Full size 150ml က 560000 ကျော်မို့ သူက 187000 တန်တာကို set ထဲက ခွဲရောင်းတာမို့ 58000 ထဲနဲ့ ရပါမယ်။
3 ဘူး 150ml ယူရင်တောင် full size ရဲ့ ၃ပုံ၁ပုံစျေး မကျသေးတာမို့ အများကြီး သုံးပျော်ပါတယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
09/08/2025
Rare Beauty ရဲ့ Find Comfort Perfume နဲ့ Lotion Set လေး instock နည်းနည်းရပါမယ်။
အနံ့လေးကလေ အီမနေဘဲ ထင်မထားလောက်အောင် ကောင်းတဲ့ အနံ့မျိုးလေးပါ။
Find Comfort Edp 10ml
Find Comfort Body Lotion 95ml ပါတဲ့ set ကို 89000 ထဲနဲ့ ရမှာပါ။
မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
09/08/2025
စျေးသက်သာပြီး ကောင်းတဲ့ setting spray ရှာနေရင် Kose ရဲ့ Make Keep Mist လေးယူပါ။
သူက ချွေးနဲ့ မျက်ရည်တွေအပြင် အဆီပျံတာတွေကြောင့် မိတ်ကပ်သား ကွက်တာ၊ ရွေ့တာတွေပါ ကာကွယ်ပေးနိုင်ပါတယ်။
စျေးကလည်း Full size 80ml ကိုမှ 76500 ထဲမို့ အများကြီး သုံးပျော်ပါတယ်။
Instock မို့ တစ်ပတ်အတွင်း ပို့ပေးပါတယ်။
24/07/2025
L’Oreal Glycolic Day & Night
အမဲစက်လေးတွေ ပါးလာပြီး အသားလေးက ဖွေးကြည်ဥအက်သွားစေတဲ့ အတွဲလေးပါ။
Full size 50ml တွေချည်းပဲ ၂ ဘူးတွဲကိုမှ 128000 ထဲနဲ့ ရပါမယ်။
ဒီကောင်တာမှာဆို တစ်ဘူးတစ်သိန်းကျော်နေတာမို့ အခုစျေးက အရမ်းတန်ပါတယ်။
Instock မို့ စောင့်စရာလည်း မလိုဘူးနော်။
24/07/2025
✨ YSL Libre Eau de Parfum ✨
Lavender ရဲ့ မနက်ခင်းလေထုလို လန်းဆန်းမှုမျိုးနဲ့ စတင်ပြီး jasmine နဲ့ orange blossom ရဲ့ ဖြူဖွေးနူးညံ့ပြီး စွဲမက်စရာကောင်းတဲ့ အနံ့မျိုးလေးနဲ့ စိတ်ကို ကြည်လင်စေသလို dry down မှာ vanilla ရဲ့ ချိုမြိန်နွေးထွေးမှုလေးကို ခံစားရမှာပါ။
ရုံးသွားတဲ့အခါ ကိုယ်ရဲ့ confident ကို ပိုတိုးစေပြီး ချစ်သူနဲ့ date တဲ့အခါ ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ပိုရှိစေတာမျိုးလေးပါ။
Long lasting power ကောင်းပြီး ချစ်စရာကောင်းတဲ့ အနံ့မျိုးလေးမို့ blind buy ဝယ်မယ်ဆိုလည်း မမှားတာမျိုးလေးပါ။
90ml ကို ပုံမှန်စျေး ၁၀ သိန်းကျော်ကို အခုမှာရင် 750000 ပဲ ကျမှာမို့ အရမ်းတန်ပါတယ်။
Waiting time 2 weeks ပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
830, Padamyar Street, 36 Ward, North Dagon Township
Yangon