De Grand Spa

De Grand Spa

Share

Premium spa with low price at a good location with extended hours

19/05/2023

တစ်မနက်မှာ
အလုပ်ကိစ္စနဲ့ချိန်းဆိုထားတဲ့ တစ်နေရာကိုသွားခဲ့ရပါတယ် ..။ကျွန်မ..နာရီဝက်လောက်စောရောက်နေပြီး..ဟိုဟိုဒီဒီကြည့်နေမိတယ်။

ဒါနဲ့လမ်းတစ်ဖက်ခြမ်းမှာ သပ်သပ်ရပ်ရပ်လေး ဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ကလေးကိုတွေ့မိပါတယ်..ဒါနဲ့ အဲဒီဘက်ကို..ကူးသွားလိုက်ပြီး ရှမ်းခေါက်ဆွဲ မှာစားပါတယ်။

တကယ်တော့..
ကျွန်မအဲဒီဆိုင်ကလေးကိုသတိထားမိနေတာကြာပြီ.. အရှေ့ကဖြတ်ဖြတ်သွားပြီး..ဝယ်ကိုမစားဖြစ်ပါဘူး။ ဘယ်ကိုဆက်သွားရဦးမယ်..ဘာဝင်ဝယ်ရဦးမယ်.. ဘယ်သူကအတူပါလာတယ်..အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့်ပါပဲ။

ဒီတစ်ခါတော့..အခွင့်အရေးလည်းရနေတာနဲ့..ရှမ်းခေါက်ဆွဲထိုင်စားရင်း
ချိန်းထားသူကို
စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မတယောက်တည်း..ထိုင်ရင်းတွေးနေမိပါတယ်.. ကိုယ်တစ်ယောက်တည်း..ဆိုင်လေးတစ်ဆိုင်ကိုသွား ..အေးအေးဆေးဆေးလေးထိုင် ..ကိုယ်ကြိုက်တာလေးတွေမှာစားခဲ့တာ.. ဘယ်တုန်းက
နောက်ဆုံးပါလဲလို့ စဥ်းစားမိတော့ခေါင်းထဲမှာ..ပေါ်တောင် မပေါ်တော့ပါဘူး..

ဒီကိစ္စက အရေးမကြီးသလိုထင်ရပေမယ့်တကယ်တော့ အရေးကြီးပါတယ်..

တစ်ယောက်တည်း မထိုင်ဖြစ်တာ..မစားဖြစ်တာကလည်း..
များသောအားဖြင့်..
ဘေးနားမှာ နေမကောင်းတဲ့
အမျိုးသားပါနေပြီး ဆိုင်မှာစားမယ်ဆိုရင်တောင်..သူကြိုက်တဲ့ဆိုင်ကိုဦးစားပေး ထိုင်လိုက်ရတာမို့ပါပဲ..

သူငယ်ချင်းတွေနဲ့သွားတယ်ဆိုရင်တောင်ကျွန်မဟာ အိမ်ကလူတွေအတွက်အမြဲတမ်း ပါဆယ်ဝယ်လေ့ရှိတယ် ..ဘယ်သူက..ဘာတော့ကြိုက်လောက်တယ်.. ဘယ်သူကဘာစားချင်မလဲမသိဘူး..ဘာစားမလဲ..အိမ်ကိုဖုန်းဆက်မေးရင်း
ကောင်းနိုးရာရာလေးတွေ ဝယ်လာပေးတတ်ပါတယ်။

ဒါကအင်မတန်ကောင်းမွန်တဲ့ အကျင့်ပဲမဟုတ်လား။
မိသားစုအပေါ်ချစ်ခင်ခြင်း ..သတိရခြင်း.. စောင့်ရှောက်နိုင်ခြင်း အတွက်ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်.. ကျွန်မသည် မိမိစိတ်အပန်းဖြေဖို့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာတောင် အိမ်ကမိသားစုတွေကိုသတိရနေပြီး..သူတို့အတွက်..အမြဲဝယ်ခြမ်းလေ့ရှိတယ်။

အမျိုးသမီးတွေကပေးဆပ်တတ်တယ်.. အနစ်နာခံတတ်တယ်အစရှိသဖြင့် ကြီးကြီးကျယ်ကျယ်တွေ တော့မပြောချင်ပါဘူး..ဒါပေမဲ့ တခြားသူတွေကိုချည်းသတိရနေတဲ့အခါ..နောက်ပိုင်းကျ..ဘာဖြစ်လာလဲဆိုရင် ကျွန်မကိုယ် ကျွန်မတော့မေ့လျော့လာခဲ့ပါတယ်။

ဆေးဆိုင်တစ်ဆိုင်သွားတယ်..ဆိုပါစို့။သူတို့အတွက်ဆေးတွေဝယ်လာတယ်။ အိမ်ရောက်တော့မှ သိတယ်။ ကျွန်မသောက်နေကျဆေးကတော့ ပါမလာခဲ့ဘူး။ ကိုယ့်အတွက် ကိုယ်ကျတော့မေ့နေခဲ့ပါတယ်။ ငါကအရေးမကြီးဘူး..သူတို့ကပိုအရေးကြီးတယ်..လို့စိတ်က တွေးနေပြီ ဖြစ်ပါတယ်။

ဒါကဝမ်းနည်းစရာပါပဲ။

အိမ်က..ဘယ်သူကမှတော့ ငါတို့ကိုနင်ပဲအမြဲသတိရနေ ..ငါတို့စားချင်တာတွေနင်အမြဲဝယ်လာပေး လို့ပြောနေတာ မဟုတ်ဘူး ။ကျွန်မသဘောအရ ကျွန်မလုပ်ပေးနေခြင်းဖြစ်တယ်။ ဒါပေမယ့် စိတ်အခန့်မသင့်တဲ့အခါ..ကိုယ်လုပ်ပေးခဲ့ရတဲ့အရာတွေက နာကျင်စရာတွေဖြစ်လာကြပါတယ် ။

အထူးသဖြင့်..ကိုယ်က..အားနည်းနေပြီး..ဂရုစိုက်တာခံချင်နေတဲ့အချိန်မျိုးမှာ..

သူတို့ဆီက တစ်ခုခုကို မျှော်လင့်နေမိတတ်ပြီး..ကိုယ် မျော်လင့်သလောက် ပြန်မရလာတဲ့အခါမှာ ..တိုင်းတာမှုတွေ နှိုင်းယှဥ်မှုတွေ လုပ်မိပါပြီ။

ငါ့တုန်းကတော့ဒီလိုမဟုတ်ဘူး.. ငါကတော့..သူတို့အပေါ်မှာဒီလို.. အမြဲလုပ်ပေးခဲ့တယ် .. သူတို့ကငါ့ကိုကျ စိတ်ထဲ..ဘယ်တော့မှမရှိဘူး..အစရှိသဖြင့် နာကျင်လာမိပါတယ်..။ သိပ်ကြီး မြင့်မြတ်မနေတဲ့..
သာမာန်ပုထုဇဥ်လူသားတွေရဲ့ သဘာဝပါပဲ။

ကျွန်မတို့ဟာဘဝမှာ မိမိကိုယ်ကို ဂရုစိုက်ပေးဖို့လိုပါတယ်။

ဘယ်အရာမဆိုကိုယ့်မှာ အပြည့်ရှိနေမှ သူများကိုပေးနိုင်တာဖြစ်ပါတယ်။ ရှိစုမဲ့စုတွေကိုခွဲဝေပေး ..မရှိတော့တဲ့ထဲက ခြစ်ကုတ်ပေးရတော့..
တစ်ခါနှစ်ခါလောက်မှာ .. မေတ္တာလို့ပြောလို့ရပေမယ့် အမြဲတမ်း ဆိုတာမျိုးဖြစ်လာတယ်ဆိုရင် ကိုယ့်မှာစိတ်ကျေနပ်မှု မရနိုင်တော့ပါဘူး..။

ကိုယ့်မှာပြည့်စုံလုံလောက်မှု
မရှိဘဲ အမြဲတမ်းထုတ်ပေးနေမိတဲ့အခါ ဆွဲချပစ်လိုက်သလိုပဲ..
ကိုယ်ကိုယ်တိုင်လည်း အားလျော့လာပါတော့တယ်။

အသေးအဖွဲလေးတွေကလည်း ကိုယ့်အတွက် အရေးကြီးပါတယ်။
တစ်ခါတလေမှာ..ကိုယ်
တစ်ယောက်တည်းအေးအေးဆေးဆေး..ကိုယ်ကြိုက်တဲ့ဆိုင်လေး
သွားပြီး ကိုယ်ကြိုက်တာတွေလေးတွေမှာစားဖို့ကလည်း
လိုအပ်သေးတာပဲ..။

ဒါတောင်မှ ကျွန်မရဲ့အကျင့်ပါနေတဲ့လက်တွေက Menuစာအုပ်ကို ဖွင့်​
ကြည့်လိုက်မိရင်း..
ဘယ်သူ့ကို ဘာဝယ်သွားရမလဲမသိဘူးလို့ စဥ်းစားလိုက်မိပါသေးတယ်။

ဪ.. ဒီဆိုင်လေးမှာ တစ်ယောက်တည်းထိုင်ပြီး စောင့်ဆိုင်းနေရတဲ့ နာရီဝက်ဆိုတဲ့အချိန်လေးကို ..ငါ တစ်ယောက်တည်းအတွက်ပဲ..ဆိုတဲ့ စိတ်နဲ့ ဘာလို့မနေနိုင်ရတာလဲ..

ငါ့မှာဘယ်သူ့အတွက်မှ.. ဘာမှလုပ်ပေးစရာမလိုဘူး ..ဘာတာဝန်မှမရှိဘူး ..ငါဘာမှဝယ်မသွားလည်း သူတို့မှာ စားစရာရှိတယ်..ငါမရှိလည်း သူတို့ရတယ်..အခု..
ငါကြိုက်တာလေးကိုငါ့အတွက်ငါမှာစားတယ် ဆိုတဲ့စိတ်နဲ့ဒီခဏကို ပျော်ဝင်ခံစားကြည့်မယ်လို့ စိတ်ဒုံးဒုံးချလိုက်ပါတယ်။

ဒါဟာအတ္တကြီးတာမဟုတ်ပါဘူး။ တကိုယ်ကောင်းဆန်တာလည်းမဟုတ်ဘူး။

တခြားသူတွေကို ချစ်ဖို့အတွက် ကျွန်မကိုယ်ကျွန်မလည်းချစ်တတ်ဖို့လိုပါတယ် ..ချစ်တဲ့သူတွေကိုပိုပြီးဂရုစိုက်ပေးနိုင်ဖို့ ကျွန်မကိုယ်ကျွန်မလည်း..ဂရုစိုက်ပေးဖို့လိုတာပါပဲ..

သူတို့ဟာကျွန်မဘဝအတွက်အရေးကြီးသလို ကျွန်မဟာလည်းကျွန်မအတွက်အရေးကြီးပါတယ်..။

ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ..လုပ်ချင်တာလေးတွေကို ဘာမှမဟုတ်တဲ့..အသေးအဖွဲတွေပါဆိုပြီး မသိကျိုးကျွံမပြုမိပါစေနဲ့။

ပန်းချီဆွဲချင်တာလေးတွေ.. အင်္ကျီလေးတစ်ထည် ကိုယ်တိုင်ချုပ်ချင်တာလေးတွေ.. တစ်ယောက်တည်း လွတ်လွတ်လပ်လပ် တစ်နေရာမှာသွားထိုင်နေတာမျိုးလေးတွေ..ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးနေချင်တာမျိုးလေးတွေ..ရုပ်ရှင်တစ်ကားကို နောက်ဆံမတင်းဘဲ အပြီးထိ ကြည့်ချင်တာမျိုးလေးတွေ..ကျွန်မတို့မှာရှိပါတယ်.. ဒါလေးတွေလုပ်ဖို့တောင် စိတ်မဖြောင့်တန်းနိုင်..အချိန်မလောက်နိုင်တာတွေ ဖြစ်နေတတ်ပါတယ်။

ရသမျှအချိန်လေးကို ယူပြီး ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖြစ်အောင်ကြိုးစားကြည့်ကြရအောင်ပါ။

အသေးအဖွဲလေးတွေပေမယ့် ဖြစ်အောင်လုပ်လိုက်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ..I Can! ဆိုတဲ့ ခံစားချက်နဲ့..စိတ်ကျေနပ်မှုကိုရပါတယ်။ ဒါဟာ မိမိကိုယ်ကို ချစ်တတ်ဖို့အတွက်အလေ့အကျင့်လေးတစ်ခုလည်းဖြစ်ပါတယ်။

မွန်ဟော်စီ
၂၀၂၃ မေ



#မနက်စာအာဟာရ




Photo
FreeStock

Photos from De Grand Spa's post 01/04/2022

Hi DeGrand Lovers!

သိပြီးပြီလား ဧပရယ်ရောက်ပြီနော်
ဧပရယ်ဘွန်းတွေ အတွက်က 50%ဆိုတော့တယောက်လုပ်ရင်တယောက်ဖရီးပေါ့နော်
မေမေကဧပရယ်မှာ မမွေးလို့စိတ်မညစ်နဲ့အုန်း ဧပရယ်မှာပဲရှိတဲ့ မြန်မာ့ရိုးရာရေကစားပွဲတော် သင်္ကြန်အတွက် အထူးပရိုမိုးရှင်းကတော့ 20%ပါတဲ့
ခုပဲ ဘွတ်ကင် တင်လိုက်တော့နော်
မေမေ နဲ့သွားမလား ဧပရယ်ဘွန်းတွေစုပြီး သွားကြမလားဆိုတာ သူငယ် ချင်းတွေကို သတင်းကောင်းပါးလိုက် ပါအုန်း❤️

We are constantly on the go for good deals for you guys! With April fast approaching we are ready to provide you with better deals than ever!💜

For our precious April babies, all massage and spa services will be 50% off. What about the non April babies? Do not worry!
To celebrate the festivities of the Water Festival us Burmese are so proud of, to relax from the long walks and tiring activities we will be giving 20% off across all menus as a Thingyan discount! 💧💚

Head down to DeGrand starting April 1st to claim these discounts. Don’t worry it’s no April fools joke, just that good of a deal! 😜

Photos from De Grand Spa's post 27/03/2022

Hi there DeGrand lovers!
DeGrand has finally branched out onto Instagram to connect with you guys more💚
In celebration of our for the next month till the 27th of April we will be holding a special promotion, where if you come down to DeGrand and show us you following on IG and liking our first post, you will get 20% of all services!

So what are you waiting for? Go head on to our Instagram page and click follow and like our first post! We at DeGrand hope to see you very soon. 💆💚
https://www.instagram.com/degrandspaygn/

05/03/2022

Hi 𝐃𝐞 𝐆𝐫𝐚𝐧𝐝 lovers🥰

𝐒𝐭𝐫𝐞𝐬𝐬 တွေကြောင့်အပြင်လဲမထွက်ချင်
𝐒𝐭𝐫𝐞𝐬𝐬 တွေများပီးအိမ်ထဲမှာမွန်းကျပ်နေသူတွေအတွက် 𝐃𝐞 𝐆𝐫𝐚𝐧𝐝 𝐒𝐩𝐚ရဲ့ Special Homeservice ခေါ်ယူပါက 𝐍𝗼𝐫𝗺𝐚𝐥 𝐏𝐫𝐢𝐜𝐞𝐬 လေးကိုမှ 𝐓𝐫𝐚𝐧𝐬𝐩𝗼𝐫𝐭 𝐂𝐡𝐚𝐫𝐠𝐞𝐬 ဘဲပိုယူတာမို့ ခုပဲbooking တင်လိုက်တော့နော်😍

💥Covid safety ပိုးသတ်/ကာကွယ်ခြင်းများကို လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် ထားပြီးတစ်ရက်ကို လူဦးရေ အနည်းငယ်သာ လက်ခံတဲ့အတွက် Booking advance လို အပ်ပါတယ်☺️

☎️ 09-986347226 , 09-674780685 (သို့) Chat box မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏢အမှတ် 459 𝙀 / အခန်းအမှတ်-102(ပထမထပ်)တော်ဝင်မြန်မာကွန်ဒို/တက္ကသိုလ်ရိပ်သာလမ်းသစ်/ဗဟန်းမြို့နယ်/ရန်ကုန်မြို့

25/02/2022

Hello 😍
ဖေဖော်ဝါရီလလေးကုန်ဆုံးတော့မယ်နော်...

De Grand ချစ်သူတွေထဲမှာ February born လေးတွေရှိလား😘

Feb born လေးတွေအတွက် ၂လပိုင်းတလုံးလုံး special promotion လေးရှိတယ်နော်

oil massage & Body Spa ( oil massage +scrub + suna)
Services တွေကို 50% disscointနဲ့ရမှာနော်
Feb born လေးများနဲ့အတူတူလာသော customers များကိုလည်း 30% discount ပေးသွားမယ့်အပြင်
feb born မဟုတ်သော ချစ်customers များအတွက် 20%
discount ပေးထားပါတယ်ရှင်😍

wow...

ကဲ Feb born လေးတွေကို mention ပေးကြပါအုံး

မှတ်ချက် - မှတ်ပုံတင်လေးတော့ ယူခဲ့ပေးပါနော်😍

Covid safety😷 ပိုးသတ်/ကာကွယ်ခြင်းများကို လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် ထားပြီးတစ်ရက်ကို လူဦးရေ အနည်းငယ်သာ လက်ခံတဲ့အတွက် Booking advance လို အပ်ပါတယ်ရှင့်

☎️ 09-674780685 ,09-786347226 (သို့) viber-09674780685

🏠အမှတ် 459 / အခန်းအမှတ်-102(ပထမထပ်)တော်ဝင်မြန်မာကွန်ဒို/တက္ကသိုလ်ရိပ်သာလမ်းသစ်/ဗဟန်းမြို့နယ်/ရန်ကုန်မြို့

05/02/2022

Hello 😍

De Grand ချစ်သူတွေထဲမှာ February born လေးတွေရှိလား😘

February born လေးတွေအတွက် ၂လပိုင်းတလလုံး special promotion လေးရှိတယ်နော်

oil massage & Body Spa ( oil massage +scrub + suna)Services တွေကို 50% disscoint. နဲ့ရမှာနော်
wow 🤭🤭
ကဲ February born လေးတွေကို mention ပေးကြပါအုံး

မှတ်ချက် - မှတ်ပုံတင်လေးတော့ ယူခဲ့ပေးပါနော်😍

Covid safety ပိုးသတ်/ကာကွယ်ခြင်းများကို လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် ထားပြီးတစ်ရက်ကို လူဦးရေ အနည်းငယ်သာ လက်ခံတဲ့အတွက် Booking advance လို အပ်ပါတယ်

09-986347226 , 09-674780685 (သို့) Chat box မှတဆင့် ဆက်သွယ်မေးမြန်း
နိုင်ပါတယ်။

အမှတ် 459 / အခန်းအမှတ်-102(ပထမထပ်)တော်ဝင်မြန်မာကွန်ဒို/တက္ကသိုလ်ရိပ်သာလမ်းသစ်/ဗဟန်းမြို့နယ်/ရန်ကုန်မြို့

16/01/2022

မိမိရဲ့ body weightတစ်ခုလုံးကို

နေ့စဉ်နဲ့အမျှ ထမ်းပီးသွားလာလှုပ်ရှားနေရတဲ့ခြေထောက်လေးကို သနားပါ အနားယူစေပါ

ခြေဖဝါးမှာ ရှိတဲ့ အကြောစုံလေးတွေကိုနှိပ်နယ်ပေးခြင်းဖြစ် ခန္တာကိုယ်တခုလုံးမှာရှိသောအကြောများ သိသိသာသာပြေလျော့စေပါတယ်နော်

De Grand Spa မှFoot Massage, Body Massage,Oil Massage များကို ကျွမ်းကျင်ဝန်ထမ်းများရဲ့ service နဲ့အတူလာရောက်အနားယူဖို့ ဖိတ်ခေါ်ပါတယ်

Covid safety ပိုးသတ်/ကာကွယ်ခြင်းများကို လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် ထားပြီးတစ်ရက်ကို လူဦးရေ အနည်းငယ်သာ လက်ခံတဲ့အတွက် Booking advance လို အပ်ပါတယ်☺

☎️ 09-986347226 , 09-674780685 (သို့) Chat box မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏢အမှတ် 459 𝙀 / အခန်းအမှတ်-102(ပထမထပ်)တော်ဝင်မြန်မာကွန်ဒို/တက္ကသိုလ်ရိပ်သာလမ်းသစ်/ဗဟန်းမြို့နယ်/ရန်ကုန်မြို့

03/01/2022

Hello😍 မိတ်ဟောင်းမိတ်သစ်များအတွက် De Grand Spa ရဲ့ 2022နှစ်သစ် promotion လေး အဖြစ် မည်သည့် service မဆို 20%discount ပေးနေပါပီနော် ဒါအပြင့် k pay wave pay တို့နှင့်လည်းငွေပေးချေနိုင်ပီး online payments များအတွက်လည်း 20% discount ပေးထားပါတယ်ရှင် Covid safety ပိုးသတ်/ကာကွယ်ခြင်းများကို လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် ထားပြီးတစ်ရက်ကို လူဦးရေ အနည်းငယ်သာ လက်ခံတဲ့အတွက် Booking advance လို အပ်ပါတယ်☺️ De grand Spa သို့ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

☎️ 09-986347226 , 09-674780685 (သို့) Chat box မှတဆင့် ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

🏢အမှတ် 459 𝙀 / အခန်းအမှတ်-102(ပထမထပ်)တော်ဝင်မြန်မာကွန်ဒို/တက္ကသိုလ်ရိပ်သာလမ်းသစ်/ဗဟန်းမြို့နယ်/ရန်ကုန်မြို့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 459E, First Floor, Room No (102), Taw Win Myanmar Condo, New University Avenue Rd, Bahan Township
Yangon
11201

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00