Khin Lay Online Shop
တင်းတိတ် အမဲစက်နေလောင်ကွက်တွေကို organic product နဲ့ကုပြီး ရလဒ်ကောင်းတွေနဲ့
ပြုံးပျော်ကြမယ်
တရားဓမ္မအားထုတ်တယ်ဆိုတာ
ဘာလုပ်တာလဲ မေးလို့ရှိရင် စိတ်ရဲ့
အညစ်အကြေးတွေဖြစ်တဲ့ နီဝရဏတရားတွေကို
ဖယ်ရှားတာ။
နီဝရဏဆိုတာကုသိုလ်တွေ
မဖြစ်အောင် block လုပ်ထားတာ။
အဲဒါတွေကဘာတွေလဲဆိုတော့...
ကာမစ္ဆန္ဒ - လှတာလေးကြည့်ချင်တယ်၊
ကောင်းတဲ့အသံလေးနားထောင်ချင်တယ်၊
ကောင်းတာလေးစားချင်တယ်
ကောင်းတဲ့ အနံ့လေးရှူ ချင်တယ်၊
ကောင်းတဲ့အိပ်ရာလေးနဲ့မှအိပ်ချင်တယ်။
ဗျာပါဒ -အလိုမကျတာမျိုးတွေ၊
ထိနမိဒ္ဓ-စိတ်ဝင်စားခြင်းကင်းပြီး
စိတ်ထဲမှာအားတက်သရော
မဖြစ်တဲ့အနေအထားတစ်ခုမျိုး၊
ဥဒ္ဓစ္စကုက္ကုစ္စ-စိတ်ထဲမှာမငြိမ်မသက်
မငြိမ်းမချမ်း၊စိတ်မတည်မငြိမ်ဖြစ်နေတာမျိုး။
ဝိစိကိစ်ဆာ -သံသယတရား
အဲဒီနီဝရဏတရားတွေကို ဖယ်ရှားဖိုကြိုးစားခြင်းဟာ တရားအားထုတ်တာပဲ။
အဲဒါတွေကိုဘာနဲ့ဖယ်ရှားတာတုန်းဆို သမာဓိစွမ်းအားနဲ့ဖယ်တာ၊ သမာဓိစွမ်းအားနဲ့ဖယ်လိုက်တဲ့အခါ နီဝရဏတရားတွေကင်းကွာသွားတယ်။
အဲဒီနီဝရဏတရားတွေဟာ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင်...
ကာမစ္ဆန္ဒဟာကြွေးနဲ့တူတယ်၊
ကြွေးတင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ကြွေးဆပ်ရမှာဖြစ်တော့ ဘယ်တော့မှ စိတ်အေးချမ်းမှုကိုမရဘူး။
ကာမစ္ဆန္ဒရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း
ကြွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲ သူ့မှာဆပ်စရာတွေဖြစ်နေတယ်။
ဗျာပါဒက ဘာနဲ့တူလဲဆိုတော့ ရောဂါနဲ့တူတယ်၊ ရောဂါဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာ ကျန်းမာနေတဲ့ပုဂ္ဂိုလ်နဲ့မတူဘူး။ အမြဲတမ်းစိတ်ဆင်းရဲနေတယ်၊ ဒေါသရှိနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း စိတ်ထဲမှာဆင်းရဲနေမှာပဲ။
ဒါကြောင့်မို့ဗျာပါဒဟာ ရောဂါနဲ့အလားသဏ္ဍာန်တူတယ်။
ထိနမိဒ္ဓ အမြဲတမ်းအိပ်ချင်ထိုင်းမှိုင်းနေတဲ့
ပုဂ္ဂိုလ်ဟာ တရားဓမ္မနဲ့ပတ်သက်ပြီး
အသိဉာဏ်တွေမဖြစ်ဘူး၊ လူရဲ့အနေနဲ့ကလည်း ပွင့်လင်းမြင်သာမှုမဖြစ်ဘူး။ ဒါကြောင့်ဘာနဲ့တူသလဲဆို ထောင်ကျနေတဲ့လူနဲ့တူတယ်။
အသိဉာဏ်တွေဟာ လန်းဆန်းပွင့်လင်းလာတာမရှိဘူးတဲ့။ ဒါကြောင့်မို့ ထိနမိဒ္ဓ ကိုပယ်ရတာ။
ဥဒ္ဓစ္စကုက္ကုစ္စ.ဆိုတာ ဘာနဲ့တူသလဲဆိုရင်
သူတစ်ပါး ကျွန်ခံနေရတဲ့ပုဂ္ဂိုလ်နဲ့တူတယ်။
သူတစ်ပါး ကျွန်ခံနေရတဲ့ပုဂ္ဂိုလ်တစ်ယောက် သူတစ်ပါး အလိုကျပဲလုပ်ရတယ်၊ ကိုယ့်ဘဝဆိုတာမရှိဘူး။
အဲဒီလိုပဲ စိတ်လေလွင့်နေတဲ့ပုဂ္ဂိုလ်ဟာ စိတ်နှလုံး အေးချမ်းမှု လွတ်လပ်မှုဆိုတာ မရှိဘူးတဲ့။
ဝိစိကိစ္ဆာ ဆိုတာဘာနဲ့တူသလဲဆိုရင် ကန္တာရခရီးကြီးနဲ့တူတယ်။
ကန္တာရခရီးသွားနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်နားဘာတွေ့မလဲ၊ ဘယ်နားရန်သူတွေ့မလဲ၊ ဘယ်နားဘာဖြစ်မလဲဆိုတဲ့ သံသယကြီးနဲ့ သွားနေရသလိုပဲ။
ဝိစိကိစ္ဆာ ရှိနေတဲ့ ပုဂ္ဂိုလ်ဟာလည်း မအေးချမ်းတဲ့ လမ်းခရီးကြီးကို တထိတ်ထိတ်နဲ့ဖြတ်သန်းနေရတာနဲ့ အလားသဏ္ဍာန်တူတယ်။
အဲဒီတော့... ဒီနီဝရဏတရားငါးပါးကို
ဖယ်ရှားပစ်နိုင်ပြီဆိုရင်...
-ကြွေးကင်းတဲ့လူရဲ့ဝမ်းသာမှုမျိုး၊
-ကျန်းမာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုး၊
-ထောင်ကလွတ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုး၊
-ကျွန်ဘဝကလွတ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုး၊
-ကန္တရခရီးကြီးကိုကျော်ဖြတ်ပြီးတော့ မိမိရဲ့မြို့ဒေသ၊ အိမ်ဂေဟာကိုပြန်ရောက်တဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုး၊
အဲဒီဝမ်းသာမှုမျိုးတွေရနိုင်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
မုန်းတီးလို့ပဲဖြစ်စေ၊ ဘာကြောင့်ပဲ ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခဖြစ်အောင် မလုပ်ကြနဲ့၊တစ်ယောက်ရဲ့ ဆင်းရဲမှု ကို မလိုလားမိကြပါစေနဲ့လို့ မြတ်စွာဘုရားကဟောတယ်။
သတ္တဝါတွေပေါ်မှာ မေတ္တာထားရမှာနော်။
အခုခေတ်မှာ အကြမ်းဖက်ဝါဒ terrorism ဆိုတာ ပေါ်လာတယ်။အကြမ်းဖက်ဝါဒ ဆိုတာ လူတွေ ဒုက္ခရောက် အောင်လုပ်တဲ့ ဝါဒပဲလေ။
လူတစ်ယောက် ဒုက္ခဖြစ်တာကို ကျေနပ်တဲ့လူက ရှိသေးတာကိုး။
ဒီလူ ဒုက္ခရောက်အောင် လုပ်လိုက် မယ်ဆိုတဲ့လူတွေက ရှိသေးတယ်။
လူတစ်ယောက် ဒုက္ခရောက်အောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ် မျိုးတွေရှိတယ်။
အင်မတန်မှ ယုတ်ညံ့တဲ့ စိတ်ဓာတ် မျိုးတွေရှိတယ်။
အဲဒီ စိတ်ဓာတ်မျိုးတွေကို ဖယ်ရှား နိုင်အောင် မြတ်စွာဘုရားက သင်ပေးတယ်။
ဘယ်သူသေသေဆိုပြီး လုပ်ကြတာတွေအင်မတန် မှ ကြောက်စရာ ကောင်းတယ်။
အဲဒါ မေတ္တာ ခန်းခြောက်လာတဲ့ အဓိပ္ပာယ်ကို ပြောနေတာနော်။
ကမ္ဘာကြီးပူနွေးလာတာသာ လူတွေကသိကြ တာ။မေတ္တာခန်းလာတာ သိပ်မသိကြဘူးနော်။
သတိမထားမိကြဘူး။
လူတွေရဲ့ သန္တာန်မှာရှိတဲ့ မေတ္တာတွေဟာခန်းခြောက်လာလို့ ရင်ထဲနှလုံးထဲ မှာ ပူနွေးလာတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။ ကမ္ဘာကြီး ပူနွေးနေတာကို ဆွေးနွေး ဖြေရှင်းဖို့ လုပ်နေကြတယ်။
ရင်ထဲက ပူနေတာ တော့ ဘယ်သူမှ မဆွေးနွေးဘူး။
ရင်ထဲ ပူနွေး တာက ပိုဆိုးတယ်တဲ့။
အေးချမ်းအောင် လုပ်ရ မယ်။
ဒါကြောင့်မို့ ဒီလို မေတ္တာစိတ်ဓာတ်တွေ ကိုယ့်သန္တာန်မှာ
ဖြစ်ပေါ်စေရမယ်လို့ မြတ်စွာဘုရားကဟောတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
အွန်လိုင်းသုံးတဲ့ အသက်လတ်ပိုင်း အမျိုးသမီးများ သိစေရန်တင်ပြအပ်ပါသည်
သားကောင်ရှာနေတဲ့ ပိုင်းလုံးတွေ
အွန်လိုင်းမှာ အများကြီးရှိပါတယ်။
တချို့က မိန်းမပျိုအရွယ်တွေကို ရွေးပြီး ဖျက်ဆီးတာပါ။သူတို့က ကာမမုဆိုးတွေပါ။
နောက်တမျိုးက အသက်လတ်ပိုင်း
အမျိုးသမီးကြီးတွေကို ပစ်မှတ်ထားတဲ့သူတွေပါ ။
သူတို့က စောင့်ကြည့်နေတတ်ပါတယ်။
အခြေအနေနဲ့ ဥစ္စာဓနကို အကဲခတ်နေတတ်ပါတယ်။
ပိုင်းလုံးတွေဟာ တနည်းအားဖြင့် လူပါးတွေပါ။
လူကဲခတ်ကောင်းကြပါတယ်။ မိန်းမတယောက်ကို ကြည့်ပြီး လွယ်တယ်/မလွယ်ဘူး သိနိုင်စွမ်းရှိကြပါတယ်။
ဘယ်လိုကြည့်လဲ ..လွယ်ပါတယ်။
ပြောတဲ့စကားတွေနဲ့ FB မှာ တင်တဲ့
ဓါတ်ပုံတွေကတဆင့် အကဲခတ်နိုင်ပါတယ်။
ပြီးရင် CB ကနေ သွေးတိုးစမ်းပါတယ်။
အခြေအနေကိုလိုက်ပြီး စကားပြောတတ်ကြပါတယ်။
အချီကြီးကြံမယ့်သူတိုင်း စကားပြော အလွန်ညက်ပါတယ်။ဘလိုင်းကြီး ဘယ်တော့မှ မဝင်ပါဘူး။
စကားပြောယဉ်ကျေးပါတယ်။
ဗဟုသုတ အနည်းငယ် ပြည့်စုံပါတယ်။
အထင်ကြီးသွားအောင်ပါ ။
အချီကြီးကြံမယ့် သူတိုင်းမှာ တူညီတာတစ်ခုရှိပါတယ်။သူ့အကြောင်းမသိမချင်း စားနိုင်သောက်နိုင်
သုံးနိုင်ဖြုန်းနိုင်တဲ့ ဒီဇိုင်းဖမ်းထားကြတာပါဘဲ။
သက်လတ်ပိုင်းအမျိုးသမီးတွေကို ကြံရတာ ပိုလွယ်ပါတယ်။ဒီအသက်အရွယ်ဟာ အကျပိုင်းဖြစ်လာတဲ့အခါ အထီးကျန်တဲ့စိတ် ခံစားကြရပါတယ် life က
ဘောင်ကျဉ်းလာပါတယ်။ လူငယ်တွေလို ဖူးနုနေတဲ့
အလှတွေ မရှိတော့တဲ့အတွက် စိတ်ဓါတ်ကျစရာအလှကို နေ့တိုင်းရင်ဆိုင်နေရပါတယ်။
အဲဒီလိုအချိန်မှာ ကိုယ့်ထက် အသက်ထက်ဝက်လောက်ငယ်တဲ့သူက စိတ်ဝင်စားတာခံရရင်
ဖြစ်လာတတ်တဲ့စိတ်က စိတ်ဓါတ်တက်ကြွလာတာပါ ။သူနဲ့ရွယ်တူတွေကိုစိတ်မဝင်စားဘဲ ငါ့ကိုမှ
ကြိုက်ရလေခြင်းဆိုပြီး အေးခဲနေတဲ့ ရင်ခုန်သံတွေ ပူနွေးလာပါတယ်။
ငါ အလတ်ကြီးရှိသေးတယ်လို့ ခံစားရတဲ့အခါ
အလှတွေ ထပြင်ပါတော့တယ်။
မထော်မနှမ်းတွေ ဝတ်လာပါတော့တယ်။
ဒါဆိုတဖက်က သေချာသိပါပြီ။
သူ့ကျော့ကွင်းထဲ လည်စင်းပေးပြီး ဝင်လာတဲ့
သားကောင်ကို အသာလေး ခွေကနဲကျသွားအောင်
ဘယ်အညှာကို ကိုင်ရမလဲ မေးစရာမလိုတော့ပါဘူး ။
အဲဒီနောက်တော့ လူကိုယူတယ်။ ပစ္စည်းကို ချူ မယ်။အစာဝလို့ ဌာနပြန်တဲ့အခါ အမယ်ကြီးက မရတော့ပါဘူး၊တန်းတန်းစွဲနေပါပြီ။
မိန်းမဆိုတာ စိတ်ဆိုးရင် မဆင်ခြင်ဘဲ ရန်ဖြစ်လေ့ရှိပါတယ်။ငါ့ကို ထားခဲ့ရင် နင့်အကြောင်း လူတကာပြောမယ် ဘာညာဆိုတာမျိုး ခြိမ်းခြောက်တတ်ပါတယ်။ဒါ့ကြောင့် နောက်ဆုံး အသတ်ခံရတာများပါတယ်။
ဒီတော့ FB သုံးတဲ့အခါ ဘယ်သူ့ကိုမှ မယုံပါနဲ့
ဓါတ်ပုံကို လှအောင်ရိုက်လို့ရပါတယ်။
စကားကို ခိုက်အောင် ပြောလို့ရပါတယ်။
ကိုယ့်အသက်အရွယ်ကို ချစ်လွန်းလို့
ခင်လွန်းလို့ ပြောလာရင် တစ်ခုသတိရပါ။
ငယ်ရွယ်နုပျိုစဉ်က အလှကို ရခဲ့တဲ့
ကိုယ့်ယောင်္ကျားတောင် အခုချိန်မှာ
ကိုယ်နဲ့ ၁၈- နှစ်သမီး ဘယ်သူ့ရွေးမလဲဆို
၁၈- နှစ်သမီးကို လက်ညှိုးထိုးမယ်ဆိုတာ သတိရပါ
ဒီတော့ ကလေးတွေမွေးပြီး တင်တွေက ပြဲ
ရင်တွေက ရွဲကျလာတဲ့ ကိုယ့်လို အိုကြီးအိုမကို
မြတ်နိုးလွန်းလို့ပါဆိုတဲ့ သကောင့်သားကို မယုံကြည်ပါနဲ့။အချစ်စစ်ဆိုတာ တူတူအိပ်တာ မဟုတ်ပါဘူး။ကိုယ့်ကိုကိုယ် စောင့်ရှောက်တာပါ။
ကိုယ်ရတဲ့ဘဝကို တန်ဘိုးထားတာဟာ အချစ်စစ်စစ်ပါ ။
နေဝင်ချိန်မှာ ကိုယ့်အလှကို လက်ခံတာ အချစ်စစ်စစ်ပါ။
နောက်ဆုံးခရီးမှာ ဒါနနဲ့ သီလကို အထုပ်ကြီးကြီးထုပ်သွားတာ အချစ်စစ်စစ်ပါ။
လေးစားစွာဖြင့်
အိုဘယ့်ခရီးသည်
၂၉.၁.၂၀၂၅
#ဝမ်းချုပ်တတ်သူများအတွက်🍀🍀🍀
(၁) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်။ (နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ)
(၂) သံပရာသီးကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို သံပရာသီးတစ်လုံး ညှစ်ပြီး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍ သောက်ပါ။
(၃) ပဲသီး၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ။
(၄) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။
(၅) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေတော့ပါဘူး (သို့မဟုတ်) ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရ ဝမ်းသက်စေပါတယ်။
(၆) နံနက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွားစေပါတယ်။
(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ။ (၈) မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၈) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root (ခေါ်) သကြား မုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။
(၉) နံနက်တိုင်း သင်္ဘောသီးမှည့်မှည့် စားပါ။
(၁၀) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်။
(၁၁) အရွက်မှာ အမွေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍စားပါ။
(၁၂) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ။
(၁၃) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ။
(၁၄) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ် စားပေးပါ။
20/11/2024
Sunscreen မပါဘဲနေရောင်ထိတွေ့တဲ့အခါ
😫 အသားအရေ နေလောင်ခြင်း
😫 တင်းတိပ်၊ အမဲစက်များဖြစ်ပေါ်ခြင်း
😫 Skin cell များ ပျက်စီးခြင်း
😫 အရွယ်မတိုင်ခင် အရေးအကြောင်းများ ဖြစ်ခြင်း
😫 အရေပြားကင်ဆာဖြစ်ခြင်း တွေ ဖြစ်နိုင်ပါတယ်။
Sunscreen လေးသာ ၁ မိနစ်လောက်အချိန်ပေးပြီး သုံးရင်တော့ အပေါ်မှာ ပြောပြထားတဲ့ ပြဿနာတွေ ကာကွယ်နိုင်မှာပါ 🛡️
IB Sunscreen က SPF 50PA++++ ပါဝင်လို့ UV Ray's တွေကနေ 8 နာရီကြာ ကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာလှပတဲ့ အသားအရေအတွက် IB Sunscreen ကို နေ့စဉ်ပုံမှန် သုံးပေးဖို့ မမေ့နဲ့နော် 🌱
IB Sunscreen 30g 🧴 25,000Ks
✅ Myanmar FDA Approved
20/11/2024
သနပ်ခါးနဲ့လှဖို့ဆိုတာ လွယ်တာမဟုတ်ဖူး🙅
😩သနပ်ခါးခြောက်ရင်ကြားကြားကြီးဖြစ်သွားတာ
😌ချွေးထွက်လို့ကွက်သွားတာနဲ့
ခုတော့ လွယ်သွားပါပြီ😍
ဒီအဆင့်တွေကိုကျော်နိုင်ဖို့နဲ့
သနပ်ခါးကိုညီညီညာညာနဲ့ ဖုံဖုံသိပ်သိပ်လေး
လိမ်းနိုင်ဖို့
IB အသားလှ Creamလေးခံလိမ်းကြည့်ပါ😍😍😍
IB နဲ့သာဆိုရင် သနပ်ခါးနဲ့လဲ ယုံကြည်မူရှိရှိပဲ
သနပ်ခါးပျက်ရင်တောင် ဖွေးဖွေး ညက်ညက်လေးကျန်စေတယ်လေ
တင်းတိတ် အမဲစက်အမဲကွက်ကိုလည်းလျော့ပါးသက်သာစေပါတယ်☺☺
အမျိုးသား အမျိုးသမီး ကလေး လူကြီးအရွယ်စုံသုံးလို့ရတယ်ဆိုတော့ တစ်ဘူးဝယ် တစ်အိမ်လုံးသုံးပေါ့😍
❣️Skin Care ကိုဘာကြောင့်သုံးပေးသင့်သလဲ❓】
နေ့စဉ်နဲ့အမျှ လူတွေရဲ့မျက်နှာမှာ မမြင်နိုင်တဲ့cells တွေဖွံ့ဖြိုးတယ် ပျက်စီးတယ်
‼️ပတ်ဝန်းကျင်ကရလာတဲ့ မမြင်နိုင်တဲ့ဖုန်မှုန့်တွေ
‼️Daily make up ကရလာတဲ့chemical တွေကြောင့်
မျက်နှာအသားအရေကို ထိခိုက်စေပါတယ်
နောက်တစ်ခုက 😵ဝက်ခြံ
😮ဝက်ခြံပဲအချိန်တန်တော့ပျောက်မှာပဲ လို့မထင်လိုက်နဲ့
💁🏻♀️သူ့ကြောင့်ကျန်ခဲ့တဲ့ အမာရွတ်ကရှိနေဦးမှာနော်
🙉 အမာရွတ်လဲမကျန်ဘူး အကုန်ပျောက်တယ်ပြောနေဦး
အသားအရေအတွင်းပိုင်းမှာ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့
👉ဝက်ခြံအမြစ်တွေ 👉ဝက်ခြံပုန်းတွေက ခိုးအောင်းနေတတ်ပါတယ်
⚠အဲ့ဒါတွေက Skin Care ဘာလို့သုံးသင့်သလဲဆိုတဲ့အကြောင်း အရင်းတွေပဲနော်
crd❤️
04/11/2024
"Skincare လုပ်ရင်
ဘာကြောင့်မျက်နှာပေါ်က
ဝက်ခြံ အမဲစက်နဲ့တင်းတိတ် တွေပိုထင်းလာရတာလဲ⁉
Skincare လုပ်ခြင်းကမျက်နှာအပေါ်ယံအလွှာကို
Cleaning လုပ်ပေးခြင်းမဟုတ်🙅🙅
မျက်နှာအသားအရေရဲ့အောက်ဆုံးအလွှာမှာရှိနေတဲ့
အညစ်အကြေးတွေကို စတင်Cleaningလုပ်ပေးတာကြောင့်
အောက်ခံအလွှာကြည်ဝင်းလာတာနဲ့အမျှ
မျက်နှာပေါ်မှာအရင်ကရှိနေတဲ့ ဝက်ခြံနဲ့အမဲစက်တွေဟာ
ပိုမိုသိမြင်ထင်ရှားလာတာသာဖြစ်တယ်
Skincare လုပ်ခြင်းက အပေါ်ယံကြည်ဝင်းခြင်းမဟုတ်
Skincare လုပ်ခြင်းက အသားအရေရဲ့အတွင်းပိုင်းကို
သန့်စင်ပေးခြင်းသာဖြစ်ပါတယ်🙋🙋🙋
အသားအရေရဲ့အတွင်းပိုင်းသန့်စင်ပြီးမှ
အပေါ်ယံအလွှာကိုသန့်စင်မယ်ဆိုရင်ပိုမိုလွယ်ကူပြီး
အပေါ်ကိုသာသန့်စင်မယ်ဆိုရင်
အလွယ်တကူပြန်လည်ညစ်ပေလွယ်ပါတယ်
အောက်ဆုံးအလွှာကိုSkincareလုပ်ပြီး
သန့်စင်ပေးမယ်ဆိုရင်
ရိုးရိုးအပေါ်ယံသန့်ရှင်းတဲ့မျက်နှာအသားအရေထက်
ပိုမိုကြည်ဝင်းနေတာကိုသိသာထင်ရှားစေမှာအမှန်ပါ
ဒါကြောင့်တော်တော်များများအမေးများကြတဲ့
Skincare သုံးပြီးရင်ဝက်ခြံတွေအမဲစက်တွေ
ထင်ရှားပေါ်လာတယ်ဆိုတာ
အခုနားလည်လောက်မယ်ထင်ပါတယ်
မင်မင်ဆီမှာ ဝက်ခြံ အမဲစက် တင်းတိတ်အတွက်အထူးထုတ်လုပ်ထားတဲ့ ℹ️🅱️Skincare လေးတေရရှိနိုင်ပါတယ်😍
31/10/2024
အမဲစက်,တင်းတိတ်နဲ့ အသားရေမညီညာခြင်းတို့အတွက် IB Cream 📌📌📌
✴️ Skincare အဆင့်ဆင့်မသုံးချင်သူတ်ို့အတွက် Cream လေးတဗူးရှိရုံနဲ့လုံလောက်တယ်နော်
✡️ သဘာဝပန်း ၁၈ မျိုးနဲ့ထုတ်လုပ်ထားတယ်
✴️ FDA ရရှိထားပီး Bad review မရှိသလောက်ရှားတဲ့ IB Cream
✅️ သုံးဖူးသူတိုင်းကြိုက်ကြလို့ စျေးကွက်ထဲမှာ 7 နှစ်ကျော် ရပ်တည်နေတဲ့ IB Cream
✴️ပေးရတဲ့စျေးနဲ့တန်တဲ့ quality ကြောင့် ရောင်းမလောက် IB Cream လေး😘
📌ပစ္စည်းပျက်တာမြန်တဲ့ Cream လေး မှာယူမယ်ဆို
09784241137
31/10/2024
31/10/2024
IB Skincare Product များသည် ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်ပြီး သုံးစွဲသူ ရောင်းချသူများ စိတ်ချရစေရန် ✅ Korea FDA ✅ Dermatological Tested လက်မှတ်များအပြင် 🇲🇲 Myanmar FDA ပါ ရရှိထားပြီးသားဖြစ်ပါသည်။
FDA Approved Products 💯
✅ Snow White Cream 30g
✅ Ultimate Aqua Hyaluronic Toner 120ml
✅ Phytotide White Serum 50ml
✅ Tea Tree X CICA Calming Gel 30g
✅ Tea Tree X CICA Calming Gel Cleanser 100ml
✅ Snow White Cream 10g
✅ Tea Tree X CICA Calming Gel 10g
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon