HEUL
B.comH
10/10/2024
မြန်မာနိုင်ငံမှာဘယ်နေရာမှလုံခြုံမှုမရှိဘူး
ဘယ်နေရာသွားသွားကြောက်စရာကောင်းတယ်...
Assalamualaikum everyone, this is my page, let's follow. Thanks so much
good
09/07/2024
မောင်တောမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာများအား AA အကြမ်းဖက် အဖွဲ့က လူမျိုးတုံးသတ် ဖြတ်ဖို့လုပ်ဆောင်
AA အကြမ်းဖက်အဖွဲ့ဟာ မောင်တောမြို့နယ်အတွင်း စကစနဲ့ ပူးပေါင်းနေတဲ့ အစ္စလာမ်ဘာသာဝင်ရိုဟင်ဂျာတွေရဲ့ မိသားစုတွေကို ပစ်မှတ်ထား ခြိမ်းခြောက်တိုက်ပွဲဝင်ခိုင်းပြီး မိသားစု အချင်းချင်းအပြန်အလှန်တိုက်ခိုက်အောင် လုပ်ဆောင်ကာ လူမျိုးတုံး သတ်ဖြတ်ဖို့ လုပ်ကြံနေတဲ့အပြင် တိုက်ပွဲထဲမပါဝင်ဘဲ ကျန်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ တွေ ဘူးသီးတောင်မြို့နယ်၌ စစ်ဘေး ရှောင်ထွက်ခွါစဉ်မတရားဖမ်းဆီးကာ စကစ နှင့် AA တို့ဖြစ်ပွါးနေတဲ့တိုက်ပွဲများတွင် ပါဝင်တိုက်ခိုင်းနေတယ်လို့သိရပါတယ်။
AA အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးက မောင်တောမြို့နယ်၊ ငန်းချောင်းရွာ စာသင် ကျောင်းမှာ အစ္စလာမ်ဘာသာဝင် ၅၀ ဦးခန့်ကို ခေါ်ယူပြီး ငါတို့ တပ်စခန်းတွေကို တိုက်နေချိန် အစ္စလာမ်ဘာသာဝင်တွေရဲ့ အကူအညီနဲ့ တိုက်ခိုက်နေရလို့ အခက်အခဲ မရှိပေမဲ့ တပ်နဲ့ပူးပေါင်းနေတဲ့ အစ္စလာမ်ဘာသာဝင်တွေကြောင့် တိုက်ခိုက်ရာမှာ အခက်အခဲရှိနေတဲ့အတွက် AA အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး တပ်ကိုတိုက်ခိုက်ဖို့ စည်းရုံးပေးရမယ်၊ စည်းရုံးလို့မရရင် မောင်တောမြို့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်ထက်ဝက်ကျော်ကို သတ်ပြီး ကျန်တဲ့သူတွေကို ဘူးသီးတောင်မြို့နယ်ဘက်ကို ဖမ်းဆီး ခေါ်ဆောင်သွားမယ်လို့ ပြောဆိုခြိမ်းခြောက်အစည်းအဝေးလုပ်သွားတယ်လို့ သိရပါ တယ်။
လက်ရှိအခြေအနေမှာ မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ မောင်တောမြို့တွင်းက အစ္စလာမ် ဘာသာဝင်ရိုဟင်ဂျာတွေ ရဲ့ နေအိမ်တွေ ကို ပစ်မှတ်ထား ရှော့တိုက်ဒုံး နှင့် Drop Bomb ချတာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒေသခံ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ အများစုမှာ သေဆုံးမှု နေအိမ်များ ပျက်စီးမှုများအပြင် AA အကြမ်းဖက်အဖွဲ့ရဲ့ မတရားဖမ်းဆီးကာ တိုက်ပွဲဝင်ခိုင်းမှုများကြောင့် ဒေသခံရိုဟင်ဂျာ အများစုမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ချစ်တဲ့သူ
24/06/2024
ဘူးသီးတောင်မြို့၏ ထင်ရှားသော အစ္စလာမ် သာသနာ့ပညာရှင် မော်လာနာ အာဘူတွာဟဲရ် (၁၉၃၅-၂၀၂၄) ကွယ်လွန်
ဘူးသီးတောင်မြို့ အမှတ်(၄) ရပ်ကွက်၊ သပြေကုန်းရပ်ကွက်နေ မော်လာနာ အာဘူတွာဟဲရ်သည် ဇွန်လ ၂၃ ရက် ယမန်နေ့ည ၉ နာရီအချိန်မှာ နေအိမ်မီးရှို့ခံရပြီး ဖုံညိုလိပ်ကျေးရွာတွင် စစ်ရှောင်နေစဉ် အလ္လာဟ်အမိန့်ခံယူသွားပါကြောင်းသိရှိရသဖြင့် အနေနေအရပ်ရပ်မှ ဆွေမျိုးမိတ်ဆွေအပေါင်းများအားလုံးအား အကြောင်းကြားအပ်ပါသည်။
မော်လာနာ အာဘူတွာဟဲရ်သည် ဘူးသီတောင်မြို့ အိုလာမာသာသနာရေးကောင်စီ၏ ဥက္ကဌ တာဝန်ကို ကာလာရှည် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဘူးသီးတောင်မြို့တစ်မြို့လုံး၏ သဗ်လိဂ် အာမိရ်ဆွာဟပ်ကြီး တာဝန်ထမ်းဆောင်နေစဉ် အသက်(၈၉)နှစ်တွင် ပြည်တွင်းစစ်ပွဲကြောင့် မိမိနေအိမ် မိမိချစ်ဇာတိမြို့မှဝေးကွာပြီး ဖုံညိုလိပ်ကျေးရွာတွင် စစ်ရှောင်နေစဉ် အလ္လာဟ်အသျှင်အမြတ်အမိန့်တော်ခံယူခဲ့လေသည်။
မောဂ်ဖီရသွာသ် ဒူအာဆုတောင်းပေးပါရန် ပန်ကြားအပ်ပါသည်။
23/06/2024
တောင်ကုတ်သို့ စစ်ကူသွားသော စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ်ကြောင်း ပျက်သွား၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အဆက်အသွယ် ပြတ်တောက်နေ
ရန်ကုန်| ဇွန် ၂၃
ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးပြီး စစ် ကြောင်း ပျက်သည်အထိ ကစဉ့်ကလျား ဖြစ်သွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဇွန်လ ၂၀ ရက်နေ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို တောင်ကုတ် ၊ နေပူတောင်အနီးတွင် AA က ကြားဖြတ်တိုက်ခိုက်ရာမှ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် တောင်ကုတ်မြို့နယ်တွင် စစ်အင်အားဖြည့်တင်းရန်သွားသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။
"တောင်ကုတ်မြို့အထွက် နေပူတောင်နဲ့ဒိုးနွယ်စမ်းရွာအကြားမှာ စစ်ကူသွားတဲ့ စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရတာပါ။ ၆၀ ကျော်လောက်တော့ ကျဆုံးပါတယ်။ ကျန်တဲ့စစ်သည်တွေပါ အဆက် အသွယ်ပြတ်နေတယ်။ သွားတာက တောင်ကုတ် ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကူစစ်ကြောင်းပါ" ဟု တပ်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တောင်ကုတ်မြို့တွင် စစ်တပ်က ခံစစ်ပြင်နေပြီး တောင်ကုတ်တက္ကသိုလ်အပါ အဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း စုံစမ်းသိရသည်။
Click here to claim your Sponsored Listing.
Website
Address
Yangon
Magway