Hnin Wutt Yee Online Shop
ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်
08/08/2024
နှမ်းကြတ်စေ့ဝယ်ယူရန် အစေ့ယူသင့်လား အမှုန့်ယူသင့်လား စဥ်းစားတဲ့အခါ
အစေ့ကကြာကြာထားခံပါတယ်
အစေ့ဝယ်တဲ့အခါ ကိုယ်တိုင်ကြိတ်သုံးတာ ပိုထိရောက်ပါတယ် မကြိတ်သုံးနိုင်ရင် အမျှင်ဓာတ်များထွက်လာတဲ့အထိပြုတ်ပြီး အရည်သောက်တာကောင်းပါတယ်ရှင့်
အမှုန့်က ပိုပျော်ဝင်လွယ်လို့ပိုထိရောက်တာပါ
အဆင်သင့်ကြိတ်ပြီးသားမို့ သုံးရလွယ်ပါတယ်ရှင်
ဒါပေမဲ့ ဝယ်ပြီးနောက် နေ့စဥ်ပုံမှန်သောက်သင့်ပါတယ်ရှင်
ကြာကြာအထားမခံပါဘူး အလွန်ဆုံး ၃လလောက်ပါရှင်
ရေစိုဇွန်းနဲ့မခပ်ရပါ ရေငွေ့မထိသင့်ပါ
ခြောက်သွေ့တဲ့နေရာမှာထားသုံးပေးပါရှင်
06/08/2024
နှမ်းကြတ်စေ့လေးကို ဘယ်လိုစားသုံးရမလဲ တစ်ရက် ဘယ်လောက်စားသုံးသင့်လဲ ဆို. .
နှမ်းကြတ်စေ့က အခွံမာစေ့ဖြစ်တာကြောင့် ကြိတ်ချေပြီးစားသုံးခြင်းက အာနိသင်ကို လွယ်လွယ်ကူနဲ့ အချိန်တိုအတွင်း ရရှိစေပါတယ်..
အမှုန့်ကို နို့၊ကော်ဖီ၊ အုတ်၊ ဆန်ပြုတ် စတဲ့စားစရာတွေထဲ ထည့်စားလို့လည်း ရသလို မုန့်ဖုတ်တဲ့ထဲလည်း ထည့်သုံးနိုင်ပါတယ်
ဆီးချိုထိန်း ဖို့ ၊ သွေးတိုးသက်သာဖို့
ဝိတ်ကျဖို့ အလွယ်တကူစားသုံးရန်ဆို..
နှမ်းကြတ်စေ့ အမှုန့် ထမင်းစားဇွန်း ၂ဇွန်း ကို ရေနွေးပွက်ပွက်ဆူထည့် မွှေ အုပ်ထားပါ ၁၀မိနစ်လောက်ဆို သောက်လို့ရပါပြီရှင် ၁ရက် ၂ကြိမ်ခန့်
ဘယ်အချိန်သောက်သောက် ရပါတယ်
မနက်ပိုင်း အစားမစားခင် နဲ့ ညပိုင်း သောက်တာ ပိုကောင်းပါတယ်ရှင်
ရေနွေးနဲ့ ဖျော်လိုက်တဲ့အခါ အနံ့ကနှမ်းလှော်နံ့သင်းသင်းလေးရတက်ပါတယ်
သောက်တဲ့အခါ အနံ့မရပါဘူး
အရသာမရှိပါဘူးရှင့် အနီးစပ်ဆုံးထမင်းရည်လိုပါရှင့်
ပမာဏက ဂရမ်အနေနဲ့ဆို ၂၀ မှ ၃၀ဂရမ်ထိ စားသုံးနိုင်ပါတယ် ရှင်
အမြန်ဝိတ်ကျချင်လို့ ပမာဏ များစားဖို့လည်း မလိုအပ်ပါဘူးရှင့် ၂ပတ်မြောက်ကစ သိသိသာသာ အဆီပိုတွေကျလာမှာပါ..
ဝိတ်ကျချင်သူတွေအတွက်ကတော့ တခြားအစားအစာများလျော့စားရင် ဝိတ်ကျမြန်ပါတယ်ရှင့်
အစေ့ အမှုန့် ၂မျိုး ရရှိနိုင်ပါတယ်ရှင့်
အမှုန့်က မှာမှဝန်ဆောင်မှုအနေနဲ့ ကြိတ်စက်နဲ့ ကြိတ်ပေးတာပါ.. ကိုယ်တိုင်ကြိတ်တာမို့ အရောအနှော မရှိကြောင်း အာမခံပါတယ်ရှင့်
05/08/2024
ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိတဲ့ Organic Flaxseeds - သဘာဝနှမ်းကြတ်စေ့ လေးဟာ နို့တိုက်မိခင်များအတွက် dietလုပ်ဖို့ အရမ်းကို ထိရောက်ကောင်းမွန်သောအစေ့ပါ
ဟော်မုန်းကိုနို့ထွက်လည်းကောင်းစေပါတယ်
အစာချေစနစ်ကို ကောင်းစေပြီး
ကလေးအတွက် နို့မှာလည်း အာဟာရများစွာပြည့်ဝစေတာပါရှင်
Is flaxseed good during breadfeeding?
Google မှာ ရှာပြီးလေ့လာကြည့်နိုင်ပါတယ်ရှင်
05/08/2024
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ နှမ်းကြတ်စေ့ကို သင့်တော်သောပမာဏစားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်..
လက်ဖက်ရည်၊ ကော်ဖီသောက်ချင်စိတ်လျော့နည်းစေပါတယ်
တစ်ရက် ၂၀ဂရမ် (နှမ်းကြတ်စေ့အမှုန့် လက်ဖက်စားဇွန်းအပြည့် ၂ဇွန်းစာ) ကို ရေနွေးပွက်ပွက်ဆူမှာ ဖျော်ပြီး ၁၀မိနစ်လောက်ထားပြီးသောက်ပေးနိုင်ပါတယ်
အသီးဖျော်ရည်တွေထဲ နို့၊ ဒိန်ချဥ် ထဲလည်း ထည့်စားလို့ရပါတယ်ရှင့်
အမျှင်ဓာတ်၊ အသားဓာတ် နဲ့ အိုမီဂါသရီး ပါဝင်မှုကြွယ်ဝသောအစေ့ဖြစ်ပါတယ်ရှင်
ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်များ အတွက် ဝိတ်ချဖို့ထက် မလိုအပ်ဘဲ အလွန်စားမိရာမှာ ဝိတ်အလွန်တက်ခြင်းကာကွယ်ရန်၊ ကိုယ်ဝန်ဆောင်ဆီးချိုကာကွယ်ရန် နှင့် အာဟာရစုံလင်လုံလောက်အောင် ရရှိစေရန် စားသုံးသင့်ပါတယ်ရှင်
05/08/2024
flaxseed (နှမ်းကြတ်စေ့) ကို အသီးSmoothie တွေထဲ ၊ နို့၊ ကော်ဖီ ၊ ဒိန်ချဥ်တွေထဲလည်း ထည့်ပြီးစားသုံးနိုင်ပါတယ်...
ကွတ်ကီး ၊ ကိတ်၊ ပေါင်မုန့်များပြုလုပ်ရာတွင်လည်းအသုံးပြုနိုင်ပါတယ်
နှမ်းကြတ်စေ့ မှာ omega 3 ပါဝင်မှုများလို့ Flaxseed oil တွေ ထုတ်လုပ်ရောင်းချကြတာ စျေးနှုန်း သောင်းချီပါတယ်..
သဘာဝအစေ့တွေထဲမှာဆို omega 3 ပါဝင်မှုအများဆုံး အစေ့တစ်မျိုးပါရှင်
နှလုံးရောဂါနဲ့ သွေးပျစ်သူများအတွက် အထူးပင်သင့်တော်ပါတယ်ရှင်
နှမ်းကြတ်စေ့ကို ကြိတ်ချေပြီး ရေနွေးပူနဲ့ ေဖျာလိုက်တဲ့အခါ ရရှိတဲ့ အမျှင်ဓာတ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်ရှင် ဆီးရွှင် ဝမ်းပျော့ ဝမ်းမှန်စေပါတယ်
သွေးတွင်းအဆီ နဲ့ အချိုဓာတ်ကို လျော့ချပေးပါတယ်
ကိုလက်စထရောလုံးဝမပါဝင်ပါ
သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပါတယ်
ခန္ဓာကိုယ်က အဆီပိုများကို လျော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ် ရှင်
ကင်ဆာလ်ဆဲလ်များကို တိုက်ထုတ်နိုင်ပါတယ်ရှင်
ကျန်းမာရေးအတွက် အလွန်ကောင်းသော သဘာဝအစေ့ပါရှင်
အစေ့ နဲ့ အမှုန့် ဝယ်ယူနိုင်ပါတယ် ရှင်
မင်မင်တို့က ကျန်းမာရေးအတွက် အဓိကထားရောင်းချပေးတာမို့ အမှုန့်ဆို မှာမှ ကြိတ်စက်ဖြင့် တစ်နေ့စာ တနေ့ ကြိတ်ပေးတာဖြစ်ပါတယ်ရှင်
သတ်မှတ်စျေး အတိုင်း ကောင်းမွန်သော အရည်အသွေးကို စိတ်ချစွာ မှာယူနိုင်ပါတယ်ရှင့်
နှမ်းကြတ်စေ့
500g 10000
အစေ့ အမှုန့် ၂မျိုးရပါတယ်ရှင့်
09787668931
04/08/2024
တကယ်အဆီကျတာလေး ရှာနေလား
သဘာဝအတိုင်းဆိုးကျိုးမရှိ အဆီပိုကျစေပြီး ကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုပါတယ်ရှင်
နိုင်ငံတကာမှာ ဆေးဖက်ဝင် Super Food အနေနဲ့စားသုံးကြပြီး အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါများအတွက်အထူးကောင်းသော အိန္ဒိယနိုင်ငံရဲ့ရိုးရာ ဆေးလည်းဖြစ်ပါတယ် ရှင်
နှလုံးရောဂါသမားများ၊ သွေးကြဲဆေးသောက်နေရသူများအတွက်လည်း အရမ်းကောင်းပါတယ်ရှင်
အမျိုးသမီး ဓမ္မတာမှန်စေပြီး သွေးဆုံးကိုင်ဝေဒနါများ သက်သာစေပါတယ် ရှင်
နှမ်းကြတ်စေ့က
500g ၁ထုပ် 10000
အစေ့ အမှုန့် ရပါတယ်ရှင့်
☎️ 09787668931
04/08/2024
#သွေးဖြူဥများခြင်း
သွေးဖြူဥဆိုတာ ဘာလဲ.
သွေးဖြူဥဆိုတာက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေထဲမှာပါဝင်နေတဲ့ သွေးနီဥ၊သွေးဥမွှား၊ သွေးဆဲလ်တွေလိုမျိုး သွေးတွင်းမှာရှိနေတဲ့ အရာတခုပါ။
သွေးဖြူဥတွေက ကိုယ်တွင်းကို ပြင်ပကရောဂါတွေ ဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်။ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။
သွေးစစ်လိုက်လို့ သွေးအဖြေမှာ သွေးဖြူဥ တွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။
ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြား သွေးနီဥတွေ၊ သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥများနေတယ်လို့ တခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။
#သွေးဖြူဥ အမျိုးအစားများ
သွေးဖြူဥ အမျိုးအစားက ၅မျိုးရှိတာကြောင့် သွေးဖြူဥများခြင်းကလည်း ၅မျိုးရှိပါတယ် ။
ပိုးဝင်တာတွေ၊ ရောင်ရမ်းမှုတွေကြောင့် များတတ်ပါတယ်။ အတွေ့ရအများဆုံး အမျိုးအစားပါ။
ဗိုင်းရပ်စ်ပိုးဝင်တာ၊ သွေးကင်ဆာ ရောဂါတွေမှာ များတတ်ပါတယ်။ သူလည်း မရှားပါဘူး။
တချို့သော ပိုးဝင်တာနဲ့ ကင်ဆာရောဂါတွေမှာ များတတ်ပါတယ်။ အတွေ့ရနည်းပါတယ်။
ဓာတ်မတည့်ရင်၊ သန်ထရင် များတတ်ပါတယ်။ သိပ်မတွေ့ရတတ်ပါဘူး။
သွေးကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အရှားဆုံးပါပဲ။
#ဘာလက္ခဏာတွေခံစားရမှာလဲ။
သွေးဖြူဥများတယ်ဆိုတာ ဆေးစစ်ချက်အဖြေပါ။
လူကို ဒီတိုင်းကြည့်ရုံနဲ့ သွေးဖြူဥများနေတယ်လို့ ပြောဖို့ ခက်ပါတယ်။ နောက်ပြီး သွေးဖြူဥများတာရဲ့ နောက်ကွယ်မှာ တကယ့်ရောဂါတွေ ရှိနေပါတယ်။
ဒါကြောင့် လက္ခဏာတွေဆိုတာလည်း ဒီရောဂါရဲ့ လက္ခဏာတွေပါပဲ။
ဥပမာ_
#ပိုးဝင်တာကြောင့် သွေးဖြူဥများတာဆိုရင် ဖျားတာ၊ ပိုးဝင်တဲ့နေရာမှာ ကိုက်ခဲတာ ရှိမှာပါ။
#သွေးကင်ဆာနဲ့ တခြား ကင်ဆာတွေကြောင့်ဆိုရင် ဖျားတာ၊ အညိုအမည်း စွဲလွယ်တာ၊ ပိန်သွားတာ စတာတွေ ရှိမှာပါ။
#ဓာတ်မတည့်လို့ ဆိုရင် အင်ပျဉ်ထတာ၊ ယားတာ၊ အနီကွက်တွေ ထွက်တာမျိုး ရှိမှာပါ။
#အဆုတ်မှာဓာတ်မတည့်တာ ဖြစ်ရင်တော့ အသက်ရှူရခက်တာ၊ တရွှီရွှီဖြစ်တာ ရှိမှာပါ။
#စိတ်ဖိစီးမှုကြောင့်၊ စွဲသောက်နေတဲ့ ဆေးတွေကြောင့် ဆိုရင်တော့ ဘာလက္ခဏာမှ ပြမှာ မဟုတ်ပါဘူး။
#သွေးဖြူဥများစေတဲ့အကြောင်းရင်းများ
ဆိုတဲ့ သွေးဖြူဥက ပိုးဝင်တာတွေ၊ ရောင်ရမ်းတာတွေ၊ ဆေးမတည့်တာတွေ၊ တချို့သော သွေးကင်ဆာတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု များတာတွေ၊ ဆေးလိပ်သောက်တာ၊ ဘေလုံးထုတ်ထားတာတွေမှာ များတတ်ပါတယ်။
ကတော့ ဗိုင်းရပ်စ်ပိုးဝင်တာတွေ၊ ကြက်ညှာ ချောင်းဆိုးတွေ၊ ဓာတ်မတည့်တာတွေ၊ သွေးကင်ဆာတွေမှာ များတတ်ပါတယ်။
ကတော့ Epstein-Barr virusလို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်တာ၊ တီဘီရောဂါ၊ မှိုပိုးဝင်တာ၊ lupus လိုမျိုး ခုခံအား ကမောက်ကမ ဖြစ်တဲ့ ရောဂါတွေနဲ့ ဘေလုံးထုတ်ထားရင် များတတ်ပါတယ်။
ကတော့ ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကျပ်ရောဂါတွေ၊ သန်ထတာ၊ ဆိုရီယေးစစ်ရောဂါ၊ တချို့သော အရေပြားရောဂါနဲ့ ပြန်ရည်ကျိတ်ကင်ဆာတွေမှာ များတတ်ပါတယ်။
ဆိုတဲ့ သွေးဖြူဥများတာကတော့ အတွေ့ရနည်းပါတယ်။ သွေးကင်ဆာတွေမှာလောက်ပဲ တွေ့ရတတ်ပါတယ်။ တခါတလေ ဓာတ်မတည့်တဲ့ ပြဿနာတွေမှာလည်း များတတ်ပါတယ်။
#သွေးဖြူဥများမှန်းဘယ်လိုသိမလဲ။
သွေးဖြူဥပမာဏက လူတယောက်နဲ့တယောက်မှာ
မတူနိုင်ပါဘူး။
သာမန်လူတယောက်မှာ ပုံမှန်ရှိသင့်တဲ့ ပမာဏ ၃၅၀၀ ကနေ ၁၀၅၀၀per microliter
ပမာဏနည်းနေတယ်ဆိုရင် ၄၅၀၀per microliter ထက်နည်းနေတာပါ
ပမာဏများနေတယ်ဆိုရင် ၁၁၀၀၀per microliter ထက်များနေတာပါ။
ကိုယ်ဝန်ဆောင်တွေက လွဲရင်ပေါ့။ ကိုယ်ဝန်ဆောင်တွေက သဘာဝအရ သွေးဖြူဥများတတ်ပါတယ်။ သာမန်လူက ပုံမှန်ရှိသင့်တာထက် များနေရင် သွေးဖြူဥများတယ်လို့ သတ်မှတ်ပါတယ်။
၅သောင်းနဲ့ တစ်သိန်းကြားဆိုရင် ပိုးဝင်တာ ပြင်းထန်နေခြင်း ဒါမှမဟုတ် တနေရာရာမှာ ကင်ဆာဖြစ်နေတာလို့ သံသယရှိပါတယ်။ ၁သိန်းထက်များရင်တော့ သွေးကင်ဆာလို့ ယူဆနိုင်လို့ စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ် ။
#သွေးဖြူဥများမများဆိုတာသိနိုင်ရန်
၁။ Complete blood count with differential လို့ခေါ်တဲ့ သွေးဖောက်ပြီး ဘယ်ဆဲလ်က ဘယ်လောက်များနေလဲဆိုတာ စစ်ဆေးတာ
၂။ Blood smear လို့ ခေါ်တဲ့ သွေးကို ဖန်ပြားပေါ်တင်ဆွဲပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တာ
(ဒါကတော့ သွေးဆဲလ်တွေရဲ့ ရုပ်ကိုပါ မြင်ရပါတယ်။)
၃။ Bone narrow biopsy လို့ ခေါ်တဲ့ ရိုးတွင်းခြင်ဆီ စစ်ဆေးတာတွေ လုပ်ပြီး သိနိုင်ပါတယ်။
ဒီနည်းလမ်းတွေနဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်ရင် နောက်ထပ် စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်ရပါမယ်။
#ကုသနည်း
ကုသနည်းတွေကလည်း နောက်ခံအကြောင်းရင်းတွေကို ကုလိုက်ရင် သွေးဖြူဥပမာဏက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဥပမာ -- ပိုးဝင်တာအတွက် ပိုးသတ်ဆေးတွေ ပေးတာမျိုး၊ ရောင်ရမ်းတာတွေအတွက် အရောင်ကျဆေးတွေ ပေးတာမျိုး၊ ကင်ဆာဆိုရင်လည်း လိုအပ်တဲ့ ကုသမှုတွေ ပေးတာမျိုး၊ ဓာတ်မတည့်တာကြောင့်ဆိုရင် အကြောင်းရင်းကို ကုလိုက်တာမျိုး စသဖြင့် အကြောင်းရင်းကို လိုက်ကုရတာပါ။
သွေးဖြူဥများတယ်ဆိုတာ အတွေ့ရများပါတယ်။
အထူးသဖြင့် Neutrophil အမျိုးအစားပေါ့။ သွေးဖြူဥများတာ ပြဿနာ မဟုတ်ပါ။ များစေတဲ့ အကြောင်းရင်းကသာ ပြဿနာပါ။ အကြောင်းရင်းပြသနာကို ရှာပြီး ကုသမှုပေးရတာပါ။
#သွေးဖြူဥများနေတယ်ဘာစားရမလဲ..
ခန္ဓာကိုယ်မှာ သွေးဖြူဥပမာဏက လိုတာထက် ပိုများနေတဲ့အခါ အောက်ပါအစားအသောက် တွေကို စားသုံးပေးနိုင်ပါတယ်။
#ဗီတာမင် C
ဗီတာမင် C စားသုံးမှုက ကိုယ်တွင်းက သွေးဖြူဥဆဲလ်ပမာဏတွေကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်များနေမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ သင်္ဘောသီး၊ ဘယ်ရီသီး၊ မာလကာသီး၊ နာနတ်သီး၊ သံပရိုသီး၊ သံပရာသီးတို့ကို စားသုံးပေးလို့ရပါတယ်။ ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ငရုတ်ပွတို့ကိုလည်း စားသုံးပေးလို့ရပါတယ်။
#ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
တနည်းအားဖြင့် Antioxidants ကြွယ်ဝတဲ့ အစားအစာတွေကို ဆိုလိုတာပါ ။ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ free radicals တွေကို ထိန်းညှိပေးနိုင်ပါတယ်။ free radicals တွေကြောင့် ကိုယ်တွင်းက ပရိုတင်းတွေ၊ ဆဲလ်တွေနဲ့ DNA တွေ မပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးဖြူဥတွေများလို့ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ စပျစ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။
-3 Fatty Acids
ခန္ဓာကိုယ်အတွင် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တမျိုးပါ။ အစားအသောက်တွေကနေတဆင့်လည်း ရရှိနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီး ပြင်ပက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး
တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီအဆီဓာတ်ကို ပင်လယ်ငါး၊ ထရောက်ငါး(Trout)၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။
သွေးဖြူဥအရေအတွက်က ရှိသင့်တာထက်များနေသူတွေအနေနဲ့ အချိုကဲတဲ့အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။
Source from hellosayarwon
Credit...
Thaw TarTun
04/08/2024
သောက်နည်း
နှမ်းကြတ်စေ့ အမှုန့် လက်ဖက်စားဇွန်း ၂ဇွန်း ကို ရေနွေးပွက်ပွက်ဆူထည့် မွှေ အုပ်ထားပါ ၁၀မိနစ်လောက်ဆို သောက်လို့ရပါပြီရှင်
ဘယ်အချိန်သောက်သောက် ရပါတယ် မနက်ပိုင်း အစားမစားခင် နဲ့ ညပိုင်း သောက်တာ ပိုကောင်းပါတယ်ရှင်
တစ်ရက် ၂ကြိမ် ပုံမှန်သောက်နိုင်ပါတယ်ရှင်
တစ်ကြိမ်သောက်ရင် ရေနွေးလေးဖြည့်ဖြည့်ပြီး တစိမ့်စိမ့်သောက်နေပါ နောက်ဆုံးကျန်တဲ့ အနည်လေးတွေကို ဇွန်းလေးနဲ့ ခပ်စားလို့ရပါတယ် ရှင့်
03/08/2024
နှမ်းကြတ်စေ့မှ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုအဆီ အိုမီဂါသရီး ကို အဓိကထုတ်ယူကြပါတယ်...
အပင်ကရတဲ့အစေ့မို့ ပင်လယ်စာနဲ့ ဓာတ်မတဲ့သောသူများ omega 3လိုအပ်ချက်ကိုဖြည့်ရန်အတွက် နှမ်းကြတ်စေ့အဆီကို မှီဝဲသင့်ပါတယ်ရှင်
နှမ်းကြတ်စေ့အဆီက ဘာတွေကောင်းလဲ
သွေးထဲက မကောင်းတဲ့ အဆီဓါတ်တွေကို လျော့ချပေးတယ်။
သွေးကြောတွေမှာ အဆီတွေစုပုံတာကို ကာကွယ်ပေးပြီး သွေးကြောတွေကို ခိုင်ခံ့ကျန်းမာစေတယ်။
နှလုံးခုန်နှုန်းနှင့် သွေးပေါင်ကိုလည်း ထိန်းညှိပေးပြီး နှလုံးနှင့် သွေးကြောတွေရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
ဦးနှောက်နှင့် အာရုံကြောရဲ့ လုပ်ဆောင်ချက်၊ မှတ်ဉာဏ် စတာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။
ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။
အသားအရေကို စိုပြေကျန်းမာစေပြီး အသားအရေရဲ့ရေဓာတ်၊ အဆီဓာတ်တွေကို သမမျှတအောင် ထိန်းညှိပေးတယ်။
အရေးအကြောင်းတွေ သက်သာပြီး အရွယ်တင်နုပျိုစေပါတယ်။
နေရောင်ခြည် UV Rays ဒဏ်တွေကနေ ကာကွယ်ပေးတယ်။
ဝက်ခြံထွက်တာ၊ အဖုအပိန့်ထတာ၊ ရောင်ရမ်းတတ်တာတွေကိုလည်း လျော့နည်းစေတယ်။
မင်မင်တို့ဆီမှာတော့
သဘာဝ နှမ်းကြတ်စေ့ အစေ့နဲ့ လှော်ပြီးကြိတ်ထားသော အမှုန့်ကို ရရှိပါတယ် ရှင်
သဘာဝအစေ့ကိုစားသုံးခြင်းက
အမျှင်ဓာတ် များစွာပါဝင်လို့ ဝမ်းမှန်ပြီး အစာအိမ်နဲ့အူလမ်းကြောင်း ကို ကျန်းမာ စေပါတယ်ရှင့်
နှမ်းကြတ်စေ့က
500g ၁ထုပ် 10000
အစေ့နဲ့ လှော်ပြီးကြိတ်ထားသော အမှုန့် ရပါတယ်ရှင့်
စျေးနှုန်း တူဖြင့် နှစ်သက်ရာ အားပေးနိုင်ပါပြီရှင်
ကျန်းမာရေးအတွက် အဓိကထားရောင်းတာမို့ အရောအနှောလုံးဝမပါဝင်ပါ
ဝန်ဆောင်မှု အနေနဲ့ လှော်ပြီးကြိတ်ပေးတာမို့
ကြိုတင်ကြိတ်ထားခြင်းမရှိပါဘူးရှင်
09787668931
03/08/2024
နှမ်းကြတ်စေ့ဟာ အမျှင်ဓာတ်များပြီး ကာဗိုဟိုက်ဒြိုတ်နည်းသောသဘာဝအစေ့ပါ
ဆံပင်နဲ့ အရည်အတွက်ကောင်းပါတယ်
နှလုံးရောဂါကိုကာကွယ်ပေးပါတယ်
သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်
ကိုလက်စထရောကိုလျော့ချပေးပါတယ်
ရောင်ရမ်းခြင်းကိုသက်သာစေပါတယ်...
ကောင်းကျိုးများသော သဘာဝအစေ့ဖြစ်တာကြောင့်
တစ်ရက် တစ်ကြိမ်တော့ အနည်းဆုံးစားသင့်ပါတယ်ရှင်
အမျှင်ဓာတ်နဲ့ အိုမီဂါသရီး ပါဝင်မှုများပါတယ်...
ပုံမှန် သောက်ရင်းနဲ့ ခန္ဓာကိုယ်က မလိုတဲ့အဆီပိုတွေက်ုလျော့ချပေးသွားမှာပါ...
03/08/2024
အိုမီဂါ သရီး အကြောင်း တစေ့တစောင်း (1)
အိုမီဂါ သရီး က ခန္ဓာကိုယ် အတွက်ကော ဦးနှောက် အတွက်ပါ အကျိုးကျေးဇူးများတဲ့ ဓါတ်တစ်မျိုးလို့ ပြောရင် မမှားပါဘူး။ သူ့မှာ ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေတဲ့ အကျိုးများစွာရှိပါတယ်။
1. စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးခြင်း။ ၂၁ ရာစု မှာ စိတ်ဓါတ်ကျခြင်း ဟာ လူတော်တော်များများ မှာ ကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေး တစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေလအရ အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာ သို့မဟုတ် အိုမီဂါသရီး သောက်နေတဲ့ သူတွေ မှာ ဆိုရင် စိတ်ဓါတ်ကျရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာသလို စိတ်ဓါတ်ကျရောဂါ ဖြစ်နေတဲ့ သူတွေ မှာ လည်း ပြန်လည်ကောင်းမွန်လာတာ ကိုတွေ့ရပြန်ပါတယ်။ ALA, EPA, DHA စတဲ့ သုံးမျိုးရှိတဲ့ အိုမီဂါ သရီး တွေထဲ ကမှ EPA ကတော့ စိတ်ဓါတ်ကျရောဂါ မှာ အသုံးဝင်ပါတယ်။
2. မျက်စိအားကောင်းစေခြင်း - အိုမီဂါ သရီး တစ်မျိုး ဖြစ်တဲ့ DHA ကလည်း မျက်စိ ကျန်းမာရေး ကို အထောက်အကူ ပြုပါတယ်။
3. ကိုယ်ဝန်ဆောင်မိခင် နှင့် မွေးကင်းစ ကလေး တွေ အတွက်ဆိုရင်တော့ မိခင်က အိုမီဂါ သရီး ကြွယ်ဝတဲ့ အစားအစာ တွေ ဖြစ်တဲ့ တူနာငါး၊ ဆော်လမွန်၊ နှမ်းကြပ်စေ့၊ သံလွင်ဆီ စတဲ့ အစားအစာ တွေ ကို ပြည့်ဝအောင် စားပေးသင့်ပါတယ်။ ဒါမှ ကဘေးငယ်ကို နို့တိုက်တဲ့ အခါ ကလေးငယ်က အာဟာရ ပြည့်ပြည့်ဝဝ ရမှပါ။ ဒါမှ သာလျှင် မိမိရင်သွေးငယ်မှာ ဉာဏ်ကောင်းပြီး ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေ မှာ ဖြစ်ပါတယ်။ ကလေးငယ် ၆ လကျော် လို့ ဖြည့်စွက်စာ ကျွေးတာနဲ့ ပင်လယ်ငါး တစ်မျိုးမျိုး ကို တစ်ပါတ်နှစ်ကြိမ် ထည့်ကျွေးပေးသင့်ပါတယ်။
4. နှလုံးရောဂါ နှင့် လေဖြတ်လေငန်း ရောဂါ ကို အတိုင်းအတာတစ်ခု အထိ ကာကွယ်ပေးနိုင်ခြင်း။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
03/08/2024
နှမ်းကြတ်စေ့ ကို... ကလေးလိုချင်သူအမျိုးသမီးများ သောက်လို့ရပါတယ် ရှင့် သားအိမ်ကျန်းမာစေသောအာနိသင်အကျိုးကျေးဇူးရှိပါတယ်ရှင့်
ဒါပေမဲ့ ကလေးစရှိပြီး ကိုယ်ဝန်နုစဥ်ကာလမှာ မသောက်သင့်ပါဘူးရှင့်
ကိုယ်ဝန် ၅လအထက်မှာ သင့်တော်သောပမာဏကို (တစ်ရက် ထမင်းစားဇွန်း ၁ဇွန်းခန့်) စားသုံးနိုင်ပါတယ် ရှင့်
နို့တိုက်မိခင်များ စိတ်ချစွာ စားသုံး နိုင်ပါတယ်ရှင့်
မိခင်ကို ဝမ်းမှန်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေရုံသာမက အဆီပိုကင်းစေပါတယ်...
ရောင်းရမ်းမှုကို သက်သာစေပါတယ်
ကလေးအတွက်လည်း ဦးဏှောက်ဥာဏ်ရည် ဖွံ့ဖြိုးစေပါတယ်ရှင်
မိခင် အဆီပိုကျတယ်ဆိုတော့ ကလေးရော ပိန်မှာလား ဆိုသူများအတွက် စိတ်မပူပါနဲ့ရှင့်
ကျန်းမာရေး ကောင်းကျိုးပြုအစားအစာအုပ်စုဖြစ်ပါတယ်ရှင့်
ပိန်သွားစေတာမဟုတ်ပါ...
ခန္ဓာကိုယ်က မကောင်းတဲ့အဆီ ၊ ကိုလက်စထရောကိုကျစေတာပါ
သွေးတွင်းအဆီကိုကျစေတာပါ...
ကျန်းမာရေးနဲ့ ညီညွတ်သော ကိုယ်ရည်စစ်လာမျိုးပါရှင့်
#နှမ်းကြတ်စေ့
နှမ်းကြတ်စေ့က
500g ၁ထုပ် 10000
အစေ့ အမှုန့် ရပါတယ်ရှင့်
09787668931
Click here to claim your Sponsored Listing.
Category
Website
Address
Insein
Yangon