Htee Khu Shi
Organic Products Distribution
ထာဝရဘုရားကိုကိုးစားသောသူအပေါင်းတို့အားယူ၍ရဲရင့်ခြင်းရှိကြလော့ (ဆာလံ၃၁:၂၄)
29/09/2025
I gained 2,637 followers in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉
ဖြောင့်မတ်သောသူသည်လဲသော်လဲ၇ကြိမ်ထဦးမည်.
"လေထုတ်ပေးသော ဘုရား"
📖"ဘဏ္ဍာတော်တိုက်ထဲကလေကိုထုတ်တော်မူ၏။"(ဆာ၊၁၃၅:၇)
Ⓜ️ Budimir Šobat ဆိုသူ ကမ္ဘာ့ကျွမ်းကျင်ရေငုပ်သမားကတော့ (၂၄) မိနစ်၊ (၃၇) စက္ကန့်လောက် လေအောက်နိုင်
တယ်လို့သိပါတယ်။
Ⓜ️သို့ပေမဲ့ သာမန်လူတွေတွက်တော့ ယေဘုယျအားဖြင့်…
✔️ထမင်းအသက် (၇) ရက် (မြန်မာ့စံချိန်)
✔️ရေအသက် တစ်မနက် (မြန်မာ့စံချိန်)
✔️လေအသက် (မသိရ)
🔎ထမင်းအသက် (၃) ပတ် (ကမ္ဘာ့စံချိန်)
🔎ရေအသက် (၃) ရက် (ကမ္ဘာ့စံချိန်)
🔎လေအသက် (၃) မိနစ် (ကမ္ဘာ့စံချိန်)
⛔️လေ့လာချက်အရ လူတွေဟာ လေမရှုဘဲ (၄ - ၆) မိနစ်ကျော်လောက် နေရမယ်ဆိုရင်…
✖️သတိမေ့လာခြင်း
✖️ဦးနှောက်ချို့ယွှင်းခြင်း
✖️အသက်ပါထိခိုက်ဆုံးရှုံးခြင်းတွေ ကြုံလာရမှာပါ။
Ⓜ️ဒီလောက်အရေးကြီးလှတဲ့လေကို…
🖌️ဝယ်စရာမလိုအောင်
🖌️အခမဲ့ပေးတဲ့အပြင်
🖌️ရှုနိုင်ခွင့်လည်းပေးသေး
🖌️တစ်စက္ကန့်မျှမလွတ်တမ်း
🖌️တိကျစွာစီမံခန့်ခွဲပြီး
🖌️ဘဏ္ဍာတော်တိုက်ထဲက
🖌️အမြဲထုတ်ပေးနေတာ
🖌️သင်ကိုးကွယ်နေတဲ့ ဘုရားရှင်ကိုယ်တိုင်ပါပဲ။
Ⓜ️လတ်ဆတ်တဲ့လေအသက်စက်စက်တွေစက္ကန့်တိုင်းရှုခွင့်ပေးနေလို့ ကိုယ်တော်ကိုအထူးကျေးဇူးတင်တယ်။
📖“…လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်
မူ၏။” (ယရမေိ၊၁၀:၁၃)
📖“လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊…”
(ယောဘ၊၂၈:၂၅)
It's All About Jesus!
ဧလိရှဲ
"ကြက်သီးမွေးညင်း ထလောက်အောင်"
📖"ကိုယ်တော်ကိုထိန့်လန့်သဖြင့်အကျွန်ုပ်သည်ကြက်သီး မွေးညင်းထ၍၊စီရင်တော်မူချက်တို့မှကြောက်ပါ၏။"(ဆာ၊၁၁၉:၁၂၀)
Ⓜ️ဆာလံဆရာဟာ ဘုရားနဲ့ဘုရားရဲ့တရားစီရင်ခြင်းတွေအပေါ်မှာ ကြက်သီးမွေးညင်းထတဲ့ထိအောင်ထိန့်လန့် ကြောက်ရွံ့တယ်လို့ဖော်ပြထားပါတယ်။
Ⓜ️နတ်ဆိုးတွေလည်းဘုရားကိုယုံကြည်လွန်းလို့ကြောက်ရွံ့တုန်လှုပ်တဲ့အထိဖြစ်ကြတယ်လို့ဖော်ပြထားပါတယ်။(ယာကုပ်၊၂:၁၉)
Ⓜ️ဘုရားကိုမနုဿမျက်လုံးနဲ့မမြင်ရတဲ့တွက်ဘုရားကိုကြောက်ရွံ့၊ရိုသေလေးစားမှုအပိုင်းမှာ ယုံကြည်သူတွေအများစုအားနည်းကြတာတွေ့ရပါတယ်။
Ⓜ️အမှန်တော့ဘုရားကိုကြောက်ရွံ့ရိုသေတယ်ဆိုတာ…
✖️ဘုရားမကြိုက်တဲ့
✖️နှုတ်ကပတ်တော်နဲ့မညီတဲ့
✖️ဒုစရိုက်တွေကိုလုပ်ဖို့
✖️မုန်းပြီး
✖️ကြက်သီးမွေးညင်းထနေတာမျိုးပါ (သု၊၃:၇/၁၆:၆)
Ⓜ️ဘုရားကိုအသက်တာထဲမှာတကယ်ကြောက်ရွံ့ရိုသေပြီးအသက်ရှင်ဖို့ဆုံးဖြတ်ထားသူကို...
✔️ဘုရားကစရင်းမှတ်ထားတယ် (မာလ၊၃:၁၆)
✔️ဘုရားရဲ့ဘဏ္ဍာတော်ဖြစ်စေတယ် (မာလ၊၃:၁၇)
✔️ဘုရားကနှမြောတယ် (မာလ၊၃:၁၇)
✔️ဘုရားထံတော်မှာမျက်နှာရစေတယ် (တ၊၁၀:၃၅)
Ⓜ️ဆာလံဆရာလိုဘုရားနှုတ်ကပတ်တော်နဲ့မညီတဲ့အရာမှန်သမျှကိုလုပ်မိဖို့ ကြက်သီးမွေးညင်းထပြီး၊ဘုရားကိုကြောက်ရွံ့သူများဖြစ်ကြရအောင်။
Ⓜ️အသက်ရှူမှားလောက်အောင်ဘုရားကိုချစ်တတ်ပါစေ။
Ⓜ️ကြက်သီးမွေးညင်းထလောက်အောင်လည်း ဘုရားကိုကြောက်တတ်ပါစေ။
It's All About Jesus !
ဧလိရှဲ
" အတောင်ပံပါတဲ့ငွေ"
📖"ငွေရတတ်ခြင်းငှါမကြိုးစားနှင့်။...ပျောက်တတ်သောအရာကိုစေ့စေ့မျက်မှောက်ပြုသင့်သလော။...ထိုအရာသည်အတောင်တို့ကိုလုပ်၍ပျံသွားတတ်၏။"(သု၊၂၃:၄-၅)
🖌️သင့်ဘဝတစ်ခုလုံး
🖌️ငွေတွက်ပဲအရင်းအနှီးလုပ်ပြီး
🖌️ငွေနဲ့ပဲကိုယ့်ဘဝ
🖌️သူများဘဝကို
🖌️တိုင်းတာရင်း
🖌️ငွေရဖို့ပဲသဲကြီးမဲကြီး လုပ်နေတော့မှာလား။
💯ငွေသုံးဖို့လိုနေတော့ရှာရမှာပါ။
🖍️ငွေကိုသခင်နေရာမှာထားပြီး
🖍️ငွေရရင်ဘာမဆိုလုပ်ရဲသူ
🖍️ငွေကိုငမ်းငမ်းတက်ဖြစ်နေတော့
🖍️ဝိညာဉ်ရေးရာတွေကို ငွေနဲ့တိုင်းတာသူ
🖍️ဦးငွေခင်၊ဒေါ်ငွေချစ်တို့မိသားစုတွေ
🖍️မဖြစ်သွားကြဖို့ သတိတော့ပြုသင့်ပါတယ်။
👉🏿သင့်ဆီမှာရှိနေတဲ့ငွေ
👉🏿သင်ရှာနေတဲ့ငွေစက္ကူပေါ်မှာ
👉🏿သင့်နာမည်မရေးထားတဲ့အတွက်ကြောင့်
👉🏿သင့်ဆီကို သူလိပ်လိုဝင်လာပြီး
👉🏿ယုန်လိုအချိန်မရွေး ပြန်ခုန်ထွက်သွားမှာပါ။
🔎သင့်ဆီမှာခေတ္တခဏလာတည်းခိုနေချိန်လေးမှာ
🔎ဘုရားနိုင်ငံတော်တွက်
🔎အငယ်ဆုံးသောသူတွေတွက်
🔎လိုအပ်နေတဲ့ကိုယ့်မိသားစုဝင်တွေတွက်
🔎အချိန်မီပညာရှိရှိစီမံခန့်ခွဲပါဝင်တတ်ဖို့
🔎လက်မတွန့်တိုပါစေနဲ့။
✍️ဒါကြောင့်သမ္မာကျမ်းစာက...
⛔️ငွေတပ်မက်တာဟာဆိုးညစ်ခြင်းအရာအားလုံးရဲ့အရင်း အမြစ်တဲ့ (၁တိ၊၆:၁၀)
⛔️ငွေတပ်မက်သူငွေနဲ့အလိုဆန္ဒမပြည့်နိုင်တဲ့၊မရောင့်ရဲနိုင်တဲ့၊အနတ္တပါတဲ့ (ဒေ၊၅:၁၀)
⛔️ယေရှုကိုယ်တိုင်ကသံချေးပိုးရွသခိုးမဖောက်မဖျက်စီးနိုင်တဲ့ကောင်းကင်မှာဘဏ္ဍာဆည်းဖူးပါတဲ့(မ၊၆:၁၉-၂၀)
It's All About Jesus!
ဧလိရှဲ
“မလှည့်စားတဲ့ဘုရား”
📖“ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍တခါကျိန်ဆိုပြီ။”(ဆာ၊၈၉:၃၅)
✅လူဟာအခြေအနေတွေအမျိုးမျိုးကြောင့်…
🖍️မလွဲသာလို့ လိမ်တတ်တယ်
🖍️လှည့်စားတတ်တယ်
🖍️ဖောက်ပြန်တတ်တယ်
🖍️သစ္စာဖျက်တတ်တယ်
🖍️ရွေ့လျော့သွားတတ်တယ်
✅ဒါဝိဒ်ကို မလှည့်စားခဲ့ဘူးလို့ သူ့ရဲ့သန့်ရှင်းခြင်းပါရမီကိုတိုင်တည်ပြီး ကြိမ်ဆိုခဲ့တဲ့ဘုရားက…
🖌️သူ့အသက်နဲ့ရင်းပြီးကယ်တင်ထားတဲ့သင့်ကို
🖌️ဘယ်တော့မှမလှည့်စားဘူးဆိုတာစိတ်ချပါ။
📖“ငါ၏ကရုဏာကို သူမှငါမနှုတ်မပယ်။ငါ၏သစ္စာကိုလည်းမဖျက်။”(ဆာ၊၈၉:၃၃)
It’s All About Jesus!
ဧလိရှဲ
19 ဇူလိုင်မမေ့နိုင်တဲ့
ကျေးဇူးတော်ချီးမွမ်းစရာပိုများတဲ့လပါ
လွန်ခဲ့တဲ့2နှစ် ကိုဗစ်စဖြစ်တာဒီနေ့ဘဲ ကြုံခဲ့ရတာတွေကတော့ ပြန်မပြောချင်လောက်အောင်ပါဘဲ။ ယောက်ခထီး ။ အဒေါ် 2ေယာက် ဦးလေး1ယောက်ဆုံးရှုံးခဲ့ရတယ်။ သမီးလေးကသုံးနှစ်ကျော်ဘဲရှိသေး။ သူ့ကိုကြည့်ပီးအရမ်း၀မ်းနည်းနာကျင်ခဲ့ရတာ။ အဲ့ချိန်မှာဘုရားသခင်ကိုရိုးရိုးလေးဘဲပြောမိတယ် ။ ဘုရားသခင်သမီးမှာသေနာစွဲနေပါပီ။ ဒီတိုက်ပွဲကို ကိုယ်တော်နဲ့အတူရင်ဆိုင်ပါမယ် အနိုင်ရခွင့်ပေးပါလို့။ ကိုယ်တော်ကောင်းမြတ်ပါတယ်။ ယနေ့ထိတိုင်ကျန်းမာစွာအသက်ရှင်ခွင့်ပေးတယ်။ နောက်ဆက်တွဲတွေလည်းဖြစ်တာပေါ့ ဘာဘဲဖြစ်ဖြစ် ကျန်းမာတယ်လို့ဘဲ၀န်ခံတယ်။
ဒီလထဲမှာဘဲ ပီးခဲ့တဲ့အပတ် သမီးလေး သွေးလွန်တုတ်ကွေးခံစားခဲ့ရပါတယ်။ အဖျား104ကမကျ တရက်မှာ နှစ်နာရီလောက်ဘဲအိပ်ပီး ရေပတ်တိုက် ဆေးတိုက် ဓါတ်ဆားတိုက်နဲ့ သုံးရက်မြောက်နေ့မှာ ဘာစားမိလဲ မသိ ကိုယ်က ၀မ်းလျှော ၀မ်းကိုက်ဖြစ် ဗိုက်ကနာ ကလေးကအဖျားမကျဘဲ ချမ်းတုန်နေချိန် ငိုမိတယ်။ တပါတည်းဆုတောင်းလိုက်တယ် ။ ကိုယ်တော် သမီးလေးကိုကျမ်းမာခြင်းအခွင့်ေပးပါ။ ခုချိန်ကျမနားမှာ ကိုယ်တော်ကလွဲပီးကူမယ့်သူမရှိပါဘူးလို့ ကိုယ့်အတွက်တောင်မတောင်းမိဘူး။ စိတ်ထဲမှာ ဆေးရုံးသာသွားခဲ့ရရင် ဘယ်လိုလုပ်ရပါ့မလဲပေါ့။ ယောက်ခမဖြစ်တဲ့အမိုးကြီးလည်း ညနေငါးနာရီလောက်ကစပီး တညလုံး ရေပတ်တိုက်ကူ လာစောင့်ပေးရှာတယ်။ သူလည်းအဲ့နေ့မှအဖျားကျတာ။
ပလောနဲမူး အသင်းတော်ကဆရာတော်နဲ့ဆရာမကိုဖုန်းဆက်တော့ ညတွင်းချင်း လာဆုတောင်းပေးတယ်။ အမိုးသရာမူက သမီးလေးကိုရေပတ်ကူတိုက်ပေးတယ်။ အံ့ဩဖွယ် ကျမ၀မ်းရပ်ပီး သမီးလည်း ညဆယ်တနာရီေလာက်ကစ အဖျားဖြည်းဖြည်းချင်းကျသွားတယ်။ ဆရာ၀န်ကအံ့ဩတယ် သူက အဖျားကြီးလို့ ငါးရက်လောက်ထိဖျားလိမ့်မယ် နေ့တိုင်းလာပြပါ လို့ပြောထားတာ။
ကျလည်းမအိပ်ရဲထိုင်စောင့်ရတယ်။ 567ထိစောင့်ကည့်ရမယ်ဆိုလို့။
အချုပ်ပြောရမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ကျေးဇူးတော်သက်သက်ကြောင့်ပါ။
အလုံးစုံတို့ရဲ့အလုံးစုံဖြစ်သော ဘုရားကိုရိုးရိုးလေးဘဲ ကိုးစားခဲ့တာပါ။
အားငယ်စိတ်ဓါတ်ကျ ၀မ်းနည်းချိန် ခေါ်ရင်ထူးသောဘုရားအနားမှာအမြဲရှိနေတယ်နော်မိတ်ဆွေ။
ဖုန်းအားဖြင့် စာအားဖြင့် ဆုတောင်းခြင်းအားဖြင့် သတိရခွန်အားပေးသော ဆရာ ဆရာမများ မိတ်ဆွေများအား ဤစာဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ အားလုံးကိုဘုရားသခင်ကောင်းကြီးပေး၍ သာ၍ အသုံးပြုပါစေ။
ကျေးဇူးတင်စွာဖြင့်
ဆွိကလေးမိုးမိုး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |