Dr Kisper - Your Daily Dose

Dr Kisper - Your Daily Dose

Share

Let’s explore more & more

10/03/2026
14/01/2026

အိမ်မှာနေရင်း Glow skin ရစေဖို့
ဘာတွေလုပ်လို့ရမလဲ ???? 🤔🤔🤗

1) Hydration 💦
2) Double Cleansing 🧖‍♀️
3) Beauty Sleep 😴
4) Eating Habit 🍱
5) Suncream 🧴

စိတ်ဖိစီးတာတွေလျှော့ပြီး ပျော်ပျော်ရွှင်ရွှင်နေရုံနဲ့ ကြည်လင်တောက်ပတဲ့ glow skin လေးကို ရနိုင်ပါတယ် 💛💛

Stress free ✅ glow skin ✅

With Love
Dr Kisper ( Your Daily Dose 💞)

23/11/2025

🌟ပျော်ရွှင်တတ်အောင်နေနည်း 🌟
(How to Live Happily)

ပျော်ရွှင်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပေမဲ့၊ အခုထက် ပိုပြီး ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ရရှိဖို့ စိတ်ထားတတ်အောင်နေနည်းလေးတွေရှိပါတယ် ✌️

🩵 Gratitude- ကျေးဇူးတင်တတ်ပါ
လက်ရှိကိုယ်ပိုင်ဆိုင်နေရတဲ့ ကောင်းမွန်တဲ့အရာတွေကို ၁ ခုကိုပဲ အရင်ရှာပြီး ကျေးဇူးတင်ကြည့်လိုက်ပါ

🩵 Live in the present- ပစ္စုပ္ပန်မှာနေပါ
အတိတ်ကိုတမ်းတတာ၊ အနာဂတ်အတွက် လွန်ကဲပြီးစိုးရိမ်ပူပန်တာတွေလျှော့ချပြီး လက်ရှိအချိန်လေးကို ပိုပြီး အာရုံစိုက်ကြည့်ပါ။

🩵 Positive mindset - အကောင်းမြင်စိတ်ထားပါ
ရှုံးနိမ့်မှုတွေ အဆင်မပြေမှုတွေကြုံနေရရင် သင်ခန်းစာယူစရာ ဒါမှမဟုတ် တိုးတက်ဖို့ အခွင့်အရေးလို့ မြင်ကြည့်ပါ ရှေ့ကိုဆက်သွားပါ

🩵 Forgiveness- ခွင့်လွှတ်ပါ
ကိုယ့်ကိုယ်ကိုကော သူတစ်ပါးကိုပါခွင့်လွှတ်နိုင်အောင်ကြိုးစားပါ နာကြည်းမှုနဲ့ ဒေါသတွေက စိတ်ပင်ပန်းစေပါတယ်

🩵 Solution- ဖြေရှင်းပါ
အဆင်မပြေတဲ့အရာတွေကို စိတ်ညစ်နေပြီး အချိန်ကုန်ခံနေမယ့်နေရာမှာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အဖြေကို ဦးစားပေးပြီး စဉ်းစားကြည့်ပါ

🩵 Take a rest - စိတ်ရောကိုယ်ပါ အနားယူပါ
မွန်းကျပ်နေတဲ့ နေစဉ်ဘဝကနေ ခဏလောက်ရုန်းထွက်ပြီး အပြည့်အဝအနားယူပါ ခရီးထွက်ကြည့်ပါ

🩵 Refuse - "မလုပ်နိုင်သော" အရာများကို ငြင်းပယ်ပါ
မလိုအပ်တာတွေကို မလုပ်နိုင်ဘူးဆိုတဲ့ ပြောရဲတဲ့သတ္တိနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပါ

✔️✔️အရေးကြီးဆုံး အချက်ကတော့...

ပျော်ရွှင်မှုဆိုတာ ခရီးတစ်ခု ဖြစ်ပြီး ရည်ရွယ်ချက်တစ်ခု မဟုတ်ပါဘူး။ အမြဲတမ်း ပြီးပြည့်စုံနေမှာ မဟုတ်ဘဲ၊ တစ်ခါတစ်ရံ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေကလည်း ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတွေပါ။ ဒီခံစားချက်တွေကို လက်ခံပြီး ရှေ့ဆက်သွားနိုင်ဖို့သာ လိုအပ်တာပါ 💛😌

With love,
Dr Kisper ( Your Daily Dose) 💞

29/10/2025

✨ အသားအရည်ကြည်လင်ဝင်းပစေဖို့ အဓိက လျှို့ဝှက်ချက် (၅) ခု ✔️✔️✔️

• 💧 ရေဓာတ်ဖြည့်ပါ (Hydrate)
- အသားအရည်ကို ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို ရေ ၁-၂ လီတာသောက်ပေးပါ။

• 🧼 ခန္ဓာကိုယ်ရှိ ဆဲလ်သေများကို ဖယ်ရှားပါ (Exfoliate)
- အသားအရည်ပေါ်က ဆဲလ်သေတွေကို ပုံမှန် mild peeling or scrub တိုက်ပြီးဖယ်ရှားပေးပါ။

• ☀️ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပါ (Protect from UV Rays)
- နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ SPF ပါဝင်တဲ့ suncream, sun spray တွေ ပုံမှန်သုံးပေးပါ

• 💊 ဗီတာမင်များ စားသုံးပါ (Eat Vitamins)
- အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် သတ္တုဓာတ်တွေပါတဲ့ အစားအစာတွေ နေ့စဉ်ရွေးချယ်စားသုံးပေးပါ

• 🧴 Skincare ပုံမှန်လုပ်ပါ (Skincare Routine)
- Double cleansing သေချာလုပ်ပေးပြီး Skincare အဆင့်တွေကို နေ့တိုင်းပုံမှန်လုပ်ပေးပါ။

With Love 💕

Dr Kisper

Photos from Dr Kisper - Your Daily Dose's post 27/10/2025

🕊️ အပြင်လောကကြီး ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ၊
ကိုယ့်စိတ်ထဲမှာ အေးချမ်းနေဖို့ ကိုယ်ကိုယ်တိုင် ဖန်တီးကြည့်ပါ။ 🍃

🌿စိတ်ငြိမ်းချမ်းမှု (Inner Peace)

လူတွေဟာ ပတ်ဝန်းကျင်က အရာတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားရင်း စိတ်ပင်ပန်းနေတတ်ကြတယ်။
တကယ်တမ်းတော့ "ငြိမ်းချမ်းမှု" ဆိုတာ အပြင်မှာ သွားရှာလို့ ရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွင်းစိတ်ကနေပဲ လာတာပါ 🌱

✅Acceptance ( လက်ခံလိုက်ခြင်း) 💚

“ကိုယ်မပြောင်းလဲနိုင်တဲ့ အခြေအနေတွေအပေါ် ခံစားမနေတော့ပဲ အရာရာတိုင်း အဆင်ပြေရမယ်လို့ မတွေးဘဲ၊ ဒါဟာ ဖြစ်နေတာပဲလို့ လက်ခံကြည့်လိုက်ပါ။ အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲသာ စဉ်းစားကြည့်ပါ"

✅ Living in the Present (ပစ္စုပ္ပန်မှာ နေထိုင်ခြင်း)💚

မဖြစ်သေးတဲ့ အရာကိုစိတ်ပူပြီး စိုးရိမ်နေတာ
ပြန်ပြင်လို့မရတဲ့ အရင်က အကြောင်းတွေကနေ
ရုန်းထွက်ပြီး လက်ရှိအချိန်လေးကိုပဲ အာရုံစိုက်ကြည့်ပါ

✅ Self-Control (ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း) 💚

ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်က စိတ်ကျေနပ်မှုနဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို ပိုမို ခံစားရစေပါတယ်

How to get peaceful mind ???

▪️Accept, Forgive & Let go 💘
မပြောင်းလဲနိုင်တာကို လက်ခံပြီး ခွင့်လွှတ်ပါ ၊စွန့်လွှတ်ပါ

▪️Gratitude 🙏🏻
ကိုယ့်ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားပါ

▪️Self care , hobby ✍🏻💆🏻
ကိုယ့်အတွက်အချိန်ပေးပါ ၊ ကိုယ်ဝါသနာပါတာလေး လုပ်ကြည့်ပါ

▪️Meditation , Yoga 🧘‍♀️
စိတ်အေးချမ်းအောင် ယောဂကျင့်ပါ တရားထိုင်ကြည့်ပါ

🌱Peace of mind is a foundation for success. 🌱

#စိတ်ထားတတ်ခြင်း

With Love 💕
Dr Kisper ( Your Daily Dose )

27/10/2025

✨ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐤𝐢𝐧 𝐢𝐬 𝐋𝐮𝐱𝐮𝐫𝐲 𝐭𝐡𝐢𝐧𝐠 💎💎💎

"ကြည်လင်တောက်ပနေတဲ့ အသားအရည်ကိုဟာ အကောင်းစားဇိမ်ခံပစ္စည်း (𝐋𝐮𝐱𝐮𝐫𝐲 𝐭𝐡𝐢𝐧𝐠) တစ်ခုပါ" ဆိုတဲ့ စကားလုံးကို 𝐤𝐝𝐫𝐚𝐦𝐚 𝐟𝐚𝐧 တွေ အများဆုံးကြားဖူးကြမှာပါ 💫
✅ဟုတ်ပါတယ် ကိုရီးယားမှာ အခုနောက်ပိုင်း 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐤𝐢𝐧 ဆိုတာ 𝐋𝐕 , 𝐆𝐮𝐜𝐜𝐢 , 𝐘𝐒𝐋 တို့လိုစျေးကြီးတဲ့ဖက်ရှင်ပစ္စည်းတွေထပ် 𝐋𝐮𝐱𝐮𝐫𝐲 ပိုဆန်တယ်လို့ သတ်မှတ်နေကြပါပြီ ✨✨✨

🤔 ဘာလို့လဲဆိုတော့ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐤𝐢𝐧 က ဈေးကြီးတဲ့ပစ္စည်းတွေသုံးမှ 𝐇𝐢𝐠𝐡 𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝 ဖြစ်ပြီးလှတယ်ဆိုတာထက် ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေပါတယ် 🧐

🔸ဒီနေ့မှာတော့ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧 ကို 𝐋𝐮𝐱𝐮𝐫𝐲 အဖြစ် ဘာလို့သတ်မှတ်ရတာလဲဆိုတဲ့ အချက် (၃) ချက်ကို ဗဟုသုတအဖြစ် ပြောပြပေးချင်ပါတယ် 🩷🩷🩷

𝟏. 𝐓𝐢𝐦𝐞 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 ⏰

𝐋𝐮𝐱𝐮𝐫𝐲 ဆိုတဲ့အရာတွေဟာ ဖန်တီးဖို့ အချိန်ယူရသလိုပဲ၊ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧 ဆိုတာ တစ်ညတည်းနဲ့ ရလာတာ မဟုတ်ပါဘူး

🌟𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐫𝐨𝐮𝐭𝐢𝐧𝐞 ✔️✔️✔️

နေ့စဉ် (မနက်/ည) 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 အဆင့်ဆင့်ကို စိတ်ရှည်လက်ရှည် မပျက်မကွက်လုပ်ဖို့ လိုအပ်ပါတယ်။𝐃𝐨𝐮𝐛𝐥𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠, 𝐓𝐨𝐧𝐞𝐫 , 𝐒𝐞𝐫𝐮𝐦, 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫, 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 စတဲ့ အဆင့်တိုင်းကို မှန်မှန်လုပ်ဖို့ အချိန်ပေးရပါတယ်။

🌟𝐒𝐭𝐫𝐞𝐬𝐬 𝐟𝐫𝐞𝐞 𝐭𝐢𝐦𝐞 - စိတ်ဖိစီးမှု ကင်းဝေးခြင်း ✔️✔️✔️
စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်က 𝐜𝐨𝐫𝐭𝐢𝐬𝐨𝐥 ဟော်မုန်းအထွက်များလာပြီး အသားအရည်ကို ညစ်နွမ်းပျက်စီးစေပါတယ်
စိတ်ဖိစီးမှုနည်းအောင် ထိန်းချုပ်နိုင်ခြင်းက အသားအရည်လှပဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ

—————————
𝟐. 𝐈𝐧𝐧𝐞𝐫 𝐏𝐞𝐚𝐜𝐞 🧘

ပြင်ပထုတ်ကုန်တွေထက် အသားအရည်ရဲ့ အလှကို ပိုမိုဆုံးဖြတ်ပေးတာက ကိုယ့်ရဲ့အတွင်းပိုင်း ကျန်းမာရေး (𝐈𝐧𝐧𝐞𝐫 𝐡𝐞𝐚𝐥𝐭𝐡) နဲ့ စိတ်အခြေအနေ (𝐌𝐞𝐧𝐭𝐚𝐥 𝐩𝐞𝐚𝐜𝐞 ) ပါ။

🌟 𝐀 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞𝐝 𝐡𝐞𝐚𝐥𝐭𝐡 𝐦𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 ✔️✔️✔️

ကျန်းမာရေးအတွက် လုံလောက်စွာ (၆-၈ နာရီ) ပုံမှန်အိပ်စက် အနားယူခြင်း၊ သွေးလည်ပတ်မှု ကောင်းစေဖို့ 𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞 ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့အတွက်လည်း သီးသန့် အချိန်ထပ်ပေးရပါတယ်။

🌟 𝐍𝐮𝐭𝐫𝐢𝐭𝐢𝐨𝐮𝐬 𝐃𝐢𝐞𝐭✔️✔️✔️
အာဟာရပြည့်ဝအောင်စားသောက်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်ပြီးသန့်ရှင်းလတ်ဆတ်တဲ့ 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 & 𝐌𝐮𝐥𝐭𝐢-𝐕𝐢𝐭𝐚𝐦𝐢𝐧 ကြွယ်ဝတဲ့ သစ်သီး ဟင်းသီးဟင်းရွက် 𝐩𝐫𝐨𝐭𝐞𝐢𝐧 အသားဓာတ် သတ္တုဓာတ်များပါဝင်တဲ့ အစားအစာများ 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 ( 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 , 𝐩𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬, 𝐛𝐢𝐨𝐭𝐢𝐧, 𝐆𝐥𝐮𝐭𝐚) ရေ တစ်နေ့ကို (𝟐-𝟑𝐋 ) သောက်ပေးခြင်းဖြင့် လှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ပါတယ်

—————————-

𝟑. 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 💵
ငွေကြေးရင်းနှီးမြှုပ်နှံမှု

🌟 𝐇𝐢𝐠𝐡 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐩𝐫𝐨𝐝𝐮𝐜𝐭𝐬 ✔️✔️✔️
အသားအရည်ထိန်းသိမ်းဖို့အတွက် တကယ်ထိရောက်ပြီး အရည်အသွေးကောင်းတဲ့ပစ္စည်း
ကိုယ့်အသားအရည်ပြသာနာကိုဖြေရှင်းပေးနိုင်တဲ့ ပါဝင်ပစ္စည်း ( 𝐑𝐞𝐭𝐢𝐧𝐨𝐥𝐬, 𝐏𝐞𝐩𝐭𝐢𝐝𝐞𝐬, 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂, 𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐚𝐜𝐢𝐝 ) ပါတဲ့တဲ့ 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကပိုစျေးကြီးတယ် 😅

🌟 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭𝐬 ✔️✔️✔️

အရေပြားဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေနဲ့ နဲ့ ပုံမှန်
ပြသပြီး အကြံဉာဏ်ယူခြင်း၊ နောက်ဆုံးပေါ် 𝐀𝐧𝐭𝐢 𝐀𝐠𝐢𝐧𝐠 𝐓𝐡𝐞𝐫𝐚𝐩𝐲 တွေနဲ့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူခြင်းတို့ဟာလည်း အလှအပအတွက် ငွေကြေးသုံးစွဲနိုင်တဲ့ (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐋𝐮𝐱𝐮𝐫𝐲) ကို ပြသပါတယ်

📌 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧 ဆိုတဲ့ ကြည်လင်ဝင်းပတဲ့ အသားအရည်က ⏰ အချိန်၊ ကြိုးစားမှု၊ ရင်းနှီးမြှုပ်နှံမှုတို့ပေါင်းစပ်ပြီးမှ ရလာနိုင်တဲ့အရာဖြစ်လို့
"ငါ့မှာ ဒီလို အကောင်းဆုံး ပစ္စည်းတွေ သုံးနိုင်တဲ့၊ ကိုယ့်ကိုယ်ကို အချိန်ပေး ဂရုစိုက်နိုင်တဲ့ ငွေကြေးအင်အား ရှိပါတယ်" ဆိုတာကို ခေတ်မီတဲ့ နည်းလမ်းနဲ့ ပြသထားတာပဲ ဖြစ်ပါတယ်။

🔺🔺ဒါကြောင့်မို့လို့ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐤𝐢𝐧 က ပိုလူတိုင်း အလွယ်တကူ မပိုင်ဆိုင်နိုင်တဲ့ "𝐋𝐮𝐱𝐮𝐫𝐲 𝐢𝐭𝐞𝐦" တစ်ခုဖြစ်လာပါတယ်။🔺🔺

သင့်ရဲ့ အလှအပအတွက် ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံထားပြီလဲ? ❓❓🧐

With Love 💕 Dr Kisper ( Your Daily Dose)

#𝐋𝐮𝐱𝐮𝐫𝐲𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 #𝐆𝐥𝐨𝐰𝐢𝐧𝐠𝐒𝐤𝐢𝐧 #𝐁𝐞𝐚𝐮𝐭𝐲𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 #အသားအရေထိန်းသိမ်းမှု

23/10/2025

🌼 ပျော်ရွှင်ဖို့ ဘယ်လောက်လွယ်လဲ ???

💰💰ဘဝမှာ စည်းစိမ်ချမ်းသာတွေပြည့်နှက်နေပြီး
ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ပြီးပြည့်စုံနေမှ ပျော်
ရွှင်နိုင်တာ မဟုတ်ပါဘူးနော် ⚖️
☀️True happiness doesn’t depend on wealth & grand achievements.🥇

တစ်ခါတလေ၊ နေ့စဉ်ဘဝမှာ ရိုးရှင်းပြီး သေးငယ်တဲ့ အရာလေးတွေကနေရတဲ့ ပျော်ရွှင်မှုဟာ အဖိုးမဖြတ်
နိုင်ပါဘူး ✨✨✨

Being happy doesn’t always need a special reason. You can find joy in simple, everyday moments. 🩷🩷🩷

ကဲ … ပင်ပန်းလှတဲ့နေ့စဉ်ဘဝတွေထဲက ကိုယ့်စိတ်ကိုလှပစေဖို့ အသေးစား ပျော်ရွှင်မှုတွေကို လိုက်ရှာကြရအောင် ☺️🥰

🌿 ကိုယ်အရမ်းကြိုက်တဲ့ ကော်ဖီ/လက်ဖက်ရည်ရဲ့ ပထမဆုံး တစ်ငုံ ☕️🥤

မနက်ခင်းမှာ ကိုယ်အကြိုက်ဆုံး ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ကို ငှဲ့လိုက်တဲ့အခါ ရလာတဲ့ အနံ့နဲ့ အရသာကို ဖြည်းဖြည်းချင်း ခံစားကြည့်လိုက်ပါ။ ဒီ နွေးထွေးတဲ့ ပျော်ရွှင်မှုဟာ စိတ်ကို တကယ်လန်းဆန်းစေပါတယ်။

🌿လမ်းလျှောက်ရင်း ရုတ်တရက်တိုက်ခတ်သွားတဲ့ လေအေးအေးလေး 🍃🍂

အပြင်ထွက် လမ်းလျှောက်တဲ့အခါ ကိုယ့်မျက်နှာပေါ်ကို ကျရောက်လာတဲ့ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ လေကောင်းလေသန့်ကို ခံစားကြည့်လို့ရတဲ့ စိတ်လန်းဆန်းမှုဟာ အလိုလို ပြုံးမိစေပါတယ်။

🌿 ရုတ်တရက် ရယ်မောလိုက်ရခြင်း 😄

ရယ်စရာ ဗီဒီယိုတစ်ခုကို ကြည့်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ရဲ့ ရယ်စရာ စကားကြောင့်ပဲဖြစ်ဖြစ် အားရပါးရ ရယ်လိုက်မိလို့ စိတ်ဖိစီးမှုတွေကို ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားရတယ် ရယ်မောခြင်းဟာ စိတ်ဖိစီးမှုအတွက် အကောင်းဆုံး ကုထုံးတစ်ခုပါ။

🌿 အကြိုက်ဆုံး သီချင်းတစ်ပုဒ် ဖွင့်လိုက်ခြင်း 🎼🎶🎶

မထင်မှတ်ဘဲ ကိုယ့်ရဲ့ အကြိုက်ဆုံး ဒါမှမဟုတ် ငယ်ငယ်ကနားထောင်နေကျ သီချင်း (Old Song) တစ်
ပုဒ်ကို ဖွင့်လိုက်မိတဲ့အခါ ချက်ချင်းဆိုသလို လိုက်ဆိုမိရင်း စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းသွားစေမှာပါ ။

🌿 သက်တောင့်သက်သာ အနားယူချိန် 🙂‍↕️

တစ်နေ့လုံး ပင်ပန်းပြီး ကိုယ့်ကုတင်ပေါ်ကို လှဲချလိုက်ရတဲ့အချိန် ဒါမှမဟုတ် အိမ်ပြန်လာရင် ကြိုနေကျ ခွေးလေးတွေ ကြောင်လေးတွေကို ပွေ့ချီလိုက်ရတဲ့အခါမျိုးလေး ၊ မုန့်လေးစားရင်း ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးကြည့်ရတဲ့အချိန်လေး
ဒီလို ရိုးရှင်းတဲ့ အနားယူမှု ဟာ စိတ်နဲ့ ကိုယ်ကို ငြိမ်းချမ်းစေပါတယ်။

📌ပျော်ရွှင်ဖို့အတွက် ကြီးမားတဲ့ အကြောင်းပြချက်တွေ
မလိုအပ်ပါဘူး။ ပျော်ရွှင်စွာနေထိုင်နိုင်ခြင်းက ဘဝရဲ့ အကြီးကျယ်ဆုံး အောင်မြင်ခြင်းပါပဲ ✅

🌸You don’t need big reasons to be happy 🤫
🌸 Happiness comes from the little things. ☺️

#ပျော်ရွှင်မှု

With Love, Dr Kisper ( Your Daily Dose )

22/10/2025
22/10/2025

🌿Mindful 1 min
စိတ်ကြည်လင်စေဖို့ ၁ မိနစ်လေ့ကျင့်ခန်း 🌿

အလုပ်တွေအရမ်းများတဲ့နေ့ စိတ်ဖိစီးမှုတွေများနေတဲ့နေ့လေးမှာ စိတ်တည်ငြိမ်မှု ပြန်ရစေဖို့ ၁ မိနစ်လောက် အချိန်ပေးကြည့်လိုက်ပါ အချိန်ခဏလေးပေးရုံနဲ့ အာရုံပြန်လည်စူးစိုက်နိုင်ပြီး စိုးရိမ်ပူပန်မှုတွေ လျော့စေပါတယ် 🌿

ဘယ်လိုလုပ်မလဲ? 🤔
ကိုယ့်ရဲ့ အာရုံ ၅ ပါးကို အာရုံစိုက်နိုင်ဖို့
အရင်ဆုံး အသက်ကို ခပ်ပြင်းပြင်းရှူသွင်း-ရှူထုတ် လုပ်ပြီး စိတ်ကို ခဏအနားပေးကြည့်ရအောင် 🤗

👁 Things You Can See
🏝️🎨🍒🌤️🐶🌸🌻

ပတ်ဝန်းကျင်က လှပတဲ့အရာလေးတွေ၊ အရောင်လေးတွေ၊ သစ်ရွက်ပေါ် အလင်းရောင်ဖြာကျနေတာလေးတွေ အသေးစိတ်ပုံသဏ္ဍာန်လေးတွေကို သေသေချာချာ ကြည့်ကြည့်ပါ

👂 Things You Can Hear
🌧️🌊🍃🕊️🐥🐸🐈🎋

နားထဲဝင်လာတဲ့အသံတိုးတိုးလေးတွေ
ဥပမာ ငှက်အော်သံ လေတိုးသံ မိုးရွာလို့ ရေစက်လေးတွေကျတဲ့အသံလေးတွေ ကိုယ့်ရဲ့ အသက်ရှုသံလေးကအစ နားထောင်ကြည့်ပါ

👃 Things You Can Smell
🌱☕️🍵🍋🍉❄️🌨️🌼🌷

ပတ်ဝန်းကျင်ကအနံ့တစ်ခုခု
ဥပမာ လေထဲက သစ်ရွက်စိမ်းနံ့နဲ့ ပန်းရနံ့ ၊ သောက်လက်စ ကော်ဖီနံ့၊ မုန့်ဖုတ်တာ၊ ချက်ပြုတ်တာ၊ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အနံ့ကို ခံစားပြီး ရှုကြည့်ပါ

✋ Things You Can Feel
👚📲🏝️🎸🍸🔮📖✏️

လက်ဖဝါးနဲ့ထိနေတဲ့ အရာတစ်ခု ဒါမှမဟုတ် ကိုယ့်မျက်နှာကို လေတိုက်နေတာ ထိုင်နေရင်းခုံနဲ့ထိနေတာ
စတာလေးတွေကို သတိထားကြည့်ပါ

👄 Things You Can Taste
🥝🍒🍌🧀🍟🍲🍩🥛🧊🍶

လက်ရှိပါးစပ်ထဲမှာ ကျန်နေတဲ့အရသာ ဒါမှမဟုတ် ရေလေးသောက်ကြည့်ပြီး ကျန်တဲ့အရသာလေးကို သတိထားခံစားကြည့်ပါ

————-
အဲလို ၁ မိနစ်လောက် အာရုံစိုက်လိုက်တာက ကိုယ့်စိတ်ကျေနပ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ခံစားရရှိစေမှာပါ စိတ်ဖိစီးနေတယ်လို့ ခံစားရတိုင်း ဒီလေ့ကျင့်ခန်းလေးနဲ့ အာရုံစိုက်ကြည့်နော် 👐🏻

Peace doesn’t always mean silence — it means being present. 💖

With Love 💕
Dr. kisper ( Your Daily Dose )

Photos from Dr Kisper - Your Daily Dose's post 03/09/2025

✨❤️

Rare beauty
Soft Pinch Luminious Powder Blush 💕

Blusher သပ်သပ် highlighter သပ်သပ်သုံးစရာမလိုပဲ Glow ✨ & Flush 🌸 ကို တစ်ချိန်တည်းမှာပဲ ရလို့ အရမ်းကြိုက် 🥰🥰

Makeup မလိမ်းပဲ loose powder လေးအပေါ်ထပ်လိမ်းလိုက်ရုံနဲ့ glow သွားတာ ဘာမှမလိမ်းဖြစ်ရင်တောင် suncream နဲ့ သူပဲ 🥹🥹
အိတ်ထဲအမြဲထည့်ထားပြီး Brush မပါလဲ လက်နဲ့လိမ်းတယ် ကြိုက်လို့ 😆

Happy color လေး present 💝 ရလို့သုံးရင်း ကြိုက်လွန်းလို့ Cheer လေးထပ်ဝယ်လိုက်ပြီ 🥹🥹💸💸

✔️ Everyday Natural Look
✔️ Lightweight, non-cakey finish , glowing skin
✔️ Oily skin - ok
✔️ Long-lasting

❌ price က​တော့ 🥲🥲
✅အကြာကြီးသုံးရလို့တန်ပါတယ်

🙃 ဘယ်လောက်အမြင့်ကပဲ ကျကျ ၊ အောက်ကျတာနဲ့ တစ်စစီ ကြေကွဲပါတယ် 🥹🥹

16/08/2025

My passion✨, My profession as an aesthetic doctor 💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon