Beauty's Zone

Beauty's Zone

Share

PUKM

10/05/2026

Congee Premium Congee by khun Noi

ဆန်ပြုတ်သောက်ချင်လို့သွားတာ ဆန်ပြုတ်မရ

Dim sum စားပြန်လာရတယ်

Dim Sum က ကြိုက်မနေဘူး

အရသာရော အသားအနေအထားရော

တစ်ခုတစ်ခုကို အကြီးကြီးတွေ

စျေးကလည်း သူများဆိုင် ၂ ဆ ပေါ့

ဆိုဒ်ကလည်း ၂ ဆဆိုတော့

နောက်တစ်ခါ ထပ်မစားတော့မယ့်ဆိုင်ထဲပါ

Photos from Beauty's Zone's post 09/05/2026

ကမ်းခြေခရီးစဉ်ကို Kose UV Spray လေးနဲ့ အဆင်ပြေနေရော 🌊☀️⛱️

Photos from Beauty's Zone's post 30/04/2026

Hotpot Buffet စားမယ်ဆို The Best Hotpot in Town ဆိုတဲ့ အတိုင်း ပိုးအကြိုက်ဆုံး Hotpot Buffet က “Hotpot Country” ပဲ 😋😋😋

✅လတ်ဆတ်တယ်
✅သန့်ရှင်းတယ်
✅အရသာရှိတယ်
✅စုံလင်တယ်
✅ပေးရတာနဲ့တန်တယ်
✅လူကို စိတ်ကျေနပ်မှုရစေတယ်

ကိုယ်စားချင်တဲ့ အသား ငါးနဲ့ အသီးရွက်တွေကိုလည်း ရွေးပြီး မာလာရှမ်းကောချက်ခိုင်းလို့ရသေးတယ်

ပိုးကတော့ ပုဇွန်အခွံခွါ ရေနွေးဖျောပြီး Seafood Sauce ကောင်းကောင်းတစ်ခွက်ထဲနှစ်ပြီး စွဲလာတယ်

Collagen Soap သောက်ရတာကြိုက်တဲ့ပိုးက Collagen အနှစ်အရည်လည်း ၂ ခါလောက် အမြဲတောင်းပြီးသောက် 😋

ပိုးကတော့ တစ်ခါတစ်ခါစားရင် အရင်လို အများကြီးစုံလင်အောင် မစားနိုင်တော့ပေမယ့် ကိုယ်စားချင်တာလေးတွေ စုံစုံလင်လင်ရှိလို့ သတိရမိတဲ့ဆိုင်က Hotpot Country ပဲ

အကောင်းကြိုက်တယ် တန်တာလည်းကြိုက်လို့ ပိုးရဲ့ မှန်ကန်တဲ့ရွေးချယ်မှုက Hotpot Country ပါပဲ 🤩

Photos from Beauty's Zone's post 30/04/2026

ဖောက်ပြီး သုံးလိုက်ဦးမယ် 😁😁😁

28/04/2026

ယူတို့က သိပ်ကိို ငါးစိမ်မြင် ငါးကင်ပစ် လုပ်ကျတဲ့ မိန်းမတွေပဲ ☹️☹️☹️

အခု ပူနေပြီလေ အရမ်းပူအိုက်နေပြီ 🥵🥵🥵

နေပူထဲခဏလေးထွက်မိတာနဲ့ အသားတွေပူစပ်နေတဲ့ ကိုယ့်အတွက်တော့ Soothing Gel တစ်ဗူးမဖြစ်မနေကို ဆောင်ထားနေရပြီ … 😌

ဘာမှ မလိမ်းချင်လို့ စိတ်အိုက်နေရင်လည်း အလွယ်လိမ်းတာပဲ … နေပူထဲပြန်လာပြီး အသားတွေ စပ်လည်း လိမ်းလိုက်တာ … 🤩🤩🤩

အရမ်းအဆင်ပြေနေလို့ လာပြောပြတာနော် 🥰🥰🥰

25/04/2026

😇😇ဖွင့်ဖောက်ပြီးသား Skincare တွေကို ပြန်ဝယ်သုံးသူများ သိထားသင့်သော PAO အကြောင်း

🤔PAO ဆိုတာကို ဘယ်လိုနေရာတွေမှာအများဆုံးတွေ့နိုင်လဲ ????

😇PAO ဆိုတာ တစ်ကိုယ်‌ရေ သန့်ရှင်းရေးသုံး (သို့) အလှကုန်‌ဗူးတွေပေါ်မှာတွေ့ရတတ်တဲ့ 6M, 12M, 24M ဆိုတဲ့ သက်ေတလေးတွေကိုခေါ်ပါတယ် Period after opening (PAO)

🤔PAO ဆိုတာဘာလဲ ????

😍ဥပမာ အလှကုန်ဆိုပါစို့ - အလှကုန်တစ်ဗူးကိုဖွင့်လိုက်တဲ့ ရက်ကနေစပြီး 6M (၆ လ) ၊ 12M (၁၂လ) ၊ 18M (၁၈လ) ၊ 24M (၂၄လ) အစရှိသဖြင့် ရေးပေးထားတဲ့ လအတွင်းမှာ စိတ်ချ လက်ချ အသုံးပြုနိုင်တယ်။ အာနိသင် ထိရောက်တယ် ။ ဘေးကင်းတယ်ပေါ့နော် ။

🤔ဘာလို့ ဒီလိုသတ်မှတ်ကျလဲ ဆိုရင်

😪ဗူးအဖုံးဖွင့်လိုက်တဲ့အခါ ပျက်စီးတာ အရည်သွေးတဖြည်းဖြည်းကျသွားတာမျိုး ဒါမှမဟုတ် ဘက်တီးရီးယားတွေ ပေါက်ပွားလာတာမျိုး ဖြစ်နိုင်ပါတယ် ။

😍ဒီလောက်တော့ ပိုးတို့က ဗဟုသုတ အနေနဲ့ သိထားသင့်တယ်လို့ ထင်တဲ့ အတွက် မျှဝေပေးခြင်းပါနော်

🔄အဲ့တော့ ပိုးပြောချင်တာဘာလဲ ဆိုတာကို ပြန်သွားပါမယ်

❓❓ဒီလိုဖောက်ပြီးသား (သို့) အသုံးပြုပြီးသား Skincare တစ်ချို့ ပြန်ဝယ်သုံးတဲ့ အခါမှာ သေချာပါသလား ရောင်းသူဘက်က ဖောက်ပြီးပြီးချင်း ပြန်ရောင်းတယ်ဆိုတာ ယုံကြည်ပါသလား ????

3️⃣2026 မှာ ထုတ်တဲ့ Skincare 1ဗူးဟာ ၃ နှစ် သက်တမ်းရှိပါတယ်

❣️❣️ဥပမာ ပိုးက 2026 ထုတ် 2029 မှာ Exp ကုန်မယ့် Skincare တစ်ဗူးကို လက်ရှိ အချိန် 2026 မှာဖွင့်သုံးပြီး 2028 ခုနှစ်မှာ ပြန်ရောင်းတာရော မဖြစ်နိုင်ဘူးလား ??? ဒီလိုဆိုရင်ရော အာနိသင်ရှိပါ့မလား ?? ငွေကုန်ပြီး ကိုယ်ရသင့်တာကို ရပါ့မလား ??

🥰အဲ့တော့ ကိုယ်က သူများသုံးပြီးသား ပစ္စည်းတစ်ခုကို ငွေကုန်ကျခံပြီး ဝယ်တော့မယ်ဆို သေချာ စဉ်းစားပြီးမှ ဝယ်ကြဖို့ ပြောချင်ပါတယ်

အခု ပိုးပြောချင်တာလေး ပိုးမျှဝေတာလေးကို သဘောပေါက်တယ် ကြိုက်နှစ်သက်တယ် အတွေးတစ်ခု ရတယ်လို့ ထင်ရင် တခြားသူတွေလည်း သိရအောင် မျှဝေပေးပါဦး နော်

တော်ရုံဆို Share ပေးဖို့ မပြောတတ်ပေ‌မယ့် သိထားသင့်တာလေးဖြစ်လို့ 🥰

22/04/2026

“ပျိုပျို” တို့သာမက “ကိုကို” တို့ပါ အသည်းစွဲတဲ့ Moisture က ဘာဖြစ်မလဲ ???

တကယ်ကို အပိုမပြောဘူး … ကျတော်အဆီအရမ်းပြန်ပါတယ်ဆိုတဲ့ ကိုကိုတွေတောင် ထပ်ခါ ထပ်ခါ သူ့ပဲပြန်ဝယ်ကြရတာ အိမ်က ကျွန်မ၏ မောင် ဇီဇာတောင် သူသုံးပြီးတခြားဟာသုံးရင် ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့ …

အဆီပြန်ချင်သလောက်ပြန် နွေစာလေးပါကွာ… ကျဲကျဲလေးနဲ့ အေးအေးလေး စိမ့်ဝင်သွားတာ .. သုံးဖူးတဲ့သူတိုင်း ကြိုက်တဲ့ Isntree က Aqua Gel Cream 💦💦

21/04/2026

ရေချိုးပြီး စကွင်းကဲ 😇😇😇

20/04/2026

Bath & Body Works

ဝယ်သင့်လားလို့မေးရင် Yes !!

အခုလို စျေးချတဲ့ အချိန်မျိုးမှာ မသုံးဖူးသေးဘူးဆိုရင် မဖြစ်မနေကို ဝယ်ပါလို့ ✅✅✅

စျေးမချဘူးဆိုရင်တော့ ပုံမှန် 1150 ဘတ်မှာဆို လုံးဝမဝယ်သင့်သော … ❌❌❌

ဘာလို့ဝယ်သင့်လဲ … ပြောပြမယ်နော်

စျေးချရင် စျေးနှုန်းက ပုံမှန်လိမ်းနေကြ လိုးရှင်းတွေနဲ့ သိပ်မကွာတော့ဘူး

အနံ့လေးတွေက စိတ်ကြိုက် ရွေးစရာအများကြီးမလို့ ကြိုက်နှစ်သက်ရာ ရွေးဝယ်နိုင်တာ ဒါက အပေါ်ယံတွေ ပါမွှားပြောတာ .. 🌸🌸🌸

ပိုးအကြိုက်ဆုံးက ပုံမှန်စွဲလိမ်းရင် အသားရေက လှလာတာ .. လှလာတယ်ဆိုတာ ဘယ်လိုလဲ သိလား .. ဝင်းးးးပြီး စိုပြေနေတာမျိုး .. အသားရေလှတယ်ဆိုတာ ဖြူတာကို ပြောတာမဟုတ်ဘူးနော် .. မျက်လုံးထဲ မြင်မယ်လို့ မျှော်လင့်မိပါတယ် .. နောက်တော့ အသားမညီတာတွေအတွက်လည်းကောင်းတယ် … အစိုဓာတ်ကို အပြည့်အဝ လုံးဝ ကို ဖြည့်ပေးပြီး ကိုယ့် အသားကို ကိုင်လိုက်ရင် အိဖက်နေလို့ “ အသားလေးက အိဖတ်နေတာပဲနော် “ လို့ အပြောခံချင် ဒါကိုလိမ်းပါ …

Daily မလိမ်းနိုင်ရင် scrub တိုက်ပြီးတဲ့နေ့တွေ လိမ်းပါ …

ပိုးကတော့ cream တွေပဲ သုံးဖူးတယ် Lotion, mist နဲ့ body butter မသုံးဖူးသေးဘူးပေါ့နော်

❌❌မကောင်းတဲ့ အချက်လည်းရှိပါတယ် .. အနံ့က မတအားပြင်းတော့ အဲကွန်းခန်းလောက်ဆို အဆင်ပြေပေမယ့် အရမ်းပူရင် လူကို အနှောက်ယှက်ဖြစ်စေတယ် အဲ့တာလေး သတိပြုပါနော်

အင်္ကျီတွေမှာပါ အမွှေး နံ့က အရမ်းစွဲတာပါ 🌸🌸🌸

နောက်ဆုံး အပိတ်က .. ဘာပြောချင်လဲဆို .. တစ်ဖက်လူကိုလေ

🌸🌸🌸အမြင် အနံ့ အထိအတွေ့ 🌸🌸🌸

အဲ့ (၃)ချက်နဲ့ ဖမ်းစားနိုင်လို့ မိန်းကလေးတွေကို Body Cream တစ်ဗူးတော့ ဆောင်ထားစေချင်တယ် 💗💗💗

20/04/2026

Senka Perfect Whip Foam 💦💦

ကုန်ခါနီးလို့ အပြေးလေး လာပြောပြတာ

ပိုးကတော့ Dry Skin မှာ တော်တော် သဘောကျမိတယ် …

သစ်ပြီးတဲ့ အခါ မျက်နှာက ဖြူဖွေးဥဖတ်ပြီးကျန်ခဲ့တယ် …

Perfect Whip ဆိုတဲ့အတိုင်း အမြှုတ်ထွက်အားကောင်းပြီး အများကြီးသုံးစရာမလိုတာက အသားရေကို ထိခိုက်မှု လျော့နည်းစေတဲ့ သူ့ရဲ့ အဓိက အချက်ပဲ

သူက Oily Skin နဲ့ Combination Skin တွေ အတွက်လည်း အဆင်ပြေသောပဲ

ချွေးပေါက်ထဲက အဆီနဲ့ အညစ်ကြေးတွေကိုလည်း ပြောင်စင်အောင် သန့်စင်ပေးတယ်

Hyaluronic acid ပါလို့ အသားရေအတွက် ရေဓာတ်မဆုံးရှုံးအောင်ထိန်းထားပေးနိုင်တယ်

အပြာလေးက Original ဖြစ်ပြီး For All Skin Type အသုံးပြုလို့ရတယ် 🥰

18/04/2026

စမ်းကြည့်လိုက်ဦးမယ်

စမ်းစရာတွေကများ 🥰🥰🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Parami
Yangon