Family Foot SPA
The Best Massage In Yangon
06/10/2024
13/05/2024
#ကိုယ့်လမ်းကိုယ်လျှောက်ပါ…?
***********************
တချို့က မင်းကို အကြံသမားလို့ မြင်နေချိန်မှာ
တချို့ကတော့ အမြှော်အမြင်ရှိတယ်လို့
သုံးသပ်ပါကြလိမ့်မယ်....
တချို့က မင်းကို ပျော့ညံ့တဲ့သူလို့
အထင်သေးနေချိန်မှာ
တချို့ကတော့ စိတ်ထားနူးညံ့သူလို့
ပြောကြပါလိမ့်မယ်....
တချို့က မင်းကို ရက်စက်တတ်သူလို့
စွတ်စွဲနေချိန်မှာ
တချို့ကတော့ ပြတ်သားတတ်သူလို့
မြင်နေကြပါလိမ့်မယ်....
တချို့က မင်းကို လောဘကြီးသူလို့
အတင်းပြောနေချိန်မှာ
တချို့ကတော့ မင်းရဲ့လုံ့လစိုက်ထုပ်မှုကို
အသိအမှတ်ပြုကြပါလိမ့်မယ်....
တချို့က မင်းရဲ့ကြိုးစားအားထုပ်မှုကို
အရူးတစ်ယောက်လို့ ကဲ့ရဲ့နေချိန်မှာ
တချို့ကတော့ မင်းရဲ့ဇွဲသတ္တိကို
လေးစားနေပါလိမ့်မယ်....
လောကကြီးမှာ ဒီလိုပါပဲ
အကောင်းမြင်တဲ့သူ ရှိသလို
အဆိုးမြင်ဝါဒီတွေလဲ ရှိတယ်....
ကိုယ်တိုင်ကတော့ မှန်အောင်မနေနိုင်ပဲနဲ့
တဖက်သားကို ဝေဖန်အပုတ်ချတတ်သူတွေရှိတယ်...
တခြားသူတွေ ဘယ်လိုမြင်မြင်
အမြင်တိုင်းဟာ အမှန်မဟုတ်နိုင်ဘူး....
တခြားသူတွေ ဘယ်လိုထင်ထင်
အထင်တိုင်းဟာ အမှန်မဟုတ်နိုင်ဘူး....
ကိုယ့်အတွက်အမှန်တရားကို ကိုယ်တိုင်ပြဌာန်းပြီး
ကိုယ့်လမ်းကို မှန်မှန်လျှောက်တာဟာ
အမှန်ဆုံးပဲ သူငယ်ချင်း.....
မူရင်းရေးသူ
ဗဟုသုတစာပေလေးများဖတ်ရှုလိုပါက
အောက်ကစာအပြာလေးနှိပ်ပါ
👇👇👇👇👇👇👇👇👇
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်…"
30/04/2024
30/04/2024
ဝိတ်မြန်မြန်ကျဖို့ ဆောင်ရန် အချက်များ...
1.အိပ်ယာနိုးနိုးခြင်း ရေတစ်ခွက်သောက်ပါ။
2.အာဟာရရှိတဲ့ မနက်စာစားပေးပါ ။
3.နေ့တိုင်း ခြေလှမ်း ၅၀၀၀
အထက်လမ်းလျှောက်ပါ။ (သို့)
4.တစ်နေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ပေးပါ။
5.တစ်နေ့ ရေ၃လီတာ ပုံမှန်သောက်ပေးပါ။
6.အသီးအရွက်နဲ့ အဆာခံတဲ့အစားအစာစားပေးပါ ။
7.အစားစားတဲ့အခါ တခါထဲဗိုက်ဝအောင် စားခြင်းထက် ခဏခဏ အနည်းငယ်စီ စားပေးပါ။
8.ညနေစာကို ထမင်းထက် အသီးအရွက်စား ပေးပါ။
9.ညနေစာကို တတ်နိုင်သမျှစောစားပေးပါ။
10.ဝမ်းမှန်အောင်အထူးဂရုစိုက်ပါ။
11.စိတ်ဖိစီးမှုနည်းအောင်နေပါ ။
12.အစားအချိန်မှန်စားပေးပါ။
ကျန်းမာလှပသော နေ့ရက်များပိုင်ဆိုင်နိုင်ပါစေရှင့်
#ဝိတ်ချနည်း
24/04/2024
Family.Foot.SPA.Page.မှ🙏
Family.Foot.Page.အသစ်လေးပြောင်းလဲဖွင့်ထားပါသဖြင့်.🙏ကေျးဇူးပြုပြီး.Like.&.share..လေးနဲ့အားဖြည့်ပေးကြပါလို့.Family. ရဲ့ထမင်းရှင်🙏🙏မိတ်ဟောင်း🙏မိတ်သစ် 🙏များအားတောင်းဆိုပါတယ်ရှင့်🙏
"ထုံးစံ"
အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။
မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။
အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။
စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။
ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။
မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ
🌸❤
29/02/2024
အဆင့်အတန်းဆိုတာ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Latha Street 20 Upper Block (No48)latha Township
Yangon
11/07/2024