Nature's Life - Spa Supply

Nature's Life - Spa Supply

Share

Nature’s Life မှာSpa,Hotel နှင့် တစ်ကိုယ်ရည်သုံး Ess

မင်္ဂလာပါခင်ဗျာ။ Nature's Life မှာ Aromatherapy ကိုနှစ်သက်တဲ့ သဘာဝအနံ့လေးမျာကို မြတ်နိုးသူတိုင်းအတွက် လိုအပ်တဲ့ တစ်ကိုယ်ရည်သုံးသာမက Hotel နှင့် Spa တို့အတွက်ပါ Essential Oils, Carrier Olis, Massage Oilအမျိုးမျိုး, Massage Cream/ Lotion, Herbal Body Scrub, Body Mask တို့အပြင် Hotel သုံး Shampoo, Bath Gel, Body Lotion နှင့် Hand Wash တို့ကို ကောင်းမွန်သောအရည်အသွေး သင့်လျော်သောဈေးနှုန်းတို့ဖြင့် လက်လီလက်ကား ဖြန့်ဖြူးပေးနေပါသည်။Aromatherapy Massage မှရရှိသောအကျိုးများမှာ
- အနှိပ်ခံရတဲ့နေရာတ၀ိုက်ကို သွေးလည်ပတ်မှုတိုးစေပြီး ကြွက်သားတွေ ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
- ဒါကြောင့် သွားလာလှုပ်ရှားရာမှာ ပေါ့ပါးသွက်လက်လာနိုင်ပါတယ်။
- စိတ်ဖိစီးတာ၊ စိတ်ပိုင်းရုပ်ပိုင်းတင်းကြပ်နေတာတွေကိုလည်း သိသိ သာသာကြီးကို လျော့ပါးသက်သာစေပါတယ်။
- ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်လက်လေးလံထိုင်းမှိုင်းတာ၊ အကြောတွေ တင်းတောင့်နေတာတွေလည်း သက်သာစေပါတယ်။
- ကိုယ်တွင်းရည်လည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးနိုင်ပြီး အဆိပ်တွေကို ထုတ်ပေးတဲ့အတွက် ကိုယ်ခံအားစနစ်ကိုတိုးတက်စေနိုင်ပါတယ်။
ဒီလိုကောင်းကျိုးပေးတဲ့ Massage ကို Aromatherapy နဲ့ပေါင်းစပ်လိုက်တဲ့ အခါ အနှိပ်ခံရတာပိုပြည့်စုံကောင်းမွန်သွားစေမှာပါ။
- Essential oils တွေမှာပါဝင်တဲ့ သဘာဝဒြပ်ပစ္စည်းတွေဟာ စိတ်ခံစားမှု တင်းကြပ်တာတွေကို လျော့ကျစေနိုင်ပါတယ်။ Carrier oil နဲ့ရောစပ်ပီး oil massage လုပ်ကြည့်ရင် စိတ်ဖိစီးတာ၊ ကိုယ်ခဲနာကျင်နေတာတွေ အရမ်းကို သိသိသာသာသက်သာသွားတာ ကြုံတွေ့ရမှာပါ။
- အနှိပ်ခန်းနဲ့ Spa တွေမှာမှမဟုတ်ပါဘူး။ကိုယ်ရဲ့ခင်ပွန်းဇနီးမယားနဲ့လည်း အချင်းချင်းအပြန်အလှန်နှိပ်နယ်ပေးနိုင်ပါတယ်။ တစ်ချို့ aphrodisiac အစွမ်း ရှိတဲ့ Essential Oil (or) Blend oil တွေကိုသုံးပြီးနှိပ်ရင် ပိုကောင်းမွန်တဲ့ ရလာဒ်တွေပါဖြစ် ပေါ်စေမှာပါ။ အချင်းချင်းနှိပ်တဲ့အခါ စနစ်တကျ အကွက်တွေ တက်တဲ့အထိလေ့လာစရာမလိုပါဘူး၊ Massage ဆိုတာ ထိတွေ့ မှုတစ်မျိုးပါ။ စိတ်ပါလက်ပါနှိပ်ကြည့်ရင် အကျိုးထူးတာတွေ့ရမှာပါ။
- တချို့ massage oils တွေမှာ synthetic oil တွေပါဝင်တက်ပါတယ်။ ဒီအဆီတွေကြောင့် အရေပြားကောင်းကောင်းအသက်မ ရှူနိုင်ပါဘူး။ ဒါကြောင့် သဘာဝအဆီ carrier oil တွေကိုပဲရွေးချယ်သုံးစေချင်ပါတယ်။ အရေပြားကို အာဟာရဓါတ်လည်း ပေးနိုင်ပါတယ်။ အစိုဓါတ်ကိုလည်းထိန်းပေးထားနိုင် ပါတယ်။ fatty acids, anti-oxidants တွေ၊ အခြားအရေးကြီးတဲ့ အာဟာရ ဓါတ်တွေကိုပါ အရေပြားကိုပေးနိုင်ပါတယ်။
တကယ့် oil massage ကိုအနှိပ်ခံချင်ရင်တော့ နာရီပေါင်းများစွာကျင့်ထားတဲ့ သူတွေဆီမှာသာ အနှိပ်ခံပါ။ အဲ့လိုဆိုင်မှာအနှိပ်ခံတာ မဟုတ်ပဲ ကိုယ်ချင်း ကိုယ်ချင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ချစ်ခင်ခင်နှိပ်ဖို့အတွက်ဆိုရင်တော့ အခုဖေါ်ပြ ထားတာတွေကို ကြိုသိထားသင့်ပါတယ်။
- အရမ်းကြီးဖိတွန်းမနှိပ်ပါနဲ့။ ခံလိုကောင်းသယောင်ရှိပေမဲ့ တကယ်တော့ ညင်ညင်သာသာနှိပ်တာက ဘေးပိုကင်းပြီး ရေရှည်မှာ ကောင်းကျိုးပိုရှိပါတယ်။
- အရိုးပေါ်ကို ဘယ်တော့မှတိုက်ရိုက်မနှိပ်မိပါစေနဲ့၊ အရိုးကျိုးထားဘူး တဲ့နေရာတွေဆိုရင် ပိုတောင်သတိထားပါ။
- အစာအိမ်ရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်တွေရဲ့ ၀မ်းဗိုက်နေရာကို လုံးဝ မနှိပ်ပါနဲ့။
- ပွန်းပဲ့ထားတဲ့နေရာ၊ ဒဏ်ရာရှိတဲ့နေရာတ၀ိုက်ကိုလည်း မနှိပ်ပါနဲ့။
- ကျောတွေ၊ ဇတ်တွေကိုလည်း သွားမချိုးပါနဲ့။ ဒါမျိုးက ကျွမ်းကျင်တဲ့ သူတွေပဲလုပ်သင့်တာပါ။
- ဆေးကုခံနေရတဲ့သူ၊ နာတာရှည်ရောဂါသည်ဖြစ်ရင်လည်း မနှိပ်ပေး တာကောင်းပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကသာ ဒီဝေဒနာသည်တွေ ကို နှိပ်ပေးသင့်ပါတယ်။
စိတ်ဝင်စားသွားပြီဆိုရင်တော့ အခုပဲစမ်းသပ်မှာယူသုံးစွဲကြည့်နိုင်ပါပြီခင်ဗျာ။

Category

Telephone

Website

Address


No. 6, Wunmin Street, Ward 16, Pyitharyar, Yankin Township
Yangon
11082

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nature's Life - Spa Supply posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.