Gluta Colla Online Shop

Gluta Colla Online Shop

Share

Fair Price & Best Quality

10/09/2026

နှုတ်ခမ်းကိုဖူးဖူးစိုစိုလေး နဲ့ လှ နေစေမယ့်
Glad2Glow Lip serum

Price - 25000 ks 🫐🍓

09/09/2026

Review များနေတဲ့ Best seller Pantene miracle hair serum


40 g - 8000 ks
140 g - 23000 ks

“လူတွေ hype ပြပြီး ကြိုက်ပြနေရင် pick-me ဆန်ပြီး bad review ရေးဖို့ ပေါ်လာပါပြီ”
လို့တွေးနေကြမလားတော့မသိဘူး။ 🤣🤣🤣

ဒါကတော့ အကောင်း‌ရေးတာပါ။

ဖူးပွင့် ဆရာ Zach ဆီမှာ keratin treatment ယူပြီးတော့ ဆံသားတွေကို keratin ကြာကြာထိန်းနိုင်ဖို့အတွက် ဆံပင်အဖျားတွေကို hair treatment, hair serum, leave-on balm လိုမျိုးတွေ စမ်းသုံးပြီးဆံပင်ပေါ်စုံတကာစိတင်ဖြစ်တဲ့အချိန် ဒါကိုဆိုင်မှာဈေးဝယ်ရင်းတွေ့လို့ယူလိုက်တာ။

သုံးထားတာ ၃-၄ ခါပဲရှိသေးလို့ ရေတို result အကြောင်း review ပဲရဦးမယ်နော်။

Silicone-based, collagen-based hair serum လိုမျိုးပဲ။ သူက Hair serum ထက်ကို နို့ရည်လိုမျိုး leave-on conditioner သဘောမျိုးလို့ခံစားရတယ်။ အစက hair coat/ hair oil လိုမျိုးထင်နေခဲ့တာ။

ဖူးပွင့်ကတော့ ဒါကိုခေါင်းလျှော်ပြီး သဘက်နဲ့သုတ်ပြီးတော့ ဆံပင်ကနည်းနည်းစိုထိုင်းထိုင်းဖြစ်နေတဲ့အချိန်မှာဆံပင်အဖျားတွေကိုလိမ်းပြီးတော့ dryer နဲ့မှုတ်လိုက်တယ်။

Result က ဆံသားပျော့ပျော့လေးဖြစ်ပြီးတော့ weight ထည့်ထားသလိုမျိုးအဆန့်လိုက်အတောင့်လိုက်ဖြစ်မသွားဘဲ သဘာဝဆန်ဆန်လေးပျော့တယ်။ အထူးသဖြင့် အဖျားတွေကို ဒီ serum လိမ်းတာနဲ့ မလိမ်းတာမှာသိသာတယ်။ လိမ်းရင် အဖျားတွေကပိုပြီးဝပ်တယ်လို့ခံစားရတယ်။

ထပ်ပြီးပြောချင်တာက ဖူးပွင့်ဆံပင်က keratin treatment ယူထားတဲ့အတွက်ကြောင့်မို့လို့ ဒီ serum က keratin ကိုပိုပြီးပံ့ပိုးထားတာဖြစ်နိုင်တာကိုတော့ ထပ်ပြီးအလေးပေးပြီးပြောမယ်နော်။ ဖူးပွင့်နေရာမှာ သဘာဝအတိုင်းဆံသားကို မပြုမပြင်ထားထားတဲ့သူ၊ နဂိုအတိုင်း frizzy ဖြစ်နေတဲ့သူတွေဆိုရင်တော့ ရလဒ်ကကွာနိုင်တယ်။

ဖူးပွင့်စိတ်ထင်ကတော့ ဒါကိုဆံသားတအားပါးပြီး၊ ဆံလုံးအမျှင်သေးတဲ့သူတွေအနေနဲ့တော့သိပ် try မကြည့်သင့်ဘူး။ ဆံသားလေးပြီးကပ်သွားမှာစိုးလို့။

ဆံသားကထူကြမ်းပြီးအဖျားရှုပ်လွယ်တယ်၊ အဖျားရှုပ်တတ်တယ်။ နောက်ပြီးတော့ အဖျားတွေကအရင်းနဲ့အရောင်မတူဘဲဖွာလန်လန်ဖြစ်တတ်တယ်၊ အဖျားနှစ်ခွကွဲတတ်တယ်ဆိုရင်တော့အဆင်ပြေနိုင်မယ်။ အဖျားနှစ်ခွကွဲပြီးရင်တော့ မရဘူးနော်။ ဒါက ဒီတစ်ခုတင်မဟုတ်ဘူး သိန်းချီတန်တဲ့ treatment လည်းမရဘူး။ အဖျားနှစ်ခွကွဲပြီးရင်ညှပ်ကိုညှပ်ထုတ်ရတာ။

ဖူးပွင့်ကတော့ ဖူးပွင့်လိုမျိုး keratin treatment လုပ်ပြီးတော့ post-care မှာ ဆံသားကို keratin တွေကြာကြာခံအောင်ထိန်းသိမ်းဖို့အတွက် product ရှာနေရင်တော့ ဒါလေးက budget option ပေါ့နော်။ ဖူးပွင့်ကြိုက်တဲ့ Moremo LPP No-wash treatment နဲ့ရလဒ် 60-70% ရာနှုန်းလောက်ဆင်တယ်။ LPP ကတော့ ဖူးပွင့်အတွက် longterm သုံးခဲ့တာဆိုတော့ စိတ်ကတော့ LPP ကိုပိုသဘောကျပေမယ့် LPP က ဒီအချိန်မှာဝယ်ရခက်၊ ဈေးလည်းတက်တာကြောင့် ဒါလေးကဈေးတန်ပြီးသုံးပျော်တဲ့အနေအထားတစ်ခုမှာမို့လို့ review ရေးလိုက်ပါတယ်။​

ဆိုင်တော်တော်များများမှာရောင်းကြပေမယ့် ဖူးပွင့်ကတော့ Queens Paradise ကနေပြီးတော့ဝယ်ထားပါတယ်။ အတုအပကတော့ ကိုယ့်ဘာသာသတိပြုပြီး ကြည့်ကျက်ဝယ်ပေါ့နော်။

See you in the next post.

Love,
Rosie

Disclaimer - bought this with my own money.

Photos from Pann Sabal-Reviewer's post 09/09/2026

JMCY Eyeliner Gel pencil


Price - 14000 ks ( Black 1/ Brown 1) နှစ်ချောင်းပါ ✔️✔️✔️

09/09/2026

#ဆံပင်ကျွတိသိသိသာသာ သက်သာစေတဲ့
Lilyeve Exosome Brush Ampoule


Price -63000 ks ( 100 ml) ✔️✔️✔️

ဒါ​ကြီးက ဒီလောက်ကောင်းမှန်း အစထဲကသိခဲ့ရင် ဝယ်သုံးလိုက်တာကြာပေါ့။ New Feed မှာ အမြဲတွေ့နေပေမဲ့ စျေးလည်းမနည်းတော့ Budgetကချိန်နေရတာ။ အခုတော့ သုံးကြည့်ပြီး Result ကရူးခါလောက်တာမို့ စျေးဆိုတာ ထည့်တောင်မစဉ်းစားချင်။

ဘာမှမပြောခင် သူ့မှာပါတဲ့ Brush ကြီးအကြောင်း အရင်ပြောပြမယ်။ ခေါင်းမှာဖြီးချလိုက်ရင်ကို တအားဇိမ်ရှိတာ။ ဘယ်လိုလဲမသိဘူး။ ဖြီးရတာ အရမ်းကောင်းတာဘဲ။ ခေါင်းယားတာလည်း သက်သာပြီး ဖြီးရတဲ့ Feeling ကိုကမိုက်နေတာ။ အခုတောင် ပြောရင်းနဲ့ဖြီးချင်လာပြန်ပြီ။ 🤣

ဒီကောင့်ကိုလေ ပုံမှန်ထက်ဆံပင်ပိုကျွတ်တတ်ရင်၊ ဆံသားပါးပြီး ထိပ်ပြောင်နေရင်သုံးကြည့်နော်။ဘာလို့ဆို Plant Exosome နဲ့ Biotin ပါတော့ ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့အပြင်ဆံပင်ကျွတ်သက်သာပြီး ဆံသားကျန်းမာအောင် ကူညီပေးနိုင်လို့။

သုံးရလည်း မခက်ဘူး။ ဘီးဖြီးသလို ဆံပင်ကျွတ်တတ်တဲ့နေရာ၊ ပါးနေတဲ့နေရာတွေမှာ Brush Head ကိုဆွဲလှည့်ပြီး Ampoule ကိုစိမ့်ဝင်အောင် ဖြည်းဖြည်းချင်းဖြီးပေးရုံပဲ။ On / Off လုပ်လို့ရတဲ့ Brush Head ကိုဆွဲလှည့်လိုက်ရုံဘဲ။

နေ့တိုင်းသုံးလို့ရသလို ရက်ခြားသုံးလည်းရတယ်။ "ခေတ်" ကတော့ ခေါင်းလျှော်ပြီး Dryer နဲ့ လေအေးနဲ့မှုတ်ပြီးချိန်မှာသုံးတယ်။ လိမ်းနေတုန်း ခဏတော့ရှိန်းတန်းတိန်းနဲ့စိုစိုလေးဖြစ်ပေမဲ့ ခဏနေစိမ့်ဝင်သွားတော့လေ ဦးရေပြားအဆီပိုပြန်တာ၊ ဆံပင်ပြားကပ်တာမျိုးလည်း မဖြစ်ဘူး။

"ခေတ်" အတွက်တော့ ဆံပင်အသစ်တွေထွက်လာတာထက် ဆံပင်ကျွတ်သက်သာတာ ပိုသိသာတယ်။ ရှိနေတဲ့ဆံပင်တွေ ဆက်မကျွတ်အောင်ထိန်းပေးပြီး ဆံပင်အမြစ်ပိုင်းကို အားဖြည့်ပေးနေတာနဲ့တင် ဒီကောင့်ကို Fall in Love နေပြီ။ ကြိုက်တယ်။ ကုန်ရင် ထပ်ဝယ်မယ် ။ Trend မှန်သမျှထဲ ဒီ Trendက အမိုက်ဆုံးဘဲ။

လိုချင်ရင် Your Little Eggy မှာရတယ် Authentic စစ်စစ်တွေ😍

Photos from Gluta Colla Online Shop's post 09/09/2026

ဝက်ခြံ ထွက်တတ်သူတိုင်း ဆောင်ထားသင့်တဲ့
Acne Gel / Acne spot patches
ရနိုင်တာလေးတွေပါ ✨✨✨

Photos from Gluta Colla Online Shop's post 09/09/2026

အရမ်းကို trend ဖြစ်နေတဲ့
Glad2Glow Brightening Lip Serum 💗
နှုတ်ခမ်းကို စိုပြေပြောင်လက်ပြီး အရောင်လေးလည်း လှစေမယ့် Lip Serum လေးပါရှင် ✨✨✨

Best seller Colour (2) ရောင်ရပါအုံးမယ်နော်



Price - 25000 ks 🍓🫐🍒

🫐 Soda 🔥
ထင်ရှားတဲ့ Berry Magenta / Hot Pink Tone လေး။ နှုတ်ခမ်းအရောင် ပိုပေါ်ချင်သူတွေအတွက် အရမ်းလှတဲ့ shade ပါ။

🍒 Pop
ချိုမြိန်တဲ့ Cherry Red Tone လေး။ နှုတ်ခမ်းအရောင် ပိုထင်ရှားပြီး တက်ကြွတဲ့ Look ရစေပါတယ်။

09/09/2026

ဘက်စုံ သုံး လို့ လည်းရ Budget လည်း save ဖြစ်တဲ့ Glad2Glow Glycolic Essence Toner



Price - 26000 ks 💦💦💦

ကိုယ်က Glycolic Acid tonerˎˊ˗ဆို The Ordinary ကို အရင်ဆုံးရွေးမိတဲ့သူ ဒါပေမယ့် Glad2Glow ရဲ့ ဒီ 7% ကို သုံးပြီးနောက်ပိုင်း အမြဲတမ်း expensive one ကိုပဲ ဝယ်နေဖို့လိုရဲ့လား?’ ဆိုပြီး တွေးမိလာတယ်🙌🏻

⤷ အခု Glad2Glow ရဲ့ ဒီ toner လေးကိုသုံးကြည့်ပြီး သတိထားမိတာက The Ordinary Glycolic Acid 7% နဲ့ သုံးရတဲ့ purpose အရ တော်တော်ဆင်တူတယ် ဆိုတာပါ။
နှစ်ခုလုံးမှာ 7% Glycolic Acid ပါပြီး dead skin cells တွေကို exfoliate လုပ်ပေးတာ၊ skin texture ပို smooth ဖြစ်လာအောင်နဲ့ dull skin ကို ပိုကြည်လာအောင် ကူညီပေးတဲ့ exfoliating toner type တွေပါ။

အမှုန်အနေနဲ့မျက်နှာ skin ထက် elbows, knees, body acne လို body areas တွေမှာပါ exfoliation အတွက် သုံးဖြစ်တယ်။

⤷ ဒါပေမယ့် The Ordinary က စျေးပိုမြင့်တာကြောင့် Glycolic Acid toner ကို budget save လုပ်ပြီး သုံးချင်တဲ့သူတွေအတွက် Glad2Glow က ပိုအဆင်ပြေတဲ့ option တစ်ခုလို့ ထင်တယ်💚

7% Glycolic Acid (AHA)ကအဓိကက
Dead skin cells တွေကို exfoliate လုပ်ပေးပြီး
Rough skin texture ကို smooth ဖြစ်လာစေတယ်
Dull skin ကို ပိုကြည်လာစေတယ်
Uneven skin tone ကို improve လုပ်ပေးတယ်
Dead skin build-up လျော့စေတယ်

ဒါအပြင် Panthenol, Purslane Extract, Sodium Hyaluronate & Trehalose တို့ပါဝင်တာကြောင့် skin ကို hydration နဲ့ soothing ဘက်ကလည်း support ပေးပါတယ်။

အမှုန်ကိုယ်တိုင်သုံးကြည့်တဲ့အခါ skin texture ပို smooth ဖြစ်လာတာနဲ့ အသားအရေက အရင်ထက် ပိုကြည်လာတာ ကို သတိထားမိတယ် ✨

⚠️ မှုန်တို့ 7% Glycolic Acid ဖြစ်လို့ နေ့တိုင်းသုံးဖို့တော့ မလိုပါဘူး။ Beginner တွေက တစ်ပတ် 2 ကြိမ်လောက်ကနေ စပြီး ကိုယ့် skin က tolerate လုပ်နိုင်မှ frequency ကို ဖြည်းဖြည်းတိုးတာပိုကောင်းပါတယ်။

ပြီးတော့ Retinol / AHA / BHA လို active ingredients တွေနဲ့ တစ်ညတည်းမှာ အများကြီးမတွဲသုံးဘဲ နေ့ဘက် Sunscreen မမေ့ဖို့လည်း အရေးကြီးပါတယ် ☀️

💭The Ordinary ရဲ့ Glycolic Acid 7% ကို သုံးချင်ပေမယ့် ပို budget-friendly ဖြစ်တဲ့ option ရှာနေတယ်ဆိုရင် Glad2Glow ကို consider လုပ်ကြည့်လို့ရတယ်။
Formula တစ်ခုနဲ့တစ်ခုတော့ အတူတူမဟုတ်ပေမယ့် Glycolic Acid 7% exfoliating toner ဆိုတဲ့အပိုင်းမှာ ဆင်တူပါတယ်🫶🏻

Overall Rating — 9/10🌟🌟🌟
Bought from: Shwe Pone Store

Photos from Let Me Share - Irene Pretty's post 09/09/2026

Tropio Fiber လေး
ပါနော်

Price - 27500 ks ( တဗူး ဆယ်ထုပ်ပါ)

Photos from HMONE’s Beauty Bliss's post 09/09/2026

Vaseline Gluta Hya PDRN serum type lotion


Price - 22000 ks (290 ml) 💦💦✨

Photos from Gluta Colla Online Shop's post 09/09/2026

💚💛 𝗣𝘂𝗿𝗶𝘁𝗼 ရဲ့ Best Seller 𝗕𝗮𝗺𝗯𝗼𝗼 𝗖𝗿𝗲𝗮𝗺ရော Oat Gel Cream လေးပါ Instock ပြန်ရောက်ထားပြီ💛

Budget လည်း Save ဖြစ်မယ် Skin တွက် ထိရောက် တာ လေး လည်း သုံးချင်တာ ဆို Sensitive Skin က အစ သုံးပေးလို့ရတဲ့ Purito Product လေးတွေ ရွေးချယ် ဖို့ must have ပါနော် ✨✨✨✨

Direct From Korea 🇰🇷
100% Authentic ✅ (Hologramပါ ပစည်းအစစ် အာမခံ)

❌အတုအပ လုံးဝလုံးဝ မရောင်းပါ ❌

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 16 Dhobi 3rd Street Kandawkalay Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 11:00 - 20:30
Tuesday 11:00 - 20:30
Wednesday 11:00 - 20:30
Thursday 11:00 - 20:30
Friday 11:00 - 20:30
Saturday 11:00 - 20:30
Sunday 11:00 - 20:30