Iris Beauty Collections

Iris Beauty Collections

Share

Your friendly shopping partner ďż˝ we offer the right products just for you

Photos from Iris Beauty Collections's post 11/11/2021

🐼The Ordinary Caffeine Solution- INSTOCK🐼

​ဈေးမတက်သေးဘဲ အရင်ဈေးနဲ့ပဲ ဝယ်လို့ရပါသေးတယ်နော်!

Delivery within 3-4 working days ✅
Banking- no extra charge ✅

Photos from Iris Beauty Collections's post 25/10/2021

PIXI TONIC COLLECTIONS
✅Authentic
✅Instock Available
✅Delivery within 2-3 Working Days
✅Import from UK
✅Alcohol Free / Paraben Free
✅For All Skin Types

🍋 Pixi Vitamin-C Tonic (Brightening Toner)
🍋မျက်နှာဝင်းပပြီး အမည်းစက်တွေလျော့နည်းစေဖို့
🍋100ml - 225,00 MMK

• Vitamin C နဲ့ Ferulic Acid က နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာကို သက်သာစေတယ်
• Probiotics - skin natural barrier ကို အားဖြည့်ပေးတယ်
• Willow Bark - gently exfoliates & balances
• Aloe Vera - soothing
• Orange, Lemon, Grapefruit Extracts တွေကိုသုံးပြီး ဖော်စပ်ထားပါတယ်

🥥Pixi Collagen Tonic (Volumizing Toner)
🥥အရေးအကြောင်းတွေလျော့နည်းပြီး အသားအရေချောမွေ့တင်းရင်းစေဖို့
🥥100ml - 225,00 MMK

• Acacia Collagen - အသားအရေကို တင်းရင်းပြီး ပြန်လည်နုပျိုစေတယ်
• Peptides - tones & revitalizes
• Fruit Extracts and Botanical တွေမှာပါဝင်တဲ့ Antioxidant အကျိုးကျေးဇူးတွေကြောင့် နုပျိုတဲ့အသားအရေကို ရစေနိုင်ပါတယ်
• Coconut water နဲ့ Sea Salt က အသားအရေကို စိုပြည်စေတယ်

🌺Pixi Retinol Tonic (Advanced Volumizing Toner)
🌺အသားအရေကို ပြန်လည်နုပျိုစေပြီး သဘာဝအတိုင်း ကြည်လင်တောက်ပစေဖို့
🌺100ml - 225,00 MMK

• Time-release Retinol - potent Anti-oxidants ပါဝင်တာမို့ အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကို ညီညာချောမွေ့စေတယ်
• Peptides - အသားအရေကို တင်းရင်းစေပြီး သဘာဝ collagen ထုတ်လုပ်မှုကို တိုးပွားစေတယ်
• Jasmine Flower - heals & balances

🌾Pixi Milky Tonic (Soothing Toner)
🌾ရေဓာတ်ပြည့်ဝပြီး sensitivity သက်သာစေဖို့ (very dry / sensitive skin)
🌾100ml - 225,00 MMK

• Jojoba Milk - ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ကျန်းမာတဲ့ အသားအရေရရှိစေတယ်
• Oat Extract - ခြောက်သွေ့ပြီး ယားယံတတ်တဲ့ အသားအရေကို သက်သာစေတယ်
• Green Tea - antioxidant properties
• enriched with Matricaria Flower Water, Jojoba Seed Oil, Camellia Leaf Extract, Orange Peel Extract, Rose Flower Extract, Vanilla Extract, Grape Extract, Lemon Extract, Clove Extract and Lavender Extract

✅ အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ သေချာရေးပေးထားပါတယ်..
👋 ဖတ်ပြီးတော့ ဘယ်ဟာသုံးရမလဲ ဝေခွဲမရဘူးဆိုရင် Admin တို့ကို Hello လိုက်ပါ.. သေချာလေး ရှင်းပြပေးပါမယ်နော်..
🔺Instock ရှိသလောက်ကိုပဲ ဒီစျေးနဲ့ ရမှာမို့ မြန်မြန်လေးတော့ ရွေးပေးပါလို့

03/10/2021

The Ordinary - Buffet (All in One serum)

🏷 Price - 32,000 MMK (30ml)
📦 In-stock Available
🚚 Delivery within 3 working days

🎁 Buffet ဆိုတဲ့ နာမည်အတိုင်း တစ်မျိုးထဲလိမ်းတာနဲ့ "all in one” effect ရစေပြီး Signs of Aging တွေကို သက်သာစေတဲ့ serum လေးပါ။

👉🏻 Signs of Aging တွေက ဘာတွေလဲ?

🔺 Age spots ဆိုတဲ့ အမည်းစက်လေးတွေ ထွက်လာတာ
🔺 အသားအရေ ညစ်ထေးထေးဖြစ်လာသလို ခံစားရတာ
🔺 မျက်လုံးထောင့်မှာ အရေးအကြောင်းလေးတွေ သိသာလာတာ
🔺 Smile lines လေးတွေထင်းလာတာ
🔺 ချွေးပေါက်တွေကျယ်လာတာ
🔺 မျက်နှာအဆီပြန်တယ်လို့ထင်ရပေမယ့် တကယ်တမ်းက ခြောက်သွေ့နေတာ

❗️ဒါမျိုးလေးတွေကြုံလာရပြီ၊ ဒါပေမယ့် ပစ္စည်းတွေအများကြီးလည်း မသုံးချင်ဘူးဆိုရင် Buffet ကိုသုံးကြည့်ပါ

What’s inside Buffet?

🧪 Matrixyl 3,000 peptide complex (collagen booster) - အရေပြားရဲ့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတယ်
🧪 Matrixyl Synthe'6 peptide complex -အသားအရေကို အားဖြည့်ပြုပြင်ပေးတယ်
🧪 Syn-Ake peptide complex - အရေးအကြောင်းတွေကို သက်သာစေတယ်
🧪 Relistase peptide complex, Argirelox peptide complex - အသားအရေတွန့်တာ၊ လျော့ရဲလာတာကို ကာကွယ်ပေးပြီး ပြန်လည်တင်းရင်းစေတယ်
🧪 Probiotic complex - acne နဲ့ Premature Aging ကို ကာကွယ်ပေးတယ်
🧪 11 skin-friendly amino acids - Collagen ထုတ်လုပ်မှုကို အားပေးပြီး၊ အရေးအကြောင်းတွေ လျော့နည်းစေတယ်
🧪 multiple hyaluronic acid complexes - အသားအရေကို စိုပြေတင်းရင်းစေသလို ကြည်ပြီးဝင်းစေပါတယ်

✅ pH 4.5-5
🚫 NO - Alcohol / Silicone

🔺အသုံးပြုပုံ - မနက်၊ည - မျက်နှာကိုသန့်စင်ပြီး တခြား serum တွေမလိမ်းခင် အရင်လိမ်းပေးနိုင်ပါတယ်။

🚫 Buffet သုံးမယ်ဆိုရင် Direct acids၊ Vitamin C စတာတွေနဲ့ တွဲမသုံးဖို့ သတိထားပေးပါနော်။

02/10/2021

*** Out of Stock ***

The Ordinary -SQUALANE CLEANSER (မျက်နှာသစ်ဆေး)

🏷 Price - 16,500 MMK (50ml)
📦 In-stock Available
🚚 Delivery within 3 working days

🔺ဘယ်အသားအရေနဲ့မဆို သင့်တော်တဲ့ Gentle cleanser

✅ ဒီ Cleanser ထဲမှာ skincare ပစ္စည်းအများစုမှာတွေ့ရတဲ့ hydrator တမျိုးဖြစ်တဲ့ Squalane ပါဝင်ပါတယ်။

🔺Squalane ဆိုတာ အသားအရေကို အစိုဓာတ်ပြည့်ဝအောင်၊တင်းရင်းချောမွေ့အောင် လုပ်ပေးတဲ့ သဘာဝပစ္စည်းတမျိုးဖြစ်ပြီး လူ့အရေပြားကလည်း သဘာဝအလျောက်ထုတ်လုပ်ပေးပါတယ်။
((The Ordinary မှာတော့ အပင်တွေကရတဲ့ natural plant based Squalane ကို အသုံးပြုထားတဲ့အတွက် လုံးဝ Cruelty-free ပါ))

🔺Squalane အပြင် တခြား lipophilic esters တွေပါဝင်တာကြောင့် မျက်နှာပေါ်က အညစ်အကြေး၊ မိတ်ကပ်အကြွင်းအကျန်နဲ့ အဆီပိုတွေကို အရမ်းကြီးပွတ်တိုက်စရာမလိုဘဲ အလွယ်တကူသန့်စင်ပေးနိုင်တယ်။ မျက်နှာသစ်ပြီးတဲ့ အချိန်မှာလည်း မျက်နှာကိုတင်းတင်းခြောက်ခြောက်ကြီး မဖြစ်စေဘဲ ရေဓာတ်ဖြည့်တင်းပေးပါတယ်။

🚿အသုံးပြုပုံ
လက်ထဲမှာ ဆယ်စက္ကန့်လောက်ထားပြီး ပွတ်လိုက်တယ်ဆိုရင် သူရဲ့နဂိုအဖြူပျစ်ပျစ်ပုံစံကနေ အရည်ကြည်ကြည်လေးအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အဲ့ဒီအခါကျမှ မျက်နှာပေါ်ကိုအသာလေးပွတ်ပြီး ရေဆေးချလိုက်ရုံပါပဲနော်။

🚫 သုံးနေကြမျက်နှာသစ်ဆေးတွေလို မျက်နှာကို ရေကြိုစွတ်ထားဖို့ မလိုပါဘူး။

🚫 soap-free cleanser မို့ အမြုပ်တွေအများကြီးမထွက်သလို ရေအများကြီးသုံးပြီး ဆေးချစရာလည်းမလိုပါတဲ့ cleanser ပါ။
🚫 Non-comedogenic formula ကြောင့် ချွေးပေါက်ပိတ်မှာလည်း မစိုးရိမ်ရဘူးနော်။

✅နေ့စဉ် - မနက်၊ည သုံးလို့ရပါတယ်
✅for all skin types
✅pH 5.5-6.5
✅No Alcohol, Oil, Silicone

02/10/2021

The Ordinary ရဲ့ Vitamin C ကို သုံးကြည့်ချင်သူတွေအတွက် vitamin c suspension 23% + ha spheres 2% - Instock ရှိပါတယ်နော်!

🍏 အသားအရေကြည်လင်တောက်ပဖို့၊ skin tone ညီညာဖို့နဲ့ aging signs တွေကို တိုက်ဖျက်ပေးဖို့ ထုတ်လုပ်ထားတဲ့ Vitamin C နဲ့ Hyalauronic Acid ပါဝင်တဲ့ suspension ဖြစ်ပါတယ်။

🏷 Price - 17,500 MMK
📦 Instock Available
🚚 Delivery within 3 working days

🍏Vitamin C - antioxidant အစွမ်းသတ္တိကြောင့် အသားအရေကို ကြည်လင်တောက်ပစေပြီး အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ water-free, silicone-free formula မို့ Vitamin C အလွယ်တကူဓာတ်မပြယ်နိုင်ဘဲ stable ဖြစ်နေစေပြီး ထိရောက်တဲ့အာနိသင်ရရှိစေပါတယ်။

🍎ဒါ့အပြင် dehydrated Hyaluronic Acid ပါ ပါဝင်လို့ လိမ်းလိုက်တဲ့အခါမှာ အသားအရေကို နုညံ့ချောမွေ့စေတယ်။

❗️Vitamin C လိမ်းမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါတယ်။

🔺လိမ်းခါစ ၁ပါတ်-၂ပါတ် အတွင်းမှာ နည်းနည်းစူးသလို၊ ယားသလိုဖြစ်တတ်တယ်။ လိမ်းတာ အသားကျသွားရင် အလိုလိုပျောက်သွားမှာမို့ စိတ်ပူစရာမလိုပါဘူး။

🔺လိမ်းလိုက်တဲ့အခါမှာ တခြား serum, lotion, cream တွေလို မဟုတ်ဘဲ အသားထဲကိုစိမ့်ဝင်နိုင်ဖို့ စက္ကန့်အနည်းငယ်ကြာပါတယ်။

🔺လိမ်းရလွယ်ဖို့နဲ့ tingling feeling မျိုးမရဖို့အတွက် တခြားသုံးနေကျ cream တွေ lotion (သို့) serum တွေနဲ့ရောပြီး လိမ်းပေးနိုင်ပါတယ်။ အထိရောက်ဆုံး Anti-oxidant effect ကို ရရှိစေဖို့ Resveratrol 3% + Ferulic acid 3% နဲ့ တွဲသုံးဖို့ The Ordinary က recommend ပေးထားပါတယ်ရှင်။

✅ အသုံးပြုပုံ - ညပိုင်းလိမ်းပေးရင် ပိုသင့်တော်ပါတယ်။

01/10/2021

Resveratrol 3% + Ferulic Acid 3%

လေဒီတို့ရေ..

🍇The Ordinary ရဲ့ Best selling item တစ်ခုဖြစ်တဲ့ Resveratrol 3% + Ferulic Acid 3% serum နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🍇ဒီ serum လေးမှာ လူကြိုက်များတဲ့ Antioxidants ၂ မျိုးဖြစ်တဲ့ Resveratrol နဲ့ Ferulic Acid 3% စီ ပါဝင်ပြီး stress, UV rays တွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် ဖြစ်တတ်တဲ့ အသားအရေကြမ်းတမ်းတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ နေလောင်ကွက်၊ အမည်းစက်တွေထွက်တာကို သက်သာလျော့နည်းစေပါတယ်။

🍇Resveratrol ဟာ စပျစ်သီးမှာအများဆုံးတွေ့ရလေ့ရှိတဲ့ Antioxidant တစ်မျိုးဖြစ်ပြီး Ferulic acid ကိုတော့ အပင်တွေရဲ့ cell နံရံတွေမှာ သဘာဝအတိုင်းတွေ့ရလေ့ရှိပါတယ်။

✅ Resveratrol 3% + Ferulic Acid 3% serum ကို သူချည်းပဲ လိမ်းပေးလို့ရသလို ပိုကောင်းတဲ့ Brightening & Anti-aging effect ရလိုသူတွေက The Ordinary Vitamin C suspension နဲ့ တွဲပြီးလိမ်းပေးနိုင်ပါတယ်။

🔺Texture က light serum ဖြစ်တာကြောင့် အသားထဲကိုစိမ့်ဝင်လွယ်ပြီး ဘယ်လိုအသားအရေမျိုးနဲ့မဆို သင့်တော်ပါတယ်။

Price - 21,000 MMK
Limited stock available

Photos from Iris Beauty Collections's post 30/09/2021

Retinol (Vitamin A1)

✅ Retinol လို့ပြောလိုက်တာနဲ့ အသားအရေအိုမင်းရင့်ရော်တာကို ကာကွယ်တားဆီးပေးတဲ့ popular ingredient တစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါနော်။

Review ကောင်းတွေ အများကြီးရထားပြီး လူသုံးများတဲ့ Retinol ကို နာမည်ကြီး skincare တော်တော်များများမှာ ပါဝင်တာကိုတွေ့ရပါတယ်။

🧪 Retinol ဟာ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ နေလောင်ဒဏ်ကြောင့်ဖြစ်တတ်တဲ့ အသားအရေအိုမင်းရင့်ရော်တာတွေကို သက်သာစေသလို Collagen ထုတ်လုပ်မှုကို ပံ့ပိုးပေးတာကြောင့်လည်း အသားအရေကို နုပျိုတင်းရင်းစေပါတယ်။

🌺 The Ordinary ရဲ့ Retinol serum မှာ Squalane နဲ့ အတူ Jojoba oil, Tomato extract, Rosemary leaf extract စတာတွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

🔍 Retinol ပါဝင်မှု strength အမျိုးမျိုးရှိပြီး ကိုယ့်အသားအရေရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Iris မှာ Instock ရရှိနိုင်တဲ့ Retinol အမျိုးအစားတွေက -
📌Retinol 0.5% in Squalane (30ml) - 19,000 MMK
📌Retinol 1% in Squalane (30ml) - 21,000 MMK

❗️Retinol ကို အခုမှစသုံးမယ့်သူတွေအတွက် 0.2%, 0.5% စတာတွေကနေ စသုံးသင့်ပြီး Retinol ပါဝင်တဲ့ skincare သုံးနေကြသူတွေအတွက် 1% Retinol ကို သုံးကြည့်လို့ရပါတယ်။

🔺သတိပြုရန် − Retinol အသုံးပြုထားတဲ့ အသားအရေဟာ နေရောင်ခြည်ကို sensitive ဖြစ်လွယ်တာကြောင့် sun protection သုံးပေးဖို့ အထူးလိုအပ်ပါတယ်။ တချို့သူတွေအနေနဲ့ လိမ်းခါစမှာ မျက်နှာအနည်းငယ်နီတာ၊ ယားယံတာတွေရှိတတ်ပေမယ့် စိတ်ပူဖို့မလိုပါဘူးနော်။

အသုံးပြုပုံ − ညပိုင်းမှာ အသုံးပြုပေးနိုင်ပါတယ်။ water based skincare တွေလိမ်းအပြီး/ cream တွေမလိမ်းခင် ထည့်လိမ်းပေးပါ။

🚫 ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေကတော့ Retinol ပါဝင်တဲ့ skincare တွေကို ရှောင်ကြဉ်ရပါမယ်နော်။

Photos from Iris Beauty Collections's post 29/09/2021

Salicylic Acid 2% Masque (50ml)

The Ordinary တစ်ပါတ်တစ်ခါသုံး wash off MASK

🏷 Price - 27,000 MMK
📦 In-stock Available
🚚 Delivery within 3 working days

✅ ဘာအတွက်ကောင်းတာလဲ

အသားအရေကို ချောမွေ့ပြီး Glow စေတယ်၊ deep cleansing လုပ်ပေးတာမို့ သုံးပြီးသွားရင် မျက်နှာလေး ကြည်လင်ပြီး လန်းဆန်းတယ်၊ တခြား skincare ပစ္စည်းတွေရဲ့ အာနိသင်ကို ပိုပြီးပြည့်ပြည့်ဝဝ စုပ်ယူနိုင်တယ်

✅ ဘယ်သူတွေသုံးသင့်သလဲ

🔺အသားအရေ ကြည်လင်တောက်ပမှုမရှိဘဲ ခြောက်သွေ့နေရင်၊
🔺မျက်နှာအသားအရေမှာ ဝက်ခြံကြောင့်ဖြစ်တဲ့ ချိုင့်ခွက်ဖုပိန့်ရှိတတ်ရင်၊
🔺အဆီပြန်ပြီး ချွေးပေါက်တွေပိတ်နေရင် သုံးပေးသင့်ပါတယ်

✅ ပါဝင်ပစ္စည်း

🧪 2% Salicylic Acid (BHA)
- မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပစေတယ်

🧪 Vegetable Charcoal + Amazonian Clays
- အရေပြားအတွင်းပိုင်းထိ ဝင်ရောက်ပြီးသန့်စင်ပေးနိုင်တာမို့ မျက်နှာပေါ်က ဖုန်၊ မိတ်ကပ်နဲ့ တခြားအညစ်အကြေးတွေသာမကဘဲ ချွေးပေါက်တွေထဲမှာ ပိတ်ဆို့နေတာတွေကိုပါ deep cleansing လုပ်ပေးတယ်

🧪 Squalane
- Squalane က အသားအရေကို အရမ်းခြောက်သွေ့မသွားအောင် အစိုဓာတ်ပြန်ပြီး ဖြည့်တင်းပေးတယ်

✅ အသုံးပြုပုံ

📌 မျက်နှာသစ်ပြီး ရေခြောက်အောင် သုတ်ပါ၊ ပြီးရင် မျက်နှာအနှံ့ ခပ်ပါးပါးလေး လိမ်းပေးပါမယ် (မျက်လုံးတစ်ဝိုက်ကို မထိအောင်ရှောင်ပေးပါ)
📌 ၁၀ မိနစ်ခန့် ထားပြီးတာနဲ့ ရေဆေးချလို့ရပါပြီ (မျက်နှာပြန်သစ်နေတုန်းမှာလည်း မျက်စိထဲမဝင်အောင် သတိထားပေးပါနော်)
📌 ပြီးတာနဲ့ တခြား Skincare ပစ္စည်းတွေသုံးပေးလို့ရပါတယ် (exfoliating toner ကို ချက်ချင်းမသုံးသင့်ပါ)
📌 တစ်ပါတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် ကိုယ့်အသားအရေပေါ်မူတည်ပြီး သုံးပေးနိုင်ပါတယ်။

⚠️ Sensitive skin ပိုင်ရှင်တွေ၊ peeling လုပ်ထားပြီးခါစသူတွေနဲ့ sunscreen လိမ်းရတာ မကြိုက်တဲ့သူတွေ မသုံးသင့်ပါဘူးနော်

Photos from Iris Beauty Collections's post 28/09/2021

🌱မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာတွေ သက်သာစေဖို့

The Ordinary- CAFFEINE SOLUTION 5% + EGCG
(( Reduces appearance of Eye Contour Pigmentation and of Puffiness ))

🏷 Price - 18,000 MMK
📦 In-stock Available
🚚 Delivery within 3 working days

✅ The Ordinary eye serum လေးမှာဆိုရင် Caffeine 5% နဲ့ Green tea leaves တွေကနေ ထုတ်လုပ်ထားတဲ့ EGCG ဆိုတဲ့ plant compound ပါဝင်ပါတယ်..

✅ မျက်လုံးတဝိုက်အရေးအကြောင်းတွေနဲ့ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကို လျှော့ချပေးလို့ လူကြိုက်များတဲ့ eye serum လေးပါ လေဒီတို့ရေ..

✅ အသုံးပြုပုံ- မနက်၊ ည - မျက်နှာကိုသန့်စင်ပြီး မျက်လုံးတဝိုက် လိမ်းပေးနိုင်ပါတယ်

⚠((UV protective packaging လေးနဲ့လာတာမို့ အသုံးပြုပြီးရင် ပုလင်းကို ဂျပ်ဘူးလေးထဲပြန်ထည့်သိမ်းရင် ပိုကောင်းပါတယ်))

❌ No - Oil, Alcohol, Silicone
✅ pH level - 4.5-5.00

Photos from Iris Beauty Collections's post 27/09/2021

*** Out of stock ***

The Ordinary- Alpha Arbutin 2% + HA

အမည်းစက်နဲ့ နေလောင်ကွက်တွေအတွက်!!!

💫Alpha Arbutin ဆိုတာ Bearberry လို့ခေါ်တဲ့ အပင်ကနေ အများဆုံးထုတ်လုပ်ပေးတဲ့ skin lighting compound တစ်ခုပါ..

💫မျက်နှာပေါ်က အမည်းစက်နဲ့ နေလောင်ကွက်တွေကို ဖြစ်ပေါ်စေတဲ့ Melanin ထုတ်လုပ်မှုကို လျှော့ချပေးတဲ့အတွက် Ladies တို့ စိတ်ဝင်စားမယ်ထင်ပါတယ်နော်။

💫Hyaluronic Acid ကတော့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး Alpha Arbutin ကို အသားအရေထဲ မြန်မြန်စိမ့်ဝင်အောင်လည်း ကူညီပေးပါတယ်။

🚫The Ordinary ရဲ့ ထုံးစံအတိုင်း alcohol, silicone, Nut, Gluten မပါဝင်ပါဘူး။
🔺pH level 4.89-4.90 ဖြစ်တာမို့ Alpha Arbutin အာနိသင်မပျက်သွားအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

❌ အရေးကြီးတဲ့နောက်တစ်ခုက No Animal Testing ပါ။

👉🏻ဘယ်လိုသုံးရမလဲ
မနက်၊ည - မျက်နှာသစ်၊ တိုနာလိမ်းပြီး cream တွေမလိမ်းခင် လိမ်းပေးရပါမယ်။ မနက်ဖက်ဆိုရင် sunscreen လေးလိမ်းပေးဖို့ မမေ့ပါနဲ့နော်။

✅ Gel texture Serum လေးမို့ အသားထဲကို စိမ့်ဝင်တာမြန်ပါတယ်..အဆီပြန်တာ စေးကပ်တာ မရှိပါဘူး။

✅ ယောက်ကျားလေး၊ မိန်းကလေး သုံးလို့ရပါတယ်နော်။

✅Admin Review : Two tone colour ဖြစ်နေတဲ့ မျက်နှာက နှစ်ပါတ်လောက်အတွင်းမှာ သိသိသာသာအရောင်ညီလာတယ်။ ဝက်ခြံအမာရွတ်လေးတွေ အရောင်မှိန်သွားတယ်။

Photos from Iris Beauty Collections's post 26/09/2021

The Ordinary skincare ရဲ့ Toner ကိုသုံးကြည့်ချင်တဲ့ လေဒီတို့အတွက် 💕
((Pixi Glow Tonic ရဲ့ dupe လို့ နာမည်ကြီးပါတယ်))

✅ Alpha Hydroxy Acid (AHA) တစ်မျိုးဖြစ်တဲ့ Glycolic Acid 7% - mild exfoliating လုပ်ပေးနိုင်တာကြောင့် ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး၊ အသားအရည်ကို သိသိသာသာကြည်လင်လာစေပါတယ်

✅ Tasmanian Pepperberry - Acid တွေသုံးရင် ဖြစ်လေ့ရှိတဲ့ skin irritation တွေမဖြစ်အောင် လျှော့ချပေးတယ်.. သဘာဝအပင်ကရတဲ့ ဒြပ်ပေါင်းမို့ Toner ထဲမှာပါတဲ့ သူ့ရဲ့အရောင်လေးတွေ ရာသီအလိုက် အနုအရင့်နည်းနည်းကွာရင်လည်း စိတ်ပူစရာမရှိပါဘူးနော်

✅ Ginseng Root + Aloe Vera - Radiance & Soothing ဖြစ်စေပါတယ်

pH - 3.5-3.7
❌ NO - Alchol / Silicone / Oil

💢 အသုံးပြုပုံ - ပုံမှန်သုံးနေကြ တိုနာလိုပဲ cotton pad လေးနဲ့ မျက်နှာနဲ့ လည်ပင်းတဝိုက် လိမ်းပေးနိုင်ပါတယ် ((မျက်လုံးတဝိုက် သုံးရန်မလိုပါ))

📍 တစ်နေ့တစ်ကြိမ်ပဲ သုံးပေးဖို့လိုပါတယ်
(ညပိုင်းမှာ အသုံးပြုပေးရင် ပိုကောင်းပါတယ်)

⚠️ သတိပြုရန် - AHA ပါဝင်တာမို့ ဒီ product လေးကိုသုံးနေတဲ့ အချိန်မှာ sunblock/sun cream တွေလိမ်းပေးဖို့ မမေ့ပါနဲ့နော်

🏷 Price - 25,000 MMK (240ml)
📦 In-stock Available
🚚 Delivery within 3 working days

26/09/2021

The Ordinary Primers—for High-Adherence, and High-Spreadability!

The Ordinary ရဲ့ လူကြိုက်အများဆုံး Primer တွေ Iris မှာ instock ရှိပါတယ်နော်


✅ Primer ဘာကြောင့်သုံးသင့်လဲ?
မိတ်ကပ်လိမ်းတဲ့အခါမှာ မိတ်ကပ်သားကွက်တာ၊ တာရှည်မခံတာ၊ ချွေးထွက်ရင်အလွယ်တကူပျက်တာ၊ ချွေးပေါက်တွေထင်းနေတာတွေ ဖြစ်တတ်တယ်ဆိုရင် Primer သုံးကြည့်ဖို့ လိုနေပါပြီ…

✅ ဘယ်လို Primer မျိုးကို ရွေးချယ်သင့်လဲ?
The Ordinary မှာ Primer အမျိုးအစား ၂ မျိုးရှိပြီး ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ primer ကို ရွေးချယ်နိုင်ပါတယ်...
⁣⁣
🍎The Ordinary High Adherence Silicone Primer
Price - 14,500 (30ml)

ဒါကတော့ cream အမျိုးအစား primer ပါ.. မျက်နှာကိုချောမွေ့စေပြီး matte look ရစေမယ့် blurring primer ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ advanced, adaptive silicones တွေကြောင့် မိတ်ကပ်တနေကုန်ခံစေပြီး ရေဓာတ်ပြည့်ဝနေတဲ့ အသားအရေတင်းတင်းလေးကို ရရှိစေနိုင်ပါတယ်။

⁣⁣🔺အဆီပြန်တတ်တဲ့ အသားအရေရှိရင်
🔺မိတ်ကပ်သားတာရှည်ခံအောင် လိမ်းထားချင်ရင်
🔺မျက်နှာပြင်သိသိသာသာ ချောမွေ့နေချင်ရင်
🔺မျက်နှာပေါ်မှာ ချွေးပေါက်လေးတွေထင်းနေတတ်ရင် ရွေးချယ်သင့်ပါတယ်။

Makeup primer အနေနဲ့ ဖြစ်ဖြစ်၊ non-greasy hydrator အနေနဲ့ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်နော်
⁣

🍏The Ordinary High-Spreadability Fluid Primer
Price - 17,500 (30ml)
ဒါကတော့ fluid primer အရည်ဖြစ်ပါတယ်...serum လိမ်းရသလို ပေါ့ပါးပြီး မျက်နှာကိုချောမွေ့စေပါတယ်။ သဘာဝဆန်ဆန် dewy finish စိုစိုလေးရချင်ရင် fluid primer ကို သုံးကြည့်ပါ။ ⁣⁣
⁣⁣
🔺မိတ်ကပ်ဖောင်ဒေးရှင်းလိမ်းရတာ လွယ်ကူချောမွေ့ချင်ရင်
🔺မျက်လုံးတဝိုက်နဲ့ အသားအရေခြောက်တဲ့နေရာမှာ မိတ်ကပ်တွေပုံတွေတာမျိုး မဖြစ်ချင်ရင်⁣⁣
🔺မိတ်ကပ်သားတာရှည်ခံအောင် လိမ်းထားချင်ရင်
🔺မျက်နှာပြင်သိသိသာသာ ချောမွေ့နေချင်ရင် ရွေးချယ်သင့်ပါတယ်။

⁣⁣
Makeup primer အနေနဲ့ ဖြစ်ဖြစ်၊ အသားအရေ စိုစိုပြောင်ပြောင်လေးဖြစ်နေဖို့ non-greasy hydrator အနေနဲ့ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်နော်

လေဒီတို့ရော .. မိတ်ကပ်လိမ်းရင် primer သုံးလေ့ရှိကြလား?

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00