Angella online shop
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angella online shop, Beauty, cosmetic & personal care, Mingalar Taung Nyunt, Yangon.
16/05/2018
စာလဲ မဖတ်ဘူး
ပညာလဲ မတတ်ဘူး
ငွေကြေးလဲ မချမ်းသာရင် -
သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး
ကြည့်ခွင့်လဲ မရဘူး။
စာတွေဖတ် ပညာတတ်ပါသော်လည်း
ငွေကြေးမရှာနိုင်ရင်-
လောကကြီးရဲ့ အောက်ခြေအလွှာ တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်။
စာမတတ် ပေမတတ်နဲ့
ငွေကြေးပဲ ချမ်းသာကြတဲ့အခါ -
သာယာလှတဲ့ လောကကြီးကို
အပေါ်စီးက ဘောင်ကျော်ပြီး မမြင်နိုင်တော့ဘူး။
စာတတ် ပေတတ် ပညာတတ်သည့်အပြင်
ငွေကြေးလဲ မျှတသင့်တော်စွာ ရှာနိုင်ပါမှ
လောကအလယ် လှပတင့်တယ်စွာ မြင်နိုင် ရှု့နိုင်ပါလိမ့်မည်။
# Jenny Ohn Myint
14/05/2018
ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်
ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့
တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကို
စုစည်းဖော်ပြပေးလိုက်ပါတယ်...ုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။
👏 တကယ်ကောင်းတဲ့ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်
လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ ။ ဝမ်းသွားရင် သွေးပါတာ ညောင်းတာ
မအီမလယ်နဲ့နေရတာအရမ်းခက်ခဲ့တာ ...အခုဆို အရမ်းကောင်းသွားပါပြီ ။
ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။
တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝ
ပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ...
လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား...
👏 ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို
အထဲကအသားကိုခြစ်ယြူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့
သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီး
စားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel
ပြန်ဖြစ်သွားတာ လက်တွေပါဗျ သွေးတိုးသမာတွေအတွက်တော့
ဆေးကောင်းတလက်ပါဗျာ...။
👏 ဒို့ကတော့ထက်ြခမ်းခွဲပြီးဇွန်းနဲ့ခြစ်
အနှစ်ယူကာပျားရည်နဲ့ခေါက်သောက်ပါတယ်။
အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ...။
👏 ရှားစောင်းပင်ဟာအများကြီး ဆေးဘက်ဝင်ပါတယ်...။
နောက်ဆုံးHIV. Aidsပိုးကိုလည်းတွန်းလှန်နိုင်ပါတယ် ..။
အထဲကအသားကို မတ်ခွက်ထဲထည့် သကြားလိုသလောက်ထည့်သောက်...။
တစ်နေ့တစ်ခွက်ပုံမှန်သောက်သွားမယ်ဆိုရင် သက်တမ်းစိ နေရမှာပါ.။
👏 ရှားစောင်းလက်ပတ်ဆေးနည်းများစွာရှိပါတယ်။အမျိုးသမီးများအတွက်ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။
ရှားစောင်းလက်ပတ် ၂၅ ကျပ်သား
မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား
မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသား
ကြက်သွန်နီ ၅ ကျပ်သား
ဆား ၁ ကျပ်သား
အထက်ဖေါ်ပြပါငါးမျိုးထဲမှရှေးဦးစွာထန်းလျှက်ကိုဒန်အိုးနှင့်အရင် ကျိုပါ
ထန်းလျှက် ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။
ဆေကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။
မြေအိုးထဲကိုထန်းလျှက်ရည်ထည့်ပြီးကျိုပါ ။
ကြွက်မြီးတန်လိုပျစ်လာလျှင် ကျန်တာတွေထည့်ပြီးမီးမျှင်းမျှင်းဖြင့်ကျိုပါ ။
မွှေပေးပါပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှချထားလိုက်ပါ ။
အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်
ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက်သွေးသားနှင့်ပတ်သက်သော
ရောဂါများနှင့်သွေးသားဖေါက်ပြန်ပြီးသွက်ချာပါဒ ရောဂါများပျောက်ကင်း
စေပြီးအသားအရည်ဝင်းပ စေပါသည်။
👏 ရှားစောင်းလက်ပက်ကအပင်ပါ။ လူတော်တော်များများသိပါတယ်။
ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ် ။အသားအရေအတွက်ကောင်းလို့
အလှကုန် တော်တော်များများမှာပါပါတယ် ။သူကိုသုံးမယ်ဆိုဘေးက
စောင်းလေးတွေကို လှီးလိုက်ပါ။
အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို
အာဟာရပေးပါတယ်။
အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ ။
တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ပြောမကုန်ပါဘူး။
ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကို
အကျိုးပြုပါတယ် ။ကြိုက်သလို့သုံးပါစားချင်သလိုစားပါ ။
အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်း
အားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ ရပါတယ် ။
👏 ရှားစောင်းလက်ပတ်ကိုသုးံပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး
မျက်နှာတွေ လက်တွေမှာ ပွတ်ရင်အသားအရေ နုချောပြီး ဖြူဖွေးတာ
တကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင်ပျောက်တယ်တဲ့ ..။
သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ်
တကယ်စွမ်း...။ အတွင်းသားလေးကိုခြစ်ပြီးသံပုရာရည်လေး
ညှစ်ကြက်သွန်နီပုဇွန်ခြောက်မှူန့် လေးနဲ့သုပ်စားလည်းကောင်းတယ်..။
👏 ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီး
ပိန်သူကိုဝ စေပါတယ် ။ ရှားစောင်းလက်ပတ်ကမြန်မာပြည်မှာ
ရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။
👏 ဟုတ်ပါတယ် ထောက်ခံပါတယ်လက်တွေ့ပါ ။ သွေးဒူလာဖြစ်နေတာ
ဆေးနည်းပေါင်းစုံသွားတယ် မပျောက်ဘူး ။ အဲ့ဒါနဲ့အခန်းမှာ ဇီးဖြူသီး
အခြောက်က အရံသင့် ရှိနေတော့ ငါးချဉ်ဝယ်လာပြီး
အရည်သောက်ချက်စားလိုက်တာ.. ပျောက်သွားတယ် ။
အခုထိ2လကျော်ပြီပြန်မဖြစ်သေးဘူး...။
👏 ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။
ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ
၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်
ပျောက်တယ်လက်တွေ့ပါ...။
👏 နားကိုက်လဲ..ကောင်းတယ်..
မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..
အချောင်းလေးလုပ်ပြီး
ကြပ်ပေးရင်...{ တစ်ကယ်ပြောတာပါ }
👏 ကြော်ငြာဝင်ခွင့်ပြုပါ။
ရှားစောင်းလက်ပတ်ချက်ဆေးအသင့်ဝယ်လို့ရနေပါပြီ။
တံဆိပ်အမျိုးမျိုးရှိပါသည်။ ဆေးဆိုင်တိုင်းတွင်မေးဝယ်နှိုင်ပါသည်။
တစ်ဘူးကိုks1000/ကျော်လေးပါ။ ၃ ပါတ် ၄ပါတ်စာစားသုံးနှိုင်ပါသည်။
👏 အဲ့ အပင်နဲ့မတည့်တဲ့ အစာရှိရင်ပြောပေးကြပါအုံး ....
ကျွန်တော် ညစာမစားမီ အထဲက ဂျယ်လီကိုသကြားနဲ့ရောစားပြီး
ရေအဝသောက်ပါတယ် ။ တနာရီခွဲလောက်ကြာမှ ညစာစားပါတယ် .
လေကောင်း၍ ညဘက်ဆီးရွှင် ၊ မနက် ဝမ်းသက်ပါတယ် ။
အခွံမှာကပ်ကျန်တဲ့ ဂျယ်လီကိုမျက်နှာမှာလိမ်းပြီး
နှစ်နာရီလောက်ကြာမှ ရေနဲ့သစ်ပါသည်။
👏 ပျောက်တယ်ကောင်းတယ် မီးယပ် , ဆီး , အသားယား။
ဝမ်းဗိုက်ထဲမကေါင်းတက အရသာအနံ့။
ချွဲကျိကျိနဲ့ ။ ဝင်သလောက်တဇွန်းစားကြည့်။ ဒို့တော့ မစားနိုင်။
👏 ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန် တစ်ခုပြောပါရစေ ။
ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကို
ရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။
ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ ကို ပေါင်စပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်း
တစ်ဇွန်ခန့်သောက်ပေးပါ ။
ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည် ။
ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။
မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်စပ်လေ
ကောင်းလေပါ..။
👏 ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့
အရမ်းကောင်းတဲ့ဆေးပင်ပါ ။ ၃ ခွက်လောက်သောက်တာနဲ့
ကျောက်တွေကျ လာတော့တာပါ..။
ဟုတ်ကဲ့ ...လက် ၂ ဆစ်လောက်ဖြတ်ပြီး...ပူရုံလေးလောက်ပဲ ကင်ပါ ၊
အကြိမ် သိမ်များများမစားရပဲ ပျောက်တယ်လို့ မှတ်သားဖူးပါတယ် ...။
━━━━━━━━━━━━━━━━━━━━
🗿🗿( #သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
Credit. ; ဘ၀ခါးခါး
13/05/2018
အသားဖြူစေပြီး သွယ်လျလှပစေသည့်
" Braillian Arabica Coffee "
👉 အသားရေ တင်းရင်းစေပြီး အိုမင်းရင့်ရော်မှုကို
နှေးကွေးစေသည်။
👉 သွေးထဲမှ အဆီကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်
မတက်စေရန် ထိန်းပေးသည်။
👉 သွေးချိုဖြစ်စေနိုင်မည့် အင်ဇိုင်းကို ဖယ်ရှားပေးခြင်း။
👉 သွေးထဲမှမကောင်းသောအဆီများကို ဖယ်ရှားပေးခြင်း။
👉 အစားစားချင်စိတ်ကို လျော့ချပေးပြီး ဝိတ်ကျစေခြင်း။
👉 အစာအိမ်နှင့်အူလမ်းကြောင်းတွင် ကပ်ငြိနေသော အညစ်အကြေးများကို စွန့်ထုတ်ပေးခြင်း။
👉 အရိုးများကို သန်မာစေခြင်း။
👉 နှလုံးအားကောင်းစေပြီး နှလုံးရောဂါဖြစ်မှုကို
ကာကွယ်ပေးခြင်း။
👉 ရင်တုန်မှုကင်းဝေးစေခြင်း။
👉 မရှိမဖြစ် အရေးပါသော Amino Acid ကို တိုးပွားအောင် လုပ်ဆောင်ပေးခြင်း။
👉 ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း။
👉 သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း။
👉 Insulin ပါဝင်လို့ သကြားလုံးဝမပါသော်လည်း ချိုသောအရသာရှိသောကြောင့် ဆီးချိုသမားများ
သောက်သုံးနိုင်ခြင်း။
👉 ဝမ်းမှန်စေခြင်း။
👉 အဆိပ်အတောက်ကို ဖြေဖျောက်ပေးနိုင်ခြင်း။
👉 အသားအရည်ကို ကြည်လင်စေခြင်း။
👉 အစားစားချင်စိတ်ကို လျော့ကျစေပြီး ကျန်းမာစေသည်။
နေ့စဉ်ပုံမှန်သောက်သုံးပါက အဆီကြိတ်များကိုပါ
ပျောက်ကင်းစေပါသည်။
ဝိတ်လျော့လိုသူများ အစာမစားမီ နာရီဝက်အလို
သောက်သုံးပေးခြင်းဖြင့် အလွန်အမင်းစားချင်စိတ်ကို
ထိန်းပေးပါသည်။ 👌👌👌👌
credit:
ဈေးနှုန်း - 8000 ကျပ် (10ထုပ်ပါဝင်သည်။)
23000 ကျပ် (၃၀ထုပ်ပါဝင်သည်။)
အသေးစိတ်မေးမြန်းရန် ပေ့ရဲ့ message box
မှာမေးမြန်းစုံစမ်းနိုင်ပါတယ်နော်
Contact: 09420084841
13/05/2018
ကိုယ်အလေးချိန်ထိန်းနိုင်တဲ့ဆရာကြီးဖြစ်ဖို့
ဒါလေး ဖတ်သွား မှတ်ထားသင့်တယ်နော်?
ပိန်ချင်တယ် 💃
ကိတ်ချင်တယ် 🕺
ဒီအတိုင်းအလေးချိန်ကို ထိန်းထားချင်တယ် OK
ကိုယ်စားတဲ့ အစားအသောက်ရဲ့ ကယ်လိုရီကို
လုံးဝသိထားရမှာပေါ့ မြန်မာအစားအစာတွေရဲ့ Cal
ကိုဖော်ပြပေးထားပါတယ် ပြီးရင် ဘယ်လောက်စားရမလဲ ဘယ်လိုစားရမလဲပါ ရေးထားလို့ All In One
လုံးဝအသုံးဝင်မှာပါ 👉Share & Save
အမှန်တကယ်လိုအပ်နေတဲ့ ကိုယ့်သူငယ်ချင်းကိုလဲ Mention ခေါ်ဖို့မမေ့နဲ့ နော် Oki 😘😘
Credit Dr Gym
13/05/2018
For Your Healthy
photo : credit
11/05/2018
စာကို အလွယ်မှတ်မိစေမည့် နည်းလမ်းများ
လိုအပ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်
original
11/05/2018
မကျည်းဖျော်ရည် (ဗဟုသုတ ရစေရန် ကူးယူဖော်ပြသည်)
အသက်ကြီးသူများအတွက် " သဘာဝဆေး "
မြန်မာအိမ်တိုင်းမှာ သင်္ကြန်ရောက်ရင်
မြေအိုးသေးသေးလေးတွေ ဝယ်ကြတယ်
ကျမ ကအဲဒီ မြေအိုး သေးသေးလေးထဲကို
ရေ မပြည့်တပြည့်ထည့်ပြီး
မကျည်းသီး လက်တဆုပ်ခန့်
ထန်းလျက် အလုံးသေးသေးလေးတွေ
၁၅လုံးခန့်
ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်
အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်
မမွှေနဲ့ မွှေစရာမလိုဘူး
မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်
တစ်ချက်မှမမွှေဘဲ သူ့ဘာသာ
ကြည်တက်လာတဲ့ အရည်ကြည်ကို
ရေမသောက်ဘဲ ရေအစားထိုးပြီး
သောက်တယ်
သောက်ရင် ဘာအကျိုးဖြစ်မလဲဆို
အရင် စဉ်းစားကြည့်ရအောင်
မကျည်းသီးကို ကြေးဘုရား
ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို
ပွတ်တိုက်ဆေးကြောပေးရင်
ပြောင်လက်သွားတယ်
အသားကိုင်ထားတဲ့လက်တွေကို
မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ ပျောက်တယ်
တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်
မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်
ကျမတို့လည်း မကျည်းဖျော်ရည်ကို
ရေအစားထိုး သောက်မယ်ဆို
အမျိုးသားတွေအတွက်ရော
အမျိုးသမီးတွေ အတွက်ရော ကလေး
လူကြီးပါမကျန်
သောက်တဲ့ အကျိုးကြောင့်
ဝမ်းတွင်းအေးနေမယ်
ကိုယ်တွင်းအဆိပ်အတောက်များကို
ဝမ်းအဖြစ်ဖယ်ရှားပေးလို့
အပူအစပ်ကင်းစင်ပြီး
မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို
ပါးသထက် ပါးစေမယ်
အမြဲတမ်းသောက်နေလို့
ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်
ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ
အခုလိုဥပမာ နဲ့ပြောမယ်
ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့
အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ
ကျမ စမ်းကြည့်တုန်းက
ရင်အေးတယ်
ဝမ်းမှန်တယ်
ဆီးမှန်တယ်
ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်
မျက်လုံးကြည်တယ်
ဝက်ခြံတွေ စင်တယ်
အထူးသဖြင့် သောက်တုန်းက
ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ
ပိုက်ဆံမကုန်လို့
အထင်မသေးဘဲ စမ်းကြည့်ရအောင်
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့
ရှေးစကားပုံလည်း ရှိတယ်နော်
ကျမတို့ အဖိုး အဖွားတွေ
အခုလို သဘာဝအသီးတွေကို
ကိုယ့်ဘာသာဖျော်သောက်လို့
ဘာရောဂါမှ မဖြစ် တဲ့အပြင်
ငွေတွေ အလဟသ မကုန်ခဲ့လို့
ဘုရားတွေတည် ကျောင်းတွေဆောက်
လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး
အသက်ရှည်ခဲ့ကြတယ်ဆိုတာကို
မမေ့နဲ့နော် ။
မေတ္တာများစွာဖြင့်.........Su Su
ဗဟုသုတကျေးရွာ
08/05/2018
Successmore Company မှထုတ်ကုန်တွေပါ😁
ကျန်းမာရေးအတွက်ဖြည့်စွက်စာတွေ
တစ်ကိုယ်ရေသုံးထုတ်ကုန်တွေ
အလှအပအတွက် ထုတ်ကုန်များ
အိမ်ရှင်မသုံးထုတ်ကုန်များနဲ့
တောင်သူတွေအတွက် သဘာဝအော်ဂန်းနစ်မြေသြဇာ
စတဲ့အမျိုးပေါင်း ၄၀ ကျော်ရှိပါတယ်
08/05/2018
ဆားဝက်ခြံနဲ့ အဆီဖုသေးသေးလေးတွေကို သက်သာပျောက်ကင်းအောင် ဘာတွေလုပ်နိုင်သလဲ???
မည်းမည်းစူးစူးအစိလေးတွေကိုတော့ဆားဝက်ခြံလို့ခေါ်ကြပြီး အသားရောင်ရှိသော ၊ ၀က်ခြံလိုလဲနာကျင်မှုမရှိတဲ့အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့အလွယ်ခေါ်ကြပါတယ် ။ သူတို့ဟာတစ်အုပ်စုတည်းပါ ။
အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာဖြစ်လာသော အဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေကိုတော့ close comedo လို့ခေါ်ပြီး ချွေးပေါက်ကိုဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့်ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။
ဒီ၂မျိုးလုံးအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။
ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါအုပ်ကာ ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။
၅-၁၀မိနစ်ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သောမျက်နှာသုတ်ပ၀ါဖြင့် ထိကာထိကာသုတ်ပေးပါ ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့ ။
ထိုသို့လုပ်ပြီးလျှင် အောက်ပါနည်းလမ်းများထဲမှတစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။
၁ - သကြားနှင့် ပျားရည် scrub
သကြား၁ဆ ပျားရည်၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသောမျက်နှာပေါ်သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။
၂ - သံပုရာရည်လိမ်းပေးပါ
ပေါင်းခံထားသောမျက်နှာပေါ်သို့ သံပုရာအရည်ကိုတိုက်ရိုက်လိမ်းပေးကာ ၁၅မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမ၀င်ခင်ညတိုင်း လိုချင်သောအနေအထားရတဲ့အထိ လုပ်ပေးပါ ။
၃ - မုန့်ဖုတ်ဆိုဒါ
ရေ၁ဆ မုန့်ဖုတ်ဆိုဒါ၁ဆရော၍ လိုအပ်သောနေရာကိုပွတ်ပေးပါ ။ ၂မိနစ်ခန့်ထားကာရေဆေးပေးပါ ။ တစ်ပတ်၂ခါလောက်လုပ်ပေးနိုင်ပါတယ် ။
ပြီးလျှင်တော့ ဆားဝက်ခြံညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ ။ ထုတ်ရခက်သောအဖုကို အတင်းမညှစ်ပါနှင့် ယောင်းယမ်းနာကျင်တတ်ပါတယ်
Cosmetics တွေဆိုလဲ water base ထုတ်ထားတဲ့ပစ္စည်းများကိုရွေးခြယ်သင့်ပါတယ် ။ မျက်နှာတစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ် ။
အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။
နေရောင်ခြည်နှင့်ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့်ထီးလေးဆောင်းဖို့မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ် ။
ကျန်းမာသော အနေအထိုင်အလေ့အကျင့်ကောင်းများလည်းရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နဲနိုင်သမျှနဲအောင်နေထိုင်ပါက လှပကျန်းမာသော အသားအရေကိုရရှိမှာပဲဖြစ်ပါတယ်ရှင် ။
Credit
08/05/2018
စကားပြောနည်း
--------------------
အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ - လျစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လျစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။
သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။
Credit:original writer
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mingalar Taung Nyunt
Yangon