Paradise Products Co Ltd

Paradise Products Co Ltd

Share

Paradise Products Co Ltd

Photos from Paradise Products Co Ltd's post 24/04/2026

Paradise Products Co., Ltd ၏ နှစ်စဉ်ကျင်းပလှူဒါန်းမြဲဖြစ်သော နှစ်ဦးအလှူကို (၂၄.၄.၂၀၂၆) ရက်နေ့တွင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ (ထောက်ကြန့်) မှ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝန်ထမ်းများအား နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါသည်။

နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

Photos from Paradise Products Co Ltd's post 10/04/2026

🍀မကြာခင်ကျရောက်တော့မယ့် မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Paradise Products Co.,Ltd မှ 🍀ဝန်ထမ်းများအား မနက်ခင်း မု့န်ဟင်းခါးဖြင့်ဧည့်ခံပြီး နေ့လည်ပိုင်းတွင် မြန်မာ့ရိုးရာ သင်္ကြန်စာ ရွှေရင်အေး၊အုန်းနို့သာကူ မုန့်များပေးဝေခြင်းနှင့် ဝန်ထမ်းများ ပျော်ရွှင်စွာအတာရေဆော့ကစားနေသည့် ပုံရိပ်များကိုမျှဝေပေးလိုက်ရပါတယ်…
“မြန်မာ့နှစ်သစ်ကူး အခါသမယမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်🙏”

Photos from Paradise Products Co Ltd's post 31/10/2025

( ၃၁.၁၀.၂၀၂၅ ) ရက်နေ့တွင် Paradise မိသားစုမှ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအားထောက်ကြံ့မြို့နယ်ရှိ “ပဏ္ဍိတာရာမ" ရွှေတောင်ကုန်း သာသနာ့ရိပ်သာကျောင်း၌ ကျင်းပပြီးသံဃာတော်များ၊သီလရှင်များနှင့် ယောဂီများအား တစ်နေ့တာ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းနေမှု ပုံရိပ်များကို သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် အတွက် မျှဝေပေးလိုက်ရပါတယ်...🙏🙏🙏

Photos from Paradise Products Co Ltd's post 11/10/2025

Paradise ရွှေမန္တလေး အမာခံ မိသားစု များနဲ့သီတင်းကျွတ်ပွဲ ❤️❤️❤️

Photos from Paradise Products Co Ltd's post 10/10/2025

Paradise Products Co.,Ltd မှ ဝန်ထမ်းမိသားစုများအတွက် သီတင်းကျွတ်မေတ္တာလက်ဆောင် အဖြစ် ဆန် ၊ ဆီ နှင့် အခြားအသုံးအဆောင်ပစ္စည်းများ လက်ဆောင်ပေးအပ်သည့် ပုံရိပ်များကို ကြည်နူးစွာဖြင့် မျှဝေပေးလိုက်ရပါတယ်..🎇 🎇 🎇

Photos from Paradise Products Co Ltd's post 14/08/2025

( ၁၄.၈.၂၀၂၅ ) ရက်နေ့တွင် Paradise Products Co.,Ltd မိသားစုမှ ထောက်ကြံ့မြို့နယ်ရှိ
“ပဏ္ဍိတာရာမ" ရွှေတောင်ကုန်း သာသနာ့ရိပ်သာတွင် သံဃာတော်များ၊သီလရှင်များနှင့် ယောဂီများအား ဝါဆိုသင်္ကန်းနှင့် တစ်နေ့တာ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းနေမှု ပုံရိပ်များကို သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် အတွက် မျှဝေပေးလိုက်ရပါတယ်...🙏🙏🙏

Photos from Paradise Products Co Ltd's post 25/04/2025

Paradise Products Co., Ltd မိသားစု၏
🙏နှစ်စဉ်လှူဒါန်းမြဲဖြစ်သော
နှစ်ဦး ကုသိုလ်တော်အလှူတော် မင်္ဂလာ အား မင်္ဂလာဒုံမြို့နယ်ရှိ “ဓမ္မရဝေ တောရရိပ်သာ” ရှိ
ဆရာတော် သံဃာတော်များအား နှစ်ဦးကုသိုလ်​တော်အလှူအဖြစ် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်နေသော ပုံရိပ်များကို ကြည်နူးစွာသာဓု​ခေါ်ဆိုနိုင်ဖို့ မျှ​ဝေလိုက်ရပါတယ်🙏
နှစ်သစ်မှစ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း Paradise Products မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်…
🙏🙏🙏

Photos from Paradise Products Co Ltd's post 07/04/2025

💛ငလျင်အလှူ ဖေးမကူ💛

Paradise Products Co., Ltd. မှ
မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝ ငလျင်ဘေးဒဏ်ကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် မိဘပြည်သူများအား ရေသန့် ၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ခြင်ထောင်၊အဝတ်အထည် ၊အရေးပေါ်အိမ်သုံးဆေးဝါး၊ဓာတ်မီး ၊ခေါင်းလျှော်ရည် ၊ရေချိုးဆပ်ပြာရည်၊လက်သန့်ဆေးရည် နှင့် အခြားထွေထွေပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ငလျှင်ဘေးကြောင့် မိမိတို့ချစ်ခင်သူများ ၊အလုပ်အကိုင်များ ၊အိုးအိမ်များအား ဆုံးရှုံးလိုက်ရသည့်အဖြစ်ဆိုးကြီးအတွက် ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။

မြန်မာပြည်သူပြည်သားများလည်း ကပ်ဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း Paradise Products မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🙏🙏

Photos from Paradise Products Co Ltd's post 14/11/2024

Paradise Products Co.,Ltd မိသားစုမှ
(၁၄. ၁၁.၂၀၂၄)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ဘုံကထိန်အလှူတော်အား မှော်ဘီမြို့နယ်ရှိ “ကိုးလုံးကွင်းကျောင်းတိုက်” တွင် သံဃာတော်များအား ကထိန်သင်္ကန်းနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းသည့် ပုံရိပ်များအား ဝမ်းမြောက်စွာ သာဓုအနုမောဒနာခေါ်ဆိုနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ် ..

Photos from Paradise Products Co Ltd's post 14/08/2024

🗓️၁၃၈၆ ခုနှစ် ဝါဆိုလဆုတ် ( ၁၀ ) ရက် ( ၁၄.၈.၂၀၂၄ ) ရက်နေ့တွင် မိဘနှစ်ပါးအားအမှူးထား၍
Paradise Products Co.,ltd မိသားစုမှ မင်္ဂလာဒုံ မြို့နယ်ရှိ “မြရွှေပင်သဒ္ဓမ္မသုခ ပရိယတ္တိ" စာသင်တိုက်တွင် သံဃာတော်များနှင့် စာသင် သံဃာတော်အပါး ( ၃၄၄ )အား ဝါဆိုသင်္ကန်းနှင့် တစ်နေ့တာဆွမ်း အလှူ ဆပ်ကပ်လှူဒါန်းနေမှု ပုံရိပ်များကို သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ရပါတယ်...🙏🙏🙏

Photos from Paradise Products Co Ltd's post 24/04/2024

နှစ်စဉ်လှူဒါန်းမြဲဖြစ်သော
Paradise Products Co., Ltd မိသားစု၏ နှစ်ဦး ကုသိုလ်တော်အလှူအား
တိုက်ကြီးမြို့နယ် သရက်ချောင်း ဇီးဖြူကုန်းကျေးရွာ
စံရွှေရတနာကျောင်းတိုက်ရှိ
ဆရာတော် သံဃာတော်များအား နှစ်ဦးကုသိုလ်​တော်အလှူအဖြစ် တစ်နေ့တာဆွမ်းအလှူ ၊ သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်တဲ့ ပုံရိပ်များကို ကြည်နူးစွာသာဓု​ခေါ်ဆိုနိုင်ဖို့ မျှ​ဝေလိုက်ရပါတယ်
🙏🙏🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


260, Zaykabar 6 Street, Yangon Industrial Park, Mingalardon
Yangon
11021

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30