Galanz Beauty Products Myanmar
Galanz Beauty Products in Myanmar
20/08/2026
ပျိုမေတို့ရေ…တစ်နေ့တာလုံး မွှေးပျံ့တဲ့သင်းရနံ့နဲ့ စိုပြေတဲ့ အသားအရေကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်ဖို့အတွက် Galanz Romance Perfume နဲ့ Lotion အတွဲလေးကို မဖြစ်မနေ ဆောင်ထားဖို့တော့လိုမယ်နော်💖
🧴✨ Galanz Romance Perfume ဟာဆိုရင်
✅Eau de Toilette ဖြစ်တာကြောင့် ရနံ့ချိုချိုမွှေးမွှေးလေးကို တစ်နေ့တာလုံး ၁၂ နာရီကြာ စွဲကျန်စေပါတယ်။
✅အဆင့်မြင့် နည်းပညာဖြင့် ေသချာ ဖော်စပ်ထားပြီး စိတ်ကို ကြည်နူးလန်းဆန်းစေမယ့် သင်းရနံ့ကို မွှေးပျံ့စေပါတယ်။
💧✨Romance Hand & Body Cream ဆိုရင်လည်း
✅သဘာဝပစ္စည်းများဖြင့် ဖော်စပ်ထားတာကြောင့် ခြောက်သွေ့လွယ်သော အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ထပ်မံမခြောက်သွေ့အောင် ထိရောက်စွာ ကာကွယ်ပေးပါတယ်။
✅Vitamin E နဲ့ Perfect White ပါဝင်တာကြောင့် အသားအရေကို နူးညံ့အိစက်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့အပြင် သဘာဝအတိုင်း ကြည်လင်ဝင်းပစိုပြေစေပါတယ်။
✅Non Greasy နဲ့ Absorbing Formula ပါဝင်တာကြောင့် စေးကပ်မှု လုံးဝမရှိဘဲ အသားထဲသို့ လျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး တစ်နေ့တာလုံး လန်းဆန်းမွှေးကြိုင်စေပါတယ်။
ဒါကြောင့် ပျိုမေတို့ရဲ့ နေ့စဉ် အလှတရားအတွက် Galanz Romance Perfume & Lotion Duo လေးကိုပဲ လက်မနှေးတမ်း ရွေးချယ်လိုက်တော့နော်! 🌸✨
💖 ပျိုမေတို့ရဲ့အသားအရေကို စိတ်ချလုံခြုံစွာ ဂရုစိုက်ဖို့ Hologram Sticker ပါတဲ့ Galanz Romance Lotion (200g) အစစ်အမှန်ကိုသာ ရွေးချယ်ပါနော်…
15/08/2026
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တောက်ပနေတဲ့ ပျိုမေတိုင်းရဲ့ နောက်ကွယ်မှာ အမြဲတမ်း ပံ့ပိုးပေးနေတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။
ဒါကတော့ ခေါင်းအစ ခြေအဆုံး နေ့စဉ် အလှအပ လိုအပ်ချက်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Galanz ရဲ့ Products တွေပဲ ဖြစ်ပါတယ်။ 🌸
နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ မိနစ်တိုင်းမှာ ပျိုမေတို့ရဲ့ အသားအရေနဲ့ ခန္ဓာကိုယ်ကို နူးညံ့ယုယစွာ စောင့်ရှောက်ပေးဖို့ Galanz က အမြဲတမ်းအသင့် ရှိနေပါတယ်။
မနက်ခင်း လန်းဆန်းသန့်စင်မှုကနေ စလို့ တစ်နေကုန် သင်းပျံ့စိုပြည်ပြီး ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိနေစေဖို့ ခေါင်းအစ ခြေအဆုံး ပြည့်စုံတဲ့ ဂရုစိုက်မှုတွေကို ပေးစွမ်းနိုင်တာမို့ ဘယ်အချိန်ကြည့်ကြည့် ထင်းခနဲ လှပနေနိုင်တော့တာပေါ့✨
အသားအရေ ထိခိုက်မှု မရှိရအောင် Galanz ရဲ့ Product များကို ဝယ်ယူတော့မယ်ဆိုရင် Galanz Beauty Product Myanmar Page ရဲ့ Chat Box မှာ အသေးစိတ်မေးမြန်းပြီးဝယ်ယူကြပါနော်…💖
ပျိုမေတို့ရဲ့အသားအရေကို စိတ်ချလုံခြုံစွာ ဂရုစိုက်ဖို့ Hologram Sticker ပါတဲ့ Galanz Romance Lotion (200g) အစစ်အမှန်ကိုသာ ရွေးချယ်ပါ ✨
12/08/2026
လက်ရှိဈေးကွက်မှာ Galanz Romance Lotion (200g) အတုအပတွေ တွေ့ရှိလာတာကြောင့် ဝယ်ယူတဲ့အခါ အောက်ပါအချက်တွေကို သေချာစစ်ဆေးဖို့ အကြံပြုလိုပါတယ်။
✨ ဘူးအရောင် (Packaging Color)
စစ်မှန်တဲ့ ထုတ်ကုန်တွေမှာတော့ ဘူးအရောင်က ပိုမိုလင်းပြီး မှိန်နေတာမျိုး မရှိဘဲ အရောင်ကျစ်လစ်မှုရှိသလို ကြည့်လိုက်တာနဲ့ မြင်သာစေပါတယ်။ အတုအပတွေမှာတော့ ဘူးအရောင်ကအစ မှေးမှိန်နေပြီး မွဲညစ်နေပါလိမ့်မယ်။
🔤 စာလုံးပုံစံ (Font & Printing)
ဘူးရဲ့ ရှေ့ဘက်အခြမ်းမှာ Romance ဆိုတဲ့ စာလုံးကြီး အပါအဝင် Hand & Body Cream နဲ့ 200gm တို့ မြင်နိုင်ပါတယ်။ ဒီမှာ သတိထားရမှာက ဘူးအတုမှာ Hand & Body Cream နဲ့ 200gm စာနှစ်မျိုးလုံးကို Bold လုပ်ထားပြီး ဘူးအစစ်မှာတော့ 200gm တစ်မျိုးတည်းကိုသာ Bold လုပ်ထားတာပါ။ ဘူးနောက်ခြမ်းမှာဆိုရင်လည်း အတုအပကတော့ စာလုံးတိုင်းကို bold ထားပြီး အစစ်မှာ ခေါင်းစဉ်စာသားတွေကိုသာ Bold ထားပြီး ကျန်စာသားတွေကတော့ ပုံမှန်အတိုင်း မြင်ရပါလိမ့်မယ်။
🧴 Texture
Romance Lotion အစစ်မှာ သူ့ရဲ့ Texture ကိုက Lightweight ဖြစ်ပြီး လိမ်းလိုက်မယ်ဆိုရင်လည်း အသားအရေကို အလွယ်တကူ စိမ့်ဝင်နိုင်ပါတယ်။ အတုမှာတော့ အသားအရေအတွင်းထဲ စိမ့်ဝင်ခြင်းမရှိဘဲ စေးကပ်ကပ်ကြီး ဖြစ်နေပါလိမ့်မယ်။
🌹 အနံ့ (Fragrance)
အနံ့ပိုင်းမှာဆိုရင်လည်း ထုတ်ကုန်အစစ်က နူးညံ့တဲ့ Sweet Floral ရနံ့ကို အပြည့်အဝရရှိနိုင်ပြီး Long Lasting ဖြစ်စေပါတယ်။ အတုအပတွေကတော့ ရနံ့ပိုင်းမှာလည်း ကွာခြားနိုင်သလို ကြာရှည်အနံ့မစွဲနိုင်တာတွေကြောင့် မြင်သာနိုင်ပါတယ်။
✅ အရေးကြီးဆုံးအချက်ကတော့ BB Logo ပါ Hologram Sticker ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူဖို့ပါ။ Hologram Sticker ပါရှိတဲ့ Product ကို ရွေးချယ်ဝယ်ယူတာက အစစ်အမှန်ထုတ်ကုန်ကို ခွဲခြားနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်။
ပျိုမေတို့ရဲ့အသားအရေကို စိတ်ချလုံခြုံစွာ ဂရုစိုက်ဖို့ Hologram Sticker ပါတဲ့ Galanz Romance Lotion (200g) အစစ်အမှန်ကိုသာ ရွေးချယ်ပါ ✨
08/08/2026
ပျိုမေတို့ရေ... လက်ရှိဈေးကွက်ထဲမှာ Galanz Romance Lotion အတုတွေ တွေ့ရှိလာနေတာကြောင့် ဝယ်ယူသုံးစွဲရာမှာ အထူးသတိထားဖို့ လိုပါတယ်။ အထူးသဖြင့် 200g အရွယ်အစားမှာ အတုအပတွေ တွေ့ရှိလာတာကြောင့် မဝယ်ယူခင် သေချာစစ်ဆေးဖို့ မမေ့ပါနဲ့နော်။
အတုအပ Product တွေကို မှားယွင်းသုံးစွဲမိရင် အသားအရေယားယံခြင်း၊ ဓာတ်မတည့်ခြင်းနဲ့ အသားအရေထိခိုက်ပျက်စီးခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါဆို အစစ်အမှန်ကို ဘယ်လိုခွဲမလဲ?
✅ Galanz Romance Lotion (200g) အစစ်ဘူးလေးတွေမှာ Hologram Sticker ပါဝင်ပါတယ်။
ဒါကြောင့် မဝယ်ခင် Product ပေါ်က Hologram Sticker ပါ/မပါကို သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။
💖 ပျိုမေတို့ရဲ့အသားအရေကို စိတ်ချလုံခြုံစွာ ဂရုစိုက်ဖို့ Hologram Sticker ပါတဲ့ Galanz Romance Lotion (200g) အစစ်အမှန်ကိုသာ ရွေးချယ်ပါနော်…
07/08/2026
Galanz အသုံးပြုသူ Customer များသို့ အသိပေးကြေညာခြင်း
Bright Beauty Trading Co., Ltd. မှ တရားဝင် တစ်ဦးတည်းမူပိုင်ခွင့်ဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော GALANZ ROMANCE Hand & Body Cream ကို အမျိုးအစား၊ အရောင်၊ ဒီဇိုင်း တူညီအောင် ပြုလုပ်ထားသည့် အတုအပများကို Online မှတစ်ဆင့် မသမာသူအချို့ က ကြော်ငြာရောင်းချနေသည်ကို စုံစမ်းသိရှိရပါသည်။
အဆိုပါ အတုအပများသည် Bright Beauty Trading Co., Ltd. မှ တင်သွင်းသော တရားဝင်ပစ္စည်းများ၏ အရည်အသွေးကို မမီသည့်အတွက် သုံးစွဲသူ မိတ်ဆွေများအနေဖြင့် ငွေကြေးဆုံးရှုံးမှုနှင့် အရေပြားထိခိုက်မှုများ မရှိစေရန် အထူးသတိပြု ဝယ်ယူကြပါရန် အသိပေးအပ်ပါသည်။
ယနေ့မှစ၍ Bright Beauty Trading Co., Ltd. မှ ဖြန့်ဖြူးရောင်းချသော GALANZ ROMANCE Hand & Body Cream ဘူးတိုင်းတွင် BB Logo ပါရှိသော Hologram (ရောင်ပြန်စတစ်ကာ) ကပ်နှိပ်ထားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဝယ်ယူရာတွင် BB Logo ပါ Hologram စတစ်ကာ ပါရှိခြင်း ရှိ/မရှိ သေချာစွာ စစ်ဆေးဝယ်ယူပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
Galanz ကို အစဉ်အမြဲ ယုံကြည်အားပေးကြသော Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ 💖
29/07/2026
ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ (၇)ရက်သားသမီးများအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ လိုရာဆန္ဒမှန်သမျှ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
#ဓမ္မစကြာအခါတော်နေ့
24/07/2026
ဘာသုံးသုံး အဆင်ပြေပါတယ်ဆိုပြီး ကြုံရာဆပ်ပြာနဲ့ မျက်နှာသစ်နေတုန်းပဲလား?
အမျိုးသားတွေရဲ့ အသားအရေက အမျိုးသမီးတွေထက် ပိုထူပြီး အဆီပိုပြန်တတ်သလို၊ တစ်နေ့တာ နေပူထဲ၊ ဖုန်မှုန့်ထဲ သွားလာရတာ ပိုများတဲ့အတွက် သေချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ မကိုက်ညီတဲ့ Cleanser တွေ သုံးနေရင် ဝက်ခြံတွေ ပိုထွက်လာတာ၊ အသားခြောက်ပြီး မွဲညစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီပြဿနာအားလုံးကို ဖြေရှင်းပေးဖို့အတွက် Galanz Men Facial Cleanser ရှိတယ်နော်။
Galanz မှာဆိုရင် မိမိရဲ့ အသားအရေ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်မယ့် Galanz Men Facial Cleanser (3) မျိုးရှိပါတယ်။
✅Galanz Men Oily Skin Facial Cleanser
သစ်ကြံပိုးခေါက်အဆီအနှစ်နဲ့ ထုတ်လုပ်ထားလို့ ချွေးပေါက်ထဲက အဆီနဲ့ အညစ်အကြေးတွေကို နက်ရှိုင်းစွာ သန့်စင်ပေးပြီး မျက်နှာအဆီပြန်၊ မွဲညစ်တဲ့သူတွေ သုံးသင့်ပါတယ်။
✅Galanz Men Dry & Sensitive Skin Facial Cleanser
ဝါးအဆီအနှစ်နဲ့ Glycerin ပါဝင်လို့ အသားအရေကို အစိုဓာတ်အပြည့်အဝဖြည့်ပေးပြီး အသားခြောက်၊ အသားအရေနုပြီး Sensitive ဖြစ်တဲ့သူတွေ သုံးသင့်ပါတယ်။
✅Galanz Men ACNE Facial Cleanser
ဆေးဖက်ဝင်အပင် (၃) မျိုးနဲ့ ဖော်စပ်ထားလို့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ထိရောက်စွာ တိုက်ထုတ်ပေးပြီး ဝက်ခြံခဏခဏထွက်တတ်တဲ့သူတွေ သုံးသင့်ပါတယ်။
အသားအရေ ကောင်းမွန်ပြီး ကြည့်ကောင်းတဲ့ ယုံကြည်မှုတွေကို Galanz Men နဲ့အတူ တည်ဆောက်လိုက်ပါ။
21/07/2026
ဘယ်လို Body Lotion မျိုးပဲလိမ်းလိမ်း ခဏလေးနဲ့ ပြန်ခြောက်သွားပြီး အသားပတ်နေပြီလား?
ဒီပြဿနာကိုဖြေရှင်းဖို့အတွက် Galanz ရဲ့ Romance Hand & Body Cream 500 gm ဘူး အကိတ်လေးရှိနေပြီနော်…..
Romance Hand & Body Cream လေးရဲ့ ထူးခြားချက်လေးတွေကတော့ ✨
✔Deep Moisture: သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားလို့ ခြောက်သွေ့တဲ့ အသားအရေကို အစိုဓာတ် အပြည့်အဝ ဖြည့်ပေးပြီး ထပ်မံမခြောက်သွေ့အောင်ပါ တစ်ပြိုင်နက် ကာကွယ်ပေးတယ်။
✔Anti-Aging Effect: Vitamin E ပါဝင်လို့ အသားအရေကို နူးညံ့ပျော့ပြောင်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုပါ တားဆီးပေးပါတယ်။
✔Perfect White: အသားအရေကို သဘာဝအတိုင်း သိသာစွာ ကြည်လင်းဝင်းပ စိုပြေလာစေပါတယ်။
✔Fast Absorbing: Non-Greasy Formula မလို့ လိမ်းလိုက်ရင် လုံးဝစေးကပ်ခြင်းမရှိဘဲ အသားထဲကို လျှင်မြန်စွာ စိမ့်ဝင်နိုင်စေပါတယ်။
✨ ရေချိုးပြီးတိုင်း Galanz Romance လေး လိမ်းပေးရုံနဲ့ မွှေးပျံ့တဲ့ ရနံ့ချိုချိုလေးနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီနော်….
17/07/2026
တစ်ခါတလေ လမ်းလျှောက်နေရင်း လေထဲကနေ ဖြတ်ခနဲ ရလိုက်တဲ့ အနံ့ကြောင့်... အတိတ်က အချိန်တစ်ခုကို ရုတ်တရက် ပြန်သတိရသွားဖူးလား?
အလုပ်စားပွဲပေါ်က ကော်ဖီနံ့မွှေးမွှေးလေး၊ မိုးရွာခါစက ထွက်လာတဲ့ မြေကြီးနံ့သင်းသင်းလေးကအစ... ဘေးကဖြတ်သွားတဲ့သူဆီက ရုတ်တရက်ရလိုက်တဲ့ ရေမွှေးနံ့လေးအဆုံးပေါ့။ ဒီလိုရနံ့လေးတွေက အတိတ်ကိုပြန်ရောက်သွားသလိုမျိုး အမှတ်တရဟောင်းတွေကို နိုးထလာစေပါတယ်။
ဒါကြောင့် ဒီလို မွှေးရနံ့တစ်ခုထက်ပိုတဲ့ အမှတ်တရတွေကို ဖန်တီးတော့မယ်ဆို Galanz ကိုလည်း မေ့ထားလို့မရဘူးနော်..
ပျိုမေတို့ရော ရနံ့တစ်ခုခုကြောင့် အတိတ်ကတစ်စုံတစ်ယောက်ကို သတိရခဲ့ဖူးလားဆိုတာ Comment မှာ ဖြေခဲ့ပေးပါဦး!
14/07/2026
အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အရှိန်အဝါဆိုတာ စကားလုံးတွေ အများကြီး ပြောနေဖို့ မလိုပါဘူး။ ဖြတ်လျှောက်သွားရုံနဲ့တင် ကျန်ရစ်ခဲ့မယ့်... Sharp & Masculine ဖြစ်တဲ့ သင်းရနံ့ကပဲ သက်သေပြသွားမှာပါ။⚡
ဒါကြောင့် စမတ်ကျတဲ့ အမျိုးသားတို့ရဲ့ တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ပေါ်သွားစေဖို့ဆို Long-lasting ဖြစ်ပြီး Fresh & Energetic ဖြစ်နေမယ့် 🌊 Galanz Men Surf Perfume လေးကို ဆောင်ထားဖို့တော့ လိုပါမယ်..😎
ကိုယ့်ရဲ့ ယုံကြည်မှုတွေကို အမြင့်ဆုံးထိ မြှင့်တင်ပြီး ဘေးနားကလူတွေကိုပါ ဆွဲဆောင်ဖမ်းစားနိုင်ဖို့ Galanz Men Surf ကို အခုပဲ ရွေးချယ်လိုက်ပါ! 💪
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. (60), OhnPin Street, KyeeMyinDaing Township
Yangon
11101
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |