Libellule Hair removal esthetic

Libellule Hair removal esthetic

Share

တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်
အလှအပအတွက် ယုံကြည်မှုရှိစေဖို့
💛💛💛💛💛

16/11/2025

မင်္ဂလာပါရှင့်😍
မတွေ့ရတာအများကြီး ကြာနေပါပြီနော်
ဒီမင်မင်က ပေါ်လိုက်ပျောက်လိုက်ဖြစ်သွားလို့ပါရှင့်😁
ဒါပေမယ့် မင်မင်တို့ဆိုင်လေးကတော့ ကာကာအသစ်လေးတွေ အမြဲတမ်းဖောက်သည် ကာကာလေးတွေနဲ့ အမြဲမပြတ်စည်ကားနေလို့ ယုံကြည်အားပေးကြတဲ့ အသဲလေးတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 😘😘😘

❄ အခုဆိုရင် မိုးရာသီလေးလည်းကုန်တော့မှာမို့ ခရီးသွားရာသီလေးရောက်လာပြီပေါ့နော်
☃ဆောင်းရာသီဝင်လာပြီဆိုပေမယ့် မင်မင်တို့နိုင်ငံရဲ့ ရာသီဥတုလေးက အရမ်းပူတာပါပဲရှင်🤧
အဲ့ဒီတော့ ခရီးသွားတဲ့အခါ outfit လှလှလေးတွေနဲ့ စမတ်ကျကျ လှနေကြပေမယ့် ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကလည်း စိတ်အနှောင့်ယှက်တခုပဲမဟုတ်လားရှင်
❄❄ ဒီအတွက်တော့ နာကျင်မှုလည်းမရှိ
အချိန်ကုန်လည်းသက်သာ စျေးနှုန်းလည်းအရမ်းကိုမှချိုလွန်းတဲ့ မင်မင်တို့ရဲ့
ဂျပန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ IPL လေဆာစက်လေးနဲ့ မလိုအပ်တဲ့ အမွှေး
မျှင်တွေကို ဖယ်ရှားပစ်ကြရအောင်လားရှင်😍
☃☃ ချစ်ရပါသော ကာကာလေးတွေရဲ့ တောင်းဆိုမှုကြောင့် စျေးနှုန်းလေးကိုလည်း ဒီနှစ်ကုန်အထိ ထပ်မတက်ပဲ ထားပေးထားဦးမှာမို့ ဘယ်လောက်အဆင်ပြေသလဲနော်😘
🤍🤍 လေဆာတစ်ချက်နှုန်း မြန်မာငွေ 4️⃣5️⃣0️⃣ ကျပ်တည်းနဲ့ မိမိကြိုက်တဲ့နေရာကို ကြိုက်သလောက်ပစ်ကျသလောက်ရှင်းလို့ရပါတယ်ရှင့်
💜💜 မင်မင်တို့ဆိုင်လေးရဲ့ အထူး အစီစဥ်လေးတစ်ခုလည်းကျန်ပါသေးတယ်
အဲ့ဒါကတော့ ကာကာလေးတို့ကို ချစ်လွန်းလို့ ဖန်တီးပေးထားတဲ့ packageလေးနှစ်မျိုးကတော့
💛 Armpit package 85000 ကျပ်
❤Bikini package. 165000 ကျပ်
တို့ ဖြစ်ပါတယ်ရှင်
ဒီpackageလေးတွေကတော့ ၆ကြိမ် တိတိပစ်လို့ရမှာပါနော်
ပုံမှန်ဆို တစ်ကြိမ်ချင်းကို armpit 25000 bikini 45000 လောက်ကျတာကို အများကြီး အများကြီး လျှော့ပြီး အချစ်တွေနဲ့ ပြုလုပ်ပေးထားတာပါရှင့်
💗💗 မင်မင်တို့ရဲ့ချစ်သောလေးတွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ packageလေးတွေမို့ အရောင်းရဆုံး package လေးတွေပါနော်

ဒီpackage တွေနဲ့အတူ တခြားသော နေရာလေးတွေကိုလည်း အသက်သာဆုံးစျေးလေးနဲ့ လေဆာပစ်ရင်း လှပကြော့မော့စွာ
မော်နေနိုင်ဖို့ မင်မင်တို့ဆိုင်လေးကို အမြန် booking ယူထားဖို့ မမေ့ကြနဲ့နော်😘😘

LIBELLULE HAIR REMOVAL
အမှတ် ၁၅၈/ဂ ပထမသီရိပ်သာ အလုံမြို့နယ် ရန်ကုန်။
📳 0943173680

18/05/2025

မင်မင်တို့ဆိုင်လေးရဲ့ အမာခံ ကာစတမ်မာ ဒေါက်တာလှလှလေးရဲ့ reviewလေးပါရှင် ဘာအကျိုးအမြတ်မှမယူပဲမပေးရပဲနှင့် တကယ်သဘောကျလို့ပါဆိုပြီး
အမြဲစေတနာအပြည့်နဲ့ အခုလိုကြေငြာပေးဝေမျှပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်ရှင့် 😍

ဒီpost ကတော့ နွေရာသီမှာ ချိုင်းမွှေးကြောင့်၊ ချိုင်းချွေးနံ့ကြောင့်၊ ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေကြတဲ့ သူတွေ၊ Gym ဆော့ရင် ရေကူးရင် ဆီးခုံမွှေး / ခြေသလုံးမွှေးတွေ ကြောင့် စိတ်ညစ်နေကြတဲ့ အမျိုးသမီး/ အမျိုးသားတွေ အားလုံးအတွက် ကျန်းမာရေးအရရော အလှအပနဲ့ရောဆိုင်တဲ့ post လေးပါရှင်

မလိုအပ်တဲ့ သူတွေကတော့ ကျော်ဖတ်ပေးပါရှင် 🙏🏻

အားလုံးသိကြတဲ့အတိုင်း နွေရာသီဆိုရင် ချိုင်းချွေးစော် / ချိုင်းလက်ပတ်စော်နံတာတို့ ဆိုတာ ကိုယ်တင်မဟုတ် သူများကိုပါ အတော်စိတ်ဒုက္ခပေးတဲ့ပြသနာတွေပါ။ လူ့ခန္ဓာကိုယ်ရဲ့ အမွှေးရှိတဲ့နေရာမှန်သမျှဟာ ပူနွေးစိုစွတ်နေပြီး ဘက်တီးရီးယားပိုးမွှားတွေ အချိန်နဲ့အမျှ ပေါက်ဖွားနေလို့ အနံ့ဆိုးတွေထွက်ပါတယ်။

နောက်ပြသနာတခုက ဆီးခုံမွှေး / ခြေသလုံးမွှေးပါ။ အထူးသဖြင့် Gym ဆော့ တဲ့ ရေကူးကြတဲ့ သူတွေဆို ကျား/ မ မရွေး ဆီးခုံမွှေးများနေရင် ထူနေရင် အနံ့အသက်လည်းမကောင်းသလို စိတ်လုံခြုံမှုလည်းမရှိပါဘူး။

ဒီ ချိုင်းချွေးစော် နံတာ၊ ချိုင်းလတ်ပတ်စော် နံတာ၊ ပေါင်ကြားစော်နံတာ ၊ ကိုယ်နံ့ပြင်းတာတွေဟာ အမွှေးအမျင်များထူလွန်းသောကြောင့်လည်းဖြစ်နိုင်သလို ၊ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကိုပြုပြင်လို့ ရပေမယ့် အမွှေးသန်တာ အမွှေးများတာ ကိုတော့ ပြုပြင်ရခက်ပါတယ်။ (တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကိုပြုပြင်ဖို့ post တခုသပ်သပ်ရေးပေးပါမယ်)

ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့ နည်းမျိုးစုံ ရှိတဲ့ အထဲကမှ ဒီနေ့မှာတော့ hair removal အကြောင်းလေး ပြောပြပါရစေ။

လူ့ခန္ဓာကိုယ်ရဲ့ ဘယ်အမွှေးမဆို phase (3) ခုရှိပါတယ်။
✅Growth Phase (Anagen)- အမွှေးကြီးထွားတဲ့ stage
✅Transition Phase (Catagen)- ကြားstage
✅Resting Phase (Telogen)- အမွှေးကျွတ်တဲ့ stage ဆိုပြီး phase (3) ခုရှိပါတယ်။

Laser hair removal ကတော့ hair cycle ရဲ့ Anagen phase မှာပစ်ရတာပါ။ အဲ့တာက အထိရောက်ဆုံးဖြစ်ပြီး လူတိုင်းနီးပါးရဲ့ (၈၅%) သော အမွှေးတွေဟာ Anagen stage မှာရှိနေပါတယ်တဲ့။ ဒီတော့ ... Hair cycle phase တွေ အပေါ်လိုက်ပြီး hair follicles တွေကို ထိထိမိမိ သတ်နိုင်ဖို့ က ပျမ်းမျှအားဖြင့် (၂) ပတ် ကနေ (၄) ပတ် ကို တကြိမ်နှုန်းနဲ့ လေဆာပစ်ရမှာဖြစ်ပြီး စုစုပေါင်း (၁၂ ) ကြိမ်ကနေ (၁၆ ) ကြိမ်လောက်အထိ ပစ်ရမှာပါ။ ဒါမှ hair cycle မလွတ်သွားပဲ Anagen stage ကိုထိထိမိမိပစ်နိုင်ပြီး တသက်စာ အမွှေးမထွက်မှာဖြစ်ပါတယ်။

ကျမ ကိုယ်တိုင်က ဆရာဝန်လည်းဖြစ် အသန့်လည်းအရမ်းကြိုက်တဲ့သူမို့ ချိုင်းချွေးနံ့တို့ ချိုင်းမွှေးတို့ ရှိနေရင် ဘယ်လိုအဆင်မပြေလို့ ကိုယ်တိုင် လည်း တကိုယ်လုံးနီးပါးကအမွှေးတွေကို လေဆာပစ်ထားတာကြောင့် အဆင်ပြေတဲ့ဆေးခန်းကောင်းလေးတခု ညွှန်ပေးချင်လို့ပါ။

ဒီဆေးခန်း ကိုမသွားခင်မှာ ကျမအခြား Aesthetic ဆေးခန်း (၃/၄) ခုမှာ IPL / Laser hair removal လုပ်ဖူးပါတယ်။ package အပြည့်/ အကြိမ်အပြည့် လုပ်တာတောင် ရပ်ပြီး (၃) လလောက်ဆို အမွှေးတွေ ပြန်ထွက်လာလို့ အမြဲစိတ်ညစ်နေခဲ့ရတာပါ။ ကုန်ကျစရိတ်လည်း တော်တော်များပြီး အရာမရောက်ခဲ့ပါဘူး။ (ကျမ ကိုယ်တိုင်က အမွှေးသန်တဲ့သူဖြစ်တာလည်း ပါပါတယ်)

2019 လောက်က အသိအမတယောက်က ညွှန်ပေးလို့ ဒီ ဆိုတဲ့ ဆေးခန်းလေးကိုရောက်ခဲ့ပါတယ်။

အခု second cycle ပစ်အပြီးမှာ (၃) နှစ်အကြာမှာ…
(၁) လေဆာပစ်ထားတဲ့နေရာတွေက အမွှေးတွေ လုံးဝ ( လုံးဝ) ပြန်မထွက်လာတော့ပါဘူး
(၂) ချိုင်းချွေးလည်း ထွက်တာနည်းသွားသလို အနံ့လည်းမရှိတော့ပါဘူး
(၃) ချိုင်းသားတွေ သိသိသာသာဖြူလာပါတယ်။

ကျမ ငယ်ငယ်တည်းက သူငယ်ချင်းတွေ cousin တွေထဲမှာ ချိုင်းမွှေး/ ခြေသလုံးမွှေးတွေကို wax လုပ်တာတို့ နှုတ်တာတို့ လုပ်ပြီး ကြက်အရေခွံလို ဗြုတ်စိထနေတာတွေ မြင်ဖူးခဲ့တော့ ကြောက်ပြီး မလုပ်ပဲ shave ပဲ လုပ်ခဲ့တာပါ။ ချိုင်းမွှေးကြောင့် / တခြားအမွှေးတွေကြောင့် စိတ်ညစ်နေရတဲ့ သူတွေ ကျား/ မ မရွေး package တကြိမ်စာလောက်တော့ သွားလုပ်ကြည့်သင့်ပါတယ်လို့။ ကျမက အမွှေးထွက်သန်တဲ့သူမို့ package (၂) ကြိမ်စာယူလိုက်ရတာပါ။ တော်ရုံအမွှေးနည်းတဲ့သူဆို package တကြိမ်စာလောက်နဲ့တင် အမွှေးထွက်တာရပ်သွားနိူင်ပါတယ်။

Laser Hair removal လုပ်တဲ့အကြောင်း အရင်တင်ပေးဖူးတဲ့ postများ
(၁) 📸 Look at this post on Facebook https://www.facebook.com/589895668145160/posts/1348463345621718/?d=n&mibextid=WC7FNe

(၂ ) 📸 Look at this post on Facebook https://www.facebook.com/589895668145160/posts/1384164295384956/?d=n&mibextid=WC7FNe

(၃ ) 📸 Look at this post on Facebook https://www.facebook.com/100006543616692/posts/2918384855056273/?d=n&mibextid=WC7FNe

သေးစိတ်ကို
Libellule Page link : https://www.facebook.com/LibelluleIPL/
Or phone 📞: 0943173680 ကို ဆက်သွယ်မေးမြန်းပေးကြပါနော် ( ဒေါက်တာယု post ကိုတွေ့လို့လာတယ်ပြောရင် discount ရနိုင်တယ် 🤭)

ဒေါက်တာယုစာဖတ်ပရိတ်သတ် လေးတွေ အထဲမှာ အမွှေးအမျှင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူများရှိခဲ့ရင် အခုကစပြီး confident ရှိရှိ လှနိုင်ကြပါစေလို့ 💕

#ဒေါက်တာယုနဲ့ပြောကြမယ်

17 May 2025

07/04/2025

မင်္ဂလာပါရှင်😍

မြန်မာနှစ်သစ်အတွက် promotion မလုပ်ဘူးလားလို့ မေးနေကြတဲ့ ချစ်သောလေးများအတွက်
အထူးအစီစဥ်လေးတစ်ခု ပြုလုပ်ထားပါတယ်ရှင်🤩🤩

မင်မင်တို့ဆိုင်ရဲ့ အရမ်းတန်တဲ့
Packageလေးတွေဖြစ်တဲ့

🩷Armpit package 85000

🤍Bikini. package. 165000

🩶Armpit+Bikini package 250000

ဆိုတဲ့ package လေးတွေကိုတော့ ချစ်သောလေးတွေ သိပြီးကြပြီဟုတ်😘

Package လေးတွေကို ဝယ်ချင်တယ် ငွေအမောင့်လည်း တခါတည်းအများကြီးမသုံးချင်ဘူး ဘတ်ဂျက်တွက်နေရပါတယ်ဆိုတဲ့ သဲလေးတွေအတွက်
Packageလေးတွေကို နှစ်ကြိမ်ငွေခွဲသွင်းခြင်းကို မင်မင်တို့လက်ခံပေးသွားမှာ ဖြစ်ပါတယ်ရှင် 🎉🎉🎉🎉

ငွေအပြည့်သွင်းပြီး ဝယ်ယူမယ့်သူတွေအတွက်ကျရော ဘာမှမလုပ်ပေးဘူးလားဆိုရင်တော့
ဝယ်ယူတဲ့ package တိုင်းကို
Free တစ်ကြိမ်စီနှင့်အတူ သင်္ကြန်မုန့်ဖိုး
10000 cash back လက်ဆောင်ပြန်ပေးပါ့မယ်ရှင့်🤗🤗

၆ကြိမ်စာ packageလေးတွေကို ငွေအပြည့်သွင်းပြီးဝယ်ယူမယ်ဆိုရင် ၇ကြိမ် ရမှာဖြစ်ပါတယ်ရှင့် 👍👍👍

Package မဟုတ်တဲ့ တခြားသောနေရာလေးတွေကိုတော့
မင်မင်တို့ ကျသင့်တဲ့ပမာဏရဲ့ 20 ရာခိုင်နှုန်း စျေးလျှော့ပေးသွားမှာဖြစ်ပါတယ်ရှင့် 🥰

🍀ဒီအစီစဥ်လေးကို ဧပရယ် တစ်လလုံး ဝယ်ယူလို့ရပါတယ်ရှင့်🍀

လူကြားထဲမှာ ယုံကြည်မှုရှိရှိလှပနိုင်စေဖို့
မင်မင်တို့ရဲ့ ဆိုင်လေးမှာ စျေးနှုန်းချိုသာစွာနဲ့ ဝန်ဆောင်မှုပေးနေပြီမို့
လက်မလွတ်ရအောင် အမြန်လေး booking လာယူထားကြဖို့မမေ့နဲ့နော်

☎ 0943173680
အမှတ် ၁၅၈/စီ ပထမသီရိရိပ်သာ
အလုံစာတိုက်မှတ်တိုင်
ရန်ကုန်မြို့

20/03/2025

မင်္ဂလာပါရှင့်🙇
🌞🌞နွေရာသီရယ်လို့ ပီပီပြင်ပြင်ကြီးမရောက်သေးပေမယ့်
ရာသီဥတုကလည်းအရမ်းပူလာတော့
အပြင်သွားတဲ့အခါ ပေါ့ပေါ့ပါးပါး 🎽👗အင်္ကျီလက်ပြတ်လေးတွေ ဂါဝန်တို စကဒ်တိုလေးတွေဝတ်ကြရတဲ့အခါ
⛱️ နွေအပူကိုရှောင်ဖို့ ကမ်းခြေသွားတဲ့အခါ ရေကူးဝတ်စုံလှလှလေးတွေဝတ်ရင်း👙🩱
လူကြားထဲမှာ ယုံကြည်မှုမှုရှိရှိနဲ့ လှပနိုင်ဖို့
မင်မင်တို့ရဲ့ Hair removal လေဆာဆိုင်လေးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါရစေနော်
❤️မိမိခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အမွှေးအမျှင်တွေကြောင့်စိတ်ရှုပ်နေရတဲ့ ကာကာလေးတွေလည်း မင်မင်တို့ရဲ့ဆိုင်လေးမှာ အသက်သာဆုံးစျေးနှုန်းနဲ့ လေဆာပစ်လို့ရနေပါပြီ❤️
💛မင်မင်တို့ဆိုင်လေးရဲ့စျေးနှုန်းဘယ်လောက်သက်သာလည်း ဘယ်လောက်ယုံကြည်စိတ်ချထိရောက်မှုရှိလည်းဆိုတာတော့
ချစ်ရပါသောကာကာလေးတွေကအသိဆုံးပါပဲနော် 💛
📢📢မင်မင်တို့ဆိုင်လေးမှာတော့ လေဆာတစ်ချက်ချင်းစိတ်ကြိုက်ပစ်ချင်တဲ့သူတွေအတွက် တစ်ချက်ကို မြန်မာငွေ ၄၅၀ ကျပ်တည်းနဲ့ ဝန်ဆောင်မှုပေးနေပါတယ်နော်
ကုန်ကျနိုင်တဲ့ခန့်မှန်းစျေးနှုန်းတွေပြောပြပါဆိုတဲ့ချစ်သောလေးတွေအတွက်
အမေးများတဲ့ areaလေးတွေရဲ့ တစ်ကြိမ်ချင်းစျေးနှုန်းလေးတွေကို​ဖြေပေးပါရစေနော်💁💁
ချိုင်းနှစ်ဖက်.... (22500~~27000)
Bikini area .....(45000~~54000)
ခြေသလုံး.........(170000~~200000)
စျေးလေးတွေကတော့ တစ်ယောက်နဲ့တစ်ယောက်အချက်ရေခြင်းမတူနိုင်တာမို့ အတိုးအလျော့လေးရှိနိုင်ပါတယ်ရှင်

👍👍မင်မင်တို့ဆိုင်ရဲ့ အတန်တကာ့အတန်ဆုံး
အရောင်းရဆုံးဖြစ်တဲ့ package လေးတွေနဲ့မိတ်ဆက်ပေးပါရစေ👍👍

ချိုင်းနှစ်ဖက်..... (85000)
Bikini area ..... (165000)
ဒီpackageလေးတွေကတော့ ၆ကြိမ်စာ ဖြစ်ပါတယ်ရှင်
ကဲ ဘယ်လောက်တောင်တန်လည်းဆိုတာ
ကာကာလေးတွေ သိသွားပြီဟုတ်🤩🤩

ဒီတော့ ပိုတန်ပါတယ်ဆိုတယ်တဲ့ package လေးပဲဝယ်ချင်တဲ့ကာကာလေးတွေရော
တစ်ကြိမ်ချင်းပဲအေးဆေးလုပ်မယ်ကွယ်ဆိုတဲ့ ကာကာလေးတွေရော
မင်မင်တို့ဆိုင်လေးက အမြဲစောင့်မျှော်နေပါတယ်ရှင့်🥰🥰🥰
Booking စနစ်လေးမို့ လိုချင်တဲ့ရက်လေးကို ဖုန်းလေးကြိုဆက်ပေးဖို့လည်း တောင်းဆိုပါတယ်နော်📳
☎ 0943173680
အမှတ် ၁၅၈ စီ
ပထမသီရိရိပ်သာ
အလုံစာတိုက်မှတ်တိုင် ရန်ကုန်မြို့

01/01/2025

Happy New Year ပါရှင်
မင်မင်တို့ရဲ့ ချစ်သောလေးတွေ အားလုံး နှစ်သစ်မှစ၍ စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ
ပိုမို၍ လှပနိုင်ကြပါစေရှင်

13/12/2024

မင်္ဂလာပါရှင့်
မင်မင်တို့pageလေး သိပ်activeမဖြစ်တဲ့အတွက် တောင်းပန်ပါတယ်ရှင့်
ဆိုင်လေးက ပြန်ဖွင့်နေပါပြီရှင့်😍

IPLလေဆာစက်လေးကိုလည်း အချက်ရေအသစ်ပြန်ဖြည့်ထားတာမို့
ကာကာလေးတို့စိတ်ကြိုက် အချက်ရေတွေ ပစ်ပြီး ကျသလောက်ရှင်းလို့ရနေပါပြီ😜

အရမ်းအရမ်းတန်တဲ့ စျေးနှုန်းနဲ့ဝန်ဆောင်မှုပေးနေတဲ့
Packageလေးတွေလည်း မပြောင်းမလဲ
ရောင်းချပေးနေတုန်းပါပဲရှင့်
ဘယ်နေရာသွားသွား
ယုံကြည်မှုရှိရှိ
လှပနေနိုင်ဖို့ IPLလေဆာစက်နဲ့
ခန္ဓာကိုယ်မှ
မလိုအပ်တဲ့အမွှေးအမျှင်များကိုဖယ်ရှားပစ်ကြရအောင်နော်

☎ 0943173680
အမှတ် ၁၅၈ ပထမသီရိရိပ်သာ အလုံစာတိုက်မှတ်တိုင်
ရန်ကုန်မြို့

28/10/2024

မင်္ဂလာပါရှင်🙇‍♀️
မင်မင်တို့ ကြိုတင်ပြီး
​ခွင့်တိုင်စရာလေးရှိလို့ပါ 😁
🍓🍓🍓🍓
မင်မင်တို့ IPL Laser စက်လေးကို
ဂျပန်ပြန်ပြီး သက်တမ်းတိုးရမှာဖြစ်တဲ့အတွက်ကြောင့်
မင်မင်တို့ရဲ့ ဆိုင်လေးကို 15.11.2024 ရက်မှ 25.11.2024 ရက်နေ့အထိ ခေတ္တပိတ်ထားမှာဖြစ်ပါတယ်ရှင့် 📣📣📣

ပိတ်ရက်မတိုင်ခင်လေးမှာ
လေဆာကုသမှုခံယူချင်တဲ့ ကာကာအသစ်လေးတွေရော
မင်မင်တို့ရဲ့ အမြဲတမ်းအားပေးနေကျ ကာကာလေးတွေရော
ကြိုတင်bookingလေးတွေ
ယူထားလို့ရအောင်
အသိပေးလိုက်ပါတယ်ရှင့် 😘😘😘

08/10/2024

မင်္ဂလာပါရှင်🤗
အခုတလော
မိုးလေးနည်းနည်း မရွာတာနဲ့အရမ်းကိုပူအိုက်လာပြီနော်☀

နေပူပူထဲ ချွေးထွက် အရမ်းပူလို့
အင်္ကျီ လက်ပြတ်လေးတွေဝတ်တဲ့အခါ
ချိုင်းမွှေးတွေကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေတာမျိုး 😞
စကဒ်တိုဘောင်းဘီတို လှလှလေးတွေ ဝတ်ချင်ပေမယ့် ဝတ်ခါနီး ခြေသလုံးကအမွှေးတွေ ရိတ်ရလို့ အချိန်ကုန်လူပန်းဖြစ်နေတာမျိုး 🤧
ဖြစ်နေကြတဲ့
သဲလေးတွေရှိကြတယ်မဟုတ်လားရှင်
💙💙💙💙💙💙💙
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိ လှပစေနိုင်ဖို့
မင်မင်တို့ရဲ့ LIBELLULE Hair Removel
ဆိုင်လေးက အမြဲကြိုဆိုနေပါတယ်ရှင်

💛💛💛💛💛💛💛

တစ်လတစ်ကြိမ် မိနစ်အနည်းငယ်လေး အချိန်ပေးရုံနဲ့ ခန္ဓာကိုယ်မှ မလိုအပ်တဲ့
အမွှေးမျှင်များကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီနော်

💜💜💜💜💜💜💜

ဂျပန်နိုင်ငံထုတ် ခေတ်မှီ IPL Laser စက်ဖြင့် ဝန်ဆောင်မှုပေး​နေတာဖြစ်ပြီး
စျေးနှုန်းလေးတွေ​က မထင်မှတ်ထားလောက်အောင် သက်သာနေတာကိုလည်း
အမြဲအားပေးနေကျ ကာကာလေးတွေကတော့ သိနှင့်ပြီးသားဖြစ်နေမှာနော်😍

မင်မင်တို့ရဲ့ ကာကာအသစ်လေးတွေကို
တစ်ကြိမ်တစ်ခါလောက် လာရောက်စမ်းသပ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေရှင်😍😍

သိလိုသမျှကို အားမနာတမ်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 😘
VPN အခက်ခဲလေးတွေကြောင့် page cb ကနေ စာပြန်ဖို့အခက်ခဲရှိတတ်တာကြောင့်
ဖော်ပြထားတဲ့ ဖုန်း no လေးကိုလည်း ဆက်သွယ်နိုင်ပါတယ်ရှင်

☎ 0943173680
အမှတ် ၁၅၈/စီ အခန်း ၆
ပထမသီရိရိပ်သာ အလုံစာတိုက်မှတ်တိုင်အနီး ရန်ကုန်မြို့

27/09/2024

こんにちは🙇‍♀️

မင်မင်တို့ဆိုင်လေးအကြောင်း သေချာမသိသေးတဲ့ ကာကာလေးတွေကို ဆိုင်လေးအကြောင်း မိတ်ဆက်ပေးရင်း
အမေးအများဆုံး မေးခွန်းလေးတွေကို
​ဖြေကြားပေးပါရစေရှင် 💁

💛💛💛💛💛💛
ဒီဆိုင်လေး​ကတော့ ဂျပန်နိုင်ငံ Hyogo ခရိုင် Tatsuno မြို့ နှင့် Himeji မှာရှိတဲ့ Total beauty salon (法悟空) ရဲ့ ဆိုင်ခွဲလေးဖြစ်ပါတယ်။ပိုင်ရှင်ကိုယ်တိုင်ကလည်း ဂျပန်လူမျိုးဖြစ်ပါတယ်ရှင်😍

1️⃣အမွှေးမျှင်များကို ဘယ်လိုဖယ်ရှားပေးသလဲ?

ဂျပန်နိုင်ငံထုတ် IPLစက်ကို အသုံးပြုထားပါတယ်။
ကင်မရာ flash မီးရောင်လိုမျိုး အလင်းရောင်လေးဖြင့် အရေပြားပေါ်က မလိုအပ်တဲ့အမွှေးမျှင်များကို စက်ဖြင့်ပစ်ပြီး ကုသပေးတာပါ။ နာကျင်မှုလုံးဝနီးပါးမရှိပါဘူးရှင်။💛
ဆေးဘက်ဆိုင်ရာလေဆာများနှင့်ယှဥ်လျင်
ကုန်ကျစရိတ်လည်း သင့်တင့်မျှတပြီး သက်သာပါတယ်ရှင်။
မိနစ်အနည်းဖြင့်အချက်ရေများများ ပစ်နိုင်တာမို့ အချိန်ကုန်လည်းသက်သာစေပါတယ်ရှင်။

2️⃣ဘယ်နှစ်ကြိမ်လောက် လုပ်သင့်လဲ?

၇,၈ကြိမ်လောက် လုပ်သင့်ပါတယ်။တစ်ယောက်တစ်ယောက်နဲ့ အကြိမ်ရေ ကွာခြားမှုရှိနိုင်ပေမယ့် IPLစက်ကိုအသုံးပြုပြီး မလိုအပ်တဲ့ အမွှေးမျှင်များကို ဖယ်ရှားပေးခြင်းက တစ်လခြားပြီးတစ်ကြိမ် အနည်းဆုံး ၅ကြိမ်လောက်ကတော့ လိုအပ်ပါတယ်။

၇,၈ကြိမ်လောက် ကုသပြီးရင်တော့ အကျိုးသက်ရောက်မှုကို သိသာစွာခံစားရမှာသေချာပါတယ်ရှင်။

3️⃣စျေးနှုန်းကဘယ်လောက်လည်း?

လေဆာတစ်ချက်နှုန်း ၄၅၀ ကျပ်ဖြစ်ပါတယ်။😍😍

လေဆာစက်ကို မိမိကုသချင်တဲ့နေရာကို ထိပြီး ပစ်တဲ့အချက်ရေအလိုက် ကျသင့်ငွေကို တွက်ချက်တာဖြစ်ပါတယ်။
ဥပမာ ချိုင်းနှစ်ဖက်ကို ပျမ်းမျှ
တစ်ကြိမ် အချက်ရေ ၆၀လောက် ပစ်ရတာမို့ ၂၇၀၀၀ကျပ်လောက် ကျနိုင်ပါတယ်။ (တစ်ယောက်နဲ့တစ်ယောက် အချက်ရေမတူနိုင်ပါဘူးရှင်)

✳✳✳
ကာကာလေးတို့အတွက် အထူးစီစဥ်ပေးထားတဲ့ promotion packageလေး နှစ်မျိုးလေးလည်းရှိပါတယ်ရှင့်

Armpit (6ကြိမ်) 85000 MMK
Bikini (6ကြိမ်) 165000 MMK

ကာကာလေးတို့ရေ မင်မင်တို့ဆိုင်လေးက စျေးနှုန်းသက်သာစွာနဲ့ ဝန်ဆောင်မှုပေးနေတာမို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်😍😍😍

☎0943173680
အမှတ် ၁၅၈/စီ အခန်း၆
ပထမသီရိရိပ်သာ
အောက်ကြည့်မြင်တိုင်လမ်းမ အလုံစာတိုက်မှတ်တိုင်အနီး.ရန်ကုန်မြို့

12/09/2024

📣ပုံထဲက ကလေးလေးတွေ့မိခဲ့ရင် ဆက်သွယ်အကြောင်းကြားပေးကျပါအုံးဗျ 🙏🙏🙏💔

#ရေကြီးတဲ့နောက်ပါသွားလို့ရှာနေတာခုချိန်ထိမတွေ့သေးလို့ပါဗျ

ဒီပုံတွေ့တဲ့သူတွေ ဝိုင်းshareပေးကျပါအုံးဗျ အကူညီတောင်းပါတယ်🙏🙏🙏

လိပ်စာ-တပ်ကုန်းမြို့အရှေ့ဘက်
သစ်ဆိမ့်ပင်ရွာ ဦးကျော်ဒင်+ဒေါ်သန်းသန်းမြင့်တို့ရဲ့မြေးလေးပါဗျ

ဆက်သွယ်ရန်-ျမန္မာနိုင္ငံ

ဦးကျော်ဒင်- 09978166993
မစံပယ် - 09675906322
မခင်မြသက် -09989785249
မအေးမြင့်သူ - 09943929624
ဆက်ဩယ်ရန်---ထိုင်းနိုင်ငံ
ကို‌ေ ကျာ်ကြီး----0934579639
0827328388

အမည် ဝိုင်းလမင်းအောင်

သူ့အစ်မက တောင်ပို့သာကျေးရွှာမှာတွေ့ရှိပါတယ်
သူ့အမေက ရှားတောအိုင်ကျေးရွှာမှာတွေ့ရှိသိရပါတယ်။

#ကလေးကခုချိန်ထိမတွေ့သေးလို့ပါတွေ့ရှ်ိပါကကူညီပေးကြပါ🙏🙏🙏

31/08/2024

မင်္ဂလာပါရှင့် 🙇‍♀️

မင်မင်တို့ဆိုင်က package လေးများကို
ကြိုဝယ်ထားရင်ရော ရလားလို့မေးကြတဲ့ကာကာလေးတွေများလာလို့ပါ❔❓

👇👇👇👇👇
ကြိုတင်ဝယ်ယူလို့ရပါတယ်ရှင့်
ပေးချေမှုအနေနဲ့ကတော့
မင်မင်တို့ K Pay လေးနဲ့လက်ခံပေးပါတယ်ရှင်😊😊

ဘယ်လောက်ရာခိုင်နှုန်းပေးရမယ်ဆိုပြီး
ထပ်မကောက်ပါဘူးရှင့်
package စျေးနှုန်းအတိကျပဲ
ယူပါတယ်နော် 😘😘😘

ကာကာလေးတို့စိတ်တိုင်းကျ အဆင်ပြေအောင်အကုန်စီစဥ်ပေးတတ်တဲ့
အရမ်းသဘောကောင်းတဲ့
မင်မင်တို့ပါနော်😍😍😍

pay day လေးလည်းရောက်ပြီဆိုတော့
ခန္ဓာကိုယ်က မလိုအပ်တဲ့ အမွှေးမျှင်တွေကြောင့် စိတ်ညစ် စိတ်ရှုပ်ခံနေစရာမလိုတော့ပဲ ယုံကြည်မှုရှိရှိ လှပနိုင်စေဖို့
မင်မင်တို့ရဲ့ Hair Removal Package လေးတွေ ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့် 💛

စျေးနှုန်းလည်းသက်သာရမယ် ထိရောက်မှုလည်းရှိရမယ့် ဆိုင်မျိုးရှာနေတယ်ဆိုရင်ဖြင့်
မင်မင်တို့ရဲ့ LIBELLULE ဆိုင်လေးက
ကြိုဆိုနေပါတယ်ရှင့်

💙💙💙💙

သိလိုသမျှကိုလည်း ဖုန်းလေးဆက်မေးလို့ရသလို Cb ကနေ လာHiလည်းရတယ်နော်

☎ 0943173680
အမှတ် ၁၅၈/စီ အခန်း ၆
ပထမသီရိရိပ်သာ
အောက်ကြည့်မြင်တိုင်လမ်းမ
စာတိုက်မှတ်တိုင်အနီး အလုံမြို့နယ်
ရန်ကုန်မြို့

22/08/2024

မင်္ဂလာပါ ချစ်သော
ကာကာလေးတို့ရေ

စျေးလေးတွေတက်ပေမယ့်လည်း
အခုထိအားပေးမပြတ်တဲ့ ချစ်တဲ့ကာကာ အသစ် အဟောင်းလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်🙇‍♀️

လေဆာတစ်ချက်နှုန်း 450ဖြင့်
ခန္ဓာကိုယ်မှ မလိုအပ်တဲ့အမွှေးအမျှင်များကို စိတ်ကြိုက်ဖယ်ရှားလို့ရပါပြီရှင့်

packageလေးတွေကတော့

Armpit. 85000 (၆)ကြိမ်
Bikini. 165000. (၆)ကြိမ်

တို့ဖြင့် ဝယ်ယူလို့ရပါတယ်ရှင့်
ယုံကြည်မှုရှိရှိ လှပနိုင်စေဖို့
Libellule Hair removal esthetic
ကို အမြန်ဆုံး bookingလေး
လာယူလို့ရပြီနော် 😍😍😍😍

☎0943173680

အမှတ်၁၅၆/စီ အခန်း(၆).ပထမသီရိရိပ်သာ အောက်ကြည့်မြင်တိုင်လမ်း
အလုံစာတိုက်မှတ်တိုင်အနီး
ရန်ကုန်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Upper Kyimyindine Street
Yangon
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00