Aron Mercy
အားလံုးကိုအထူးေက်းဇူးပါ
20/01/2025
သတိရစရာလေး
02/01/2025
Fga Singapore
02/01/2025
DUMC
02/01/2025
Grace AG
01/01/2025
Abba Church
01/01/2025
HWC
01/01/2025
The City
09/10/2024
18/09/2024
Survivor
ဒီစာကို ကျွန်မတို့လို survivor တွေအတွက်ရေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခက်ခဲနေတဲ့ သူက ဖုန်းလဲ သုံးနိုင်မှာမဟုတ်ပါဘူး။
သင်ဟာ survivor တစ်ယောက်ဆိုရင် စိတ်ညစ်နေမယ့်အစား ၊ ငိုကြွေးနေမယ့်အစား ၊ တွေဝေနေမယ့်အစား၊ရှောင်ပြေးနေမယ့်အစား၊ (perceived threat) အကြောက်တရားတွေဖြစ်နေမယ့်အစား ကိုယ်လုပ်နိုင်တာဘာလေးတွေရှိမလဲ စဉ်းစားကြည့်ရအောင်
၁။လူသေ သတင်းတွေ စိတ်မကောင်းစရာသတင်းတွေလိုက်ဖတ်မယ့်အစား survive ဖြစ်သွားတဲ့ သူတွေ ကယ်ဆယ်ခံလိုက်ရတဲ့သူတွေ၊ အလှူရှင်တွေရဲ့ post တွေကို focus လုပ်ပေးပါ။ ဒါမှ ကိုယ်တိုင်လည်း victim mindset က လွတ်ပြီး ဦးနှောက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလုပ်နိုင်မှာပါ။
၂။ Coping techniques တွေထဲက အသက်ရှုလေ့ကျင့်ခန်းလုပ်တာ ၁၂၃၄ ရူဝင်၊ ၁၂၃၄ ရပ်၊ ၁၂၃၄ ရူထုတ်၊ ၁၂၃၄ ရပ် box breathingကို ခဏခဏလုပ်ပေးပါ။ ဒါက ကျွန်မတို့ အဝေးက နေ stress ဖြစ်နေတဲ့ သူတွေမှာ stress response ကိုသက်သာစေပါမယ်။
၃။ မြန်မာတွေရဲ့ ကူညီတတ်တဲ့စိတ်၊ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်တွေကို focus ပြီး ဂုဏ်ယူပါ။ တဖက်တလမ်းက ကူညီပေးချင်တဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူစိတ်ဖြစ်ပေးပါ။ ပရဟိတအဖွဲ့တွေရဲ့ video တွေမြင်ရင် ဂုဏ်ယူလို့ မကြာခဏ မျက်ရည်ကျရပါတယ်။
၄။ ကိုယ့်အခက်အခဲနဲ့ ကိုယ်မို့ ငွေအမြောက်အများ မလှူနိုင်တဲ့အခါ ငါဘာလုပ်ပေးနိုင်မှာမို့လဲလို့ တွေးတာထက် ငါလုပ်ပေးနိုင်တာ ဘာလေးရှိမလဲတွေးကြည့်ပါ။ သူတပါးကို နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ ဆောင်မခြင်း ဘာလေးတွေလုပ်နိုင်မလဲ၊ မျော်လင့်ချက်အလင်းရောင်ပေးတာမှ အစ post လေးတွေ share ပေးနေတာအဆုံး ဘယ်လို သေးသေး contribution လေးတွေငါလုပ်နိုင်မလဲတွေးကြည့်ပါ။
၅။ Attitude of gratitude ထားပါ။ ငါတို့ အသက်ရှင်နေတာ ကံကောင်းလိုက်တာ။ မိသားစု အတူရှိနေတာကံကောင်းလိုက်တာ။ ဝင်ငွေရှိနေသေးတာကံကောင်းလိုက်တာ လို့ မကြာခဏတွေးပြီး လူ့လောကထဲ လာတဲ့ အခိုက် ကောင်းတဲ့ ကံလေးရှိတဲ့ အခိုက် ငါဘာလေးတွေများလုပ်ပေးနိုင်မလဲဆိုတဲ့ sense of purpose ကိုရှာပါ။
၆။ Art, music, faith based ritual လေးတွေ တရားနာတာ၊ပုတီးစိတ်၊ တရားထိုင်၊ ဘုရားစာဆိုတာ၊ ပရိတ်ရွတ်တာ၊ မေတ္ထာပို့တာ စတဲ့ စိတ်ငြိမ်စေတဲ့ အပြုအမူလေးတွေလုပ်ပါ။
၇။ ပိုမိုကောင်းတဲ့ အနာဂတ်ကို vision လုပ်ကြည့်ပါ။ လူတစ်ယောက်က လက်ရှိအနေအထားကိုပဲ အာရုံစိုက်စိတ်ဓာတ် ကျနေတဲ့ အခါ ဦးနှောက်ကလည်း မကောင်းတဲ့ ဟော်မုန်းတွေကိုထုတ် မကောင်းတဲ့ အတွေးတွေနဲ့ မကောင်းတာတွေပဲဆက်မြင်တွေ့စေပါတယ်။ ကျွန်မတို့ဦးနှောက်က စိတ်ကူးယဉ်နေလား တကယ်ဖြစ်နေလားဆိုတာခွဲခြားနိုင်စွမ်းမရှိတဲ့ အတွက် ကောင်းတာလေးတွေ တကယ်ဖြစ်လာသလိုများများတွေးပေးပါ။ ဒါကို mental rehearsal လုပ်တယ်လို့ခေါ်ပါတယ်။ ကိုယ့်မိသားစုနဲ့ တိုင်းပြည်အတွက် ကောင်းတဲ့ အနာဂတ်လေးကို ပုံဖော်မြင်ယောင်ပေးပါ။ ပတ်ဝန်းကျင် အခြေအနေတွေ ဘာတွေဖြစ်ဖြစ် လူတိုင်းဟာ
အနည်းဆုံးမျှော်လင့်နေခွင့်၊ ပျော်ရွှင်နေခွင့်၊ ကျေနပ်တယ်လို့ ခံစားရမှုကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါတွေဟာ ရွေးချယ်လို့ရတယ်ဆိုတာကိုယုံကြည်ပေးပါ။ ( backed up by neuroscience )
ဘာလေးတွေရှိအုန်းမလဲ။ comment မှာထပ်ဖြည့်သွားလို့ရပါတယ်။
Burmese American Home
မေတ္တာဖြင့်ရေးသားသည်
Click here to claim your Sponsored Listing.
Telephone
Website
Address
No. 53 , Nanthargon Street, Nanthargone Quata
Yangon