My Nutri For You
Let's talk about the best nutrition in the world
15/03/2026
ကြည်လင်ဝင်းပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် Inner Nutrition (ခန္ဓာကိုယ်အတွင်းပိုင်း အာဟာရ) ဟာ အခြေခံအကျဆုံးဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အသားအရေဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အတွင်းပိုင်းကျန်းမာရေး အခြေအနေကို ပုံရိပ်ထင်ဟပ်နေလို့ပဲ ဖြစ်ပါတယ်။
အပြင်ပန်းလိမ်းခြယ်တဲ့ ပစ္စည်းတွေ (Moisturizer၊ Serum များ) က အရေပြားရဲ့ အပေါ်ယံလွှာမှာသာ အလုပ်လုပ်ပေးနိုင်တာပါ။ ဒါပေမဲ့ အတွင်းပိုင်းအာဟာရကတော့ အရေပြားဆဲလ်တွေ ပျက်စီးမှုကို ပြုပြင်ဖို့၊ အစိုဓာတ်ကို ထိန်းသိမ်းဖို့နဲ့ Collagen (ကော်လာဂျင်) ဓာတ်တွေကို ခန္ဓာကိုယ်အတွင်းပိုင်းကနေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ အဓိကအခြေခံအုတ်မြစ်တွေကို ထောက်ပံ့ပေးပါတယ်။
Healthy Glow skin ကို ရရှိနိုင်ဖို့
❇️လိမ်းတဲ့ Moisturizer ထက် သောက်တဲ့ "ရေ" က ပိုအရေးကြီးပါတယ်။ ရေဝဝသောက်ခြင်းက ဆဲလ်တွေကို အားဖြည့်ပေးပြီး အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။
❇️အသားအရေ တင်းရင်းပြီး နုပျိုနေဖို့အတွက် Collagen က အဓိကဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမဲ့ အပြင်ကလိမ်းတဲ့ Collagen ထက် ကိုယ့်ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း ထုတ်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်! Collagen အသစ်တွေ ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် စီ က မရှိမဖြစ် "လက်ထောက်" ပါပဲ။ Protein (ပရိုတင်း): Collagen ရဲ့ အခြေခံအုတ်မြစ်က ပရိုတင်းပါ။ အာဟာရဓာတ် ပြည့်ဝနေမယ်ဆိုရင် အသားအရေက တင်းရင်းအိစက်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေပေမယ့် အစားအသောက် ဂရုမစိုက်ဘဲ အချိုတွေ အလွန်အကျွံစားတာ၊ အဆီအစိမ့်တွေ စားတာကတော့ သင့်ရဲ့ Collagen တွေကို ပျက်စီးစေပြီး အသားအရေကို ပိုအိုမင်းရင့်ရော်စေပါတယ်။
❇️အူလမ်းကြောင်းမကောင်းရင် အဆိပ်အတောက်တွေက အသားအရေမှာ ဝက်ခြံတွေ၊ အနီစက်တွေအနေနဲ့ လာပြတတ်ပါတယ်။ Probiotics ပါတဲ့ အစားအစာတွေ (ဥပမာ- ဒိန်ချဉ်) စားပေးခြင်းက အသားအရေကို သိသိသာသာ ကြည်လင်စေပါတယ်။
❇️ဗီတာမင် C နဲ့ E ကြွယ်ဝတဲ့ သစ်သီးဝလံတွေဟာ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးပြီး Collagen ထုတ်လုပ်မှုကို အားပေးပါတယ်။
ဗီတာမင် A က ဆဲလ်အသစ်တွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ ကူညီပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါပြီး ဗီတာမင် Dက အရေပြားဆဲလ်တွေ ကျန်းမာသန်စွမ်းဖို့နဲ့ ခုခံအားကောင်းဖို့ တာဝန်ယူပါတယ်။
ဒီတော့ Skincare တွေဝယ်ဖို့ ငွေကုန်ကြေးကျမခံခင် ဒီနေ့ ဘာတွေစားခဲ့သလဲဆိုတာကို ပြန်ဆန်းစစ်ကြည့်ရအောင်။ အပြင်ကရော အတွင်းကပါ ဂရုစိုက်မှသာ ရေရှည်တည်တံ့တဲ့ အလှတရားကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
မနက်ခင်းတိုင်းကို ပေါ့ပါးလန်းဆန်း အင်အားပြည့်ပြည့်ဝဝနဲ့ စတင်ဖို့ Herbalife Nutritional Shake Mix
အလုပ်တွေ ဘယ်လောက်ပဲများနေပါစေ မိမိရဲ့ ကျန်းမာရေးအတွက် အာဟာရပြည့်ဝဖို့က အရေးကြီးပါတယ်။
Herbalife Nutritional Shake Mix တခွက်က သင့်ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်၊သတ္တုဓာတ်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။
❇️ ပြင်ဆင်ရလွယ်ကူပြီး အချိန်ကုန်သက်သာတယ်။
❇️ ကယ်လိုရီနည်းတာဖြစ်လို့ ကိုယ်အလေးချိန်တက်မှယကိုလည်း စိုးရိမ်ဖို့မလိုဘူး။
❇️ အရသာမျိုးစုံရှိလို့ နှစ်သက်ရာ ရွေးချယ်လို့ရတယ်။ သောက်ရတာလည်း ရိုးမသွားဘူး။
ဒီနေ့ကစပြီး သင့်ရဲ့မနက်ခင်းတိုင်းကို Herbalife Shake တခွက်နဲ့ ကျန်းမာပျော်ရွှင်စွာစတင်လိုက်ရအောင်။
16/01/2026
နေ့စဉ် အလုပ်တွေရှုပ်ပြီး ရေသောက်ဖို့ မေ့နေတတ်ကြလား?
ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေဖို့မှာ အခြေခံအကျဆုံးအချက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၆၀% ကျော်ကို ရေဖြင့် ဖွဲ့စည်းထားသည့်အတွက် ရေဓာတ်လုံလောက်စွာ မရရှိပါက ဇီဝကမ္မဖြစ်စဉ်များတွင် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ရေလုံလောက်အောင် မသောက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒီလို လက္ခဏာတွေ ပြလာပါလိမ့်မယ် -
😵💫 ရေဓာတ်အနည်းငယ် လျော့နည်းရုံမျှဖြင့် မကြာခဏ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
😴 ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ မထွက်နိုင်တဲ့အတွက် ပင်ပန်းလွယ်ပြီး အိပ်ချင်ငိုက်မြည်း ဖြစ်နေတတ်ပါတယ်။
🧴Skin care တွေ ဘယ်လောက်လိမ်းလိမ်း ရေမသောက်ရင်တော့ အသားအရေက တင်းတိမ်မှုမရှိဘဲ အရေးအကြောင်းတွေ မြန်မြန်ပေါ်လာနိုင်ပါတယ်။
🚽 ရေသောက်တာမလုံလောက်ရင် ဝမ်းချုပ်ခြင်းကို ဖြစ်စေသည့်အပြင် ရေရှည်တွင် ကျောက်ကပ်၌ ကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။
🧠 အလုပ်ထဲမှာပဲဖြစ်ဖြစ်၊ စာသင်တဲ့အခါမှာပဲဖြစ်ဖြစ် လျော့နည်းရုံမျှဖြင့် အာရုံစူးစိုက်မှု အားနည်းခြင်း၊ မှတ်ဉာဏ်ဝေဝါးခြင်းတွေ ဖြစ်တတ်ပါတယ်။
ဒါဆို တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲ?
ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးလူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂ လီတာ (သို့) ဖန်ခွက် ၈ ခွက် ခန့် သောက်ပေးသင့်ပါတယ်။ အထူးသဖြင့် ပူပြင်းသော ရာသီဥတုနှင့် ကိုယ်လက်လှုပ်ရှားမှုများသော အချိန်များတွင် ပိုမိုသောက်သုံးပေးရန် လိုအပ်ပါတယ်။ မိမိရဲ့ ကိုယ်အလေးချိန်နဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။
ဒီနေ့အတွက် ရေဓာတ်လုံလောက်စွာ သောက်ပြီးပြီလား? မိမိချစ်ခင်ရသူများ ကျန်းမာရေး သတိပြုမိစေရန် ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ပါ။
13/01/2026
"Meal Replacement သောက်တာ ရပ်လိုက်ရင် ဝိတ်ပြန်တက်မှာလား?" 🤔
ဒါက လူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းပါ။ တကယ်တော့ Meal Replacement ဆိုတာ ဝိတ်ချပေးတဲ့ "ဆေး" မဟုတ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ "အစားထိုးဖြည့်စွက်စာ" တစ်မျိုးပဲ ဖြစ်ပါတယ်။
❌ အထင်မှား: သောက်တာရပ်လိုက်တာနဲ့ ဝိတ်ပြန်တက်လာမယ်။
✅ အမှန်: ဝိတ်ပြန်တက်ရတဲ့ အကြောင်းရင်းက အရင်ကလို အဆီအဆိမ့်နဲ့ ကယ်လိုရီများတဲ့ စားသောက်မှုပုံစံဟောင်းဆီ ပြန်သွားလို့ပါ။
💡 Meal Replacement ကို အသုံးပြုပြီး ဝိတ်ချတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ပမာဏနည်းနည်းနဲ့ ဗိုက်ပြည့်အောင် ကျင့်သားရသွားပါတယ်။ အဲဒီအကျင့်ကို ဆက်ထိန်းပြီး အာဟာရပြည့်တဲ့ အစားအစာတွေကို ပြောင်းလဲစားသောက်မယ်ဆိုရင် ဝိတ်ပြန်တက်စရာ အကြောင်းမရှိပါဘူး။
09/01/2026
ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ အာဟာရတစ်ခွက်ကို မိနစ်ပိုင်းအတွင်း ဖန်တီးလိုက်ပါ! 🥤✨
ကယ်လိုရီလည်း ထိန်းပြီးသားဖြစ်မယ်၊ အာဟာရလည်း ပြည့်ဝစေမယ့် Formula 1 Nutritional Shake ဖျော်စပ်သောက်သုံးနည်းက အရမ်းလွယ်ကူပါတယ်နော်။
Formula 1 အမှုန့် ဟင်းစားဇွန်း အမောက် (၂) ဇွန်းကို ရေ၊ အဆီထုတ်နို့ (သို့) ပဲနို့ 250ml နဲ့ ရောမွှေလိုက်ရုံပဲ။ Blender နဲ့ ဖျော်နိုင်သလို ၊ Shake Bottle နဲ့လည်း လွယ်ကူစွာ ဖျော်လို့ရပါတယ်။
ပိုပြီး အေးအေးလေး သောက်ချင်ရင် ရေခဲတုံးလေးတွေ ထည့်ဖျော်လို့ရသလို၊ မိမိကြိုက်နှစ်သက်တဲ့ သစ်သီးလေးတွေ၊ ပရိုတင်းမှုန့်တွေ ထည့်ပြီးတော့လည်း စိတ်ကြိုက် အရသာဖန်တီးလို့ရပါတယ်။
မနက်ခင်းတွေမှာ အာဟာရပြည့်ဝတဲ့ Shake တစ်ခွက်ကို သင့်စိတ်ကြိုက်ဖန်တီးလိုက်ပါ။ 🥰
06/01/2026
📌 အလုပ်တွေအရမ်းများပြီး ကိုယ့်ကျန်းမာရေးအတွက် အချိန်မပေးနိုင်ဖြစ်နေပြီလား? 🏃♂️💼
ဒီနေ့ခေတ်မှာ အလုပ်ကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ လုံးပန်းနေရလို့ အစာစားဖို့တောင် အချိန်မရှိသူတွေအတွက် Meal Replacement တွေက ဘာကြောင့် အကောင်းဆုံး Solution ဖြစ်နေရတာလဲ? 🤔
အလုပ်များတဲ့သူတွေ Meal Replacement ကို ရွေးချယ်သင့်တဲ့ အဓိကအချက်တွေကို ကြည့်လိုက်ရအောင် 👇
✨ ၁ မိနစ်အတွင်း အာဟာရပြည့်ဝစေလို့ …. ချက်ပြုတ်ဖို့ အချိန်မရှိဘူးလား? အပြင်မှာ တန်းစီစောင့်ရမှာ ပျင်းနေသလား? Meal Replacement က ၁ မိနစ်အတွင်း ဖျော်စပ်လို့ရတာကြောင့် အချိန်ကို အထိရောက်ဆုံး စီမံခန့်ခွဲနိုင်ပါတယ်။
✨ အာဟာရဓာတ် ပေါင်းစုံပါဝင်လို့ … အပြင်စာတွေမှာ ပါလေ့ရှိတဲ့ အဆီနဲ့ အငန်တွေကို စိတ်ပူစရာမလိုတော့ဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Protein, Vitamins နဲ့ Minerals တွေကို တစ်ခွက်တည်းနဲ့ အပြည့်အဝရရှိစေပါတယ်။
✨ ကိုယ်အလေးချိန် ထိန်းရတာ လွယ်ကူလို့ … ကယ်လိုရီ (Calories) ကို တိတိကျကျ တွက်ချက်ထားပြီးသားမို့လို့ အလုပ်များလို့ ဗိုက်ခဏခဏ ဆာတတ်သူတွေနဲ့ ဝိတ်ထိန်းချင်သူတွေအတွက် အလွန်အဆင်ပြေပါတယ်။
✨ အလုပ်လုပ်ဖို့ စွမ်းအင်အပြည့်ရလို့ … အစာမစားဘဲ အလုပ်လုပ်ရင် လူက နုန်းခွေတတ်ပါတယ်။ ဒီဖျော်ရည်လေးက ခန္ဓာကိုယ်ကို အမြန်ဆုံး စွမ်းအင်ပေးစွမ်းနိုင်လို့ အလုပ်မှာ ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။
💡 အနှစ်ချုပ်ရရင်... ကျန်းမာရေးဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ၊ မကျန်းမာတဲ့ အပြင်စာတွေအစား အာဟာရပြည့်ဝတဲ့ ရွေးချယ်မှုကို ပြုလုပ်ဖို့ မမေ့ပါနဲ့ဦး။
02/01/2026
✅သင့်ရဲ့ ကိုယ်အလေးချိန်လျော့ချနေချိန်မှာ အာဟာရပြည့်ဝတဲ့ Meal replacement ကိုရှာနေတယ်ဆိုရင် Herbalife Nutritional Shake Mix က သင့်အတွက်ပါပဲ။
🔶Herbalife Nutritional Shake Mixသည် အရည်အသွေးမြင့် ပရိုတင်း (Protein)၊ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ (Micronutrients) နှင့် သဘာဝသစ်ဥသစ်ဖုများ ပါဝင်ပေါင်းစပ်ထားသော အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအစားထိုး အာဟာရဖျော်ရည်တစ်ခု ဖြစ်ပါတယ်။
🔶ကိုယ်အလေးချိန်လျော့ချဖို့ အစာလျော့စားတဲ့အခါ လိုအပ်တဲ့ အာဟာရတွေ၊ ဗီတာမင် သတ္တုဓါတ်တွေ အပြည့်အဝမရတာမျိုးဖြစ်တတ်ပါတယ်။ Herbalife Nutritional Shake Mix က သင့်ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရများကို ဖြည့်ဆည်းပေးနိုင်မည့် အကောင်းဆုံးဖြေရှင်းချက် ဖြစ်ပါသည်။
🔶Herbalife Nutritional Shake Mix မှာ အပင်တွေကရရှိတဲ့ အရည်အသွေးမြင့် အသားဓါတ်ပါတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် သတ္တုဓါတ်၂၁ မျိုးပါပါတယ်။ အမျှင်ဓါတ်တွေလည်းပါတာဖြစ်တဲ့အတွက် Nutritional Shake Mix တခွက်က သင့်ကို ဗိုက်ပြည့်တယ်ဆိုတဲ့ ခံစားချက်ရရှိရုံမကဘဲ အာဟာရပြည့်ဝစေမှာဖြစ်ပါတယ်။
🔶အရသာအမျိုးမျိုးရှိသည့်အတွက် လူတိုင်းရဲ့အကြိုက်နှင့် ကိုက်ညီစေပါတယ်။
🔶ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက် မနက်စာနှင့်ညစာ အစားထိုးသောက်သုံးနိုင်ပြီး ကိုယ်အလေးချိန်ထိန်းထားချင်သူနဲ့ အာဟာရလိုအပ်ချက်အတွက် သောက်သုံးလိုသူတွေကတော့ တနေ့ တခါသောက်လို့ရပါတယ်။
🔶Formula 3 Personalised Protein Powder တို့နှင့် တွဲဖက်ကာ ပရိုတင်းဓာတ် ပိုမိုရရှိအောင် ပြုလုပ်နိုင်သလို၊ မိမိနှစ်သက်ရာ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ရောနှော၍လည်း အာဟာရဓာတ် အမျိုးမျိုးကို ဖန်တီးနိုင်ပါသည်။
❇️ပြင်ဆင်ရတာ အချိန်ကုန်သက်သာပြီး အာဟာရပြည့်ဝတဲ့ Herbalife Nutritional Shake Mix ကို မှာယူလိုတယ်ဆိုရင် အခုပဲ Page Messenger ကနေဆက်သွယ်မှာယူလိုက်ပါနော်။
01/01/2026
Happy New Year!
သာယာပျော်ရွှင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာသောနှစ်သစ် ဖြစ်ပါစေကြောင်း My Nutri For You မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
25/12/2025
ကိုယ်အလေးချိန် လျော့ချနေသူတွေအတွက် Calorie Deficit ရဖို့ Meal replacement တွေက ဘယ်လို အထောက်အကူပြုသလဲ။
ကိုယ်အလေးချိန်လျော့ချရာမှာ အရေးကြီးတာက Calorie Deficit ဖြစ်ဖို့ပါ။ တနည်းပြောရရင် စားသုံးလိုက်တဲ့ ကယ်လိုရီထက် လောင်ကျွမ်းတဲ့ကယ်လိုရီထက် ပိုများနေဖို့ပါ။ ဒါမှသာ ကိုယ်အလေးချိန်လျော့ကျလာမှာဖြစ်ပါတယ်။ Calorie deficit ရဖို့ အစားလျှော့စားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုတိုးခြင်းကို လုပ်ရပါမယ်။ Calorie Deficit ရဖို့ တနေ့တာစားသုံးတဲ့ အစားအစာတွေမှာပါဝင်တဲ့ ကယ်လိုရီကို အတိအကျတွက်ချက်စားသုံးဖို့က ခက်ခဲပါတယ်။ ဒီအခက်အခဲကို Meal replacement က ကူညီဖြေရှင်းပေးနိုင်ပါတယ်။ Meal Replacement Shake တစ်ခွက်မှာ ကယ်လိုရီ ဘယ်လောက်၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ပါလဲဆိုတာ အတိအကျ သိနိုင်တဲ့အတွက် Calorie Counting လုပ်ရတာ ပိုလွယ်ကူစေပါတယ်။
နောက်တချက်က ကယ်လိုရီလျှော့စားတဲ့အခါ ခန္ဓာကိုယ်က အဆီတင်မကဘဲ ကြွက်သား (Muscle) တွေကိုပါ လောင်ကျွမ်းစေလို့ ကြွက်သားဆုံးရှုံးမှုတွေကို ဖြစ်တတ်ပါတယ်။ Meal replacement တွေမှာ သင့်တင့်တဲ့ အသားဓါတ်ပမာဏ ပါဝင်တာကြောင့် ကြွက်သားဆုံးရှုံးမှုကို တားဆီးပေးပြီး အဆီကျစေဖို့ကို ကူညီပေးပါတယ်။ အသားဓါတ်ပါတာကြောင့် ဗိုက်အဆာခံပြီး မကြာခဏ ဗိုက်ဆာတာကိုလည်း သက်သာစေပါတယ်။ Meal replacement တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် အစားလျှော့စားလိုက်လို့ ဗီတာမင်နှင့် သတ္တုဓာတ်လိုအပ်သလောက်မရမှာကိုလည်း စိတ်ပူဖို့မလိုတော့ပါဘူး။
Meal replacement ဆိုတဲ့အတွက် တနေ့ကို မနက်စာနဲ့ ညစာ / ညစာ အတွက်သာ အစားထိုးသောက်သုံးသင့်ပြီး ပုံမှန်စားနေကြ နေ့လည်စာကို ကျန်းမာရေးနှင့်ညီညွတ်စွာ စားပေးမယ်ဆိုရင် လိုချင်တဲ့ ကိုယ်အလေးချိန်ကို ရရှိမှာ ဖြစ်ပါတယ်။ Body transformation ဖြစ်ဖို့ဆိုရင်တော့ workout ကိုပါ တွဲပြီး လုပ်သင့်ပါတယ်။
အရည်အသွေးကောင်းပြီး သကြားဓါတ်လျော့ချထားတဲ့ Meal replacement ကို ရှာနေတယ်ဆိုရင် Herbalife Formula 1 Nutritional Shake က သင့်ရဲ့ ကိုယ်အလေးချိန်လျော့ချမှု ခရီးစဉ်ကို ပိုမိုထိရောက်အောင် ကူညီပေးနိုင်ပါတယ်။
မှာယူလိုတယ်ဆိုရင် Herbalife Products များကို Page Messenger မှတဆင့် မှာယူလို့ရပါတယ်။
18/11/2025
Herbalife Products တွေနဲ့ ကိုယ်ခံအားကို မြှင့်တင်ကြမယ်။
အခုလို ရာသီအကူးအပြောင်းမှာ ဖျားနာတာတွေ ဖြစ်တတ်ကြတဲ့အတွက် ဝင်လာနိုင်တဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်ရှိအောင် ကိုယ်ခံအားမြှင့်တင်ထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူတွေ သက်ကြီး ဘိုးဘွားတွေ လူထူထပ်တဲ့နေရာတွေမှာ အလုပ်လုပ်နေရသူတွေက ကိုယ်ခံအားများနေဖို့ အရေးကြီးပါတယ်။
Herbalife Products တွေက ကိုယ်ခံအားမြှင့်တင်ဖို့ရန် ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။
✅Herbalife Formula 1 Nutritional Shake
ဖြည့်စွက်စာအနေနဲ့ အကောင်းဆုံးဖြစ်တဲ့ မှာ ကိုယ်ခန္ဓာအတွက်လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓါတ် တွေပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ Vitamin C, Vitamin E တို့ကဲ့သို့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာတွေလည်းပါဝင်နေပါတာကြောင့် ကိုယ်ခံအားစနစ်မှ ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး စွမ်းအားရှိဖို့အတွက် Herbalife Formula 1 Nutritional Shake က အများကြီး အထောက်အကူဖြစ်စေပါတယ်၊
✅ImmuLift
Herbalife Immulift မှာ EpiCor ပါဝင်တဲ့အတွက် ပါးစပ် နှာခေါင်း လည်ချောင်း မှာရှိတဲ့ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင် Vitamin C, Vitamin D, Zinc, Selenium တို့ ထပ်ပေါင်းပါဝင်တဲ့အတွက် ခဏခဏ အအေးမိတတ်သူတွေ၊ လည်ချောင်းနာတတ်တဲ့ သူတွေ အတွက် အထူးသင့်လျော်တဲ့ ကိုယ်ခံအားတက်စေတဲ့ အားဖြည့်ဆေးပဲဖြစ်ပါတယ်။
✅Herbalifeline
Herbalifeline ငါးကြီးဆီက ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့အတွက် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးတဲ့အပြင် ယောင်ယမ်းမှုတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။
✅Herbalife Protein Powder
အသားဓါတ်ကလည်း ကိုယ်ခံအားဖြစ်စေတဲ့ cell တွေတည်ဆောက်ရန်နဲ့ ပျက်စီးသွားတဲ့ tissue တွေ ပြန်လည် ပြုပြင်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ Herbalife Protein က ရရှိမည့် အသားဓါတ် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
✅Herbalife Herbal Tea Concentrate
Herbalife Herbal Tea Concentrate က oxidative stress က လျော့နည်းစေပြီး ရေဓါတ်ကို ဖြည့်ပေးပါတယ်။ ဒါတွေကလည်း ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။
✅Simply Probiotics
ကိုယ်ခံအားစနစ်အကြောင်းပြောရင် Probiotics ကလည်း မပါမဖြစ်ပါ။ Herbalife Simply Probiotics က အူလမ်းကြောင်းတလျှောက်မှာ အကာအကွယ်တစ်ခုအနေနဲ့ ဆောင်ရွက်ပေးထားလို့ အစားအသောက်မှာ ပါလာနိုင်တဲ့ မကျန်းမာစေတဲ့အရာတွေကို အူမှတဆင့် စုပ်ယူမှုကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းစေပါတယ်။
Herbalife Products တွေက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပြီး စွမ်းအင်ပြည့်ဖို့အတွက် ကူညီပေးရုံသာမက ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ဆဲလ်တွေ မလိုလားဘဲ ပျက်စီးမှုမှလည်း အကာအကွယ်ပေးပါတယ်။
Herbalife Products တွေကို လိုအပ်လို့ မှာယူချင်တယ်ဆိုရင် Page Messenger မှတဆင့် မှာလို့ရပါတယ်။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon