La Min Online Shop

La Min Online Shop

Share

Thank you 😊

21/09/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

30/08/2025

🔷 G မြေ မဝယ်နဲ့၊ ဘာမဝယ်နဲ့၊ ညာမဝယ်နဲ့ဆိုတိုင်း နောက်ဆုံး ဘာမှမဝယ်လိုက်ရဘဲနဲ့
🔷 အိမ်ငှားဘဝကနေ ဖယောင်းတိုင်လိုမျိုး လုံးပါးမပါးရအောင် သူများယောင်တိုင်း လိုက်မယောင်ဖို့ လိုပါတယ်။
🔷 သူများအပြောတွေမှာ ဂိတ်ဆုံးမနေဖို့ လိုပါတယ်။ Hot နေတဲ့နေရာ Hype ဖြစ်နေတဲ့ နေရာမျိုးမဟုတ်ပဲ ရေရှည်အလားအလားရှိတဲ့နေရာတွေကို မှန်ကန်စွာလေ့လာ ရွေးချယ်ဝယ်ယူတတ်ဖို့ လိုပါတယ်။

🔷 အချို့အယူအဆတွေ မှားနေကြတာတွေ ရှိပါတယ်။ ဒါတွေဟာ နားမလည်လို့ ဖြစ်တာပါ။

🔷 တန်ဖိုးမရှိတဲ့မြေဆိုတာ မရှိဘူး။ ဟုတ်ပါတယ်။ တန်ဖိုးမရှိတဲ့မြေဆိုတာ မရှိပါဘူး။မြေအမျိုးအစားအလိုက် သူ့တန်ဖိုးနဲ့သူ ရှိပါတယ်...

ဂရံမြေ
စက်မှုဂရံ
စလစ်မြေ
ပါမစ်မြေ
ရွာမြေ
မြေခွန်ပြောစာထွက်မြေ (G/RH/R1/R2/R3/R4)
လယ်မြေ (C) (ပုံစံ၇/သီးစားစလစ်)
ရေခြံ (CH) (ပုံစံ၇/သီးစားစလစ်) ၊
ယာမြေ (ပုံစံ၇ /သီးစားစလစ်)၊
သစ်တောမြေ (ကော်ဖီ/CF)
အခြားနည်းကျပြီးမြေများ (လူနေထိုင်ခွင့်/အခြား)

ဒါတွေဟာ အတွေ့များရဆုံး မြေအမျိုးအစားတွေ ဖြစ်ပါတယ်။

ဒီမြေအမျိုးအစားတွေအားလုံး သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။

(စီမံကိန်းမြေ၊ အစိုးရပိုင်မြေ၊ ကျူးကျော်မြေ၊ တပ်ပိုင်မြေနဲ့ သစ်တောမှတိုက်ရိုက်ထိမ်းသိမ်းထားတဲ့မြေ တွေကိုတော့ ***လုံးဝရှောင်ရှားပါ***)

🔷 ပြောချင်တာကကျွန်တော်တို့တွေ ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် ရွေးချယ်ဝယ်ယူတတ်ဖို့သာ လိုတာပါ...

🔷 အထက်ပါမြေအမျိုးအစားအားလုံး တရားဥပဒေနဲ့အညီဆိုရင် အရောင်းအဝယ်အားလုံး လုပ်လို့ရပါတယ်... (မြေအရောင်းအဝယ်လို့ဆိုရာမှာ မြေကြီးကို အရောင်းအဝယ်လုပ်တာမဟုတ်ဘဲ မြေအသုံးချခွင့်ကို အရောင်းအဝယ်လုပ်တာသာဖြစ်ကြောင်း နားလည်ထားဖို့လိုပါတယ်)

🔷 အဲဒီတော့ကိုယ်ဝယ်လိုက်တဲ့ မြေအပေါ်မှာ မြေအမျိုးအစားအလိုက် မှန်ကန်စွာ အသုံးချမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာမည်မဟုတ်ပါ။

🔷 သစ်တော (ကော်ဖီ/CF)မို့ အရောင်းအဝယ်လုပ်မရဘူးဆိုတာ မမှန်ပါဘူး။ ကော်ဖီစိုက်ဖို့လိုရင် ကော်ဖီမြေဝယ်ရမှာပါ။
🔷 ယာစိုက်လိုလျှင် ယာမြေဝယ်ပါ။
🔷 လယ်စိုက်မယ်ဆိုရင် လယ်မြေဝယ်ပါ။
🔷 လူနေမယ်ဆိုရင် ဂရံမြေ၊ ပါမစ်မြေ၊ ရွာမြေ သို့မဟုတ် လူနေထိုင်ခွင့်ကျပြီးသားမြေကို ဝယ်ပါ။
🔷 ဒါဆိုရင် ဘာပြဿနာမှ ဖြစ်လာမည်မဟုတ်ပါ။

🔷 အခုကြုံတွေ့နေရတဲ့ ပြဿနာက လူနေထိုင်ဖို့အတွက်ဆိုပြီး လက်ရှိလယ်စိုက်နေတဲ့ လယ်မြေတွေကို ဝယ်ထား၊ ရောင်းထားမိလို့ ကြုံရတဲ့ ပြဿနာပါ။
🔷 သိလို့ ဝယ်တာပဲဖြစ်ဖြစ်... မသိလို့ဝယ်ထားတာပဲ ဖြစ်ဖြစ်... အခုအချိန်မှာ နေလို့မရရင် အချိန်တစ်ခုကို စောင့်ကြရမှာပဲ ဖြစ်ပါတယ်... (ယာမြေဝယ်ရင် ယာစိုက်ထားလိုက်ပါ...)

🔷(ကျွန်တော်ကိုယ်တိုင်လည်း G ဥယဥ်ခြံမြေကို ဝယ်ထားတာရှိပါတယ်... သိလျှက်နဲ့ ဝယ်တာပါ... ဘာလို့လဲဆိုတော့ လူနေထိုင်လို့ရတဲ့ ဂရန်မြေထက် ဈေး ဆယ်ဆလောက် သက်သာလို့ ဝယ်ထားတာပါ၊ ရွာနဲ့ကပ်လျက်ဖြစ်တဲ့အတွက် ရေရှည်မှာ ဖွံ့ဖြိုးတိုးတက်ခါမှာဖြစ်လို့ ရင်းနှီးမြှုပ်နှံထားတဲ့သဘောပါ။)
🔷 မြို့တွေ ရွာတွေဆိုတာ ကျုံ့သွားတာမရှိပါဘူး။ ဖွံ့ဖြိုးကြီးထွားလာတာပဲရှိတာပါ။

🔷 ဈေးသက်သာသွားတယ်ဆိုတာလည်း မရှိပါဘူး။ ဈေးပိုများလာတာပဲ ရှိပါတယ်။

မှန်ကန်စွာ ရွေးချယ်ဝယ်ယူတတ်ကြပါစေ။
Original Content တစ်ခုအား ဖြည့်စွက်ရေးသားသည်။

24/08/2025

Ph: 09792353696
09448544699

24/08/2025
18/08/2025

# # #မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်။)
————————————————————————

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်း စျေးတွေနဲ့ ရတဲ့မြေတိုင်းကတော့ 100% အာမ မခံနိုင်ပါဘူး။

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်း များစွာရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုး ရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာ ဆောက်လုပ်ခွင့်မှအပ အခြားစီးပွားရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံ ဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင် အိမ်ဂရံ 🔹
ထိုဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ် ပြုရန်သော်၄င်း လုံးဝ ကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်။ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ များသောဂရံမြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါက သိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေးပြန်ရပါသည်။)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး ခိုင်မာမှု့ ရှိသောမြေပါ သို့သော် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံး ရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင် ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များ ဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်ရိုက် ရောင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ။)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ၊ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍မရနိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ်မှု့မျိုး အရှင်းမရှိပါ။

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြားမြေအမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည် လယ်မြေပေမယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန် သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်ပါသည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင် အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး ၊ မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင် စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင်ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း သစ်တောမြေ
များအား ပိုင်းရောင်းခြင်း အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေ ဂရံများရောင်းချခြင်း ပုံစံ( 7) သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်းများ ဖြစ်ပါတယ် မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။ သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံးပါမည်။ ( ပြင်ဦးလွင် ကဲ့သို့ ပြန်လည် သိမ်းယူ ခံရပါမည်)

စိုက်ပျိုးမြေဆိုပါက ပြေစာ(စလစ်)တွင် (စ)စာလုံးပါမည် မဝယ်ပါက ပို၍ကောင်းသည်။ လယ်မြေ ဝယ်
ယူမည်ဆိုပါက ပုံစံ(105)စစ်ဆေးပါ။ ပုံစံ(7)တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုးခွင့်သာ ရှိပါသည်။

: သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ



🏠အိမ်ခြံမြေများ ဝယ်ယူပိုင်ဆိုင်နိုင်ကြပါစေ🙏

05/08/2025

မြေအကြောင်းသိကောင်းစရာ..
#မြေအမျိုးအစားများ
#မြေအကြောင်းသိကောင်းစရာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00