Angel Linn Linn Beauty Salon&Hair Design

Angel Linn Linn Beauty Salon&Hair Design

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angel Linn Linn Beauty Salon&Hair Design, Beauty Salon, Baho Road Hlaing Township, Yangon.

Photos from Angel Linn Linn Beauty Salon&Hair Design's post 08/02/2020
01/11/2018

အပျင်း ထူ လို့ ကိုဖန်တီး ထားတဲ့ ဆံပင် ပုံ တွေရိုက်ပြီးမတင်ဖြစ်ဘူး😁

Photos from Angel Linn Linn Beauty Salon&Hair Design's post 01/11/2018

Before &After ရိုက်ထားတာဟုတ်ဘူး
customer ညီမလေးက နောက်က ကောက်သားလေး
ရိုက်ပြပါဆိုလို့ 😁တင်ဖြစ်သွားတာ ကောက်သားလိမ်းဆီ�လိမ်းစရာမလိုတဲ့ အအေးကောက်

Photos from Angel Linn Linn Beauty Salon&Hair Design's post 31/08/2018

တစ်လ နှစ်ခါလောက် ညုပ်ဖြစ်တဲ့ မောင်လေး က
ဆံပင် ပုစံ ပြောင်းချင်တယ် ဆို လို့😁😁😁😁

Photos from Angel Linn Linn Beauty Salon&Hair Design's post 29/08/2018

customer. ညီမလေး ကို ဒီလို hair design လေး
ညုပ်ပေး လိုက်တယ် thank you

Photos from Angel Linn Linn Beauty Salon&Hair Design's post 25/08/2018

Bob hair

11/06/2018

မိုးတွင်းကာလရောက်ပြီဆိုတော့ အလှပြင်ဆိုင်တွေ
အလုပ်တွေပါးကြပြီးဗျ hairdresser တွေဝန်ထမ်းတွေ
အတွက်ကတော့ နေရထိုင်ရအခက်ဆုံးရာသီတစ်ခုပဲ
တချို့Beauty Salon တွေဆို ဆိုင်ခန်းငှားခတွေ ဝန်ထမ်းတွေလစာ ပေးဖို့တောင် မရတဲ့ ဝင်ငွေလောက်နဲ့ အိပ်စိုက်ပြီးရပ်တည်နေကြတာပါ .........
နာမည်ရပြီးသား မိတ်ရှိပြီးသား တချို့ Beauty Salon တွေကတော့ အိပ်မစိုက်ရဘူး အမြတ်နည်းနည်းနဲ့ ရပ်တည်နေကြရတဲ့ဘဝတွေပါ ....
ကျွန်တော်တု့ိ အလှပြင်တဲ့အလုပ်ပဲ စီပွားရေးမကောင်းတာမဟုတ်ပါဘူး မိုးတွင်းရာသီမှာ တခြားအလုပ်တွေလဲ အဆင်မပြေကြပါဘူး .....ကျွန်တော်တို့ Beauty Salon ဆိုင်တွေကို
A-tier
B-tier
C-tier
ဆိုပြီးသက်မှတ် လိုက်တယ်ထားပါ

A-tier လိုဆိုင်မျိုးကတော့ ဆိုင်အပြင်ဆင်လဲကောင်းပြီး
ဆိုင်ခွဲတွေလဲ အများကြီးဖွင့်ထားမယ် ဆေးကောင်းလဲသုံးService လဲကောင်း လက်ရာလဲကောင်း
Ko Ko ,Tony Tun Tun ,T8,လိုဆိုင်မျိုးတွေပေါ့
ဒီလိုဆိုင်တွေက နာမည်ရှိပြီသား မိတ်လဲ ရှိတယ်
မိုးတွင်းရာသီမှာ တဆိုင်ဝင်ငွေနည်းရင် နောက်တဆိုင်က
ဝင်ငွေများမယ် ပုံမှန်လည်ပက်လို့ရတယ်

B-tier လိုဆိုင်မျိုးကတော့ ဆိုင်အပြင်ဆင်ကောင်း
ဆိုင်ခွဲတွေတော့မရှိဘူး မိတ်ရှိတယ် အမြတ်က ပုံမှန်မရှိ
အရင်းသာသာပဲရတဲ့ ဆိုင်တွေရှိသလို အိပ်စိုက်ပြီးရပ်တည်နေရတဲ့ဆိုင်တွေလဲ ရှိတယ်

C-tier ဆိုင်တွေကတော့ ဆိုင်အပြင်ဆင်က မကောင်းဘူး
ဆေးကောင်းလဲမသုံးဘူး ပုံမှန်လာတဲ့မိတ်လဲမရှိဘူး
ကိုယ့်ရပ်ကွက် ကို့ဆိုင်အနီးနားက ဖောက်သယ်တွေနဲ့
ရပ်တည်ရတာဆိုတော့မလွယ်ပါဘူး တနိုင်တပိုင်ဖွင့်တဲ့ဆိုင်တွေပေါ့ ဒီဆိုင်တွေက မိုးတွင်းရာသီ
မှာ ရပ်တည်ဖို့ မလွယ်ပါဘူး အွန်လိုင်းမှာကြည့်လိုက်ပါ
ဆိုင်တွေရပ်တည်ဖို့မလွယ်လို့ ဆိုင်ဖြုတ်ပြီး ပစ္စည်းတွေ
ရောင်းနေတဲ့ ဆိုင်အသေးလေးတွေပါ

အခုပြောတဲ့ (A-B-C ) tier တွေ သုံးခုလုံး ခြုံပြီး ကြည့်ရင်မိုးတွင်းရာသီမှာ 3-tier လုံး စီးပွားရေးမကောင်းကြပါဘူး

Salon Owner တွေအတွက် အရင်နီးအများဆုံး စိုက်ထုပ်
ထားရတဲ့ အရာတွေထဲမှာ အများဆုံး (၃)ခုပဲ ရှိတယ်...
၁/ဆိုင်ခန်းငှားခ
၂/ဝန်ထမ်း ,လစာ%
၃/ဆေးပစ္စည်းအသုံးစရိတ် ဒီ(၃)မျိုးအများဆုံးပါ
ဒီအရာတွေကို ကြုံတွေ့နေရတာ A-tier /B-tier တွေပါ

ဒီ (၃) မျိုးထဲမှာ အရင်းနီးများလို့ လျော့ချလို့ရတဲ့အရာ
(၂)ခုတော့ရှိတယ် .......?
၂/ဝန်ထမ်း ,လစာ%
၃/ဆေးပစ္စည်းအသုံးစရိတ်

ဝန်ထမ်းတွေကို လစာပေးတဲ့အခါ လစာတွေအများကြီးပေးပြီး
% ကို နည်းနည်းပဲပေးခြင်း က

လစာက လတိုင်းလတိုင်းမှာ ဆိုင်ဝင်ငွေကောင်းကောင်း
မကောင်းကောင်း ဝန်ထမ်းက ပုံမှန်ရနေတာ % ကနည်းတော့တချို့ဝန်ထမ်းတွေအတွက် ကြိုးစားခြင်စိတ်မရှိတော့ဘူးဝန်းထမ်းတစ်ယောက်ရဲ့ တက်လမ်းကိုပါ အတားဆီးဖြစ်စေတယ်...ကို့ဘဝကို ရောင့်ရဲတင်းတိမ်တဲ့ဝန်ထမ်းတွေအတွက်ကတော့ ငါ byname ဖောက်သယ် ရှိရှိ မရှိရှိ ငါလိုခြင်တဲ့လစာရနေတာပဲ ဆိုတဲ့ အတွေးမျိုးနဲ့ အလုပ်လုပ်တဲ့အခါဆိုင်ရဲ့ ဝင်ငွေ ပါ ထိခိုက်ကုန်ပါတယ် ...ဒီအချက် ဆိုင်ရှင်တွေ သိထားသင့်တယ် ဝန်ထမ်းဆိုတာသင့်ဆိုင်ရဲ့ အဓိက ပိုက်ဆံရှာပေးနေတာ ပိုက်ဆံရှာနေတဲ့လူကို ပိုက်ဆံရှာချင်အောင် လစာတွေ ပုံပေးထားရင်သင်မှားတဲ့ အချက်ပဲ ဝန်ထမ်းရှာလို့ရတဲ့ ဝင်ငွေနဲ့ သူကို
အကျိုးတူ ခွဲဝေ ပေးမှ သင့်အလုပ်က တိုးတက်မှာပါ

ဝန်ထမ်းတွေကို အလုပ်လုပ်ခြင်အောင် ကြိုးစားခြင်အောင်ပေးရမယ့် မက်လုံးက လစာမဟုတ်ဘူး (%) ပါ

၁/လစာကို ထိုက်သင့်သလောက်ပဲပေးပါ % ကို တိုးပေးလိုက်ပါ
၂/အချေခံ လစာ မပေးပဲ % ပဲ ပေးပါ ဝန်ထမ်းတစ်ယောက်အတွက် နေဖို့,စားဖို့အတွက် တာဝန်ယူပေးရမယ်
နေဖို့မရှိရင် အဆောင်ငှားခပေးလိုက်ပါ
စားဖို့ ထမင်းချကိမကျွေးနိုင်ရင် ထမင်းစရိတ်ပေးလိုက်ပါ၁လကို ထမင်းစရိတ်က ဘယ်လောက် စားစရိတ်ကဘယ်လောက်ဆိုပြီး သက်မှတ်ပြီးပေးလိုက်ပါ...

၁/ထိုက်သင့်တဲ့ လစာ, နှင့် % ကိုတော့ သင့်ဆိုင်အနေထားနှင့် သင်အလုပ်ခန့်မယ့် ဝန်ထမ်းရဲ့ ကျွမ်းကျင်မူနဲ့ နဲ့တွက်ပြီးပေးလို့ရပါတယ်
၂/အချေခံလစာလုံးဝမပေးပဲ % ကို 30% လောက်ပေးပြီးနေ,စား စရိတ်ကို တာဝန်ယူမယ်ဆိုရင်တောင် မျှတမူရှိပါတယ်တချို့ဆိုင်တွေမှာ % ကို 40% ထိတောင် ပေးတဲ့ ဆိုင်တွေရှိပါတယ် အခြေခံ လစာမပေးပဲ 30%ပေးတဲ့အတွက် ဆိုင်ရှင်တွေအတွက် စိုးရိမ်စရာမရှိပါဘူး ဝန်းထမ်းကလဲ သူ့ရဲ့ကျွမ်းကျင်မူသူ့ရဲ့ကြိုးစားမူ ရှိရင်ရှိသလောက် သူရမယ်သူအလုပ်လုပ်မှရမယ် မလုပ်ရင် သူဝင်ငွေလျော့မယ်ဆိုင်ဝင်ငွေလျော့မယ် ဒါပဲ
မိုးတွင်းလို ရာသီ ဝင်ငွေပါးပြီး အလုပ်မကောင်းတဲ့အချိန်မျိုးမှာ ဝန်ထမ်းတွေကို လကုန်တိုင်း ပေးနေရတဲ့ လစာတွေအိပ်စိုက်ပြီး အရူံးခံပြီးထုပ်မပေးရတော့ဘူး
ဆိုင်ဝင်ငွေ လျော့ရင် ဝန်ထမ်းတွေရတဲ့ %ပါ လျော့သွားမယ်
ဝန်ထမ်းကလဲ အချေခံလစာမရ % ပဲ ရလို့ အဆင်မပြေဘူးထင်ရင် သင်ဟာ သင့်ကိုသင် ယုံကြည်မူမရှိတဲ့လူပဲ
ကိုယ်ကဘယ်လောက်ပညာတော်လဲ ကိုယ့်မှာ byname
Customer ဘယ်လောက်ထိရှိလဲ သင်သာ လက်ရာ
တကယ်ကောင်းတဲ့ ပညာရှင်ဆိုရင် သင့်ဘယ်ဆိုင်ရောက်
ရောက် သင့်ရှီ လိုက်လာမယ့်ဖောက်သယ်တွေရှိပါလိမ့်မယ်သင်သာအလုပ်ကိုကြိုးစားမယ်ဆိုရင် သင်လုပ်သလောက်ရပါလိမ့်မယ် လစာကအဓိကမဟုတ်ဘူး % က အဓိကပါလစာဆိုတာ ပုံမှန်အတိုင်းသွားနေတာ သင်ဘယ်လောက်ကြိုးစားကြိုးစား ဘယ်လောက်လုပ်လုပ် လစာကပုံမှန်ပဲရနေတာပါ သင့်သူဌေးက ၆လတခါ ၁နှစ်တခါ လစာကိုတိုးပေးမှာလား % ဆိုတာ သင်ကြိုးစားသလောက်လုပ်နိုင်သလောက် သင်ရမှာပါ လစာလို ပှံမှန်ရပ်နေမှာမဟုတ်ပါဘူူး

ဆိုင်ရှင်, ကလဲ ဝန်ထမ်းကို အခြေခံ လစာမပေးပဲ
% ကို 30% ပေးထားလို့ များတယ်ထင်ရင်
သင့်ပက်ဝန်းကျင် က ဆိုင်တွေကို လေ့လာကြည့်လိုက်
ပါအောင်မြင်နေတဲ့ ဆိုင်တွေ အလုပ်ကို ဘယ်လို လုပ်လဲ
သိပါလိမ့်မယ်
အခြေခံ လစာမပေးပဲ %ပဲ ပေးမယ် ဆိုရင် နောက်ထက်
တစ်နည်းရှိပါသေးတယ် ဝန်ထမ်းတယောက် ဟာ
၁လ ဘယ်လောက်ရှာနိုင်ရင်ဘယ်လောက်ဆိုပြီး
Target တစ်ခုသက်မှက်လိုက်ပါ

သိန်း ၂၀ ဆို ၁၅%
သိန်း ၃၀ ဆို ၂၀%
သိန်း ၅၀ ဆို ၃၀%
သိန်း ၇၀ဆို ၄၀% ဆိုပြီး target တစ်ခုသက်မှတ်လိုက်ရ
ပါတယ် ဝန်ထမ်းတစ်ယောက်ရှာလို့ရတဲ့ ငွေအမောက်မြင့်
လာရင်% ပါ တိုးပေးရပါလိမ့်မယ်
အလုပ်ရှင်နဲ့ ဝန်ထမ်း နှစ်ဦး သဘောတူရင် % ပေးတဲ့နေရာ
မှာ ညှိလို့ရပါတယ်

၃/ဆေးပစ္စည်းအသုံးစရိတ်

ဆေးပစ္စည်းအသုံးစရိတ်တွေကလဲ ဆိုင်အတွက်
အဓိကကြတဲ့ အရာတစ်ခုပဲ ပစ္စည်းတွေ အလေလွင့်မရှိ
အောင် မကုန်သင့်တဲ့အရာတွေ မကုန်ရအောင် စနစ်တကျ
စီမန်သင့်တယ်
ဆိုင်ဝင်ငွေ တိုးတက်လာရင် ဆေးပစ္စည်းစရိတ်တွေလဲ
ပိုများလာလိမ့်မယ်
ဆိုင်ဝင်ငွေ လျာ့သွားရင် ဆေးပစ္စည်းစရိတ်ကလဲ
လျော့သွားတဲ့အတွက် မိုးတွင်းလူပါးတဲ့ ရာသီမျိုးမှာ
ဝင်ငွေနည်းပြီး ထွက်ငွေများတယ်ဆိုတဲ့ ဆိုင်ရှင်တွေ
အတွက် စိုးရိမ်စရာ တော့မရှိပါဘူး
Product ,Brand ကောင်းကောင်းသုံးတဲ့ဆိုင်တွေမှာ
ဆိုင်ရဲ့ ဝင်ငွေ ,ထွက်ငွေ, အပေါ်မူတည်ပြီး
ဈေးပစ္စည်းအသုံးစရိတ်က 15% လောက်ရှိပါတယ်
သိန်း ၁၀၀ ဝင်ငွေရှိတဲ့ဆိုင်မှာ ဆေးပစ္စည်းအသုံးစရိတ်က၁လ ၁၅သိန်းလောက်ရှိပါတယ်

ကိုယ့်ရဲ့အတွေ့ကြုံလေးတွေကို အဆင်ပြေမလာလို့
အကြံပြုတာပါ သင့်တို့ရဲ့ ဝေဖန်အကြံပြုချက်လေးတွေလဲ
ပေးခဲ့လို့ရပါတယ်

Photos from Angel Linn Linn Beauty Salon&Hair Design's post 02/06/2018

ဒီနေ့ ညီမလေးတွေကို ညှပ်ပေးတဲ့ပုံစံလေး။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
5432112345