Superwoman Myanmar

Superwoman Myanmar

Share

Myanmar's favourite award-winning Singapore brand since 2015 Shape Up & Slim Down

10/09/2026

*"အိုစာအတွက် စဉ်းစားဖို့အချိန်တန်ပြီ"*

ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့
ကိုယ့်အိမ်မှာကိုယ်နေတာတောင်
ဧည့်သည်တစ်ယောက်လိုနေရလိမ့်မယ်
ကြိုတင်ပြင်ဆင်ထားကြလေ......

အခုချိန်မှာ ပိုက်ဆံမရှိတာ ဘတ်စ်ကားစီးနေရတာ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရတာတွေကို ရှက်မနေနဲ့ အဲဒါတွေက ရှက်စရာမဟုတ်ဘူး "ရုန်းကန်ခြင်း" လို့ ခေါ်တယ်

လူငယ်ဘဝမှာ ဆင်းရဲတာဟာ "ဒဏ်ရာ" မဟုတ်ဘူး "အတွေ့အကြုံ" ပဲ ဘာလို့လဲသိလား မင်းတို့မှာ "အချိန်" ရှိသေးတယ် "ခွန်အား" ရှိသေးတယ် လဲကျရင် ပြန်ထနိုင်တဲ့ ဒူးခေါင်းတွေ သန်မာသေးတယ် ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်နိုင်တဲ့ အစာအိမ် ရှိသေးတယ် ဒါပေမဲ့... သတိထား

အသက် ၆၀ ကျော် ၇၀ ရောက်လို့ ခါးတွေကိုက် မျက်စိတွေမှုန် ဒူးတွေနာလာတဲ့အချိန်မှာ ပိုက်ဆံမရှိရင်တော့... အဲဒါ "အတွေ့အကြုံ" မဟုတ်တော့ဘူး အဲဒါ "အဖြစ်ဆိုး (Tragedy)" ပဲ

ငါ့သက်တမ်းတစ်လျှောက်လုံးမှာ မြင်ခဲ့ရတဲ့ အဆွေးဆုံးမြင်ကွင်းက ဘာလဲသိလား ဆေးရုံကုတင်ပေါ်မှာ လဲနေပြီး ဆေးဖိုးမရှိလို့ သားသမီးတွေရဲ့ မျက်နှာကို ငယ်ငယ်လေးဖြစ်အောင် လုပ်ပြီး ကြည့်နေရတဲ့ လူအိုကြီးတွေရဲ့ မျက်လုံးတွေပဲ

မင်းတို့က "သားသမီးတွေ ရှိတာပဲ ပြန်လုပ်ကျွေးမှာပေါ့" လို့ တွေးနေလား အေး... ဒီမှာ အမှန်တရားကို နားထောင် သားသမီးဆိုတာလည်း ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာတဲ့အခါ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိလာမှာပဲ

အဲဒီအချိန်ကျရင် မင်းက သူတို့အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်သွားနိုင်တယ် ကိုယ့်မိဘကို ပြုစုချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ သားသမီးတွေရဲ့ မျက်နှာကို
မင်း ကြည့်ရက်မလား
ဒါကြောင့် ငါအမြဲပြောတာ... "အိုစာမင်းစာ ဆိုတာ ကိုယ့်ရဲ့ မာနပဲ" လို့

အသက်ကြီးလာတဲ့အခါ ပိုက်ဆံရှိနေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး ကိုယ်စားချင်တာ စားနိုင်မယ် ကိုယ်လှူချင်တာ လှူနိုင်မယ် သားသမီး မြေး မြစ်တွေလာရင်တောင် မုန့်ဖိုးပြန်ပေးနိုင်တဲ့ "ဘိုးဘိုးကြီး ဘွားဘွားကြီး" ဖြစ်နေမှ လူတကာက ဝိုင်းချစ်ကြမှာ

ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့... ကိုယ့်အိမ်မှာ နေတာတောင် ဧည့်သည်လို နေရလိမ့်မယ် သားသမီးတွေ စကားများရင်တောင် "ငါ့ကြောင့်များလား" ဆိုပြီး အားနာနေရလိမ့်မယ် ရောဂါတစ်ခုခုဖြစ်ရင် "ငါ သေလိုက်ပါတော့မယ်" ဆိုတဲ့ စကားကို တွင်တွင်ရွတ်နေရလိမ့်မယ်

ဒါကြောင့် ဒီနေ့ကစပြီး ပြင်ဆင်ကြပါ အခု ရနေတဲ့ လစာလေး ဝင်ငွေလေးထဲကနေ နည်းနည်းချင်းစီ ဖယ်စုပါ "ဒီနေ့ စားဖို့ရှိရင် ပြီးတာပဲ" ဆိုတဲ့ စိတ်ကို ဖျောက်လိုက် မနက်ဖြန်အတွက် နောင်နှစ်ပေါင်း ၃၀ အတွက် ထည့်တွက်ပါ

ငယ်တုန်းမှာ ရုန်းကန်ရတာ ပျော်စရာကောင်းတယ် ဒါပေမဲ့ အိုလာတဲ့အခါ ရုန်းကန်ရတာ သိပ်ပင်ပန်းတယ် နေဝင်ချိန်ရောက်တဲ့အခါ အေးအေးဆေးဆေး ထိုင်ကြည့်နိုင်ဖို့ အခု နေပူကျဲတဲအချိန်မှာ အမိုးအကာလေး
လုံအောင် လုပ်ထားကြပါ

မင်းတို့ရဲ့ ဇာတ်သိမ်းခန်းကို မင်းတို့ကိုယ်တိုင်ပဲ လှပအောင် ဖန်တီးနိုင်တာမို့... ဒီနေ့ကစပြီး "အိုစာ" အတွက် စဉ်းစားကြပါတော့
ချစ်သောမိတ်ဆွေများအားလုံး
#ဒီပိုစ့်လေးဟာချစ်မိတ်ဆွေအားလုံးအတွက်
အကျိုးရှိစေပြီးအသိပညာဗဟုသုတ
အတွေးအခေါ်များစွာတိုးပွားစေမှာပါ
#စာပေဗဟုသုတများ📚📚
#မူရင်းစာရေးဆရာကြီးအားအစဉ်လေးစားလျှက်
#စာပေချစ်သူ
ေး ှာ
#မှတ်ချက်များရေးပေးကျပါဦးခဗျာ

08/09/2026

စိတ်ပျက်တဲ့နေ့တေမှာ ဖတ်သင့်တဲ့စာ။

ဒီနေ့ မင်းစိတ်ပျက်နေရင်…
အရင်ဆုံး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

တစ်ချို့နေ့တွေမှာ
ဘယ်လောက်ကြိုးစားကြိုးစား
အရာအားလုံးက ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘူး။

လုပ်သမျှအလုပ်တွေ အဆင်မပြေဘူး။
ကြိုးစားသလောက် ရလဒ်မရဘူး။
ယုံကြည်ထားတဲ့လူက စိတ်ပျက်စေတယ်။
ကိုယ်မျှော်လင့်ထားတဲ့အရာကလည်း
မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။

အဲ့ဒီအချိန်မှာ
“ငါ ဘာလို့ ဒီလောက်တောင် မအောင်မြင်သေးတာလဲ”
“ငါ့ဘဝက ဘာလို့ အမြဲတမ်း ဒီလိုပဲလဲ”
ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ကြတယ်။

ဒါပေမယ့်…

စိတ်ပျက်နေတဲ့နေ့တစ်နေ့က
မင်းဘဝတစ်ခုလုံး မဟုတ်ဘူး။

ဒီနေ့ မအောင်မြင်တာနဲ့
မင်းဟာ မအောင်မြင်တဲ့လူ ဖြစ်မသွားဘူး။

ဒီနေ့ အားနည်းနေတာနဲ့
မင်းဟာ အားနည်းတဲ့လူ မဟုတ်ဘူး။

တစ်ရက်တာ ရလဒ်ဆိုးတာနဲ့
မင်းကြိုးစားခဲ့တဲ့နေ့တွေ အားလုံး အဓိပ္ပါယ်မဲ့သွားတာလည်း မဟုတ်ဘူး။

တစ်ခါတလေ
ဘဝက မင်းကို ရပ်ခိုင်းနေတာပါ။

ပြန်စဉ်းစားဖို့…
ပြန်နားဖို့…
ပြီးတော့ ပြန်စဖို့။

မင်းအခု မြင်နေရတာက
လမ်းပိတ်နေသလို ဖြစ်နေနိုင်တယ်။

ဒါပေမယ့်
လမ်းပိတ်တာနဲ့ လမ်းမရှိတော့တာ မတူဘူး။

တစ်လမ်းပိတ်ရင်
တစ်လမ်းရှာရတယ်။

တစ်ခါမအောင်မြင်ရင်
နောက်တစ်ခါ ဘယ်လိုလုပ်မလဲ စဉ်းစားရတယ်။

အရေးကြီးတာက
စိတ်ပျက်တဲ့အချိန်မှာ
ဘဝတစ်ခုလုံးကို ဆုံးဖြတ်ချက်မချလိုက်ဖို့ပဲ။

ဒီနေ့ မင်းစိတ်မကောင်းလို့
မနက်ဖြန်လည်း ဒီလိုပဲ ဖြစ်မယ်လို့ မဆုံးဖြတ်နဲ့။

ဒီနေ့ မင်းအခြေအနေမကောင်းလို့
အနာဂတ်လည်း မကောင်းတော့ဘူးလို့ မတွေးနဲ့။

ဘဝမှာ
အခက်ခဲဆုံးအချိန်တွေက
တစ်ခါတလေ ကိုယ့်ကိုယ်ကို ပိုသိလာစေတယ်။

ဘယ်သူက ကိုယ့်ဘေးမှာ တကယ်ရှိလဲ သိလာတယ်။
ကိုယ်ဘာကို တကယ်လိုချင်လဲ သိလာတယ်။
ဘယ်အရာတွေကို လက်လွှတ်သင့်လဲ သိလာတယ်။

ဒါကြောင့်
ဒီနေ့ မင်းလုပ်နိုင်တာ အများကြီးမရှိရင်
နည်းနည်းပဲလုပ်ပါ။

မနက်ဖြန်အတွက် တစ်ခုခုလေး ပြင်ဆင်ပါ။
စာတစ်မျက်နှာဖတ်ပါ။
အလုပ်တစ်ခု ပြီးအောင်လုပ်ပါ။
ကိုယ့်ကိုယ်ကို နည်းနည်းလေး ပြန်ဂရုစိုက်ပါ။

ဘဝကို တစ်ရက်တည်းနဲ့ ပြန်ပြင်ဖို့ မလိုဘူး။

တစ်နေ့ပြီးတစ်နေ့
နည်းနည်းစီ ပြန်တည်ဆောက်သွားရင် ရပြီ။

ပြီးတော့…

မင်းအခုရောက်နေတဲ့နေရာက
မင်းရဲ့နောက်ဆုံးနေရာ မဟုတ်ဘူး။

ဒီနေ့ မင်းစိတ်ပျက်နေတာက
မင်းဘဝအဆုံးမဟုတ်ဘူး။

တစ်နေ့ကျရင်
အခုလိုနေ့တွေကို ပြန်ကြည့်ပြီး
“အဲ့ဒီအချိန်တုန်းက ငါသာ လက်မလျှော့ခဲ့လို့
အခုဒီနေရာကို ရောက်လာတာပဲ”
လို့ ပြောနိုင်တဲ့နေ့ ရှိလာလိမ့်မယ်။

ဒါကြောင့် ဒီနေ့တော့
အရာအားလုံးကို ဖြေရှင်းဖို့ မကြိုးစားနဲ့။

အသက်ရှူပါ။
နားပါ။
ကိုယ့်ကိုယ်ကို ခဏလောက် နားလည်ပေးပါ။

ပြီးရင်…

မနက်ဖြန်မှာ
ပြန်စကြမယ်။

မင်းဘဝက
ဒီနေ့တစ်နေ့ထက် အများကြီးပိုကြီးမားတယ်။

06/09/2026

လက်ပြတ် လက်မောင်းအတို မဝတ်ရဲပဲ လက်မောင်းကြီး လက်မောင်းတွဲကျ လို့ စိုးရိမ်နေတဲ့ မမများ Superwoman ရဲ့ Arm Shaper Short လေးတစ်ရက်ကို 8နာရီ ဝတ်ထားလိုက်ပါနော်
အနက်
အသား နှစ်သက်ရာ ရွေးချယ်လို့ ရပါတယ်
***Free Size မို့ size မ တော်မှာ စိုးရိမ်စရာမလိုပါဘူးနော်
Price 19950ks
မှာယူလိုပါက Chatbox မှ တဆငျ့ ခစြျခွငျးမြားစှာဖွငျ့ SUPERWOMAN

04/09/2026

လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။

ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။

လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။

ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။

ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။

"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။

ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။

အဲ့လို brain level နိမ့်တဲ့သူတွေအတွက်
update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"

03/09/2026
01/09/2026

ကိုယ့်ကို မလိုအပ်တော့တဲ့လူကို အတင်းမဖက်တွယ်ပါနဲ့

ဘဝမှာ အနာကျင်ဆုံးအရာတွေထဲက တစ်ခုက ကိုယ်တန်ဖိုးထားတဲ့လူတစ်ယောက်က ကိုယ့်ကို မလိုအပ်တော့တဲ့အချိန်မှာတောင် သူ့အနားမှာ ဆက်ရှိနေချင်မိတာပါ။

တစ်ခါတလေ ကိုယ်က အရမ်းချစ်လို့ မလွှတ်ချင်ဘူး။

တစ်ခါတလေ အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေကြောင့် မခွဲချင်ဘူး။

တစ်ခါတလေ “သူပြန်ပြောင်းလဲလာမလား” ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဆက်စောင့်နေမိတယ်။

ဒါပေမယ့် ဘဝမှာ နားလည်ထားသင့်တဲ့ အမှန်တရားတစ်ခုရှိပါတယ်။

ကိုယ့်ကို မလိုအပ်တော့တဲ့လူတစ်ယောက်ကို အတင်းဖက်တွယ်ထားခြင်းဟာ ချစ်ခြင်းမဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်နေခြင်း ဖြစ်လာနိုင်ပါတယ်။

လူတစ်ယောက်က ကိုယ့်ဘဝထဲကို ဝင်လာတဲ့အချိန်မှာ အမြဲတမ်းအတူရှိနေမယ်လို့ အာမခံချက်မရှိပါဘူး။

တချို့လူတွေက ကိုယ့်ဘဝထဲကို သင်ခန်းစာတစ်ခု သင်ပေးဖို့ ရောက်လာကြတယ်။

တချို့က ခဏတာအဖော်ပြုဖို့ ရောက်လာကြတယ်။

တချို့ကတော့ ဘဝတစ်လျှောက်လုံး အတူလျှောက်ဖို့ ရောက်လာကြတယ်။

ဘယ်သူက ဘယ်လောက်ကြာကြာ ကိုယ့်အနားမှာရှိမလဲဆိုတာ ကိုယ်က အမြဲတမ်း ဆုံးဖြတ်လို့မရပါဘူး။

အရေးကြီးတာက သူတို့ထွက်သွားတဲ့အခါ ကိုယ့်ဘဝပါ ပျက်စီးသွားအောင် မလုပ်မိဖို့ပါ။

တစ်ယောက်ယောက်က ကိုယ့်ကို မဆက်သွယ်ချင်တော့ဘူး။

ကိုယ့်စကားကို စိတ်မဝင်စားတော့ဘူး။

ကိုယ့်အတွက် အချိန်မပေးတော့ဘူး။

ကိုယ်က အမြဲလိုက်ရှာနေရပြီး သူက အမြဲရှောင်နေတယ်ဆိုရင် အဲဒီဆက်ဆံရေးကို ပြန်စဉ်းစားဖို့ အချိန်ရောက်ပါပြီ။

ဆက်ဆံရေးကောင်းတစ်ခုဆိုတာ လူတစ်ယောက်တည်းက ကြိုးစားနေရတာ မဟုတ်ပါဘူး။

နှစ်ဖက်စလုံးက တန်ဖိုးထားရပါတယ်။

နှစ်ဖက်စလုံးက နားလည်ပေးရပါတယ်။

နှစ်ဖက်စလုံးက ထိန်းသိမ်းဖို့ ကြိုးစားရပါတယ်။

ကိုယ်တစ်ယောက်တည်းကပဲ အမြဲတမ်း စကားစပြောနေရတယ်။

ကိုယ်တစ်ယောက်တည်းကပဲ အမြဲတောင်းပန်နေရတယ်။

ကိုယ်တစ်ယောက်တည်းကပဲ အမြဲခွင့်လွှတ်နေရတယ်။

ကိုယ်တစ်ယောက်တည်းကပဲ အဲဒီဆက်ဆံရေးကို မပျက်စီးအောင် ထိန်းထားနေရတယ်ဆိုရင် တစ်နေ့မှာ ကိုယ်ပင်ပန်းသွားမှာ သေချာပါတယ်။

အဲဒီအချိန်မှာ လွှတ်ချခြင်းဟာ ရှုံးနိမ့်ခြင်းမဟုတ်ပါဘူး။

လွှတ်ချခြင်းဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းတစ်မျိုးပါ။

တစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ကိုယ့်တန်ဖိုးလည်း ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။

သူက ကိုယ့်ကို မရွေးချယ်တော့တာဟာ ကိုယ်မကောင်းလို့လည်း မဟုတ်ပါဘူး။

လူနှစ်ယောက်ဟာ တစ်ချိန်တုန်းက အရမ်းနီးစပ်ခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါ လမ်းကြောင်းတွေ မတူတော့နိုင်ပါတယ်။

အဲဒါဟာ ဘဝရဲ့ သဘာဝတစ်ခုပါ။

အတိတ်မှာ ကိုယ်တို့အတူရှိခဲ့တဲ့ အချိန်တွေကို တန်ဖိုးထားနိုင်ပါတယ်။

အမှတ်တရတွေကို သိမ်းထားနိုင်ပါတယ်။

ဒါပေမယ့် အတိတ်ကောင်းခဲ့တာကြောင့် လက်ရှိမှာ မကောင်းတော့တဲ့ဆက်ဆံရေးကို အတင်းဆက်ထိန်းထားစရာ မလိုပါဘူး။

တစ်ခါတလေ လူတစ်ယောက်ကို ချစ်တဲ့အတွက် လွှတ်ပေးရတာရှိပါတယ်။

သူ့ဘဝမှာ ကိုယ်မလိုအပ်တော့ဘူးဆိုရင် သူ့လမ်းသူ လျှောက်ခွင့်ပေးပါ။

ကိုယ့်ဘဝကိုလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။

သူ့နောက်ကို အမြဲလိုက်ကြည့်နေမယ်ဆိုရင် ကိုယ့်ရှေ့ကလမ်းကို မမြင်နိုင်တော့ပါဘူး။

ကိုယ့်ဘဝထဲမှာ နေရာလွတ်တစ်ခု ဖြစ်လာတဲ့အခါ အဲဒီနေရာလွတ်ကို မကြောက်ပါနဲ့။

လူတစ်ယောက် ထွက်သွားတာနဲ့ ဘဝတစ်ခုလုံး အလွတ်ဖြစ်သွားတာ မဟုတ်ပါဘူး။

အဲဒီနေရာမှာ ကိုယ့်ကို တကယ်တန်ဖိုးထားမယ့် လူတွေအတွက် နေရာအသစ် ဖြစ်လာနိုင်ပါတယ်။

ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ အချိန်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အရင်က တခြားသူအတွက် အချိန်ပေးခဲ့သမျှကို ကိုယ့်အတွက် ပြန်ပေးပါ။

ကိုယ့်အိပ်မက်တွေကို ပြန်စဉ်းစားပါ။

ကိုယ့်ရဲ့ဘဝကို ပြန်တည်ဆောက်ပါ။

တစ်ယောက်ယောက် မရှိတော့လို့ ကိုယ့်ဘဝက မပြီးဆုံးသွားပါဘူး။

တစ်ခါတလေ ဆုံးရှုံးမှုတစ်ခုဟာ ကိုယ့်ဘဝမှာ ပိုကောင်းတဲ့အရာတွေ ဝင်လာဖို့ တံခါးတစ်ခုပဲ ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကို မလိုအပ်တော့တဲ့လူကို အတင်းမဖက်တွယ်ပါနဲ့။

ကိုယ့်ကို မရွေးချယ်တဲ့လူနောက်ကို အမြဲလိုက်မနေပါနဲ့။

ကိုယ့်တန်ဖိုးကို မမြင်တဲ့လူတစ်ယောက်ဆီမှာ ကိုယ့်တန်ဖိုးကို သက်သေပြဖို့ မကြိုးစားပါနဲ့။

ကိုယ့်ကို တန်ဖိုးထားမယ့်လူတွေ ရှိပါတယ်။

ကိုယ့်ကို နားလည်ပေးမယ့်လူတွေ ရှိပါတယ်။

ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိဖို့ပဲ လိုပါတယ်။

တစ်နေ့မှာ ပြန်လှည့်ကြည့်တဲ့အခါ “အဲဒီလူကို ဘာကြောင့် အရမ်းဖက်တွယ်ခဲ့မိတာလဲ” လို့ ကိုယ်တိုင်ပြုံးမိနိုင်ပါတယ်။

အခုနာကျင်နေတာက အမြဲတမ်းနာကျင်နေမှာ မဟုတ်ပါဘူး။

အချိန်ကြာလာရင် သက်သာလာပါလိမ့်မယ်။

အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို မဆုံးရှုံးလိုက်ဖို့ပါ။

လူတစ်ယောက် ထွက်သွားတာကို လက်ခံနိုင်ပါစေ။

လိုအပ်ရင် ဝမ်းနည်းပါ။

ငိုချင်ရင် ငိုပါ။

ဒါပေမယ့် ကိုယ့်ဘဝကိုတော့ ပြန်တည်ဆောက်ပါ။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာထက် ကိုယ့်ကိုယ်ကို ဆုံးရှုံးလိုက်ရတာက ပိုကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လို့ပါ။

နောက်ဆုံးမှာ မှတ်ထားပါ။

ကိုယ့်ကို မလိုအပ်တော့တဲ့လူကို အတင်းဖက်တွယ်ထားစရာ မလိုပါဘူး။

တချို့လူတွေကို ချစ်ရင်းနဲ့ လွှတ်ပေးရပါတယ်။

တချို့လူတွေကို ကျေးဇူးတင်ပြီး နှုတ်ဆက်ရပါတယ်။

တချို့လူတွေကတော့ ကိုယ့်ဘဝထဲမှာ အမှတ်တရအဖြစ်ပဲ ကျန်ခဲ့ဖို့ ရောက်လာကြတာပါ။

သူတို့ကို လွှတ်ပေးပြီး ကိုယ့်ဘဝကို ဆက်လျှောက်ပါ။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝရဲ့တန်ဖိုးဟာ ကိုယ့်အနားမှာ ဘယ်သူရှိသလဲနဲ့ မဆုံးဖြတ်ပါဘူး။

ကိုယ့်ဘဝကို ကိုယ်ဘယ်လိုနေထိုင်သလဲဆိုတာနဲ့ပဲ ဆုံးဖြတ်တာဖြစ်ပါတယ်။

31/08/2026

High Waist Brief လေးက ပေါင် 200 ကျော် ထိရပါတယ်နော် အသား အနက် မိမျိကိုက္နွစ်သက်ရာ ယူလို့ရပါတယ်ရွင် buy 1 get 1 (37000ks)

30/08/2026

လက်__
တွန်းလှဲဖို့မဟုတ်ဘူး
လဲနေသူကို တွဲထူဖို့ !

ခြေထောက်__
ကန်ကျောက်ဖို့မဟုတ်ဘူး
လမ်းမှန်ကိုလျှောက်လှမ်းနိုင်ဖို့ !

ပါးစပ်__
အတင်းပြောဖို့ မဟုတ်ဘူး
အချင်းချင်း နှီး နှော ဖလှယ်ဖို့ !

ဉီးနှောက်__
လှောင်ပိတ်ထားဖို့ မဟုတ်ဘူး
သုံးသပ်ဖို့နဲ့ ဆုံးဖြတ်ဖို့ !

စိတ်ဓာတ်__
ယုတ်ညံ့ဖို့ မဟုတ်ဘူး
ကြည်လင်, ဖြူစင်ဖို့ !

မာန__
ထောင်လွှားဖို့ မဟုတ်ဘူး
မခံချင်စိတ်နဲ့ ရိုးသားစွာ ကြိုးစားဖို့ !

အတ္တ__
တစ်ကိုယ်ကောင်းဆန်ဖို့ မဟုတ်ဘူး
သူ့ဖက် ကိုယ့်ဖက် ညီမျှဖို့ !

ဒေါသ__
ပေါက်ကွဲဖို့ မဟုတ်ဘူး
လျှော့ကျသွားအောင် လျှော့ချဖို့ !

မိမိရဲ့ ဆိုးရွားတဲ့အမူအကျင့်တွေကို
အလွန်အမင်း မဖြစ်အောင်
မိမိကိုယ်မိမိ ထိန်းသိမ်း ပြုပြင်ကြပါစို့ ❗

.

25/08/2026

မကောင်းမြင်နေတဲ့ သူတစ်ယောက်ကို တွေ့ရင် “ မကောင်းမြင်တတ်လိုက်တာ “ လို့
ခေါင်းစဉ်မတပ်ဖြစ်ဘူး ။

ဘာလို့လဲ ဆိုတော့ လူတွေကို
သူ မယုံကြည်ရဲတော့တဲ့ အထိ
အဲ့ဒီလိုစိတ်ကြီး နဲ့ အမဲရောင်လွှမ်းမိုးတဲ့ အထိ ။

သူဘယ်လိုလူတွေနဲ့ တွေ့ခဲ့ရလဲ ဆိုတာ
ကိုယ်မသိလို့
သူဘယ်လိုအခြေအနေတွေကို
ဖြတ်သန်းခဲ့ရလဲ ဆိုတာ ကိုယ်မသိလို့ …

#မယ်ညို

24/08/2026

High Waist Pants တစ်ထည်၀ယ်တစ်ထည်လက်ဆာင်ယူပါရှင်
39500ks

Address


Yangon Airport Road, Myanmar (Burma)
Yangon