Sai Min Khant

Sai Min Khant

Share

သုတရသ smk(bc)

Photos from Sai Min Khant's post 30/09/2022

ကိုဘာသာဆို ချုပ်ဖြစ်တာမဟုတ်ဘူး
အပ်ထည်လာမှ လေ့လာဖြစ် ချုပ်ဖြစ်ကြတာ။

ဒါကြောင့် အတက်ပညာနဲ့ ကျွမ်းကျင်မှု့ဆိုတာ
အလုပ်ကသင်တာပါ။

30/09/2022

My day မှာ ငါ အင်္ကျီချွတ်နဲ့ ပုံတင်ရင် 2k လောက်ကျော်တယ် တယ်။ပေါ်လေ ကျော်လေဘဲ။

အလုပ် ဘာညာ သဒကာ တင်ရင် ၃၀၀ တောင်မပြည့်ဘူး 😒

စာရှည်ရင် ၁၀၀တောင်ကျော်တော့ဘူး😒

ယူတို့ ကျုပ်pageထဲမှာ
ဘာကိုစိတ်၀င်စားတာလဲ😒

Photos from Sai Min Khant's post 30/09/2022

size chack📏📏📏

Photos from Sai Min Khant's post 29/09/2022

ရုပ်တရက် ကြည့်မိတိုင်း လန့်လန့်သွားတယ်
ဒီကမ ကို

Photos from Sai Min Khant's post 29/09/2022

လူသုံးမျိုး ရှိပါတယ် ။

နံပတ် ၁ ။
ဘယ်သူတွေ ဘာလုပ်နေလဲ ၊
လောကကြီး ဘာဖြစ်နေလဲ လုံးလုံးကို မသိတဲ့လူတွေ ၊
ဘာမှကို မလုပ်တဲ့ လူတွေ

နံပတ် ၂ ။
ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာ လိုက်စောင့်ကြည့်ပြီး
ဘယ်အချိန် တွယ်ရမလဲ ၊ ဘယ်အချိန် ဆဲရမလဲ ၊
ဘယ်အချိန် နွှာရမလဲ စောင့်ကြည့်နေတဲ့ လူတွေ

နံပတ် ၃ ။
ကိုယ့်ကိုကိုယ် တကယ် ခုတ်မောင်းနေတဲ့သူတွေ ၊
အမှားတွေ လုပ်တယ် ၊ ပြင်တယ် ၊ ဆက်သွားတယ် ၊
အဆူအဆဲခံတယ် ၊ ဒူပေ ဒါပေခံတယ် ၊
ဒဏ်ရာတွေ ရတယ် ၊ ပြန်ထတယ် ၊ ဆက်သွားတယ်
အဲ့လိုလူတွေ ။

Early Game အစပိုင်းမှာ
လူ ၁ နဲ့ လူ ၂ က အရမ်းသက်သာပါတယ် ။
ဘာဖြစ်နေမှန်းကို မသိတဲ့သူနဲ့ သူများကို အားရပါးရ
ထိုးနှက်ရတဲ့သူနဲ့ ။

လူ ၃ ကတော့ တော်တော် ပင်ပန်းပါတယ် ။
လူ ၂ ရဲ့ ဂြိုလ်ဆိုး မ၀င်ခင်ကို
ကိုယ့်ရဲ့ ကိုယ်ပိုင် သံသယ‌ self-doubts တွေ ၊
ကိုယ့်ကိုကိုယ် ကောင်းမွန်တဲ့ အရာတွေနဲ့
မထိုက်တန်ဘူးလို့ ခံစားရတဲ့ Imposter syndrome တွေ
နဲ့ အရင် ကျော်ဖြတ် နဗမ်းလုံးရပါတယ် ။

Mid Game အလယ်ပိုင်းမှာ
လူ ၁ က စပြီး သတိထားမိလာပါတယ် ။
ဘယ်သူတွေ ဘာလုပ်နေလဲ ၊ လောကကြီးနဲ့
ငါ့အခြေအနေ ဘာဖြစ်နေလဲ ဘယ်နေရာရောက်နေလဲ
ဆိုတာ သတိပြုမိလာပါတယ် ။

သူ့မှာ ရွေးချယ်စရာ ရှိလာပါပြီ ။
Late Game မှာ လူ ၂ လုပ်ရမလား ၊ လူ ၃ လုပ်ရမလား ဆိုတာပါ ။

Mid Game က လူ ၂ ရဲ့ အပျော်ဆုံးအချိန်ပါ ၊
ဘာလို့ဆို အခုချိန်က လူ၃အတွက် အမှားများပြီး
အလျော်အစားကြီးချိန် ဖြစ်တော့ သူ့ရဲ့ထိုးနှက်ချက်တိုင်းက အလုပ်ဖြစ်ပါတယ် ၊ သူများကို အထိနာစေလို့ သူ အရမ်း ကျေနပ်ပါတယ် ။

လူ ၃ အတွက်တော့ Mid Game ကအခက်ခဲဆုံးအချိန်ပါ ၊
အောင်မြင်မှု သေးသေးလေး စရလာချိန် ၊
လူတွေ စအသိအမှတ်ပြုလာချိန်မှာ အနွှာခံရတာ
အများဆုံးဆိုတော့ လူ၃ အနေနဲ့ တော်တော် အထိနာပါတယ် ။
ဒီမှာ လူ ၃ အနေနဲ့ အရှုံးပေးလိုက်မလား ၊
ဆက်သွားမလားပဲ ရွေးစရာရှိပါတော့တယ် ။

Late Game နောက်ဆုံးပိုင်းမှာ‌
အကယ်၍ လူ ၁ က သူရွေးချယ်လိုက်တဲ့ လူ နံပတ်
အတိုင်း စပြီး သွားပါမယ် ။
နည်းနည်းလေး နောက်ကျပေမယ့် အနောက်ကျဆုံးတော့
မဟုတ်ပါဘူး ။

လူ ၂ အတွက်က Late Game က ခက်ခဲပါပြီ ။
သူ ခြောက်နှစ် ၊ ဆယ်နှစ်လောက် လူတွေကို
ဝုန်းလာခဲ့ပြီး အခု သူ့ဘ၀က သူ့ကို စဝုန်းပါပြီ ။

သူ့ဘေးက ကလေးတွေ ၊ သူ့အိမ်ထောင်ဖက် ၊
သူ့ခန္ဓာကိုယ်၊ သူ့ကျန်းမာရေး ၊ သူ၀င်ငွေ ၊ သူ့အသိုက်အဝိုင်း ၊ သူ့အနာဂတ် ၊ သူ့ကလေးတွေရဲ့ အနာဂတ်က သူ့ကို စပြီး မေးခွန်းထုတ်ပါပြီ ၊

"ခင်ဗျား လွန်ခဲ့တဲ့ ရှစ်နှစ် ၊ ဆယ်နှစ်တွေက
ဘာလုပ်ခဲ့လဲ ၊
ဘာတွေ ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့လဲ"

"ခင်ဗျား မရှက်ဖူးလား" ဆိုတဲ့ မေးခွန်းတွေ

စမေးပါပြီ ။

ဒီအချိန် သူ ဒါကို တကယ် လက်ခံလိုက်ပြီး
စကြိုးစားမလား ၊

သိမ်ငယ်စိတ်ကို ကာချင်တာနဲ့
ကိုယ့်သားသမီးတွေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို
ပတ်ရမ်း ၊ ပတ်ဆဲတဲ့ဖခင် ၊ ခင်ပွန်းတစ်ယောက် ဖြစ်လာမလား ဆိုတဲ့ ရွေးချယ်မှု လုပ်ရပါပြီ ။

လူ ၃ အနေနဲ့ Mid Game မှာ အရှုံးမပေးခဲ့ပဲ
ရသမျှ အားနဲ့ ဆက်ကြုံးခဲ့မယ်ဆိုရင်

Late Game က သူ့အတွက်ချည်းပါပဲ ။

သူ ပညာတွေ စုံလာပြီ ၊ တကယ့်ပြောင်မြောက်တဲ့
အရည်အချင်းတွေ ရှိလာပြီ ၊
စည်းကမ်းရှိခဲ့တော့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည် ၊ ၀င်ငွေတွေကလည်း တောင့်တင်း ၊ သူ့ဘေးကလူတွေ ၊ သူ့အိမ်ထောင်ဖက် ၊ သူ့သားသမီးတွေက
လေးစားရတဲ့ လူတစ်ယောက်အဖြစ် ရပ်တည်သွားဖို့
ခိုင်လုံသွားပါပြီ ။

ငွေနဲ့ ပတ်သက်ပြီး ပူနေစရာ သိပ်မလိုတော့ပဲ
သူများတွေကိုပါ ကူညီ ဖေးမပေးနိုင်တဲ့ အခြေအနေကို
ရောက်လာပါပြီ ။

ကျော်ဖြတ်ခဲ့တဲ့ နောက်ကို ပြန်ကြည့်လိုက်ရင်လည်း
ဂုဏ်ယူစရာ ၊ စိတ်၀င်စားစရာကောင်းတဲ့ stories တွေ
ပြန်ပြောဖို့ အများကြီး ရှိပါတယ် ။

ဒါကြောင့် ကျနော် ပြောချင်တာက
လူတွေကို လူ၃ ဖြစ်လာဖို့ တိုက်တွန်းချင်ပါတယ် ၊

နှစ်အနည်းငယ် အနာခံလိုက်ပါ ၊
ဒူပေ ဒါပေခံလိုက်ပါ ၊ စည်းကမ်းရှိလိုက်ပါ ၊
အသားကုန် ကြိုးစားလိုက်ပါ ။

နောင်လာမယ့် အနာဂတ် late game တွေမှာ အိုကေ
စိုပြေသွားပါလိမ့်မယ် ။

ဒီစာ အဆုံးထိဖတ်ပြီး‌ ကိုယ့်ကိုကိုယ်
ဘယ်နားရောက်နေတယ် ထင်မိလဲ ၊
Early Game, Mid Game, Late Game??

လူ၁ လား ၊ လူ ၂လား ၊ လူ ၃လား ??

pika sharing

Photos from Sai Min Khant's post 29/09/2022

SMK dress creation & garment
ကနေ ဖွင့်လစ်မည် စက်ချုပ်သင်တန်းမှာ
ဘာတွေသင်မလဲ မေးထားကြလို့ပါ။

သင်တန်းမှာသင်ကြားပေးမှာတွေက

၁ စက်အကြောင်းနဲ့ စက်နင်းနည်း
၂ ကိုယ်တိုင်းယူနည်း တွက်နည်း
၃ Basic pattern ,express patternဆွဲနည်း
၄ ရင်စေ့အမျိုးမျိုး
၅ ရင်ဖုံးအမျိုးမျိုး
၆ ထဘီချုပ်နည်းအမျိုးမျိုး
၇ နောက်ဇစ် နောက်ကြယ်သီး
၈ ချိတ်ထဘီ
၉ ၃လွှာ
၁၀ ၄လွှာ
၁၁ သရေကြိုးဘောင်းဘီ
၁၂ ဟာဝေယံရှပ်
၁၃ ရင်ဖြတ် ခါးဖြတ် ပုံအမျိုးမျိုး
၁၄ စကပ်
၁၅ ဂါ၀န်
၁၆ စတိုင်ဘောင်ဘီ
၁၇ တထပ်ကုတ်
၁၈ ရှပ်
၁၉ တိုက်ပုံ
၂၀ ထိုင်မသိမ်း
၂၁ evening dress
၂၂ ခေါင်းစည် BOW
၂၃ အိပ်ချုပ်နည်း
၂၄ အခြားစက်ချုပ်ပညာဆိုင်ရာ အထွေထွေဗဟုသုတများ
Ready to weareနှင့်ပက်သက်သည်
သိသင့်သိထိုက်သည်များကိုပါ
သင်ကြားပေးသွားမှာပါ။

သင်ကြားမှုကို
Onlone classဖြင့်ဖြစ်စေ
သင်တန်းသို့လူကိုယ်တိုင်ဖြစ်စေ
မိမိအဆင်ပြေသလိုသင်ကြားနိုင်ပြီး
သင်တန်းကြေး ၃သိန် နှင့်၅သိန်း အတန်း၂တန်းရှိပြီး သင်တန်းကြေးကို ၃ရစ်ခွဲပေးနိုင်ပါသည်။

သင်တန်းတွင်
~ကိုယ်တိုင်ချုပ် ကိုယ်တိုင်၀တ်
~photo ရှူတင်လေးတွေပါ၀င်ပြီး
သင်တန်းပြီးပါက သင်တန်းဆင်းလက်မှတ်လေးတွေလည်း အမှတ်တရပေးအပ်သွားမှာပါနော်။

ကဲ အသေးစိတ်သိရှိလိုတာလေးတွေကို
Page cbမှာ မေးမြန်နိုင်ပါတယ်နော်။

Photos from Sai Min Khant's post 28/09/2022

လက်ခုပ်တီးဖို့စောင့်နေတိုင်း
ကိုယ့်ကိုအားပေးတယ်လို့ မထင်ပါနဲ့။

အောင်မြင်ရင်တီးမယ့်လက်ခုပ်ထက်
ကျရှုံးရင်တီးမယ့် လက်ခုပ်သံတွေက ပိုကျယ်ပါတယ်။

ကိုယ့်အကောင့်၊ ကိုယ့် Page ကို Add/ Follow လုပ်ထားတိုင်း
ကိုယ့်ကို ကြိုက်လို့ လုပ်ထားတယ် မထင်ပါနဲ့။

ဘယ်အချိန်ပွဲရှာပြီး ဖျာခင်းရမလဲလို့
ချောင်းနေတဲ့သူတွေက ပိုများပါတယ်။

လောကကြီးမှာ
ခင်ဗျားအောင်မြင်ရင် ဝမ်းသာပီတိဖြစ်ပေးမယ့်သူထက်
ကျရှုံးရင် ဝမ်းသာပေးမယ့်သူက ပိုများပါတယ်။

ဒါက ခင်ဗျားလက်မခံချင်လို့မရတဲ့
လောကကြီးရဲ့အမှန်တရား စစ်စစ်တွေပဲ။

Photos from Sai Min Khant's post 28/09/2022

အိပ်ချုပ်နည်းလေးတွေ

28/09/2022

ချုပ်ရမဲ့အထည်ကလည်းများ
gymကလည်းအရမ်းသွားချင်နေတော့

Photos from Sai Min Khant's post 28/09/2022

ခုရက်ပိုင်း ပြေးရင်းလွှားရင်း ချုပ်ဖြစ်တဲ့ Sampleလေးတွေ

28/09/2022

is me.

Photos from Sai Min Khant's post 28/09/2022

မနားရသေးဘူး
rpတွေကြာရင် sorryပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Moe Kaung State
Yangon