Glow Together

Glow Together

Share

Korean Skincare Wholesale & Retail

Photos from Glow Together's post 27/01/2022

Endorsi Half moon bag လေးတွေ Sale ရှိတယ်နော်

ပုံမှန် 40000 ကျော် bag လေး Sale ချနေတုံးလေး ဥထားသင့်တယ်နော်

အရောင်က ၅ရောင်ရပါမယ်
ကြိုးအတို အရှည် ၂ချောင်းပါမယ်နော်
crossbag လိုရော shoulder bag လိုရော လွယ်လို့ရ 😉

Shipping fee ပါပြီးသားကိုမှ
sale price 24000Ks တည်းနဲ့ရပါမယ်

Sale ရှိတုံးလေး မြန်မြန်မှာထားမှစိတ်ချရမယ်နော်

Preorder/ Half prepaid
Waiting time 1.5month
Direct from Korea 🇰🇷

24/01/2022

တဖြေးဖြေးနဲ့စျေးကတက်လာဖို့ပဲရှိတယ်
ကျကိုမကျနိုင်တော့ဘူး😒😒 အခွန်တွေနဲ့

ဘာမှလုပ်စားလို့အဆင်မပြေအောင်လုပ်နေကြ😅

ပုံမှန် korea မှာ နှစ်ပတ် cargo မှာတစ်လမို့
Waiting တစ်လခွဲ ပြောရောင်းတယ်။
Korea deli ကြာတဲ့ website တွေကဆို နှစ်လ။
အခုဟာက မြန်မာဘက်ရောက်မှ
အရစ်ခံ အညစ်ခံရလို့ တစ်လထပ်ကြာ။
နောင်ဆို ကြာချိန်က
air တစ်လခွဲ / ship သုံးလ လောက်
ပြောရောင်းရတော့မယ်ထင်တယ်။

အဲ့အပြင်
အရင်က cargo ကပဲ အခွန်ဆောင်ရတယ်။
အညွှန်းတို့က cargo ကို သယ်ခပေးရတယ်။
အဲ့သယ်ခထဲ cargo က အကုန်ထည့်ထားပြီးသား။

အခုကျ
အညွှန်းတို့ထိပါ လိုင်စင်လုပ် အခွန်ဆောင်
တွေလုပ်လာတော့မယ်။ အဲ့တာတွေပါလာရင်
စျေးတွေ အကုန်တက်ကုန်မှာ။

လွန်ခဲ့တဲ့ နှစ်နှစ်က
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်တင်ပြီး
ဒီအရောက် 17000 ကျပ် နဲ့ရောင်းတယ်။

ဒီနှစ်ကျ
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်တင်ပြီး
ဒီအရောက် 22000 ကျပ် နဲ့ရောင်းတယ်။

​နောင် အခွန်တွေ တိုးဆောင်ပြီးရင်
ဝမ်တစ်သောင်းတန်ကို
2000 ကျပ် အမြတ်နဲ့ပဲကို
ဒီအရောက် ဘယ်စျေးထိဖြစ်သွားမလဲမသိဘူး။

သေချာတာက
အသုံးအဆောင်စရိတ်တွေက ပိုတိုးလာမှာ။
လစာတွေ လိုက်တိုးရင်တော့ တစ်မျိုးပေါ့။
ဒီလစာအတိုင်း ဒီဝင်ငွေအတိုင်းဆက်ရှိနေရင်
အရင်တစ်လ cosmeticsသုံးမျိုး ဝယ်နေကျသူက
နောင် တစ်လ တစ်မျိုးပဲဝယ်နိုင်တော့မှာ။

မဝယ်နိုင်လျော့သုံးမယ်ဆိုတဲ့ အတွေးထက်
Data စျေးတက်ရင် မသုံးဘူးဟာ
ဆိုတဲ့ အတွေးထက်
ပုံမှန်အရင်အတိုင်း ဝင်ငွေရှိနေရက်နဲ့
ငါဘာလို့ အရင်လို မဝယ်နိုင်တော့တာလဲကို
တွေးကြည့်ကြပါ။

"ကိုယ်လုပ်မှ ကိုယ်စားရတာ'' က
တချို့တဝက် မှန်ပေမယ့်
ကိုယ်လုပ်ထားတဲ့ ကြိုးစားထားတဲ့
အကျိုးခံစားခွင့်တွေ ယုတ်လျော့လာတာက
လူ့အခွင့်ရေး ဆုံးရှုံးလာလို့ပါ။
တသက်လုံး ဒီအတိုင်း နေသွားနိုင်ကြလား?

ဒါတွေအားလုံးကနေ ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာက
ကိုယ့်မှာလဲ တာဝန်ရှိတာကို မမေ့ကြပါနဲ့။ ။

Photos from Glow Together's post 21/01/2022

Huxley Sleeping Mask & Clay mask
30g 7000

LUXURY Korea Skincare Brand
Huxley 헉슬리 Sleeping Mask
Huxley ဟာ Sahara desert မှာရှိတဲ့ Prickly Pear Seed (ရှားစောင်းလက်ဝါးပင်ရဲ့ အစေ့) ကနေ ရတဲ့ သဘာဝ အဆီအနှစ်ကို အဓိက အခြေခံထုတ်လုပ်ထားတဲ့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး skincare brand ပါ

အသားအရေအတွက် ကောင်းကျိုးများစွာရှိတဲ့ Prickly Pear Seed Oil မှာ anti oxidants ပြည့်ဝစွာပါဝင်ပြီး anti aging (အရွယ်မတိုင်ခင် အ်ုမင်းရင့်ရော်ခြင်း ) က်ိုလည်း ကာကွယ်ပေးပါတယ်
အစိုဓာတ်ထိန်းညှိပေးရာမှာ နာမည်ကြီး ingredient တခုဖြစ်တဲ့ Argan Oil ထက် Vitamin E အဆပေါင်း ၁၅၀% ကြွယ်ဝပါတယ်

Oil ဖြစ်လို့ အဆီပြန်သူတွေ သုံးလို့မရမှာစိုးရိမ်ဖို့လဲ မလိုပါဘူး၊ non-comedogenic ဖြစ်တဲ့အတွက် စိမ့်ဝင်လွယ်ပြီး Break out မဖြစ်စေပါဘူး

Pear Seed Oil ရဲ့ bonus benefits တခုက anti viral and anti inflammatory action ရှိတာပါ အနာကြက်တာမြန်တယ် ဝက်ခြံညှစ်ပြီးလို့ရောင်ရမ်းတာ နီတာတွေကို သက်သာစေတယ်

( For all skin types အတွက် hydration skincare ပါ )


Clay mask review လေးပါနော်
https://m.facebook.com/story.php?story_fbid=385421573341917&id=101294961754581

Photos from Glow Together's post 20/01/2022

Laneige water sleeping mask EX 70ml
Price-27500

Upgrate လုပ်ထားတဲ့ Design အသစ်​လေး​ရပါပီ

ဒီ EX version ​လေးမှာ​တော့ Micro Biome Technology နဲ့ Probiotic Complex နဲဲ့ တိုးပြီးထုတ်ထားတာမို့ အ​ပေါ်ယံအ​ရေပြားရဲ့ ကြံ့ခိုင်မှု ကို ပိုမိုအား​ကောင်း​စေ​အောင်လုပ်​ဆောင်​ပေးနိုင်တာမို့ အ​ရေးပြား ပျက်စီး​ပြီး Breakout/sensitive ဖြစ်လွယ်ခြင်း​တွေကို ​လျော့​ကျ​စေနိုင်ပါတယ်.

ညဘက်မှာ အသား​ရေက လိုအပ်တဲ့ Moisture ကို
ပြည့်ဝ​အောင်ဖြည့်ပေးနိုင်လို့ ကြည်လင်​ချော​မွေ့ပြီး ​တောက်ပတဲ့ အသား​ရေကို ရရှိ​စေမှာပါ.

ဘယ်လိုအသား​ရေ​တွေသုံးသင့်လဲ
moisture ​ပြတ်လပ်ပြီး ​ခြောက်သွေ့ကြမ်းတမ်းတဲ့အသား​ရေပိုင်ရှင်များ
ညဘက်မှာ Intensive Night skin care effect ရ​စေတာ​ကြောင့် မနက်မိုးလင်းတဲ့အခါ စိုအိပြီး​ချော​မွေ့တဲ့ အသား​ရေပိုင်ဆိုင်လိုသူများ
Dry skin ပိုင်ရှင်များ သုံးနိုင်ပါတယ်​နော်.

How to use

Sleeping mask ​လေးက 1ပတ် ၂ or ၃ကြိမ် လိမ်းအိပ်​ပေးရုံနဲ့ လုံ​လောက်ပီ​

Direct From Korea

Photos from Glow Together's post 20/01/2022

AHC Ten Revolution Real Eye Cream For Face (Season 10)
12 ml - 7000ks

AHC Ten Revolution ကUltra Fine Micro Method နဲ့ ပြုလုပ်ထားတာမို့အသားရည်ထဲ စိမ့်ဝင်လွယ်ပါတယ်

antiaging & moisturizing ပါဝင်ပီး မျက်လုံးတဝိုက်အသားရေခြောက်သွေ့ခြင်းကြောင့် ဖြစ်တတ်တဲ့ အရေးအကြောင်းပြသာနာတွေ ကင်းစင်စေပီး အမဲစက်
တင်းတိတ်များပါ သက်သာစေပါတယ်နော်

မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်

Import from Korea

Photos from Glow Together's post 20/01/2022

Twit Mins 77% Off

ပုံမှန်၃သောင်းကျော်ကို ခုဘာယူယူ 12500

၁နေ့ ၂လုံးသောက်ရုံပဲ...ဂျယ်လီလိုလေးပါ

Skin Vitamin-ဖရဲသီးအရသာလေးနဲ့ Vitamin C
လဲပါလို့ Collagen ထုတ်တဲ့နေရာမှာ support ပီးအသားအရည်ကြည်ပီးနုပျိုစေတယ်...

Apple Cider Vinegar-ကိုယ်ခံအားကောင်းစေတယ်...နှလုံးကျန်းမာရေးအတွက်လဲ အထောက်အကူဖြစ်စေတယ်...အရိုးနဲ့ကြွက်သားကိုလဲ သန်မာစေတယ်...မှတ်ညဏ်လဲကောင်းစေတယ်

Hair Vitamin
ဆံပင် problem ရှိတဲ့သူတွေ သောက်သင့်ပါတယ် ဆံပင်ကျွတ်သက်သာစေပီး Baby Hair လေးတွေတောင် မြန်မြန်ပြန်ပေါက်လာစေပါတယ်နော်

Photos from Glow Together's post 20/01/2022

🖤Elizavecca Carbonated Bubble Clay Mask ✨

သူက အဓိက ချွေးပေါက်တွေကို သန့်စင်ပေးတဲ့ အပြင်
တခြား mask တွေလို ခြောက်ခြောက်ကြီးမဟုတ်ဘဲ
Skin ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတယ်
သူ့ကိုလိမ်းပီးမျက်နှာသစ်လိုက်တဲ့ချိန်
မျက်နှာမှာ လေးက ပြောင်ရှင်းနူးအိစေပါတယ်

မျက်နှာပေါ်လိမ်းလိမ်းပီးချင်း bubble လေးတွေထလာပီး 3mins လောက်ကြာရင် မျက်နှာ1ခုလုံး bubble
အပြည့်ဖစ်လာမှာပါနော်

မျက်နှာပေါ်ကို လိုသလောက်သာလိမ်းပါ
မျက်လုံး ကလွဲပီးမျက်နှာတစ်ပြင်လုံးလိမ်းလို့ရပါတယ်
သူက bubble လေးတွေထလာမှာဖြစ်လို့ မျက်လုံး /နှာခေါင်းဝတွေနဲ့ အနည်းငယ်ခွာ ပြီးနေရာလွတ်ချန်ခဲ့နော်
မဟုတ်ရင် bubble ထလာရင် အဲ့နေရာတွေထိရောက်လာတတ်ပါတယ်

သူက လေနဲ့ထိရင် bubble လေးတွေထလာတတ်တာမို့
သုံးပြီးရင်အဖုံးလေးတော့သေချာပိတ်မှရမယ်နော်

Price 17000

20/01/2022

Toner သုံးဖို့ လိုမလို ဝေခွဲမရဖစ်နေရင်
ဖတ်ကြည့်ပါနော်

Toner သုံးဖို့ တကယ်လိုအပ်လား? 👌👌👌

တချို့တော်တော်များများက Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး.. အပိုအဆင့်လို့ပဲ ထင်တဲ့သူတွေလည်း ရှိပါတယ်.. " အရင်က Toner မသုံးဘူး .. ခု သုံးသင့်လား " ဆိုပြီး လာမေးကြတာတွေလည်းရှိပါတယ် .. Essence မှာ Toner effect ပါ ပါပြီးသားမို့ တမျိုးထဲ လိမ်းရင် မရဘူးလားဆိုပြီးလည်း ဈေးဆစ်တတ်ကြပါတယ်.. တကယ်တော့ Essence ဆိုတာဟာ Moisturizing treatment step မို့ Toner သုံးစရာမလိုဘူးဆိုတာ မဟုတ်ပါဘူး ..

အဲ့ဒါကြောင့် ဒီနေ့ Toner ဆိုတာ ဘာလဲဆိုတာရယ် တကယ်ပဲ သုံးသင့်လား ဆိုတာရယ်ကို နည်းနည်းရှင်းပြမယ်နော်..

📕 Toner ဆိုတာဘာလဲ ?

Toner ဆိုတာ မျက်နှာသစ်ပြီး ချွေးပေါက်တွေထဲမှာ ကျန်နေသေးတဲ့ အဆီနဲ့ အညစ်အကြေးအပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးတဲ့ skincare ပါ .. cleansing step ရဲ့ နောက်ဆုံးအဆင့်လို့လည်း ပြောလို့ရပါတယ်..

နောက်ပြီး ကျန်တဲ့ skincare step တွေ မလိမ်းခင် skin ရဲ့ pH level ကို ညှိပေးတဲ့အတွက် လိမ်းတဲ့ serum , essence စတဲ့ moisturizer တွေကို ပိုပြီး စိမ့်ဝင်ထိရောက်စေပါတယ်..

ဒါကြောင့် K Beauty ရဲ့ နာမည်ကြီး Soko Glam ရဲ့ co-founder Charlotte Cho ကိုယ်တိုင်က

" Think of toner as Prep for your pores "

လို့ ဆိုပါတယ် .. Toner က

1. ကျန်ခဲ့တဲ့ အဆီနဲ့အညစ်ကြေးတွေ ဆဲလ်သေတွေကို ဖယ်ပေးတယ်
2. skin ရဲ့ normal pH level ကို ညှိပေးတယ်
3. လိမ်းတဲ့ skincare တွေကို ပိုထိရောက်စေပါတယ်တဲ့ ...

Makeup notes နဲ့ ရှင်းပြရရင် Toner က Primer လိုပါပဲ.. Primer က မိတ်ကပ်သား ညီညီညာညာနဲ့ အသားထဲညက်နေစေဖို့ အဆီမပြန်အောင် မိတ်ကပ်မကွက်အောင် ထိန်းညှိပေးသလို toner ကလည်း မျက်နှာမှာ အဆီနဲ့ဆဲလ်သေတွေကို ဖယ်ပေးပြီး လိမ်းတဲ့ serum တွေ moisturizer တွေကို စိမ့်ဝင်မြန်ပြီး ပိုထိရောက်စေပါတယ်..

နောက်ထပ် ရိုးရိုးလေး စဉ်းစားကြည့်ရင် makeup sponge ကို ရေမစွတ်ပဲ ဒီတိုင်း လိမ်းတဲ့အခါ မိတ်ကပ်မညက်သလိုပဲ မျက်နှာသစ်ပြီးစ ခြောက်သွေ့နေတဲ့မျက်နှာပေါ် skincare တွေလိမ်းတဲ့အခါ စိမ့်ဝင်ဖို့ ခက်ပါတယ် ..

ဒါကြောင့် Toner က skincare step ထဲမှာ ထည့်ကို ထည့်ရမဲ့ step ပါ..

📕 Toner ကို ဘယ်ချိန်မှာ သုံးရမလဲ ?

Toner ကို မျက်နှာသစ်ပြီးတဲ့အခါတိုင်း သုံးနိုင်ပါတယ်.. alcohol သို့ astrigent များတဲ့ toner မျိုးဆိုရင်တော့ အသားမခြောက်အောင် သတိထားပြီး သုံးလို့ရပါတယ် .. Dry skin သမားတွေကတော့ Alcohol မပါလေ ကောင်းလေပါပဲ..

📕 Toner ဘယ် ၂ မျိုးရှိလဲ?

Toner မှာ Skin type & concern အလိုက် အမျိုးမျိုးရှိပါတယ် ..

👉 အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက် ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner - Salicylic acid or BHA , Glycolic acid or AHA ပါတဲ့ Toner

👉 ရေဓါတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner

👉 Soothing & Calming လုပ်ပေးတဲ့ Toner
ဥပမာ ; Centella , Propolis , Rose water စတာတွေ ပါတဲ့ toner

👉 Moisturizing လုပ်ပေးတဲ့ Toner

👉 Brightening ဖြစ်စေတဲ့ Vitamin C ပါတဲ့ Toner

👉 Antiaging အတွက် Antioxidants သို့ Retinol စတာတွေ ပါတဲ့ toner

စသဖြင့် ရှိပါတယ် ... ဒါကြောင့် ကိုယ့်အသားရေအပြင် ကိုယ်ဖြစ်ချင်တဲ့ Skin concern နဲ့ အလိုက် toner ကို ရွေးချယ်လို့ရပါတယ် ..

ခုနောက်ပိုင်းမှာ Toner ဟာ cleansing step တခုအနေနဲ့ရော skin ရဲ့ pH balance ညှိပေးတဲ့အနေနဲ့အပြင် Hydrating , soothing စတဲ့ concern တွေနဲ့ အဓိကထားပိုသုံးလာကြပါတယ်.. K Beauty Trend မှာဆိုရင် toner ကို ဂွမ်းနဲ့မလိမ်းပဲ လက်နဲ့ ပုတ်ပုတ်ပြီး လိမ်းတာ မြင်ဖူးမှာပါ.. မနှစ်ကဆို " K beauty trend 7 Skins Method " ဆိုပြီး Light weight ဖြစ်တဲ့ Toner ၇ မျိုးကို အဆင့်ဆင့် လိမ်းတဲ့နည်းက ခေတ်စားသွားသေးတယ်... ဒါပေမဲ့ သူတို့လို (၇) မျိုး လိုက်လိမ်းစရာမလိုပါဘူး .. ယမုံတို့ဆီမှာက ရာသီဥတုကပူပြီး အဆီပြန် ဝက်ခြံထွက်လွယ်တဲ့ အသားရေက ပိုများလို့
Exfoliating toner တမျိုးနဲ့
ကိုယ့် Skin concern အရ သင့်တော်တာ တမျိုးနဲ့ (၂) မျိုးလောက်ရှိရင်ကို လုံလောက်ပါတယ်..

❤️ ဒါကြောင့် Toner သုံးသင့်လားလို့မေးရင် ..❓

" သုံးသင့်ပါတယ် " လို့ ဖြေပါတယ်... K beauty trend ရဲ့ Glow skin , Glass skin တွေက အရမ်းခေတ်စားနေတော့ Skincare trend အရရော Toner က လိုအပ်ပါတယ် .. 😊😊

စာအရှည်ကြီး အမြဲဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်. သိချင်တာရှိရင် comment မှာ မေးလို့ရပါတယ်နော်.. message တွေကတော့ အရမ်းများလို့ မပြန်နိုင်တာအတွက် တောင်းပန်ပါတယ်.. 😔😔😔

Bye Bye ... 👋👋👋

Skincare by May
2018 Oct 31

Photos from Glow Together's post 19/01/2022

ဂျယ်လီနတ်သမီး ကင်ပွန်းမှုန့် Scrub

ဒူးမဲ/ဂျိုင်းမဲ/တံတောင်ဆစ်မဲ/ဂုတ်မဲ တာတွေ သက်သာစေတယ်

နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားမညီတာ/အမာရွှတ်ဖြစ်တာတွေသက်သာစေတယ်

ကင်ပွန်းမှုန့်လေးနဲ့ Scrub တိုက်ပေးခြင်းအားဖြင့် အပူအပုတ်ကင်းစင်ပြီး ကင်ပွန်းမှုန့်စစ်စစ်မို့ အရေပြားယားယံပျက်စီးမှာတွေ လုံး၀ စိတ်ပူစရာမလိုပါဘူး

တစ်ထုပ်ကိုနိ့ဆီဗူး ၁လုံး​ကျော် ပါတာမိုလို့ တော်တာ်တန်ပါတယ်

Review လေးပါနော်
https://m.facebook.com/story.php?story_fbid=1442083206175072&id=100011202181274

Price 2500

16/01/2022

WB Super Vegitoks Cleanser mini

30ml- 4000 Ks Instock

အဆီဖု၊ ဝက်ခြံပျောက်ချင်ရင်၊ အဆီပြန်တာသက်သာချင်ရင် အစိမ်းရောင်လေး

အသားအရေတင်းပြီး မျက်နှာလေးပြောင်ပြောင်ဝင်းဝင်းလေးနဲ့ Glow ချင်ရင် ခရမ်းရောင်လေး

Whitening အတွက်ဆို အနီလေး

Photos from Kiss the Skin's post 15/01/2022

Retinol စသုံးမယ်ဆို ဒါတွေသိသင့်ပါတယ်နော်

11/01/2022

Axis-y Glow serum 5 ml
တည့်မတည့်မသိလို့ ဘူးကြီးမဝယ်ချင်
စမ်းသုံးချင်သူတွေအတွက် mini ရပါပီနော်

5 ml -4500
50 ml- 22000

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon