Himalaya Myanmar
Stay Happy, Stay Healthy
13/05/2026
အမည်းစက်တွေကြောင့် ယုံကြည်မှုလျော့နည်းနေပြီလား ?
အမည်းစက်တွေကြောင့် အလှအပမှာအဟန့်အတား မဖြစ်စေဖို့ဆိုရင် Himalaya ရဲ့ နနွင်းမျက်နှာသစ်ဆေးလေးက အကောင်းဆုံး အဖော်မွန် ဖြစ်လာမှာပါ။
🧡 Himalaya ရဲ့ Dark Spot Clearing မျက်နှာသစ်ဆေးလေးမှာဆိုရင် ရှေးအစဉ်အဆက်တည်းက အသားအရေလှပဖို့အတွက် အသုံးပြုခဲ့တဲ့ "နနွင်း" ကို ဓိက အခြေခံထုတ်လုပ်ထားပါတယ်။
🧡 အထူးသဖြင့် Cold Pressed Extract Technology ကို အသုံးပြုထားတာကြောင့် အပူဓာတ်မပါဝင်ပဲ နနွင်းမှာပါဝင်တဲ့ အာနိသင်တွေကို အပြည့်အဝရရှိစေပြီး မျက်နှာပေါ်က အမည်းစက်များကို သိသိသာသာ လျော့ပါးစေတဲ့အပြင် ညှိုးနွမ်းနေတဲ့ အသားအရေကိုလည်း သဘာဝအတိုင်း ပြန်လည်ဝင်းပလာအောင် ကူညီပေးပါတယ်။
🧡နနွင်းမျက်နှာသစ်ဆေးလေးကိုသုံးခြင်းအားဖြင့် ချွေးပေါက်ထဲက အညစ်အကြေးများကို သန့်စင်ပေးရုံတင်မက Soap Free Type ဖြစ်တာကြောင့် မျက်နှာသစ်ပြီးရင် အသားအရေ တင်းခြောက်ခြင်းဒုက္ခကနေလည်း ကင်းဝေးစေပါတယ်။
🧡Clinically Tested ဖြစ်လို့ နုနယ်တဲ့အသားအရေပိုင်ရှင်တွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
ဒါဆို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်အသုံးပြုပေးခြင်းဖြင့် အမည်းစက်ကင်းတဲ့ မျက်နှာလေးကို အချိန်တိုအတွင်းပိုင်ဆိုင်လိုက်ပါနော်။ 😍🫰
#အမည်းစက်ပြဿနာ
#အမည်းစက်ကင်းစင်စေဖို့ #နနွင်းအစွမ်း
10/05/2026
ဒီကနေ့ မေလ(၁၀)ရက်နေ့မှာကျရောက်တဲ့ အမေများနေ့မှာ ချစ်ရတဲ့အမေများအားလုံး စိတ်ရောကိုယ်ပါ ချမ်းသာ၊ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Himalaya Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🧡🧡
ခံတွင်းနံ့ကောင်းပြီး ယုံကြည်မှု ရှိချင်လား?🤗
တစ်နေကုန် ယုံကြည်မှုအပြည့်နဲ့ ခံတွင်းနံ့ကောင်းဖို့ဆိုရင် Himalayaရဲ့ Active Fresh သွားတိုက်ဆေး ရှိနေပြီလေ။😍
မနက်ခင်းတိုင်းမှာ သွားတိုက်လိုက်ပေမဲ့ ခဏနေရင် ခံတွင်းနံ့မကောင်းတော့သလိုမျိုး ကြုံဖူးကြမှာပါ။ Himalayaရဲ့ Active Fresh က Herbal အာနိသင်အပြည့်ပါဝင်တာမို့ သွားတိုက်ပြီးတာနဲ့ အေးမြသွားစေရုံသာမက ၁၂ နာရီကြာအောင် ခံတွင်းအနံ့ဆိုးကို အထိရောက်ဆုံး တားဆီးပေးပါတယ်။ သွားဖုံးကျန်းမာရေးအတွက်လည်း အထူးစိတ်ချရတဲ့အပြင် ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်းလုံးဝမပါဝင်လို့ မိသားစုတိုင်းအတွက် အသင့်တော်ဆုံးပါဘဲ။😍
နေ့သစ်ကို လန်းလန်းဆန်းဆန်း အစပြုချင်တယ်ဆိုရင်တော့ Himalaya Active Fresh ကို အခုပဲ သုံးကြည့်လိုက်တော့နော်။ 😍
#၁၂နာရီကြာလန်းဆန်းမှု
#ခံတွင်းနံ့သင်းပျံ့စေဖို့
07/05/2026
သွားကျောက်တည်ခြင်းကို ကြုံနေရပြီလား?။ 🥺
သွားကျောက်တွေကို သေချာမဖယ်ရှားဘဲ လျစ်လျူရှုထားရင် သွားဖုံးရောင်တာနဲ့ သွားဖုံးသွေးထွက်ခြင်း ပြဿနာတွေအထိ ဆိုးရွားလာနိုင်ပါတယ်။ ဒီလိုပြဿနာတွေကို အမြစ်ပြတ်သက်သာစေဖို့ Himalaya ရဲ့ Complete Care သွားတိုက်ဆေး ရှိနေပါပြီ။😍
🌿Complete Care သွားတိုက်ဆေးမှာ သဘာဝဆေးဘက်ဝင်အပင် (Herbal Formula) ကို အခြေခံထားတာကြောင့် သာမန်သွားတိုက်ဆေးတွေထက် ခံတွင်းကျန်းမာရေးကို ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
🌿သလဲသီး (Pomegranate) အဆီအနှစ်က သွားဖုံးကို တင်းရင်းခိုင်မာစေပြီး သွားကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွားဖုံးသွေးထွက်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ထိရောက်စွာ သက်သာစေပါတယ်။
🌿တမာ (Neem) ရဲ့ အာနိသင်က ခံတွင်းထဲက ပိုးမွှားတွေကိုသေစေပြီး သွားပိုးစားခြင်းနဲ့ သွားကျောက်မဖြစ်အောင် ဘက်စုံကာကွယ်ပေးပါတယ်။
🌿သဘာဝအပင်တွေရဲ့ အနံ့ကြောင့် ခံတွင်းနံ့ဆိုးတာကို ဖယ်ရှားပေးတဲ့အပြင် ဓာတုဗေဒပစ္စည်းတွေ လုံးဝမပါဝင်တာကြောင့် ကလေးကနေ လူကြီးအထိ ဘေးဥပဒ်မရှိ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။
တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် (မနက်တစ်ကြိမ် ညအိပ်ခါနီး တစ်ကြိမ်) ပုံမှန်တိုက်ပေးခြင်းဖြင့် သွားကျောက်ကင်းစင်ပြီး ဖြူစင်ခိုင်မာတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်မှာပါရှင်။😍😍
#သွားကျောက်ကင်းစင်စေဖို့
"ဖြူစင်လင်းလက် အလှတိုး" ဖို့အတွက် ယုံကြည်မှုတွေ ရယူလိုက်ရအောင်။😍
မျက်နှာလေး ညိုမှိုင်းပြီး အသားအရေကြည်လင်ဖို့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်တဲ့ Himalayaရဲ့ Clear Complexion မျက်နှာသစ်ဆေးလေး ရှိနေပါပြီ။
✨Clear Complexion မျက်နှာသစ်ဆေးလေးမှာ သဘာဝရဲ့ အဖိုးတန်ဖြစ်တဲ့ Saffron (ကုက္ကုမ္မံ) နဲ့ Licorice (နွယ်ချို) တို့ကို အချိုးကျပေါင်းစပ်ပေးထားပါတယ်။
✨ Saffron မှာပါတဲ့ Antioxidants တွေက ညိုမှိုင်းနေတဲ့ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး မျက်နှာကို သဘာဝအတိုင်း ကြည်လင်ဝင်းပလာစေပါတယ်။
✨ နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသားအရောင် မညီညာတာတွေကို ပြန်လည်ပြုပြင်ပေးတဲ့အပြင် ရောင်ရမ်းမှုကိုပါ လျော့ကျစေပါတယ်။
✨ Licorice က မျက်နှာပေါ်က တင်းတိပ်၊ မှဲ့ခြောက်နဲ့ ဝက်ခြံကြောင့် ဖြစ်ကျန်ခဲ့တဲ့ အမဲစက်တွေကို သိသိသာသာ လျော့ပါးစေတဲ့အပြင် Brightening process ကို အားပေးတာကြောင့် အသားအရေကို အတွင်းပိုင်းကစပြီး ဖြူဝင်းလာစေပါတယ်။
✨ဓာတုပစ္စည်းလုံးဝမပါဝင်တဲ့အပြင် အသားအရေရဲ့ pH Balance ကိုပါ အကောင်းဆုံးထိန်းညှိပေးတာကြောင့် ဘယ်လို Skin Type မျိုးမဆို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။
ဒါကြောင့် ညိုမှိုင်းနေတဲ့ အသားအရေကို အခုပဲ အဆုံးသတ်ပြီး တောက်ပတဲ့နေ့ရက်တွေကို Himalaya နဲ့အတူ စတင်လိုက်ရအောင်။🧡🧡
#ဖြူစင်ဝင်းပသောအသားအရေ
#အသားအရေကြည်လင်ဖို့
04/05/2026
မျက်နှာသစ်ပြီးတိုင်း တင်းခြောက်မနေဘဲ အမြဲစိုပြေကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်လား ? 🤩💦
✨ Himalaya ရဲ့ Moisturizing Aloe Vera မျက်နှာသစ်မှာဆိုရင် သဘာဝရှားစောင်းလက်ပတ် နှင့် သခွားသီးတို့ကို အဓိကပေါင်းစပ်ပေးထားလို့ မျက်နှာအသားအရေအတွက် အံ့မခန်းကောင်းကျိုးတွေရရှိနိုင်ပါတယ်။
✨ ရှားစောင်းဟာဆိုရင် မျက်နှာသစ်ပြီးချိန်မှာ အသားအရေကို ခြောက်သွေ့မသွားစေဘဲ အစိုဓာတ်အပြည့်အဝ ထိန်းသိမ်းပေးတဲ့အပြင် သဘာဝ Vitamin E ပါဝင်မှုကြောင့်လည်း ကြည်လင်ဝင်းပစေရုံသာမက ပြင်ပလေထုဒဏ်ကြောင့် အသားအရေ ပျက်စီးမှာကိုလည်း ကာကွယ်ပေးပါတယ်။
✨ သခွားသီးပါဝင်မှုကြောင့်လည်း မျက်နှာအသားအရေကို အေးမြစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေလို့ ရောင်ရမ်းအဖုလေးတွေကိုလည်း Calming ဖြစ်သွားစေပါတယ်။
ဒါဆို ရှားစောင်းအစွမ်း အံ့မခန်းနဲ့အတူ နူးညံ့စိုပြေတဲ့ Glow Skin လေး ပိုင်ဆိုင်နိုင်ဖို့ Himalaya ရဲ့ Aloe Vera Face Wash ကို အခုပဲ ရွေးချယ်ဝယ်ယူလိုက်စို့နော်။ 💕💕
#အသားအရေစိုပြေကြည်လင်ခြင်း
02/05/2026
မိတ်ကပ်သားမပျက်ဘဲ (၁၂)နာရီကြာ အဆီကင်းစင်ချင်သူများအတွက် ...
အပြင်သွားခါနီးတိုင်း မျက်နှာအဆီပြန်လို့ စိတ်ရှုပ်ရတဲ့ဒုက္ခကို Lemon နဲ့ Honey နှစ်ခုပါဝင်တဲ့ Himalaya ရဲ့ Oil Clear Lemon မျက်နှာသစ်ဆေးလေးသုံးပြီး အဆီပြန်မှုကိုထိန်းလိုက်ကြရအောင်။ ✨🧡
🍋Oil Clear Lemon မျက်နှာသစ်ဆေးမှာဆိုရင် Natural Astringent အာနိသင်က ချွေးပေါက်အတွင်းထဲက အညစ်အကြေးနဲ့ အဆီပိုတွေကို သေချာသန့်စင်ပေးပြီး ၁၂နာရီကြာအဆီထိန်းပေးနိုင်လို့ အမြဲကြည်လင်ဝင်းပနေစေမှာပါ။
🍋သဘာဝ Lemon ရဲ့ အစွမ်းကြောင့် အဆီပြန်ခြင်းကို ထိရောက်စွာ ထိန်းညှိပေးရုံတင်မကဘဲ Honey (ပျားရည်) ပါဝင်မှုကြောင့် မျက်နှာကြီး တင်းခြောက်သွားတာမျိုး လုံးဝမရှိစေပါဘူး။
🍋 ပျားရည်မှာပါဝင်တဲ့ သဘာဝအစိုဓာတ်က အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့အပြင် Soothing & Calming Properties ပါရှိတာကြောင့် နွေအပူဒဏ်ကြောင့် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေပြီး အသားအရေကို နူးညံ့အေးမြသွားစေပါတယ်
🍋 Soap-Free Formula ဖြင့် ထုတ်လုပ်ထားတာကြောင့် အသားအရေကို မထိခိုက်စေဘဲ Sensitive Skin သမားတွေပါ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။
🍋 အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တိုင်းအတွက် ထုတ်လုပ်ထားတာမို့ အမျိုးသား၊ အမျိုးသမီးမရွေး အသုံးပြုဖို့ အထူးသင့်လျော်ပါတယ်နော်။
ဒါကြောင့် အဆီပြန်တဲ့ နေ့ရက်တွေကို အခုပဲ နှုတ်ဆက်လိုက်ပြီး (၁၂) နာရီတိုင် ယုံကြည်မှုအပြည့်နဲ့ Glow နေဖို့ Himalaya Oil Clear Lemon နဲ့အတူ ဖန်တီးလိုက်ရအောင်။ 😍🫶
#၁၂နာရီအဆီထိန်း #အဆီပြန်တဲ့အသားအရေ
01/05/2026
လောကကြီးကို ပိုမိုလှပအောင် တစ်ဖက်တစ်လမ်းက တည်ဆောက်ပေးနေကြတဲ့ နယ်ပယ်အသီးသီးမှ ကြိုးစားအားထုတ်နေကြသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ပင်ပန်းသမျှတွေ အောင်မြင်မှုဖြစ်ပါစေလို့ Himalaya Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း အားလုံးကို လေးစားစွာဂုဏ်ပြုအပ်ပါတယ်ရှင်။ 😍💪
30/04/2026
ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ထူးနေ့မြတ်တွင် မိဘပြည်သူများအားလုံး တရားတော်ရိပ်ဝယ်ခိုလှုံရင်း စိတ်နှလုံးများ ကြည်လင်အေးမြကြပါစေကြောင်း Himalaya Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🥰🥰
#ညောင်ရေသွန်းပွဲတော် #ကဆုန်လပြည့်ဗုဒ္ဓနေ့
27/04/2026
သွားတိုက်တိုင်း သွေးထွက်တာဟာ သွားဖုံးအားနည်းနေပြီဆိုတဲ့ အချက်ပြလက္ခဏာဆိုတာ သတိထားမိပါသလား ? 🤔🤔
သွားကျန်းမာရေးရဲ့ အုတ်မြစ်ဟာ သွားဖုံးပါပဲ။ သွားဖုံးမခိုင်မာရင် သွားနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် အာယုဗ္ဗေဒ (Ayurveda) နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Himalaya Ayurveda Gum Care သွားတိုက်ဆေးက သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။
🦷 Neem ပါဝင်တဲ့အတွက်ကြောင့် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
🦷 သဘာဝ Astringents များစွာပါဝင်တာကြောင့် သွားဖုံးသားကို ကျစ်လျစ်ခိုင်မာစေပြီး သွားတိုက်ရာတွင် သွေးထွက်ခြင်းကို ထိရောက်စွာ သက်သာစေပါတယ်။
🦷 ဆေးဖက်ဝင်အပင် (၁၃) မျိုးကြောင့် သွားချေးတွေကို ဖယ်ရှားပေးတဲ့အပြင် ကွမ်းစားတတ်သူတွေမှာတွေ့ရလေ့ရှိတဲ့ ကွမ်းဂျိုးစွဲခြင်းကိုပါ အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။
🦷 နေ့စဉ်ပုံမှန်အသုံးပြုပေးရုံနဲ့ သွားဖုံးရောင်တာ၊ သွေးထွက်တာတွေ ကင်းဝေးစေပြီး တစ်နေကုန် လန်းဆန်းတဲ့ ခံတွင်းရနံ့ကို ပိုင်ဆိုင်နိုင်မှာပါ။
ဒါကြောင့် သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် သဘာဝရဲ့ အစွမ်းကို အပြည့်အဝရရှိစေမယ့် Ayurveda Gum Care သွားတိုက်ဆေးကို ဒီနေ့ပဲ အသုံးပြုကြည့်လိုက်စို့နော်။ 🧡✨
#သွားဖုံးကျန်းမာရေး #ကွမ်းဂျိုး
24/04/2026
သွားတိုက်တာက သန့်ရှင်းရုံတင် မဟုတ်ပါဘူး၊၊ မိမိသွားနှင့် သွားဖုံးရဲ့ လိုအပ်ချက်များနှင့် ကိုက်ညီတဲ့ သွားတိုက်ဆေးကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။😬
မှားယွင်းတဲ့ ရွေးချယ်မှုက သွားများကိုပိုပျက်စီးစေနိုင်ပါတယ်။ သွားတိုက်ရင်းနဲ့ မိမိသွားများကို မိမိပြန်ဖျက်ဆီးနေမိတာမျိုး ဖြစ်နေမလားဆိုတာကို အောက်ပါအချက်(၃)ချက်ကို စစ်ဆေးကြည့်ကြမယ်နော်။💕
၁။ သွားတိုက်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့တိုက်ကြပါသလဲ?။
A: ဘယ်ညာ အားရပါးရ အတင်းပွတ်တိုက်တယ်။
B: အပေါ်အောက် ခပ်ဖွဖွ စက်ဝိုင်းပုံစံ တိုက်တယ်။
တစ်ခါတလေ အားစိုက်ပြီးတိုက်တာမျိုးက ပိုပြောင်တယ်လို့ ထင်ရပေမယ့် တကယ်တော့ သွားဖုံးတွေကို နိမ့်ဆင်းသွားစေပြီး သွားကျင်တာမျိုးကိုဖြစ်စေတဲ့တရားခံပါပဲ။
၂။ သွားတိုက်ပြီးတာနှင့် ပလုတ်ကျင်းဖို့ ရေခွက်ကို အရင်လှမ်းကိုင်ပါသလား?
A: ရေနှင့် အကြိမ်ကြိမ်စင်အောင်ဆေးပစ်တယ်။
B: သွားတိုက်ဆေးအမြှုပ်ကို ထွေးထုတ်ပြီး ရေနှင့် ပြန်မဆေးဘူး (ဒါမှမဟုတ် ရေနည်းနည်းပဲ သုံးတယ်)။
အံ့သြစရာကောင်းတာက သွားတိုက်ဆေးထဲက ဖလိုရိုက် (Fluoride) တွေ သွားမှာကပ်နေဖို့ဆိုရင် ရေနှင့် အများကြီးပြန်မဆေးတာသည် အကောင်းဆုံးပါပဲ။
၃။ သွားကြားထဲက အစာတွေကို ဘယ်လိုနည်းနှင့်ဖယ်ရှားပါသလဲ။?
A: သွားကြားထိုးတံကိုပဲ သုံးတယ်။
B: သွားပွတ်ကြိုး (Floss) နဲ့ သေချာသန့်ရှင်းရေးလုပ်ပေးတယ်။
သွားကြားထိုးတံက သွားကြားကို ပိုကျယ်စေပြီး သွားဖုံးကိုထိခိုက်စေနိုင်ပါတယ်။ သွားတိုက်တံ မရောက်နိုင်တဲ့နေရာတွေအတွက် Floss ကသာ အမှန်ကန်ဆုံးပါ။
ဒီအချက် (၃) ချက်ထဲမှာ (B) တွေချည်းပဲ ရွေးထားတယ်ဆိုရင်တော့ မိမိသွားလေးတွေက စိတ်ချရတဲ့ လက်ထဲမှာ ရှိနေပါပြီ။ ဘယ်နှချက်လောက်လွဲနေသလဲဆိုတာကို ကွန့်မန့်မှာ မန့်ခဲ့ပေးပါဦးနော်။🫶
Click here to claim your Sponsored Listing.
Category
Address
Yangon