April Healthy Shop

April Healthy Shop

Share

Tiens ရန်ကုန်ရန်ကင်းကန့်ဘဲ့လမ်း

07/06/2025

ဒီနေ့ညစာ စားပြီးတော့
ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့
မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကို
လှမ်းယူပြီး ဖွင့်လိုက်မိတယ်...လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့...လက်နဲ့နှိုက်ကြည့်တဲ့အခါ...လက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့ စိတ်ထဲ မသင်္ကာတာနဲ့ လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်...လားလား...မှိုတွေ... ပုလင်းထဲမှာ ပြည့်လို့...ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့...သူတို့တော်တော်ကြီးနေရောပေါ့...

ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်...အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ...` အဲ့ဒီကလေးက လူကောင်းကလေး... အရက်လည်းမသောက်၊ အသည်းရောင်ပိုးတွေဘာတွေလည်းမရှိဘဲနဲ့ အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့...´ ဆိုတဲ့စကားလေးတွေအကြောင်းလေ...တကယ်တော့...

💥 မှို...

အဲ့ဒီမှိုတွေကြောင့်ပါပဲလေ...
အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ...
ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ...ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ...စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေးတွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်...အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ ပေါက်နေတာ များပါတယ်... အဲ့ဒီမှိုတွေက မှိုဆိပ်တွေထုတ်ပေးပါတယ်... မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ ဦးဏှောက် နှင့်အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်...

မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင်
Aspergillus ဆိုတဲ့မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါတယ်... ဒီမှိုဆိပ်က အသည်းကင်ဆာဖြစ်စေတဲ့အထိ ပြင်းထန်ပါတယ်... မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊/ ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်...

Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသားအင်္ဂါထိခိုက်စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်...A.fumigates ဆိုတဲ့မှိုဟာလည်း ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မှုရောဂါဖြစ်စေပါတယ်... Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံအဆုတ်ရောဂါဖြစ်တတ်ပါတယ်...A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်ကလည်း အသည်း၊အဆုတ်၊ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်...Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကိုဖြစ်စေပြီး P.Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေပါတယ်...

တခြားမှိုမျိုးစိတ်တွေကိုတော့ မပြောတော့ပါဘူး...
မှိုဆိပ်သင့်ပြီဆိုရင် အရင်ဆုံးခံစားရတာတွေက
အစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်...တဖြည်းဖြည်း ကြာလာပြီဆိုရင် ပျို့အန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်...

ဒီမှိုဆိပ်မသင့်အောင် အစာစားတဲ့အခါ အတတ်နိုင်ဆုံးသတိထားရမှာဖြစ်ပါတယ်...Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကို သုံးပုံနှစ်ပုံခန့်အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိထားတာရှိပါတယ်...ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားခြင်းဟာ ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်...

ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်းကြောက်ခန်းလိလိတက်လာနေတာ တွေ့နေရပါတယ်...အဓိက အကြောင်းရင်းကတော့ အစားအသောက်တွေကြောင့်ပါ...အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာဟာ အဲ့ဒီအကြောင်းရင်းတွေထဲက လူတော်တော်များများ သတိမထားမိကြတဲ့ အကြောင်းရင်းတစ်ခုပါ...

ဒါကြောင့် ...
ဒီစာလေးကိုဖတ်ပြီး
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊
ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက်၊
တစ်ထောင့် တစ်နေရာက အကျိုးရှိသွားမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ...

အားလုံးပဲ ...
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ...
Dr.NLA
(Pyaw Bwe)

မေတ္တာဖြင့်.. ထပ်ဆင့်မျှဝေပါသည်။
ကျန်းမာ ပျော်ရွှင်ကြပါစေ..💟

02/06/2025

Calcium အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်ပွားနိုင်သောရောဂါများ (သို့မဟုတ်)
Calcium သောက်သုံးခြင်းကြောင့် သက်သာပျောက်ကင်းနိုင်သောရောဂါများ

“မျိုးပွားအဖွဲ့အစည်း”
ရာသီလာစဉ်ကိုက်ခဲခြင်း
ကိုယ်ဝန်မရရှိနိုင်ခြင်း
သွေးဆုံးချိန်ဝန်းကျင်တွင် ရောဂါပေါင်းစုံဝင်ရောက်လာခြင်း
(The dysmenorrhea infertility perimenopausal syndrome)
“ရိုးတွင်းချဉ်ဆီအဖွဲ့အစည်း”
ပေါင်ရိုးပျက်စီးပြီးသေဆုံးခြင်း
ကလေးအရိုးပျော့ရောဂါ
အရိုးပျော့ရောဂါ
ကြီးထွားစဉ်ကာလတွင် ကိုက်ခဲနာကျဉ်ခြင်း
ပခုံးတဝိုက်ရောင်းရမ်းနာကျင်ခြင်း
Fluorosis of bone
အရိုးပွားခြင်း
အရိုးအက်ခြင်း
သွား၊ အရိုးပွခြင်း
သွားမြစ်ရောင်နာ၊ သွားပိုးစားခြင်း၊ သွားနဲ့ခြင်း၊
မွေးရာပါအရိုးပျော့ရောဂါ
ကလေးသူငယ်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
လူငယ်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
ဆယ်ကျော်သက်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
ခါးရိုးအတက်ထွက်ခြင်း
လည်ဆစ်ရိုးအတက်ထွက်ခြင်း
“သွေးရည်အဖွဲ့အစည်း”
သွေးကြောရောင်နာ
သွေးအားနည်းရောဂါ
သွေးမတိတ်တဲ့ရောဂါ

“အဖုအကျိတ်”
အဖုအကျိတ်မှ ကင်ဆာရောဂါပေါင်းစုံဝင်ရောက်လာခြင်း
(ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ အသည်းကင်ဆာ)
“နှလုံးသွေးကြောအဖွဲ့အစည်း”
သွေးတိုး
ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း
နှလုံးရောဂါ
သွေးလွှတ်ကြောများမာကျစ်ခြင်း
ရုတ်တရက်သေဆုံးခြင်း
နှလုံးဖုံးမြှေးရောင်ခြင်း
နှလုံးကြွက်သားရောင်ခြင်း
နှလုံးခုန်နှုန်းမမှန်ခြင်း
နှလုံးသွေးကြောပိတ်ခြင်း
နှလုံးအောင့်ခြင်း
“အသက်ရှုအဖွဲ့အစည်း”
အသက်ရှုစွမ်းအားကုန်ခမ်းဆုံးပါးခြင်း
Bronchospasm အဆုတ်ရောဂါ
အအေးမိခြင်း
Respiratory acidosis
Respiratory alkalosis
ကလေးသူငယ်များ အဆုတ်ရောင် တီဘီရောဂါဖြစ်ခြင်း
Pulmonary heart disease
“အာရုံကြောအဖွဲ့အစည်း”
Epilepsy (ဝက်ရူးပြန်ရောဂါ)
ဦးနှောက်ဆိုင်ရာရောဂါ
Hyperactivity သက်ကြီး
သူငယ်ပြန်ခြင်း
အာရုံကြောအားနည်းခြင်း
ဥာဏ်ရည်ကျဆင်းခြင်း
ဦးနှောက်သွေးယိုခြင်း
ဦးနှောက်သွေးကြောတွင် သွေးခဲခြင်း
ဦးနှောက်သွေးလွှတ်ကြောမာတောင့်ခြင်း
တခဏတာ ဦးနှောက်သွေးပြတ်လပ်ခြင်း
Hypertensive ence phalopathy
“အတွင်းရည်စိမ့်ထွက်မှုအဖွဲ့အစည်း”
Cushing syndrime
Parathyroidism
Thyroidism
ဆီးချိုရောဂါ
အဝလွန်ရောဂါ
သိုင်းရိုက်နှင့်ပတ်သက်သောရောဂါအမျိုးမျိုးဖြစ်သည့် Hypothyroidism
Hyperthyroidism
Hypoparathyroidism
Tertiary
Second & primary hyperparathyroidism
Second & pseudo hypoparathyroidism
“အစာချေအဖွဲ့အစည်း”
အစာချေလမ်းကြောင်းပြည်တည်နာဖြစ်ခြင်း
အစာလမ်းကြောင်း အစာအိမ်ဝလျော့ရဲခြင်း
ဝမ်းလျှောခြင်း
အစာအိမ် အူလမ်းကြောင်း ကြွက်တက်ခြင်းနှင့် ဝမ်းသွားခြင်း
အသည်းရောဂါ
လိပ်ခေါင်းရောဂါ
အစာအိမ်အချဉ်ဖောက်ခြင်း
အသည်းရောင်ခြင်း
အသည်းမကောင်းခြင်း
အသည်းအဆီဖုံးခြင်း

“ဆီးရည်စိမ့်ထွက်မှုအဖွဲ့အစည်း”
ဆီးစစ်ထွက်မှုအဖွဲ့အစည်းတွင်ကျောက်တည်ခြင်း
ကျောက်ကပ်ရောဂါ
တဖြည်းဖြည်းဖြင့် ကျောက်ကပ်အားနည်းလာခြင်း
လျင်မြန်စွာဖြင့် ကျောက်ကပ်အားနည်းလာခြင်း
လျှင်မြန်စွာဖြင့် ကျောက်ကပ်ယောင်လာခြင်း
ဆီးအိတ်တွင်ကျောက်တည်ခြင်း
ဆီးပြွန်တွင်ကျောက်တည်ခြင်း

“ရောဂါပြီးခြင်းအဖွဲ့အစည်း”
အဆစ်မြစ်ရောင်နာ
မူမမှန်တုံ့ပြန်မှုရှိသောရောဂါများ
တွယ်ဆက်တစ်ရှူးရောင်ခြင်း
Cardiac Valve ရောင်ခြင်း
အင်ပျဉ်ကွက်
ပြည်တည်နာများပေါက်ခြင်း
ဆေးဝါးကြောင့်အရေပြားယားယံခြင်း
အလာဂျီယားယံခြင်း
အသားအရေ ရောင်ရမ်းခြင်း
“အာရုံခံစားမှုဆိုင်ရာအဖွဲ့အစည်း”
အရေပြားရောဂါ မျက်စိနာ
ခြေလက်ပွေးထခြင်း
ခြေသည်းလက်သည်းပွေးထခြင်း
အင်ပျဉ်ထခြင်း
ခြေလက်ပတ်ကြောင်းထခြင်း
ဝက်ခြံပေါက်ခြင်း
မျက်စိအဝေးမှုန်ခြင်း
မျက်လုံးတွင်းတိမ်စွဲခြင်း
အကြားအာရုံချို့ယွင်းခြင်း
ကလေးငယ်တွင် နှင်းခူနာပေါက်ခြင်း

Tiens Nutrient Super Calcium Series မှ ဂုဏ်ယူစွာဖြင့် တင်ပြပါသည်....။

02/06/2025

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်တာလဲဆိုတာ သိဖို့လိုပါတယ်...
...CP(Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ။
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်။
....Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ။
......HBA1c ကတော့ လွန်ခဲ့တဲ့ (၃)လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ။
.......Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ။
.......FBS ( Fasting Blood Sugar ) ကတော့ ဘာအစားမှ မစားဘဲ(၈)နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျိုးပါ ။
.......HbsAg ကတော့ အသားရောင်အသားဝါ Bပိုးစစ်တာပါ။
......Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ။
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ။
.......Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ။
......VDRL ကတော့ syphilis အတွက် စစ်ဆေးမှုမျိုးပါ။
......ECG ကတော့ နှလုံးစစ်ဆေးတာ(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ။
......EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ။
...... Urine test ကတော့ ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ။
.......Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ။
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )
.....SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ)
....BUN ကတော့ ကျောက်ကပ်စစ်တာမျိုးပါ။
......Cholesterol ကတော့
သွေးထဲရှိ ကိုလက်စထရော စစ်တာမျိုးပါ။
......HDL Cholesterolကတော့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ။
......LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ။
....Haemogram ကတော့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ။
....HBs Antigen ,HCV Antibody ကတော့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ။
.....Anti HBS ကတော့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ။
......Anti HCVကတော့ C ပိုးစစ်တာပါ။
......( X -ray )ကတော့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ။
....(Chest X-ray)ကတော့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ။
........USG (Ultrasound)ကတော့ အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)အသည်း၊သည်းခြေအိတ်၊ ကျောက်ကပ်၊ မုန့်ချိုအိတ်၊ သရက်ရွက် ၊ဆီးကျောက်တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်း စသည့် ၀မ်းတွင်း အင်္ဂါများ ရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ။
..... Thyroid Function Test ကတော့လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ။
........T3,T4,TSH ကတော့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ။
.....Vitamin D (total ) ကတော့အရိုးပွရောဂါအတွက်စစ်တာမျိုးပါ။
....Uric acid (Gout ) ကတော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ။
...A*O ဆိုတာကနှလုံးနဲ့ပတ်သက်နေတဲ့လေးဖက်နာရောဂါကိုစစ်ဆေးတာမျိုးပါ။
.....RA ကတော့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ။
... ESR ကတော့
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း ၊နှလုံးရောင် ကျောက်ကပ်မကောင်း၊အရိုးအတွင်းရောင်၊ ကိုယ်၀န်ဆောင် ၊လေးဘက်နာ (ရူမက်တစ် )အဆစ်နာရောဂါ၊ ဆစ်ဖလက် လည်ပင်းကြီး၊တီဘီ အဆစ်နာရောဂါစတဲ့သူတွေကို စစ်တာမျိုးပါ။
......PSA/CA 125/CA 153 ကတော့ ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ။
.....PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ။
.....CEAကတော့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ။
........Digital Mammogram ကတော့ ရင်သားဓာတ်မှန် ရိုက်တာပါ။
.......CRP ကတော့သွေးကြောရောင်ကိုင်းတာကို စစ်တာပါ။
Saya Htay

dr hein laboratory

01/06/2025

✅မမေ့နဲ့

✆ #၀မ်းချုပ်လို့ အဆိပ်အတောက်များတဲ့

Acid သွေးတွေ ဖြစ်လာတဲ့အခါ...

၁. အကျိတ်ထွက်ခြင်း
၂. အကြောတက်ခြင်း
၃. လေးဖက်နာရောဂါ
၄. ကင်ဆာရောဂါတို့
ဖြစ်ပေါ်လာစေပါတယ်

အယ်ကာလီသွေးတွေဖြစ်သွားတဲ့အခါမှာလည်း

၁. သွေးပျစ်၊ သွေးတိုး
၂. သွေးတိုး
၃. နှလုံးသွေးကြောကျဉ်း၊ ဦးနှောက်ပိုင်း
၄. လေဖြတ်

(Acid သွေးနှင့် အယ်ကာလီသွေးပေါင်းလျှင်
ကုလို့မရတော့ပါဘူး)

✅မနက် ၅ နာရီမှ ၇ နာရီအတွင်း ၀မ်းသွားခြင်းဟာ
ဇီ၀ကမ္မနာရီမှာ အကောင်းမွန်ဆုံး အမှန်ကန်ဆုံး
ဖြစ်ပါတယ်...

✅ဒါ့ကြောင့်မို့ ၀မ်းချုပ်ခြင်းကို ပေါ့ပေါ့ဆဆ
သဘောမထားကြပဲ
ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ်
သတိထားနိုင်ကြပါစေကြောင်း
မျှဝေလိုက်ရပါတယ်...

#ကျန်းမာရေးဗဟုသုတရကြပါစေ

27/05/2025

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

18/03/2025

အထူးသတိပေးချက်

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit to # # #

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit ;

01/03/2025

ရန်ကုန်မှာ ပျံ့နှံ့နေတဲ့ အေ-ပို-း အဓိက ကူးစက်ရတဲ့ အကြောင်းရင်း နောက်တမျိုး (အစားအစာတွေကို လုံအောင် ဖုံးအုပ်ထားကြပါ)

အိမ်တွေမှာ ကလေးတွေက မစင်မကိုင်ပဲ သန့်ရှင်းစွာနေ၊ အစားအသောက်တွေကို သန့်ရှင်းစွာ ချက်စားတဲ့ကြားကနေ အေ-ပို-း ကူးစက်ခံနေရတာဟာ ပိုးဟပ်တွေကြောင့်ပဲ။ ပိုးဟပ်တွေဟာ မိလ္လာတွင်း အိမ်သာတွေကနေ အိမ်မှာ ရှိတဲ့ အစားအစာ အိုးခွက်တွေထဲ ဝင်ရောက်စားသောက်ရာကနေ သူတို့ကိုယ်မှာ မိလ္လာတွင်းထဲက ကပ်ပါလာတဲ့ အေ-ပို-းတွေကြောင့် ဖြစ်တာ။

စားသောက်ဆိုင်တချို့က သန့်ရှင်းစွာ ချက်ကြသော်လည်း ကြွက်ကိုသာ လူတွေက သတိထားမိကြပြီး ပွားနှုန်းမြန်ပြီး အိမ်သာတွေထဲမှာ နေတတ်တဲ့ ပိုးဟပ်တွေကိုတော့ သတိမထားမိတတ်ကြပါဘူး။ စားသောက်ဆိုင်မှာ လာစားတဲ့ အေ-ပို-း ရှိသူက မစင်စွန့်သွားတဲ့အခါ၊ အဲဒီပိုးဟပ်တွေမှာ ကပ်ငြိမိပြီး အေ-ပို-းတွေ ကူးစက်တတ်တာကို သတိထားသင့်တယ်။ သင်အိမ်က အစားအစာတွေကိုလည်း ပိုးဟပ်တွေ မဝင်အောင် သတိပြုသင့်တယ်။ (Aung Kyaw Oo)

#ပိုးဟပ်
#ရန်ကုန်

Photos from Your MYOE - Your Dentist's post 12/02/2025
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

https://www.tiens-usa.com/chitosan-capsules, https://www.tiens-usa.com/cordyceps-capsules, ht

Address


Yangon Kanbae Tower
Yangon