Miso Beauty Center
Botox,Filler,PDO( cog),Fat dissolving,Whitening injection.
အရေးအကြောင်း Botox
အရေးအကြောင်းဖြည့် filler
နှာတံမြှင့်ကြိုး
ပါးကြိုးကြီး
အဆီဖျော်ဆေးထိုးခြင်း
မျက်ခွံပိ၍ ပင့်တင်ခြင်း
တတ်တူးဖျက်ခြင်း
မှဲ့ဖယ်ရှားခြင်း အသားပိုဖယ်ခြင်း
မျက်နှာအချိုင့်ဖြည့်ခြင်း
အမဲစက် ဖယ်ရှားခြင်း
မသိမသာနဲ့ မျက်နှာပုံစံအံ့၀င်ကွင်ကျစေဖို့ဆိုတာ လုပ်ပေးသူရဲ့ပညာနဲ့ဆိုင်ပါတယ် Chin Filler 1CC နဲ့အလှဆင်ပေးထားပါတယ်။
09_450017972 09-775489971
မျက်နှာလေးသွယ်သွားဖို့ အလျင်လိုနေသူအတွက် အချိန်တိုအတွင်းသိသာစေသော Chin filler လေးထည့်သွင်းပေးထားပါတယ်ရှင့်
# ゚viralシfypシ゚viralシalシ
09-775489971 09_450017972
မွေးထဲက မပါပေမဲ့ အခုရသွားနိုင်တဲ့
Service ဘာလေးဖြစ်မလဲ?
09_450017972 09_775489971
26/01/2026
💎ပထမရက် ၂၄နာရီရေမထိရ
💎၅ရက်မြောက်အထိ active ingredient များတဲ့ Skin care ရှောင်
💎ချွေးထုတ်ခန်းနှင့်Gymခဏ brakeပါ
💎Moisturizer နဲ့ Sunscreen အိတ်ထဲအမြဲဆောင်ထား
💎ကော်ဖီ၊အရက်၊ဆေးလိပ်ယာယီနားပေးပါရှင့်။
၂လဆိုရင် So Fine💘💘
09-775489971 _09450017972
10/08/2025
Thread ကြိုးထိုးပြီးအလှပြုပြင်ခြင်း လုပ်တော့လုပ်နေတာဘဲ။
ဘယ်လိုတွေ ဖွဲ့စည်းထားလည်း ဘာတွေကွာသလဲဆိုတာ သိချင်သူတွေအတွက်.....✅️✅️✅️
PDO နဲ့ PLLA thread ဖွဲ့စည်းပုံနဲ့ အလုပ်လုပ်ပုံအသေးစိတ်
PDO (Polydioxanone) Threads
PDO threads တွေကို ခွဲစိတ်မှုတွေမှာ အသုံးပြုတဲ့ ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးကြိုး (suture material) တစ်မျိုးဖြစ်တဲ့🎆 polydioxanone ဆိုတဲ့ ဓာတုဗေဒ ပစ္စည်းကနေ ပြုလုပ်ထားပါတယ်။ လုံခြုံစိတ်ချရပြီး ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး (toxic) ဖြစ်စေတာမျိုးမရှိပါ။
♨️PDO threads တွေမှာ ပုံစံအမျိုးမျိုးရှိပါတယ်။
Mono threads: ချောမွေ့တဲ့ ကြိုးလေးပုံစံ အရေပြားတင်းရင်းဖို့နဲ့ Collagen ထုတ်လုပ်မှုကို အဓိထား လှုံ့ဆော်ပေးပါတယ်။
Screw (Tornado) threads: လိမ်ထားတဲ့ ပုံစံဖြစ်ပြီး ပိုပြီးသိသာတဲ့ အသားပြည့်တင်းမှုကို (volume up) ပေးစွမ်းနိုင်ခြင်း။
Cog threads: ကြိုးတစ်လျှောက်မှာ အစွယ်လေးတွေ (barbs) ပါပြီး တွဲကျနေတဲ့ အသားအရေကို ဆွဲတင်ဖို့ အဓိက အသုံးပြုပါတယ်။
သိသာမှု
ချက်ချင်းဆွဲတင်မှု (Immediate Lift)
အရေပြားအောက်ကို thread တွေ ထည့်လိုက်တာနဲ့ အသားအရေကို ချက်ချင်း ဆွဲတင်ပေးပါတယ်။ Cog thread တွေဆိုရင် ဒီအစွယ်လေးတွေက အသားထဲကို တွယ်ချိတ်ပြီး သိသာတဲ့ ဆွဲတင်းမှုကို ပေးစွမ်းနိုင်ပါတယ်။
Collagen ထုတ်လုပ်မှု လှုံ့ဆော်ခြင်း (Collagen Stimulation)
Thread တွေကို ထည့်သွင်းလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ဒဏ်ရာကျက်စေတဲ့ ဖြစ်စဉ် (wound-healing response) ကြောင့် healing process ကနေတုံ့ပြန်ပုံစံ အလုပ်လုပ်ပါတယ်။
fibroblast ဆိုတဲ့ ဆဲလ်တွေက အသားအရေကို တင်းရင်းစေတဲ့ collagen အသစ်တွေကို စတင်ထုတ်လုပ်ပါတော့တယ်
ဒီ collagen တွေက thread တွေ ပျော်ဝင်သွားပြီးနောက်မှာတောင် အသားအရေ တင်းရင်းမှုကို ဆက်လက် ထိန်းသိမ်းပေးပါတယ်။
ပျော်ဝင်ပျက်စီးမှု (Dissolution)
PDO threads တွေဟာ ၆ လကနေ ၉ လအတွင်းမှာ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်း ပျော်ဝင်ပြီး ရေနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်း။
Thread တွေပျော်ဝင်သွားပေမယ့် သူတို့က လှုံ့ဆော်ပေးထားတဲ့ collagen အသစ်တွေကြောင့် ရလဒ်တွေက ၁ နှစ်ကနေ ၁ နှစ်ခွဲအထိ ဆက်လက်ခံနိုင်ပါတယ်။
✅️PLLA (Poly-L-lactic acid) Threads
PLLA threads တွေကို poly-L-lactic acid ဆိုတဲ့ ဇီဝပျက်စီးနိုင်တဲ့ ဓာတုပစ္စည်းကနေ ပြုလုပ်ထားပါတယ်။
ဒီပစ္စည်းကို ဆေးပညာနယ်ပယ်မှာ နှစ်ပေါင်းများစွာကတည်းက သုံးစွဲနေခဲ့တာကြောင့် ဘေးကင်းလုံခြုံပါတယ်။
PDO threads တွေလိုပဲ PLLA threads တွေမှာလည်း ပုံစံအမျိုးမျိုးရှိပါတယ်။
PLLA ဟာ fillers တွေမှာလည်း အသုံးပြုတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို ပြည့်တင်းလာအောင် အားပေးတဲ့အတွက် ပိုပြီး နာမည်ကြီးပါတယ်။ Celebrity တွေအသုံးများတယ် အစစ်ပစ္စည်းကောင်းရင် စျေးကြီးတဲ့အမျိုးအစားပါ။ နာကျင် ရောင်ရမ်းမှုက PDOထက် သာလွန်ခြင်း။
အလုပ်လုပ်ပုံ
အဓိက Collagen ထုတ်လုပ်မှု လှုံ့ဆော်ခြင်း
PLLA ရဲ့ အဓိက အလုပ်လုပ်ပုံက collagen ထုတ်လုပ်မှုကို အချိန်ကြာကြာ လှုံ့ဆော်ပေးတာဖြစ်ပါတယ်။
အရေပြားအောက်မှာ ထည့်သွင်းပြီးနောက် PLLA အမှုန်လေးတွေက fibroblasts တွေကို တွန်း အားပေးပြီး collagen အသစ်တွေ ပိုမိုထုတ်လုပ်လာအောင် ဆောင်ရွက်ပါတယ်။
ချက်ချင်းရတဲ့ ရလဒ်ထက် အချိန်ကြာလာတာနဲ့အမျှ ပိုပြီး သိသာလာတတ်ပါတယ်။
ရလဒ်ရေရှည်ခံမှု (Longevity)
PLLA threads တွေဟာ PDO ထက် ပိုပြီးကြာကြာခံပါတယ်။ အများအားဖြင့် ၁ နှစ်ကနေ ၂ နှစ်အထိ ခံနိုင်ခြင်း။
PLLA thread တွေ ပျော်ဝင်ပျက်စီးသွားပြီးနောက်မှာလည်း သူတို့က လှုံ့ဆော်ပေးထားတဲ့ collagen တွေက အသားအရေကို တင်းရင်းမှုနဲ့ ပြည့်တင်းမှုကို ဆက်လက်ထိန်းသိမ်းပေးပါတယ်။
(စတင်သုံးစွဲခဲ့သည့်အချိန်ကာလ)
PDO threads ကို ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ခွဲစိတ်မှုတွေမှာ ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးကြိုးအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။
အရေပြားဆွဲတင်တဲ့ (thread lifting) ကုသမှုတွေအတွက်တော့ ၂၀၀၀ ပြည့်နှစ်များအစောပိုင်းကစပြီး တောင်ကိုရီးယားနိုင်ငံမှာ စတင်အသုံးပြုလာခဲ့ပါတယ်။ နောက်ပိုင်း ကျယ်ပြန့်မှုကတော့
အံ့မခန်းပါဘဲ။
အများအားဖြင့် အသုံးပြုလေ့ရှိတဲ့ Thread တွေကတော့ PDO (Polydioxanone), PLLA (Poly-L-lactic acid), နဲ့ PCL (Polycaprolactone) တို့ပဲဖြစ်ပါတယ်။ ဒီ Thread တွေတစ်ခုချင်းစီမှာ သူ့ရဲ့အားသာချက်တွေ၊ အလုပ်လုပ်ပုံတွေ မတူကြပြန်ဘူး
PDO (Polydioxanone) Threads
🌈🌈PDO Threads
ဘယ်သူတွေအတွက်သင့်တော်သလဲ:
အသက်အရွယ်ကြီးလာလို့ အသားအရေ စတင်တွဲကျလာသူများ Sagging Skin
ချက်ချင်းဆွဲတင်လိုတဲ့ ရလဒ်ကို လိုချင်သူများ။
Jawline (မေးရိုးတစ်လျှောက်)၊ လည်ပင်း၊ ပါးပြင်စတဲ့နေရာတွေကို ဆွဲတင်ချင်သူများ သင့်လျော်
🌈🌈PLLA (Poly-L-lactic acid) Threads
ဘယ်လိုအလုပ်လုပ်သလဲ:
PLLA Threads တွေက ရည်ရှည်အတွက် အာနိသင်လိုချင်သူတွေ သင့်တော်ပါတယ်
PDO လို ချက်ချင်းဆွဲပင့်မှုမျိုးမရပေမယ့်၊ အသားအရေ တင်းရင်းမှုနဲ့ ပြည့်တင်းလာမှုကို အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပိုသိသာလာစေပါတယ်။ အချိန်ပေးနိုင်သူတွေအတွက်
🌈🌈PLLA Threads တွေဟာ ပိုပြီးဖြည်းဖြည်းချင်း ပျော်ဝင်တဲ့အမျိုးအစားပါ ရလဒ်က ပိုပြီးကြာရှည်ခံပါတယ်။
ဘယ်သူတွေအတွက်သင့်တော်သလဲ:
အသားအရေ တင်းရင်းပြီး ပြည့်တင်းလာစေဖို့ကို လိုချင်သူများ။
ရလဒ်က ၂ နှစ်ခန့်အထိ ကြာရှည်ခံစေချင်သူများ။
Filler (အသားဖြည့်ဆေး) ထိုးသကဲ့သို့ မျက်နှာကို ပြည့်တင်းစေလိုသူများ။
PCL (Polycaprolactone) Threads
PCL Threads တွေဟာ PDO နဲ့ PLLA ထက် အပျော်ဝင်နှုန်းနှေးကွေးပြီး၊ အကြာဆုံးခံတဲ့ Thread အမျိုးအစားဖြစ်ပါတယ်။
Collagen ထုတ်လုပ်မှုကိုလည်း အချိန်ကြာမြင့်စွာ လှုံ့ဆော်ပေးနိုင်ပါတယ်။
ပျော့ပြောင်းမှုအားကောင်းတာကြောင့် ထိုးပြီးတဲ့အခါ မာနေတာမျိုးမရှိဘဲ သဘာဝပိုကျပါတယ်။
ဘယ်သူတွေအတွက်သင့်တော်သလဲ:
Thread ရဲ့ရလဒ်ကို ၂ နှစ်ကျော်အထိ အကြာကြီး ခံစေချင်သူများ။
အရမ်းအစွယ်ပါတာမျိုးထက် ပိုပြီးပျော့ပြောင်းတာကို လိုချင်သူများ။
ဘယ်အမျိုးအစားကို ရွေးချယ်သင့်သလဲ?
အကောင်းဆုံး Thread ဆိုတာ မိမိလိုချင်တဲ့ရလဒ်ပေါ်မှာ မူတည်ပါတယ်။
ချက်ချင်းဆွဲတင်လိုတယ်၊ တင်းရင်းမှုလည်းလိုချင်တယ်ဆိုရင် PDO က အသင့်တော်ဆုံးဖြစ်ပါတယ်။
ရလဒ်က ပိုကြာရှည်ခံချင်ပြီး အသားအရေ ပြည့်တင်းတာမျိုးကို လိုချင်တယ်ဆိုရင် PLLA ကို ရွေးချယ်သင့်ပါတယ်။
အကြာဆုံးခံတဲ့ ရလဒ်ကို လိုချင်တယ်ဆိုရင် PCL ကို ရွေးနိုင်ပါတယ်ရှင့်။ အသေးစိတ် CBကနေမေးမြန်းပါ ဆိုင်မှာ Korean Threads သာအသုံးပြုပေးပါတယ်။
အမှတ် (၂၀၅)၊ ငုဝါလမ်း၊၁၅ရပ်ကွက် ၊ဒဂုံအရှေ့ပိုင်း
09_450017972
09-775489971
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11451